Showing posts with label travel Europe. Show all posts
Showing posts with label travel Europe. Show all posts

Tuesday, May 15, 2012

အဖြူရောင်ကမ်းပါး ရင်ခုန်သံ White Cliff resonance


ဒီတစ်ခါတော့ ဗြိတိန်ကို ထပ်ရောက်ခဲ့ရပါပြီ၊ အရင်တစ်ခါတွေက သုံးရက်ပဲ အများဆုံးနေခဲ့ရသဖြင့် လန်ဒန်မြို့နဲ့ပင် အချိန်တွေကုန်စေခဲ့သည်၊ ခုတော့ စကော့တလန်ထိသွားဖို့ စိတ်ကူးထားသဖြင့် ဆယ်ရက်လောက်နေရန် ဆုံးဖြတ်လိုက်သည်၊ အဓိက ကတော့ နယ်ဒေသတွေကို သွားရောက်လေ့လာလို၍ဖြစ်သည်။

ဒုတိယနေ့မှာပဲ အင်္ဂလိပ်ရေလက်ကြားကို ကြည့်ရှုနိုင်ရန် ဒိုဗား Dover ဆိုတဲ့ မြို့ကလေးကို ခရီးထွက်ခဲ့ပါသည်၊ အနီးကပ်စီစဉ်လိုက်ရခြင်းကြောင့် ဒိုဗားတွင် ည မအိပ်ဖြစ်ပဲ စိန့်မာဂရက်တွင် သွားအိပ်ဖြစ်ခဲ့သည်၊ အကြောင်းရင်းကတော့ နာမည်ကျော် အဖြူရောင်ကမ်းပါး White Cliff ကို လေ့လာကြည့်ရှုရန် ဖြစ်ပါသည်။

ကျနော်ကို ဒိုဗားတွင်ရှိသော သူငယ်ချင်းအဖေက လိုက်ပို့ပေးသည်၊ သူ့နာမည်က ကင်းဘဲလ်ဖြစ်သည်၊ တည်းစရာနေရာလည်း သူကစီစဉ်ထားခြင်းဖြစ်သည်၊ သူသည် RAF မှ အငြိမ်းစားယူထားသော သူတစ်ယောက်ဖြစ်သည်၊ အသက်၇၀ နီးပါး ရှိပြီဖြစ်သော်လည်း သန်မာနေဆဲပါ၊ စစ်သားတစ်ယောက်၏ သွင်ပြင် ကျန်နေဆဲပါပဲ၊ အိန္ဒိယ နှင့် တောင်အာဖရိကတွင် တာဝန် ထမ်းဆောင်ခဲ့ဘူးသူဖြစ်သည်၊ သူရှင်းပြချင်တာကို နားထောင်မှကြိုက်သည်၊ ဒိုဗား နေရာသည် ပြင်သစ်ကမ်းခြေနဲ့ အနီးဆုံးနေရာဖြစ်သည်၊ ရေအောက်ရထားလမ်းနှင့် ကားလမ်းများသည် အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကာ ပြင်သစ်နှင့် ဆက်သွယ်ထားသည်။

စစ်ပြန် အင်္ဂလိပ်တစ်ယောက်ဖြစ်သည့်အတိုင်း ဘုရင့်တပ်မတော်အကြောင်း လေကြီးမိုးကြီးပြောသည်၊ ဗဟုသုတအဖြစ်နားထောင်လိုက်သည်၊ နေမဝင်အင်ပါယာ တပ်မတော်ကြီး၏ အကြောင်းမဟုတ်ပါလား၊ ရောက်ရောက်ချင်းမှာပင် ဒိုဗားမြို့ကလေးကို အရင်မသွားပဲ၊ နာမည်ကျော် The RAF memorial ကိုခေါ်သွားသည်၊ တကယ်တော့ ထိုနေရာသည် Folkestone တွင်ရှိသည်။

The RAF memorial Dover ခေါ် Battle of Britain Memorial သည် စစ်အတွင်းကျဆုံးသူများ အထိမ်းအမှတ်ဖြစ်ပြီး ကျနော်တို့ကတော့ စစ်သင်္ချိုင်းလို့ အလွယ်တစ်ကူ ခေါ်လေ့ရှိသည်၊ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်ကို ကာကွယ်ရင်းကျဆုံးသွားသူများ အတွက်ဖြစ်သည်၊ အများအားဖြင့် လေသူရဲ ပိုက်လော့များဖြစ်သည်၊ လေယာဉ်ပန်ကာပုံ မြက်ခင်းပြင်နှင့် ပိုက်လော့ရုပ်ထုတို့ရှိသည်၊ ဗြိတိသျှ နာမည်ကြီး ဟာရီကိန်းနှင့် စပစ်ဖိုင်းယား လေယာဉ်ပျံ တစ်စီးစီပြသထားသည်။

ကင်းဘဲလ်က ခုမြန်မာပြည်နှင့် ယူကေ အဆင်ပြေနေပြီ၊ စစ်အတွင်းက ငါတို့ထားခဲ့တဲ့ စပစ်ဖိုင်းယား လေယာဉ်တွေပြန်ရမယ်ပြောတယ်၊ အဲဒီ့လေယာဉ်တွေက အသစ်တွေ တစ်ချို့ဖြုတ်ပြီးထားခဲ့ရတယ်၊ ကြားရတာကတော့ အစီးနှစ်ဆယ်လောက်ရှိမယ်လို့ဆိုတယ်၊ ဘာသာရေးအဆောက်အအုံပုံစံဆိုတော့ မပျက်မစီးရှိလိမ့်မယ်ထင်တယ်၊ တစ်ဝက်ပဲမှန်ဦးတော့ ငါတို့ RAFနှင့် အင်္ဂလန်အတွက် အဖိုးမဖြတ်နိုင်ပါဘူး၊
မြန်မာပြည် ဆောင်းရာသီရောက်ရင် ငါတို့စစ်မှုထမ်းဟောင်းအဖွဲ့က မြန်မာပြည် အုပ်စုလိုက်သွားဖို့ ပြင်ဆင်နေကြတယ်၊ အဆင်ပြေမယ်လို့ ငါထင်တယ်၊
ကျနော်က ခုတော့ မသွားနဲ့ အရမ်းပူနေတယ်ပြောတယ် လို့ပြောလိုက်တော့၊
မင်းသိတယ်မဟုတ်လား ငါ အိန္ဒိယမှာ နေခဲ့တယ်လေ၊ ပြန်ဖြေသဖြင့် ကျနော်လည်း ကောင်းပါပြီ လုပ်လိုက်ရသည်။


ထိုမှတဆင့် Blériot memorial ကိုခေါ်သွားပြန်သည်၊ ပြီးနောက် Blériot memorial ကိုရှင်းပြသည်၊ အင်္ဂလိပ် တစ်ယောက်ပေမဲ့ ပြင်သစ်တစ်ယောက် အကြောင်းပြောရတာပေါ့၊ ငါက လေသူရဲတွေကို လေးစားလို့ဆိုသည်၊ Blériot memorial ဆိုသည်မှာ အင်္ဂလိပ်ရေလက်ကြားကို ပထမဦးဆုံး အောင်မြင်အောင် ပျံသန်းဖြတ်ကူးနိုင်သော လူတစ်ယောက်၏ သူ့ယာဉ်ဆင်းသက်ခဲ့ရာ နေရာဖြစ်သည်၊
ဂလိုက်ဒါများဖြင့် ပြင်သစ်မှ အင်္ဂလန်သို့ အင်္ဂလိပ်ရေလက်ကြားကို ကျော်ဖြတ်နိုင်ရန် အင်္ဂလိပ်တွေအဖန်ဖန်ကြိုးစားရာ မအောင်မြင်ခဲ့ပေ၊ ဂျုလိုင် ၂၅ ရက် ၁၉၀၉ ခုနှစ်တွင် ပြင်သစ် မော်တော်ကားစက်မှုဆရာ Louis Bleriot က သူ့လေယာဉ်ပျံဖြင့် ပျံသန်းဖြတ်ကျော်အောင်နိုင်ခဲ့သည်၊ ဒီနေရာတွင် ဆင်းသက်ခဲ့သည်ဟုဆိုသည်။

နောက် ဒိုဗားရဲတိုက်သို့ သွားပြန်သည်၊ စပိန်၊ ဂျာမဏီ၊ ပြင်သစ်နှင့် အင်္ဂလန်မှာ ရဲတိုက်ပေါင်းများစွာကို ကြည့်ခဲ့ရပြီဖြစ်၍ ကျနော်အတွက် မထူးဆန်းတော့ပါ၊ ရိုမန်တွေ နော်မန်တွေ အင်္ဂလန်ကို နှစ်ပေါင်းများစွာ သိမ်းပိုက်ထားပုံ၊ ကြီးကျယ်မြင့်မြတ်သော ဝီလျှံဘုရင်အကြောင်း၊ ရိုမန်ကက်သလစ်တွေကို နှိမ်နင်းပုံ ရိုမန်ကက်သလစ်နှင့် ခရစ်ယာန်တွေကြား အရှုပ်အရှင်း၊ နပိုလီယန် အကြောင်းလဲပါသည်၊ ဝီလျှံဘုရင်ကို စိတ်ဝင်စားမှုတော့ အရှိသား မိဖုရားများသော ဘုရင်တစ်ပါးမဟုတ်ပါလား၊ တစ်ချို့ ရိုမန်ကက်သလစ်ကျောင်းတွေမှာ ရုပ်ထုတွေ ပုံတွေပျက်စီးနေတာ ဝီလျှံလက်ချက်ဟုပြောသည်၊ ဒီလိုနဲ့ ကျနော်တို့ ဒိုဗားပြတိုက်သို့ ထွက်လာခဲ့သည်။

ဒိုဗားပြတိုက်သည် စစ်အတွင်းက ပျက်စီးခဲ့သည်၊ အသစ်ပြန်ဆောက်ထားသော ပြတိုက်ဖြစ်သည်၊ စစ်မဖြစ်မှီက စုဆောင်းထားသည်များ ၆၀%ကျော်ပျက်စီးကုန်သည်၊ နပိုလီယန်စစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်းက ဒိုဗားခံတပ်အကြောင်းပြထားသည်၊ ဂျာမန်တွေကို ခုခံနိုင်သော “Jane”  နှင့် "Clem" အမြောက်နှစ်လက်အကြောင်းလည်းပါသည်၊ ပြတိုက်ကို အတိုချုပ်၍ အဖြူရောင်ကမ်းပါး White Cliff ဘက်ထွက်လာသောအခါ ညနေ ၇ နာရီရှိနေပါပြီ၊ မိုးကတော့ မချုပ်သေး၊ စိန့်မာဂရက်သွားရာလမ်းတစ်နေရာ အဖြူရောင်ကမ်းပါးကို ဓါတ်ပုံဆင်းရိုက်ကြသည်၊ မိုးကအုံ့ လေကတိုက်သဖြင့် အေးခဲလို့နေပါပြီ၊ ကားပေါ်ပြန်ရောက်မှ ခုနမင်း ဓါတ်ပုံဆင်းရိုက်တဲ့နေရာက ကမ်းပါးတစ်ခုရဲ့ထိပ်ပေါ့၊ ဟိုဖက်နားမှာ ပြီးခဲ့တဲ့ မတ်လက ပင်လယ်ထဲ ပြိုကျသွားသေးတယ်လို့ ကင်းဘဲလ်ကပြောသည်၊ ထိုအခါမှာ ကမ်းပါးပြိုကျနိုင်တယ်ဆိုတာ စိတ်ထဲရောက်လာသည်၊ ခုနကတော့ ဓါတ်ပုံကိုသဲကြီးမဲကြီး ရိုက်လို့နေသည်။

အဖြူရောင်ကမ်းပါး White Cliff သည် မြေဖြူကျောက်, ထုံးကျောက် Chalk၊ အမှုန်သေးမြေဖြူမှုန့် အဆောင်ခဲများဖြစ်သည်၊ ကယ်ဆီယမ်ကာဘွန်နိတ်နှင့် ကော်ကိုလစ်တို့ ပေါင်းစပ်ထားသော မြေလွှာဖြစ်သည်၊ တစ်ချို့နေရာများတွင် သက်ရင့်ထုံးကျောက်များ ဖြစ်လို့နေပြီဖြစ်သည်၊ ဘူမိဗေဒသမားတစ်ယောက် မဟုတ်သဖြင့် ရှင်းပြတာပဲ နားထောင်လိုက်သည်၊ အဖြူရောင်ကမ်းပါးသည် တစ်နှစ်ကို တစ်စင်တီမီတာလောက် ပြိုကျလျှက်ရှိသည်၊ ‘ဒီလိုနဲ့ ငါတို့ ပြင်သစ်နဲ့ တဖြေးဖြေးဝေးလာပြီ’လို့ တစ်ယောက်ကပြောသည်။

ညစာကို စိန့်မာဂရက်က အင်္ဂလိပ်ဆိုင်လေးတွင် စားဖြစ်ကြသည်၊ ညစာစားရင်း wonder of England White Cliffအကြောင်း ကင်းဘဲလ်ကရှင်းပြသည်၊ ပြီးနောက် ကျနော်တည်းခိုမည့် Holm Oaks Guest House ကိုလိုက်ပို့သည်၊ Guest Houseမှာ အင်္ဂလိပ်စတိုင် ရှေးဟောင်းပုံကလေးဖြစ်သည်၊ အဖိုးကြီးစီစဉ်ထားသဖြင့် အဖိုးကြီးအကြိုက်တွင် တည်းရသည်၊ မဆိုးပါ၊ တည်းခိုခဲ့သော လန်ဒန် ထက်စာရင် ဈေးအများကြီးသက်သာသည်၊ မနက်စာလည်း ပိုကောင်းသည်။

ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကြီးခဲ့သော တေးသီချင်းတစ်ပုဒ်ရှိသည်၊ "White Cliffs of Dover" ဖြစ်သည်၊ အဖြူရောင်ကမ်းပါးသည် သဘာဝကပေးသော ဗြိတိန်ကိုကာကွယ်ပေးထားသော အရာတစ်ခုဖြစ်သည်၊ ရေကြောင်းက ချီတက်တိုက်ခိုက်ဖို့မလွယ်အောင် ကမ်းပါးသည် မီတာ ၁၀၀ လောက်ပျမ်းမျှ မြင့်သည်၊ တောင်မြောက် သွယ်တန်းလျှက် ပြင်သစ်ကမ်းခြေကို မျက်နှာမူထားသည်၊ နေသာသောနေ့များတွင် ပြင်သစ်ဘက်ကို လှမ်းမြင်ရသည်ပြောသည်၊ မနက်ဖြန်နေသာစေရန် ဆုတောင်းမိသည်။


ကျနော်အတွက် ကံမကောင်းပါ၊ မနက်မှာ မိုးတွေရွာနေသည်၊ ကင်းဘဲလ်က ဆယ်နာရီမှ လာခေါ်သည်၊ မိုးတော့စဲသွားပြီဖြစ်သည်၊ ဒီလိုနဲ့ အဖြူရောင်ကမ်းပါးကို စိန့်မာဂရက်ဘက်က ကြည့်မိသည်၊ မိုးအုံ့နေသည့်ကြားက အဖြူရောင်ကမ်းပါးနှင့် အင်္ဂလိပ်ရေလက်ကြားကို ရင်ခုန်စွာခံစားမိသည်၊ ဓါတ်ပုံရိုက်ခြင်းကို ရပ်ကာ သာယာလှပသော သဘာဝ ပန်းချီကားကြီးကို အကြာကြီးကြည့်နေမိသည်၊ ဝပြီလား ငါတို့ ဒိုဗားဘက်ပြန်သွားကြမယ်လို့ ကင်းဘဲလ်က သတိပေးမှ ဓါတ်ပုံဆက်ရိုက်ကာ၊ ဒိုဗားဘက် အဖြူရောင်ကမ်းပါးသို့ ထွက်လာခဲ့သည်။

ဒိုဗားဘက် အဖြူရောင်ကမ်းပါးသို့ ရောက်သောအခါ မိုးရွာလာသည်၊ မိုးရွာလေတိုက်ထဲမှာပင် အဖြူရောင်ကမ်းပါးကို ခက်ခဲစွာကြည့်ခဲ့ရသည်၊ လေကပြင်းပါဘိ၊ မနေ့က ချောက်ကမ်းပါးပြိုသည်ပြော၍ အစွန်နား သိပ်မသွားရဲပါ၊ ဒိုဗားဆိပ်ကမ်းဘက်ပြန်လာပြီး နေ့လည်စာ စားဖြစ်ကြသည်၊ ရာသီဥတုမကောင်း၍ boatဖြင့် ဓါတ်ပုံထွက်ရိုက်ဖို့ အစီအစဉ်ဖျက်လိုက်သည်၊ အဖိုးကြီး ကင်းဘဲလ်က နောက်တစ်ခေါက်ပေါ့ကွာဆိုသည်၊ တကယ်တော့ နောက်တစ်ခေါက်ဆိုတာ မိုင်ပေါင်းထောင်ချီကွာသော နေရာကသူအတွက် မလွယ်ပါပေ။

ဘယ်လိုပဲဖြစ်ဖြစ် အဖြူရောင်ကမ်းပါးသည် မိုးရွာထဲမှာ ကျနော့်ကို ရင်ခုန်စေခဲ့ပါသည်။






               The RAF memorial Dover
                        စပစ်ဖိုင်ယား

 
                               cliff collapsed



ဓါတ်ပုံ၂ပုံကို whitecliffscountryယူသည်၊ ကျန်ပုံများကို ကိုယ်တိုင်ရိုက်ခဲ့ပါသည်။

Saturday, April 21, 2012

ရွာကလေး Gaildorf


အလုပ်တွေပြီးသွားသဖြင့် သူငယ်ချင်းက သူနေသော ရွာကလေးတို့ လိုက်လည်ရန်ဖိတ်ခေါ်ခဲ့သည်၊ မြန်မာနှစ်သစ်ကူး အချိန်အခါဖြစ်သောလည်း သူတို့ရွာကလေးကို နှစ်ပတ်လောက် လိုက်လည်ဖြစ်သည်၊ နှစ်ဆန်းတစ်ရက်နေ့ကိုလည်း ထိုရွာကလေးတွင်ပင် အချိန်ကုန်နှစ်ကူးလိုက်မိသည်။


ရွာကလေးသည် အိမ်ခြေ၄၀လောက်ရှိသည်၊ ထူးခြားသည်မှာ ကလေးအယောက် တစ်ရာကျော်ရှိသည်၊ မိသားစုတစ်စုတွင် အနည်းဆုံး ကလေး၃ယောက်မှ ၅ယောက်ထိရှိကြသည်၊ ကလေးအများစုမှာ မိန်းကလေးများဖြစ်သည်၊ ရွာကလေးသည် တောင်တန်းပြေကလေး ကာရံထားသည်၊ ချောင်းကလေးတစ်ချောင်းလည်း စီးဆင်းနေသည်၊ သူတို့ကတော့ မြစ် river ဟုခေါ်သည်၊ စိုက်ခင်းတွေလည်းရှိသည်၊ အများအားဖြင့် ပန်းစိုက်ကြသည်။


ရွာကလေးတွင် ဘူတာရုံလည်းရှိသည် မြို့နှင့်ဆက်သွယ်ထားသည်၊ အဝေးပြေး ဘတ်စ်ကားဂိတ်တစ်ခုလည်းရှိသည်၊ ထူးခြားသည်မှာ ခေတ်မှီ၍ ရိုးရာနှင့် ယာဉ်ကျေးမှု မပျက်သော ရွာကလေးဖြစ်သည်၊ တစ်ပတ်လောက်နေလိုက်ရုံနဲ့ တစ်ရွာလုံးနဲ့ သိရှိသွားသည်၊ အထူးသဖြင့် ကလေးတွေနဲ့ဖြစ်သည်၊ ရွာကလေးတွင် ကုန်စုံဆိုင် နှစ်ဆိုင်လောက်နှင့် စားသောက်ဆိုင် တစ်ဆိုင်သာရှိသည်၊ အဘယ်ကြောင့်ဆိုသော ရွာကလေးနဲ့ ၁၅ ကီလိုမီတာ လောက်ဝေးသော မြို့ကလေးသို့ သွားရောက် ဝယ်ယူလေ့ရှိသောကြောင့်ဖြစ်သည်။

နောက်ထပ်ထူးခြားသည်မှာ ရွာကလေး၏ အိမ်တိုင်းလိုလိုတွင် နောက်ဖေးတွင် ဂရင်းဟောက်စိုက်ခင်းများရှိပြီး ခေါင်မိုးများတွင် ဆိုလာပြားများတတ်ထားသည်၊ အိမ်တိုင်းလိုလိုတွင် ခွေးတစ်ကောင် အနည်းဆုံးရှိသည်၊ ကလေးများ ခွေးများဖြင့် ညနေတိုင်းသည် စည်းကားလျှက်ရှိသည်၊ အများအားဖြင့် ရိုမန်ကက်သလစ် ဘာသာဝင်များဖြစ်ပြီး ရုရှားတို့အများဆုံး ကိုးကွယ်သော ဘာသာကိုလည်း ကိုးကွယ်ကျသူများလည်းရှိသည်၊ ထိုအတွက် ကျနော်ရောက်သွားသော အချိန်သည် အီစတာ ကလေးကျောင်းပိတ်ချိန်ဖြစ်သည်၊

ရွာကလေးတွင် နေထိုင်သူ အများစုမှာ ပတ်ဝန်းကျင် စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကြသူများနဲ့ လယ်သမားများဖြစ်သည်၊ တစ်အိမ်ထောင်တွင် ကားအနည်းဆုံးနှစ်စီးမှ သုံးစီးရှိကြသည်၊ မိသားစုစီးကား၊ အလုပ်သွားသည့်ကားနှင့် အပေါ့စားကား (အများအားဖြင့်လျှပ်စစ်ကား) တို့ဖြစ်ကြသည်၊ မာစီဒီး၊ ဘီအမ်တဗလူ နှင့် ဗေါက်စဂွမ် အမျိုးအစားများဖြစ်သည်။

ရွာကလေးသည် ဂျာမဏီနိုင်ငံ စတူးဂတ်မြို့နဲ့ ကီလိုမီတာ ၂၀၀ အကွာတွင်ရှိသော Gaildorf ရွာကလေးဖြစ်သည်၊ ကျေးလက် ဂျာမန်လူမျိုးတို့၏ နေထိုင်မှုကို တွေ့ခဲ့ရသည်၊ လွတ်လပ်စွာ ပြောဆိုနေထိုင်ခွင့် ရှိသောလည်း မိမိ၏အပြုအမှုသည် မည်သူတစ်ဦးတစ်ယောက်ကိုမှာ ထိခိုက်နစ်နာမှု မရှိစေရပါ၊ ငါးဖမ်းခွင့် အပင်ခုတ်ခွင့်များကို တင်းကျပ်ထားသည်၊ စာမေးပွဲမရှိသော အခြေခံ ပညာရေးစနစ်ကို ကျင့်သုံးသည်၊ ကလေးများ ကွန်ပြူတာဂိမ်းကစားမှုရှိသောလည်း အစွဲအလန်းသိပ်မကြီးပေ၊ မြန်မာတိုင်းရင်းသားများထက် မနာလို ရန်လိုစိတ်နည်းသည်။

ညနေပိုင်းများ စနေနှင့် တင်္နဂနွေတွေမှာတော့ အနီးနားကာ ရှေးဟောင်းမြို့ Scheabischသို့ သူငယ်ချင်းမိသားစုနဲ့အတူ သွားလေ့ရှိသည်၊ ထိုမြို့လေးသည် ဒုတိယကမ္ဘာစစ်ဒဏ်ခံခဲ့ရသောလည်း မပျက်စီးခဲ့ပါ၊ မြို့ကလေးကို တည်ထောင်သူကတော့ နာဇီတို့ လက်ချက်ဖြစ် ကျဆုံးခဲ့သည်၊ ထိုမြို့ကလေးတွင် နာမည်ကျော် St.Michael ဘုရားကျောင်းရှိသည်၊ ရှေးဟောင်းအဆောက်အအုံများကို ခေတ်မှီနည်းများဖြင့် ပုံစံမပျက် စီးပွားမပျက် ထိန်းသိမ်းထားသည်၊ ရှေးအကျဆုံး ဘီယာစက်ရုံရှိသည်၊ ဤဒေသမှ သူများသည် ကိုယ်တိုင်ဘီယာဖေါက်ကျသည်။

ချစ်စရာကောင်းသော ကျေးလက်ဂျာမန် ပုံတစ်ချို့ကိုဝေမျှလိုက်ပါသည်။

St. Michale
Schwabisch town



my friend`s 2 daughters


                                              ဒုကမ္ဘာစစ် ကျဆုံးသူ

                                                      The village


Sunday, January 24, 2010

Copenhagen ကိုပင်ဟေဂင်


ဆွီဒင်နိုင်ငံ ဟာစကီးနှင့် ဟယ်ဆင်ဘို့ မြို့သို့သွားရောက်ရာတွင် အပြန်၌ မာမိုမြို့လေးမှတဆင့် Öresund Bridge တံတား ကိုဖြတ်ကာ ကိုပင်ဟေဂင် မြို့တော်ကို တနေ့တာလည်ဖြစ်ခဲ့သည်။ ကိုပင်ဟေဂင် သည် ဒိန်းမတ် နိုင်ငံ၏ မြို့တော်ဖြစ်သည်၊ မကြာသေးမှီက သဘာဝပတ်ဝန်းကျင် နှင့် ရာသီဥတု ပြောင်းလဲခြင်း ဆွေးနွေးပွဲCLIMATE CHANGE conventions ကျင်းပခဲ့သေးသည်။
(Zealand and Amager) ဇီလန် နှင့် အမေဂါ ကျွန်းပေါ်တွင် တည်ရှိပြီး လူဦးရေ ၂သန်း မပြည့်တပြည့် ရှိသည်။ မြို့တည်ရှိမှု အထောက်အထားများ အရ နှစ်ပေါင်း ၆၀၀၀ ကျော်ကတည်းက တည်ရှိနေသည်ဟု ဆိုကြသည်၊ သမိုင်းမှတ်တမ်းများမှာမူ ၁၁ရာစုကစသည်၊




၁၀၃၄ ခု မှတ်တမ်းများတွင် ဆိပ်ကမ်းမြို့ Havn (harbour) ဟုတွေ့ရသည်။ Scandinavia စကင် ဒီနေဗီယန်း တို့၏ အဓိက ဆိပ်ကမ်းမြို့ဖြစ်ပြီး Vikings ဗိုင်ကင်းလူမျိုးများ ကျက်စားခဲ့သည်။ ၁၅ ရာစုနှင့် ၁၇ ရာစု နှစ်များတွင် ဒိန်းမတ် နိုင်ငံ၏ မြို့တော် အဖြစ်ထင်ရှားခဲ့သည်၊ ဒိန်းမတ် ဘုရင် Christian IV သည် ထင်ရှားသော မင်းတပါးဖြစ်သည်။
သမိုင်းတွင် မီးကြီး ၂ကြိမ် လောင်ကျွမ်းခံရပြီး low-rise wooden housing များနှင့် ယနေ့ နာမည်ကျော် ကိုပင်ဟေဂင် အိမ်ပုံစံများနဲ့ ပြန်လည် တည်ဆောက်ခဲ့ကြသည်။


ဒီနေ့မှာတော့ ကိုပင်ဟေဂင်သည် ဆိပ်ကမ်း စီပွားရေး မီဒီယာ သိပံ္ပ နှင့် ယဉ်ကျေးမှု မြို့တော်ဖြစ်သလို Life science, IT နှင့် သုသေတန လုပ်ငန်းများ ထွန်းကားရာ မြို့တော်ဖြစ်သည်၊
ကိုပင်ဟေဂင်ကို လူနေမှု အကောင်းဆုံး the best quality of life အဖြစ်သတ်မှတ်ကြသလို သဘာဝပတ်ဝန်းကျင် အခင်တွယ်ဆုံး the world's most environmentally friendly city မြို့တော်ဖြစ်သည်၊ မြို့တော်လူဦးရေ၏ ၃၆% သည် စက်ဘီးဖြင့် အလုပ်ဆင်းကြသည်၊ သန့်ရှင်း လှပနေပြီး ခမ်းနားတဲ့ နန်းတော်ကြီးလည်းရှိသည်။
လည်ပတ်စရာတွေကတော့ The Little Mermaid, Tivoli Gardens, Amalienborg Palace, The National Museum, The National Gallery, Strøget, Canal Tours, Round Tower, Kronborg Castle နှင့် Louisiana တို့ဖြစ်သည်။











ရာသီဥတု ရေခဲလို အေးနေသည်ကတကြောင်း လည်ပတ်ချိန် တနေ့တာဘဲ ရရှိခဲ့၍ အကုန်မရောက်ခဲ့ပါ၊ မြို့ထဲကရေခဲနေသော ကန်ကြီးပေါ်တွင် Peblinge Lake လမ်းလျှောက်ခဲ့ပါသည်၊ JA ဆိုရင် လမ်းလျှောက်လို့ရပြီဆိုသည် အဲဒီနေ့က ‘ယ’ JA ဖြစ်သည်။ (If it says 'JA', it is safe to move about on the ice) ၁၄နှစ်အတွင်း အအေးပိုဆုံး ဟုပြောသည်။

မနက် ၉ နာရီ အချိန်စလည်ဖြစ်သည် နေမထွက်သေး လူတွေမရှိသေး ၊ ဟော်တယ်က ၁၁ နာရီလောက်စထွက်ရန် အကြံပေးသည်၊ ကိုယ့် ဘာသာ Map အားကိုးပြီး လျှောက်လည်ခဲ့တယ်။


ဓါတ်ပုံ တစ်ချို့တွင် name မထဲ့နိုင်ပါ ဘာအဆောက်အဦးမှန်း မသိ၍ ဖြစ်သည်။

မနက်ခင်း မှောင်နေဆဲ အေးခဲနေ


ရထားပေါ်လဲ လူနည်းနည်း



Nyhavn



Nyhavn Canal Tours



ချမ်းနေတဲ့ အစောင့်

Palace


လှည့်ကင်း


The Opera



Strøget


Strøget

The Little mermaid


Tivoli Gardens


Others

snap shot
စကိတ် စီးနေတဲ့ ကလေး တွေ


Guinness World Records Museum