Friday, June 25, 2010

အကောင်းအတိုင်းဖြစ်စေသည် အပိုင်း(၄) ဇာတ်သိမ်း


မြဝင်းမှတဆင့် မောင်ဇော်နှင့် အန်ဂျီလာ တို့သတင်းပြန့်သွားသည်၊
ဒါပေမဲ့လည်း မောင်ဇော်နှင့် အန်ဂျီလာ တို့ ထူးထူးထွေထွေ ဘာမှမဖြစ်ကြပါ၊
လျှို့ဝှက်ကြသည်လားတော့ ဘယ်သူမှ မသိကြချေ၊

မောင်ဇော်တစ်ယောက် MBA ဆက်တက်သလို၊ အန်ဂျီလာလည်း ဒီပလိုမာပြီးသွားခဲ့သည်၊
အန်ဂျီလာ တစ်ယောက် ရာထူးအမြင့်နဲ့ တခြားအလုပ်တစ်ခုပြောင်းသွားခဲ့သည်။

မြဝင်းတို့အုပ်စုနှင့် မောင်ဇော်တွေ့ဖြစ်သော်လည်း အထွေအထူး ပြောစရာတွေမရှိ၊ ပျော်နေကြဆဲ နောက်နေကြဆဲပါပဲ၊ အုပ်စုထဲကအငယ်ဆုံး မင်းသန့်စင် တစ်ယောက် မင်္ဂလာဆောင် သွားသော်လည်း မောင်ဇော်ကတော့ အလုပ်များလျှက်ပါပဲ၊ မြဝင်းတို့ကတော့ အန်ဂျီလာကို မေ့မေ့လျှော့လျှော့ ရှိနေကြပြီ။

မောင်ဇော်တစ်ယောက် တရုတ်ပြည်ကို Operations manager အဖြစ်စေလွတ်ခြင်းခံရသည်၊ မြဝင်းတို့အုပ်စု ရာထူးတက်ပြီး နေရာပြောင်းရသော သူငယ်ချင်း မောင်ဇော် ဂုဏ်ပြုနုတ်ဆက်ပွဲကို မောင်ဇော်ရဲ့ကွန်ဒိုမှာပင် ကျင်းပကာ ထူးထူးခြားခြား မိသားစုများပင်ပါလိုက်သေးသည်၊ ဗေဒင်လက္ခဏာ ကြည့်တတ်တဲ့ ကိုစိုးအောင်က မောင်ဇော်ရေ မင်းဒီနှစ်ပတ်ဝန်းကျင်မှာ အိမ်ထောင်ကျကိန်းမြင်တယ်လို့ ဟောတော့ ဒီကောင် တရုတ်မနှင့် သေချာပါပြီလို့ နောက်ပြောင်နေကြသည်။

ဒီလိုနဲ့ တစ်နှစ်ပြည့်ပြည့်လောက်မှာ၊ မြဝင်းတို့အုပ်စုထဲ သတင်းဆိုးတစ်ခုဝင်လာတယ်၊ မောင်ဇော်တစ်ယောက် တရုတ်ပြည်မှာ ကားမှောက်လို့ စင်္ကာပူဆေးရုံကို ပြန်သယ်လာတာ၊ ခု NUH ဆေးရုံမှာတဲ့၊ သူငယ်ချင်းတစ်အုပ် ဆေးရုံကိုရောက်ခဲ့ကြသည်၊ အရေးပေါ်အခန်းထဲမှာပဲထားတုန်း ကြားရတဲ့သတင်းကတော့ မောင်ဇော်တစ်ယောက် ခြေထောက်ကသွင်သွင်ကျိုးသွားသည်၊ မျက်နှာက ရုပ်ပျက်ဆင်းပျက်ဒဏ်ရာနဲ့တဲ့ လူဘဝဟာ ဆန်းကြယ်ပါလားဆိုတာ အားလုံးသိလိုက်ရတော့သည်။

နောက်နေ့မှာရောက်လာတဲ့ မောင်ဇော်ရဲ့မိဘတွေကို အားပေးရင်း သူငယ်ချင်းတွေလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေကြသည်၊ အကောင်းဆုံးကိုမျှော်လင့်ထားတဲ့ မောင်ဇော်ရဲ့မိဘတွေက သူတို့သား အသက်ရှင်တာက အဓိကပါဆိုတော့ သူငယ်ချင်းအားလုံး မျက်ရည်တွေဝဲရုံကလွဲလို့ ကိုယ်မိသားစုနဲ့ကိုယ် ကိုယ်အကြောင်းနဲ့ကိုယ် ကိုယ်စီမို့ အားပေးရုံပဲ တတ်နိုင်ခဲ့ကြသည်၊ မျက်နှာကို ခွဲစိတ်ကု၊ ခြေထောက်ကို မူလီစုတ်ထားတဲ့ မောင်ဇော်တစ်ယောက် ဆေးရုံက ဆင်းခွင့်ရခဲ့တယ်။

မောင်ဇော်နေတဲ့ အိမ်ကို သူငယ်ချင်းတွေစုလို့ သတင်းမေး အားပေးဘို့လာခဲ့ကြသည်၊ အဲဒီမှာ မထင်တာတစ်ခုကို သွားတွေ့လိုက်ရတော့ အားလုံး အံ့သြမှင်သက်မိကြသည်၊ မောင်ဇော်ကို အနီးကပ်ပြုစုနေတာက အန်ဂျီလာ ဖြစ်နေတယ်၊ ဒီအိမ်ကလည်း အန်ဂျီလာ အသစ်ဝယ်ထားတဲ့အိမ်တဲ့၊ ရောက်လာတဲ့ မောင်ဇော်ရဲ့သူငယ်ချင်းတွေကို ဧည့်ခံစကားပြောရင်း ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ မောင်ဇော်ရဲ့သူငယ်ချင်းတွေရင်ထဲကို စူးနစ်ဝင်ရောက်သွားစေခဲ့တယ်၊
“ကျမ မောင်ကို တသက်လုံးပြုစုသွားမှာပါ၊ ဒုက္ခိတ မောင်ကို အကောင်းအတိုင်းဖြစ်စေမယ်လို့ အားလုံးကို ကတိပေးပါတယ်” တဲ့၊ မောင်ဇော် တစ်ယောက်ကတော့ ဘာစကားတစ်လုံးမှ မပြော မျက်ရည်တွေတော့ ဝဲနေခဲ့သည်။

တကယ်တော့ မောင်ဇော်သတင်းကို မောင်ဇော်ရဲ့လုပ်ဖေါ်ကိုင်ဘက်တွေဆီက ကြားကြားချင်းပဲ၊ အန်ဂျီလာတစ်ယောက် ရရာ လေယာဉ်ပျံနှင့် တရုတ်ပြည်လိုက်သွားခဲ့တယ်၊ စင်္ကာပူဆေးရုံကိုပြောင်းဘို့ နှင့် မောင်ဇော်ရဲ့မိဘတွေ လာမဲ့ကိစ္စ၊ အလုပ်ကိစ္စတွေကိုလည်း သူပဲအဆင်ပြေအောင် အကောင်းဆုံးလုပ်ခဲ့တာဆိုတာ အားလုံးသိလိုက်ရသည်။

တစ်နှစ်လောက်အကြာမှာ မောင်ဇော် အလုပ်ပြန်လုပ်နိုင်သည်၊

အဲဒီနောက်မှာပဲ မောင်ဇော်နှင့် အန်ဂျီလာတို့ လက်ထပ်လိုက်ကြသည်၊

ပြီးတော့ သားလေးတစ်ယောက် ရသည်၊

မကြာခင်က မောင်ဇော် မျက်နှာကို surgery လုပ်သည်၊

အမြဲပျော်ရွှင်နေသော သူတို့ မိသားစု လေးယောက်အကြောင်းကို အများကပြောဖြစ်ကြသည်။

အတိုဆုံးဇာတ်သိမ်းလိုက်ပါသည်။

23 comments:

လသာည said...

အတိုဆုံးဇာတ်သိမ်းတဲ့..

မပြီးသေးပဲနဲ့ အတင်းသိမ်းပေးလိုက်တာလား.. (နောက်တာပါ)

“အကောင်းအတိုင်းဖြစ်စေသည်” အခုလိုလေးဖြစ်သွားတာ စိတ်ချမ်းသာပါတယ်။ အခုလို ပြီးဆုံးအောင် ရေးတင်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်..။

ကိုဇော် said...

ဟာဗျာ. . ကိုတည်ငြိမ်။
ဇာတ်သိမ်းလေးက လှပေမဲ့ အတင်းကြီး သိမ်းလိုက်တော့ ကျနော်ဆို ပုဆိုးတောင်မှ ဝတ်ချိန် မရလိုက်ဘူး ကမန်းကတမ်းကြီးဗျာ။
လူဇိုးနော်. . .အတင်းပဲ။

အတွေးကမ္ဘာ..မှတ်တမ်း said...

ဟားး...ဖတ်နေရင်း အကောင်းအတိုင်းမဖြစ်တော့ဘူး လားလို့...ဟူးးး..တော်ပါသေးရဲ့ ..ရသွားလို့..ဟီးး

Anonymous said...

ကိုဆိုဆီ ရေ

ဘာဘဲဖြစ်ဖြစ် ရွှေစင်ဦးတော့ ကြိုက်တယ် ဘ၀တွေ အားလုံးအဆင်ပြေပါစေ

ဒါမှ အချစ်စစ် ဆိုတာပေါ်လွင်တာပေါ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

:P said...

အင်း...
မြန်လွန်းလို့ မနည်း လိုက်ဖတ်လိုက်ရတယ်..။

T2A said...

ဆရာရယ်.......ဇွတ်ကိုဇာတ်သိမ်းပစ်တယ်ဗျာ...။ ဘာပဲဖြစ်စေ..........မောင်ဇော်လို ဒုက္ခိတမဖြစ်ရပါစေနဲ.ဘုရား.......။ သို.သော်ငြား........အန်ဂျီလာလိုမျိုး Assistant တစ်ယောက်လောက်ရရပါလို၏ဘုရား...။

ဂျစ်တူး ( မုံရွာ ) said...

တည်ငြိမ်အေးရေ---
ဒီလောက်အထိတိုအောင်ဇတ်သိမ်းလိုက်တော့လည်းတစ်ခုခု
လိုနေသလိုဘဲဗျ-ဆားနဲနဲပေါ့ သလိုအရသာခံစားရတယ်။
ဒါပေမဲ့ ---လေးစားလျက်ပါဗျာ-
ဖြတ်ကနဲဆို ကားနဲ့ ဆိုင်ကယ်တိုက်မိလို့ မိခင်ဗိုက်ထဲမှာ
ရှိနေသေးတဲ့  ၇ လသားကလေးကိုဆုံးရှုံး-ဖခင်ကအောက်ပိုင်းသေ မိခင်က
လူမှန်းမသိဖြစ်သွားခဲ့ ရတဲ့ ကျနော်သူငယ်ချင်းတို့၏-
ဝမ်းနည်းဘွယ်အဖြစ်ကလေးကသိပ့်မကြာခင်ကဖြစ်ခဲ့ တာ
ကလေးကိုသွားပြီးသတိရလိုက်မိသေးတယ်ဗျာ-

ရွှေရတုမှတ်တမ်း said...

ကိုဆုံဆီ တို့ကလဲ ဇတ်သိမ်းချင်တော့လဲ ..ဇွတ်....

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟွန့်
အနောက်က ကျားလိုက်လို့ မြန်မြန်လက်စသတ်ပြီး ထွက်ပြေးတာကျနေတာဘဲ...
မြန်လိုက်တဲ့ ဇာတ်သိမ်း
ဘာဘဲဖြစ်ဖြစ် ပျော်စရာဇာတ်သိမ်းလေးဆိုတော့ ဖတ်ရတာ စိတ်ချမ်းသာ ကြည်နူးစရာ...

TYZ said...

ဇာတ်သိမ်းလိုက်တာမြန်ပေမဲ့ အန်ဂျီလာရဲ့ အချစ်စစ်ကိုပိုင်ဆိုင်ခွင့်ရတဲ့ ကိုမောင်ဇော်ဘ၀အတွက် စိတ်ချရတာပေါ့....အရာရာအကောင်းအတိုင်းဖြစ်သွားတာပေါ့နော်။

သိင်္ဂါကျော် said...

အချစ်နဲ့ အကောင်းအတိုင်း ဖြစ်စေတဲ့
ဇာတ်သိမ်းလေးကို ကျေနပ်ပါတယ်..

အင်ကြင်းသန့် said...

အမလေးးးးး.....စာရေးဆရာကလည်း စိတ်ကြီးတယ်။ သူဘောလုံးပွဲကောင်းကောင်း မကြည့်ရမှာစိုးလို့ ဖြစ်ရမယ်။ ဇွတ်အတင်းကို ဇာတ်သိမ်းပစ်လိုက်တယ်။ ဒါပေမယ့် ပျော်စရာလေးနဲ့ အဆုံးသတ်သွားလို့ ကျေနပ်ပါတယ်။

သဒ္ဓါလှိုင်း said...

ပျော်ရွှင်စရာဇာတ်သိမ်းလေးကိုကမန်းကတန်း
ဖတ်လိုက်ပါတယ်နော်..။ တော်ကြာမမှီမှာစိုးလို့ပါ.။

ခင်မင်စွာ
သဒ္ဓါ

အားထိုက် said...

အဲ့လိုချစ်သူမျိုးလိုချင်လိုက်တာ...ဟီး

ကိုအောင် said...

ကိုတည်ငြိမ်အေးရေ ဇာတ်သိမ်းပိုင်းကို ဖတ်ရူသွား
ပါတယ်၊ အားပေးလျက်။

Anonymous said...

Min Min said;
မထင်သလို သိမ်းလိုက်တာပဲ၊ တိုတိုနဲ့ သိမ်းလိုက်ပေမဲ့ ကြိုက်ပါတယ်၊ စကားမစပ် ကလေးနာမည် ဘယ်လိုပေးမလဲ.

Anonymous said...

Zawgela
ဇော်ဂျီလာ မြန်မာဆန်ဆန်လေး ရေးတဲ့သူ ကိုယ်စားပေးကြည့်တာ

မောင်မိုး said...

ဟမ်! ဇာတ်သိမ်းကလည်း မြန်လှချည်လား။ ကောင်းပါတယ်ဗျာ.ဘာပဲဖြစ်ဖြစ်။

ဧပရယ်လ်ပူး@ပူးတေ said...

အစ်ကိုရေ
ဟိုတနေ့ထဲက ဇာတ်သိမ်းပိုင်းဖတ်သွားပြီးပြီ။ အချိန်မရလို့ မမန့်သွားရတာ။ ခုမှတခေါက် လာပြန်မန့်တာ။ :)

nyan gyi said...

ဒီတစ်ခါတော့ ပျော်ရွင်စွာဇာတ်ပေါင်းသွားတာပေါ့၊ တိုပေမဲ့ ဇာတ်သိမ်းကို ကြိုက်တယ်၊

ahphyulay said...

ဘယ်နေရာ က ဖတ်ဖတ် အရေး က တော့ 
သွက် ပြီး ထိမိ နေပါတယ်နော်၊
ဇာတ်ကို ပိုင်ပြီး နိုင် လွန်းပါတယ်။
ရှေ့  ရှောက် အောင်မြင် ပါ တော့  မယ်.. လို့ ။

ဏီလင်းညို said...

ကိုဆိုဆီရေ......

အဆုံးသတ်လှတဲ့ ချစ်ခြင်းမေတ္တာတစ်ခုအကြောင်းကို အဆုံးထိ စိတ်ရှည်လက်ရှည်ဖတ်သွားတယ်......။
တစ်ခုပဲ.....
မောင်ဇော်က...ကောင်မလေးပေါ်ထားတဲ့ ခံစားချက်....၊ ကောင်မလေးက မောင်ဇော့်အပေါ်ထားတဲ့ ခံစားချက်.....အဲ့ဒါလေးတွေ နည်းနည်းတိမ်မြုပ်နေတယ်ထင်မိတာ......။
(နောက်ဆုံးပိုင်းမှာ စိတ်ရှည်လက်ရှည်ရေးသင့်တယ်ဗျာနော့်......)

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

flowerpoem said...

ဇာတ်သိမ်းလာဖတ်ပါတယ် ကောင်းတယ် ကြိုက်တယ်..