Sunday, January 31, 2010

အမေ့ကို

(က)

အမေကိုသတိရနေတယ်

ကျနော်ရဲ့အမေ၊ အမေရဲ့သားတဲ့၊
အမေဘယ်လိုနေသလဲတဲ့
အမေ ကျန်းမာပါစေတဲ့
အမေ အောင်မြင်ပါစေတဲ့
ကြည့်စမ်းပါအမေ၊ ကျနော့် ပတ်ဝန်းကျင်မှာ အမေရှိနေတယ်၊
ကျနော့်နားမှာ အမေရှိနေတယ်။

ကျနော်က အမေနှင့်နီးတယ် အမေကိုကပ်တယ်၊
အမေ ဘယ်သွားသွား ကျနော်ပါတယ်တဲ့၊
ကျနော်က အမေနှင့် တူတယ်တဲ့၊
အဲဒါ ငယ်ငယ်တုန်းကပေါ့
တကယ့် ငယ်ငယ်တုန်းကပေါ့ ။

မှတ်မိသေးတာပေါ့ အမေရယ်
ကျိုတိုမှာတုန်းက ဆာမူရိုင်းတွေ ဂျပန်သူရဲကောင်းတွေ အကြောင်း
နန်းတော်ဟောင်းကြီး ရှေ့မှာ အမေ ပြောပြခဲ့တယ်၊
အဖိုးနှင့် ဂျပန်ရာဇဝင်၊ နာရားက သမင်၊ ဂျပန်ပုံပြင်တွေ
အမေ့ တိုးတိုးသံတွေ ကျနော်မမေ့ဘူး အမေရယ်။

မမေ့ဘူး အမေရယ်
အဖေရဲ့တိဘက် အစားအစာ၊ အမေရဲ့အိန္ဒိယ အစားအစာ၊
ရောစပ်ရင်းနဲ့ပဲ ကျနော်တို့ မြန်မာအစာ နှင့်ရင်းနှီးခဲ့တယ်၊
အဖွားဆီသွား ရှင်ပြုတုန်းက
ဗုဒ္ဓဝင်ဇာတ်လမ်းနှင့် မြန်မာပုံပြင်တွေ၊
အမေ ပြောပြခဲ့တာတွေ မှတ်မိနေသေးတယ် အမေရယ်။

နောက်ဆုံးအချိန်ထိ အဖေ အမေ့ကို မတွေ့လိုက်ရဘူး၊
အဖေဆုံးသွားတုန်းက အမေရောက်မလာဘူး၊
အမေမလာဘူးဆိုတာလည်း ကျနော်တို့သိနေတယ်၊
မှတ်မိနေတယ်အမေ၊ အဖေရဲ့ စကား
အမေ့ကို နားလည်ပေးပါတဲ့
မြန်မာပြည်ရဲ့ တော်လှန်ရေးနေ့
ကျနော်အတွက်တော့ ဟင်လင်းပြင် ဘာမှမရှိတဲ့နေ့ (empty day)
အဖေလဲ မရှိတော့ဘူး အမေလဲမရှိဘူး၊
အမေ အမေ လို့ ခဏ ခဏ အော်ခေါ်နေမိတယ်၊
ကျနော်ငိုခဲ့ပါတယ် အမေ။

အမေ့ကို လာတွေ့ခဲ့သေးတယ်၊
အတားအဆီးတွေ အခက်အခဲတွေ
ကျနော် အတွက်တော့ ကိုယ့်ကိုကိုယ် သူရဲကောင်း
ခဏလေးပါပဲ တိုတောင်းလိုက်တာ
အမေ့ရဲ့ အနံအသက်လေး
အမေ လို့်ခေါ်၊ သား လို့်ခေါ်၊
ကျနော်တို့ အကြာကြီး ပွေ့ ဖက်မိကြတယ်၊
စကားတွေပြော၊ အမှာတွေခြွေ
အမေ့ မျက်နှာလေးကြည့် ကျနော် နားထောင်နေပါတယ် အမေ
အိမ်မက်လိုပါပဲ နောက်ဆုံးခေါက် အမေနဲ့ တွေ့ရခြင်း၊
ဇနီးနှင့်သား မျက်ရည်တွေဝဲ ၊ အမေနှင့် ကျနော် မငိုခဲ့ဘူး။

အဖေမရှိတော့ဘူး၊ အမေ အမေ လို့ ခဏ ခဏ အော်ရင်း၊
ကျနော်စာတွေ ဖတ်လာခဲ့တယ် အမေရယ်၊
အမေ့အတွက် ဂုဏ်ပြုပွဲတွေတက် ဆုတောင်းပွဲတွေတက်
တံဆိပ်တွေတက်ယူပြီး အမေ့အတွက်ဂုဏ်ယူ၊
ကျနော့် ပတ်ဝန်းကျင်မှာ အမေကိုဖန်တီးခဲ့ပါတယ်။

When you thought I wasn't looking,
I saw you hang my first painting on the refrigerator,
and I wanted to paint another one.
When you thought I wasn't looking, I saw you feed a stray cat,
and I thought it was good to be kind to animals.
When you thought I wasn't looking, I saw you make my favorite cake for me,
and I knew that little things are special things.
When you thought I wasn't looking, I heard you say a truth,
and I believed there is Buddha I could always learn from him.
When you thought I wasn't looking, I felt you kiss me goodnight,
and I felt loved.
When you thought I wasn't looking, I saw tears come from your eyes,
and I learned that sometimes things hurt, but it's all right to cry.
When you thought I wasn't looking, I saw that you cared
and I wanted to be everything that I could be.
When you thought I wasn't looking, I looked...
and wanted to say thanks for all the things
I saw when you thought I wasn't looking.

အဲဒီ ကဗျာလေးနဲ့*
အမေကိုသတိရနေရင်း
ကျနော် ချစ်သူတစ်ယောက် ရခဲ့တယ် အမေ။


(ခ)

အမေကိုတမ်းတနေတယ်

ဘယ်သူတွေမေးလို့ ဆုတောင်းမလဲ
ကျနော် ဘယ်လိုနေသလဲ
ကျန်းမာပါစေ
အောင်မြင်ပါစေ
ကြည့်စမ်းပါအမေ၊ အမေ့ပတ်ဝန်းကျင်မှာ ကျနော်မရှိဘူး၊
အမေ့နားမှာ ကျနော်မရှိဘူး။

သူငယ်ချင်းရဲ့ မွေးနေ့ပွဲ
သူ့အမေက ကိုယ်တိုင်မုန့်ဖုတ်ကျွေး၊
Happy Birthday တဲ့
ကျနော်လဲ အမေနဲ့ Happy Birthday လုပ်ချင်တယ်၊
အဲဒီနေ့က ကျနော့်ရဲ့ချစ်သူဖြစ်မယ့် ကောင်မလေးကိုတွေ့ခဲ့တယ်၊
အမေ့ကို ပြောပြချင်လိုက်တာ သူ့အကြောင်းတွေ
အမေ့ဆီက ဝေဖန်ချက် လိုချင်လိုက်တာ
အမေ သဘောတူသလားဟင်။

အထက်တန်း အောင်လို့ ဘာသာရပ် နှစ်ခု အကြိုက်တူ
အမေ့ဆီက အကြံရချင်၊
ဒါပေမဲ့လည်း အမေဆိုရင် ဒီလိုလုပ်မှာ
အဖေဆိုရင် ဒီလိုတွေးမှာနဲ့
ကျနော် ဆုံးဖြတ်ချက် ချလိုက်ပါတယ် အမေ။

ကျောင်းပြီးသွားပြီအမေ၊
အမေ တွေပျော်နေကြတယ်
သားတွေအတွက်ဂုဏ်ယူ
ပွေ့ချီလို့ နမ်းဖက်
ကျောင်းဆင်းတဲ့ပွဲ
ကျနော့် အတွက်ဂုဏ်ယူမယ်သူလိုနေ၊
ချစ်သူနှင့် မလုံလောက်
အမေရှိရင် ဘယ်လောက်ကောင်းမလဲ။

အလုပ်တစ်ခုက ကမ်းလှမ်း
ကျမ်းမကြေတဲ့ ကျနော်
ဘွဲ့လွန်ပဲ တက်ရမလား
တက်ရင်းနဲ့ လုပ်ရမလား
အမေနဲ့ တိုင်ပင်ချင်
အမေနှင့် ရုပ်တူပေမဲ့
စိတ်မတူဘူး အမေ။

ခုတလော ချစ်သူနှင့် အမြင်မတူတာလေးတွေ ရှိလာ
အငြင်းအခုံတွေဖြစ်
တခါတလေ မတွေ့ဖြစ်တော့
တို့နှစ်ယောက် တခုခု လုပ်ဘို့လိုပြီလို့ ချစ်သူကဆိုတယ်
အဖြေတွေ မရှိဘူး မရှိဘူး အမေရယ်
ဒီလိုနဲ့ကြာလာ
ချစ်သူက မေးတယ်
မင်းလဲ မင်းအမေလို ငါကိုပစ်သွားမှာလားတဲ့
ကျနော်ကို အကြံတစ်ခု ပေးပါအမေရယ် ပေးပါအမေရယ်
ကျနော် ချစ်သူကို သိပ်ချစ်တယ်။

“God could not be everywhere and therefore he made mothers”
အဲဒီလိုပဲ
လူတိုင်းမှာ အမေရှိ
အရာတိုင်းဟာ အဖြေသိတယ်
နေရာတိုင်းမှာ အမေရှိနေမယ်တဲ့
အမေ့ကို ကျနော်နားမှာ ရှိနေချင်တယ်၊ မေတ္တာကိုခိုလုံချင်လို့်။


(ဂ)

အမေကိုလွမ်းနေတယ်

နှင်းတွေကျနေတယ် အမေ
စကော့တလန် မှာ
မကြုံဘူးလောက်အောင် ကျတယ်ဒီနှစ်၊
အအေးပိုတယ် အမေ
စကော့တလန် မှာ
မကြုံဘူးလောက်အောင် အေးတဲ့ဒီနှစ်၊
တစုံတခု ဟာတာတာ စိတ်တွေလည်း အေးစက်
ကျနော် အမေ့ကိုလွမ်းလိုက်တာ တကယ်။

မီဒီယာ ထဲမှာ အမေ့မျက်နှာ
ခံစားမူ တွေများလား၊ ဇရာ စားသွားတာလား အမေရယ်၊
အမေ ဆံပင်တွေဖြူနေရောပေါ့၊
အမေ နေမကောင်းဘူးဆိုတိုင်း
အပြေးလာချင်နေတဲ့ ကျနော်
တံတိုင်းကြီးတွေကို ပြေးတိုက်
ကြိုးစား ကြည့်တာပေါ့ အမေရယ်၊
မဖြစ်နိုင်သေးပါဘူး အချိန်မကျသေးပါဘူး သားရယ်၊
သူတို့ကကျနော်ကို သားလို့်ခေါ်
နားလည်ပေးလိုက်တာ ကျေးဇူးတင်လိုက်တယ်အမေ။

အမေဟာ သူတို့အတွက် မရှိမဖြစ်
ကျနော်အတွက်ရော အမေရယ်၊
တစ်ကိုယ်ကောင်းဆန်တယ်လို့ပဲပြောပြော
ကျနော်က သာမန်လူတစ်ယောက်ပါအမေ၊
အမေ့ ခံယူချက်
အမေ့ ယုံကြည်ချက်
အမေ့ ဆန္ဒတွေအတွက်
အလွမ်းတွေနှင့် ဖြည့်စွက်ရင်း
ပြန်ကြည့်လိုက်ပါတယ် အမေ။

အမေဟာ သားအားလုံးရဲ့အမေ၊
လူတိုင်းနီးပါးရဲ့ မိခင်ဖြစ်နေပြီ
အရေးကြီးတဲ့အချိန် စောင့်ပါလားတဲ့၊
ဒါဆို ကျနော် အမေကိုဆုံးရှုံးသွားရတော့မှာလား
စွန့်လွတ်လိုက်ရမှာလား
အမေ အနစ်နာခံတာကို
ကျနော် အပြစ်အနာအဆာတွေမဖြစ်ချင်လို့်
ခွင့်လွတ်လိုက်ပါတယ်အမေ၊

စောင့်ခဲ့တာပေါ့
၁၁ နှစ် အရွယ်မှာ အမေထွက်သွားခဲ့၊
၂၂ နှစ် အရွယ်မှာ အိမ်မက်လို တွေ့ခဲ့ရ၊
၃၃ နှစ် ကျနော့် အသက်ရှိပြီ ကလေးအဖေပေါ့
အလွယ်တကူကို အခက်ဆူအောင် လုပ်နေကြတဲ့
တရား နှင့် မဖြေတဲ့ လူတွေကြားမှာ
လူတစုကြောင့်ပဲလား အဖွဲ့အစည်းကြောင့်လား
လူတွေရဲ့ တိုက်ပွဲမှာ အမေ နှင့် ကျနော် ဝေးကွဲကွဲ။

ဘယ်သူမှမရှိတော့တဲ့ည စာမဖတ်နိုင်တဲ့ည၊
အေးစက်နေတဲ့ လမ်းကလေးပေါ် လမ်းလျှောက်ရင်း၊
ကွင်းပြင်ကျယ်ကြီးကို ကြည့်
ကျနော်ဟာ လမ်းပျောက်နေသူတော့ မဟုတ်ဘူး
အမေရဲ့သား အမေကိုလွမ်းနေသူ။

အဖေရဲ့ စကား အမှတ်ရ
အမေ့ အကြောင်း နားလည်
ဖြေဆည်ရာ မရအောင် လွမ်းလို့် နေတိုင်း
အမေ ကျန်းမာပါစေ
အမေ စိတ်ချမ်းသာပါစေ
အမေ အောင်မြင်ပါစေ
သားတစ်ယောက်ရဲ့ ကြီးမားတဲ့အလွမ်း
အမေကို ကောင်းခြင်းတွေ လွှမ်းခြုံနိုင်ပါစေ။

လွမ်းနေတဲ့ သားရဲ့ စိတ်စွမ်းအင်တွေဟာ
အမေ့ဆီ အပြေးရောက်
ဘယ်သူမှ တားလို့် မရဘူး
အမေ့ဆီ ပူးကပ်
ဘယ်လိုမှ အမိန့်ချလို့်မရ
အမေ့ဆီ စီးဝင်
ဘယ်သူ့ ခွင့်ပြုချက်မှမလို
အများအတွက်
အမေ အောင်နိုင်တော့မှာပါ
အမေပြောသလို အားလုံးအတွက် အောင်မြင်မူပေါ့။

ဒါမှလည်း သားတစ်ယောက်ရဲ့
တမ်းတ သတိရ လွမ်းဆွေးမူ့တွေ
ထားပစ်ရကျိုး နပ်မှာပါ။

Well, son, I'll tell you:
Life for me ain't been no crystal stair.
It's had tack in it,
And splinters,
And boards torn up,
And places with no carpet on the floor—Bare.
But all the time
I'se been a-climbin' on,
And reachin' landin's,
And turnin' corners,
And sometimes goin' in the dark
Where there ain't been no light.
So, boy, don't you turn back.
Don't you set down on the steps.
'Cause you finds it's kinder hard.
Don't you fall now—
For I'se still goin', honey,
I'se still climbin',
And life for me ain't been no crystal stair.
Langston ရဲ့ ကဗျာလို
တမ်းတ သတိရ လွမ်းရတိုင်း
အမေ့ကိုနားလည်
အမေ့ စကား အမှတ်ရ
အမေ့ အတွက် ဂုဏ်ယူ
အမေ့ အတွက် ဆုတောင်းရင်း
စိတ်ဓါတ်တွေ ပိုခိုင်မြဲ လာပါတယ်။

ဒါပေမဲ့ အမေရယ်
ကျနော် သူများနဲ့မတူ
ဘယ်သူရယ်လို့ မဟုတ်၊
အမေ့ကို
ရိုးရိုးလေး သတိရ
ရိုးရိုးလေး တမ်းတ
ရိုးရိုးလေး လွမ်းခွင့်
အေးဆေးစွာ ရရှိပါရစေ။

ဘယ်လိုမှ မကြုံလို့်
အခွင့်ကြုံရင် အမေ့ကို
နားလည်စွာဖြင့် သတိရ တမ်းတ လွမ်းဆွေး နေတဲ့
သားတစ်ယောက် ရှိတယ်ဆိုတာ ပြောပေးပါ။

FKHLA

Sosegado

(တစုံတယောက် ကိုယ်စား ခံစားရေးဖွဲ့ ခဲ့ပါသည်၊ တိုက်ဆိုင်ခဲ့လျှင် တိုက်ဆိုင်မူသာဖြစ်ပါသည်။)

(ဖရန့်၊ ကက်သရင်း၊ ဟာရီ၊ လော်ရင့် နှင့် အဲလက် သို့ အတတ်နိုင်ဆုံး ရေးလိုက်ပါသည် မကောင်းခဲ့ရင် sosegado၏ ညံ့ဖျင်းမှု ဖြစ်ပါသည်။
*Anonymous ရဲ့ ကဗျာကို ခံစားချက်နဲ့ အနည်းငယ်ပြောင်းထားပါသည်။)

Sunday, January 24, 2010

Copenhagen ကိုပင်ဟေဂင်


ဆွီဒင်နိုင်ငံ ဟာစကီးနှင့် ဟယ်ဆင်ဘို့ မြို့သို့သွားရောက်ရာတွင် အပြန်၌ မာမိုမြို့လေးမှတဆင့် Öresund Bridge တံတား ကိုဖြတ်ကာ ကိုပင်ဟေဂင် မြို့တော်ကို တနေ့တာလည်ဖြစ်ခဲ့သည်။ ကိုပင်ဟေဂင် သည် ဒိန်းမတ် နိုင်ငံ၏ မြို့တော်ဖြစ်သည်၊ မကြာသေးမှီက သဘာဝပတ်ဝန်းကျင် နှင့် ရာသီဥတု ပြောင်းလဲခြင်း ဆွေးနွေးပွဲCLIMATE CHANGE conventions ကျင်းပခဲ့သေးသည်။
(Zealand and Amager) ဇီလန် နှင့် အမေဂါ ကျွန်းပေါ်တွင် တည်ရှိပြီး လူဦးရေ ၂သန်း မပြည့်တပြည့် ရှိသည်။ မြို့တည်ရှိမှု အထောက်အထားများ အရ နှစ်ပေါင်း ၆၀၀၀ ကျော်ကတည်းက တည်ရှိနေသည်ဟု ဆိုကြသည်၊ သမိုင်းမှတ်တမ်းများမှာမူ ၁၁ရာစုကစသည်၊




၁၀၃၄ ခု မှတ်တမ်းများတွင် ဆိပ်ကမ်းမြို့ Havn (harbour) ဟုတွေ့ရသည်။ Scandinavia စကင် ဒီနေဗီယန်း တို့၏ အဓိက ဆိပ်ကမ်းမြို့ဖြစ်ပြီး Vikings ဗိုင်ကင်းလူမျိုးများ ကျက်စားခဲ့သည်။ ၁၅ ရာစုနှင့် ၁၇ ရာစု နှစ်များတွင် ဒိန်းမတ် နိုင်ငံ၏ မြို့တော် အဖြစ်ထင်ရှားခဲ့သည်၊ ဒိန်းမတ် ဘုရင် Christian IV သည် ထင်ရှားသော မင်းတပါးဖြစ်သည်။
သမိုင်းတွင် မီးကြီး ၂ကြိမ် လောင်ကျွမ်းခံရပြီး low-rise wooden housing များနှင့် ယနေ့ နာမည်ကျော် ကိုပင်ဟေဂင် အိမ်ပုံစံများနဲ့ ပြန်လည် တည်ဆောက်ခဲ့ကြသည်။


ဒီနေ့မှာတော့ ကိုပင်ဟေဂင်သည် ဆိပ်ကမ်း စီပွားရေး မီဒီယာ သိပံ္ပ နှင့် ယဉ်ကျေးမှု မြို့တော်ဖြစ်သလို Life science, IT နှင့် သုသေတန လုပ်ငန်းများ ထွန်းကားရာ မြို့တော်ဖြစ်သည်၊
ကိုပင်ဟေဂင်ကို လူနေမှု အကောင်းဆုံး the best quality of life အဖြစ်သတ်မှတ်ကြသလို သဘာဝပတ်ဝန်းကျင် အခင်တွယ်ဆုံး the world's most environmentally friendly city မြို့တော်ဖြစ်သည်၊ မြို့တော်လူဦးရေ၏ ၃၆% သည် စက်ဘီးဖြင့် အလုပ်ဆင်းကြသည်၊ သန့်ရှင်း လှပနေပြီး ခမ်းနားတဲ့ နန်းတော်ကြီးလည်းရှိသည်။
လည်ပတ်စရာတွေကတော့ The Little Mermaid, Tivoli Gardens, Amalienborg Palace, The National Museum, The National Gallery, Strøget, Canal Tours, Round Tower, Kronborg Castle နှင့် Louisiana တို့ဖြစ်သည်။











ရာသီဥတု ရေခဲလို အေးနေသည်ကတကြောင်း လည်ပတ်ချိန် တနေ့တာဘဲ ရရှိခဲ့၍ အကုန်မရောက်ခဲ့ပါ၊ မြို့ထဲကရေခဲနေသော ကန်ကြီးပေါ်တွင် Peblinge Lake လမ်းလျှောက်ခဲ့ပါသည်၊ JA ဆိုရင် လမ်းလျှောက်လို့ရပြီဆိုသည် အဲဒီနေ့က ‘ယ’ JA ဖြစ်သည်။ (If it says 'JA', it is safe to move about on the ice) ၁၄နှစ်အတွင်း အအေးပိုဆုံး ဟုပြောသည်။

မနက် ၉ နာရီ အချိန်စလည်ဖြစ်သည် နေမထွက်သေး လူတွေမရှိသေး ၊ ဟော်တယ်က ၁၁ နာရီလောက်စထွက်ရန် အကြံပေးသည်၊ ကိုယ့် ဘာသာ Map အားကိုးပြီး လျှောက်လည်ခဲ့တယ်။


ဓါတ်ပုံ တစ်ချို့တွင် name မထဲ့နိုင်ပါ ဘာအဆောက်အဦးမှန်း မသိ၍ ဖြစ်သည်။

မနက်ခင်း မှောင်နေဆဲ အေးခဲနေ


ရထားပေါ်လဲ လူနည်းနည်း



Nyhavn



Nyhavn Canal Tours



ချမ်းနေတဲ့ အစောင့်

Palace


လှည့်ကင်း


The Opera



Strøget


Strøget

The Little mermaid


Tivoli Gardens


Others

snap shot
စကိတ် စီးနေတဲ့ ကလေး တွေ


Guinness World Records Museum








Sunday, January 17, 2010

ဂါယာ ဗာရာဏသီ နာလန္ဒာ နှင့် မြန်မာ တို့၏အလှူ (အပိုင်း [၃] တိဘက်ဘုန်းကြီး ၊ ဗိုလ်ချုပ်အောင်ဆန်း)


ဒုက္ကရစရိယာကျင့်ရာဂူ


ဒုက္ကရစရိယာကျင့်ရာဂူ ကို ဗုဒ္ဓဂါယာမှ ၆ ကီလိုမီတာ ကျော်ကျော် ခန့်သွားရသည်။ ဖြတ်လမ်းဖြစ်တဲ့ ရွာလမ်းကျဉ်းထဲ နွားတွေ လူတွေကို ရှောင်၍သွားရသည်။ ဂျပန် အထောက်အပံ့ ပေးထားသော စာသင်ကျောင်းကိုဝင်သည်၊ ကိုအီဇူမီ က ဂျပန်ဆရာဝန် နဲ့ သွားစကားပြောကာ ပစ္စည်းတချို့ပေးသည်၊ ပြီးနောက် တောင်ပေါ်တက်သည်၊ တောင်းရမ်းနေသူကလည်း အများအပြားပါ။ ဤနေရာ ဘာလို့မတိုးတက်သလဲ၊ ဂျပန် အထောက်အပံ့၊ ဂျာမန် အထောက်အပံ့ တွေလဲရသည၊် မေးခွန်းမေးမိသည်၊ ကိုအီဇူမီကနောက်သည် တောင်းရမ်းနေသူတွေ အလုပ်မရှိပဲဖြစ်မည် တောင်းရမ်းနေသူတွေ ဝင်ငွေနည်းသွားမည်၊ အဲဒါကြောင့် ဖြစ်သည်တဲ့။

ကိုကျော်က နုနု ကို တောင်းရမ်းနေသူတွေကို မပေးဘို့၊ ပေးမိရင် ကုလားလေးတွေ၊ အဖွားကြီးတွေ၊ အဖိုးကြီးတွေက ၀ိုင်းအုံလာကာ လုသည်အထိဖြစ်တတ်ကြောင်း သူကြားမိသည်များကို ပြန်ပြောနေသည်၊ တောင်းရမ်းသူတွေ နှောင့်ယှက်သည်ကလွဲလို့ အင်မတန်သာယာပါတယ်။

ဂူ မရောက်မှီ တောင်ပေါ်တွင် တိဘက်ဘုန်းကြီးကျောင်းရှိသည်၊ ဂူအတွင်းတွင် ရုပ်ပွားတော်ရှိသည်၊ ထို ဘုန်းကြီးကျောင်းက ဒုက္ကရစရိယာကျင့်ရာဂူကို စောင့်ရှောက်နေခြင်းဖြစ်သည်။



ဘုန်းကြီးကျောင်းတွင် ကိုအီဇူမီက တိဘက်ဘုန်းကြီးတပါးနှင့် မိတ်ဆက်ပေးသည်၊ ဘုန်းကြီးမှ လ္ဘက်ရည် တိုက်သည်၊ ကျောင်းထဲသို့ဝင်၍ ဟိုဟိုဒီဒီ လျှောက်ကြည့်ကျသည်၊ ကိုအီဇူမီ အလန့်တကြား အော်သည် ဟိုမှာ ဟိုမှာ ဟုလက်ညှိးထိုးပြသည်၊ အောင်ဆန်းစုကြည်ပုံ ပိုစတာဖြစ်သည်၊ Burma Fear from freedom ဟုရေးထားသည်။ ဘုန်းကြီးကပြုံးပြီး အောင်ဆန်းစုကြည် ဟုဆိုသည်၊ ငါတို့လည်း တိဘက် လွတ်မြောက်ရေး လုပ်နေတာ စ၍ တိဘက်သမိုင်းနှင့် လွတ်မြောက်ရေး လူပ်ရှားမူ ရှင်းပြတော့သည်၊
ထိုမှတဆင့် အောင်ဆန်းစုကြည် နှင့် မြန်မာအကြောင်း ကိုကျော်က ရှင်းပြသည်၊ တိုနောက် ဘုန်းကြီး မှ အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းပေးသည်။

ဗာရာဏသီသို့ ခရီး ဆက်ထွက်ခဲ့ကြတယ်။




ဗာရာဏသီနှင့် ဗိုလ်ချုပ်အောင်ဆန်း

တလွဲမထင်ပါ နဲ့ ဗာရာဏသီ ပတ်ဝန်းကျင် ဖူးမြော်လေ့လာပြီး ညဘက် ဘိုတဲတွင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပြောဖြစ်ကြ ခြင်းဖြစ်သည်။

ဗာရာဏသီတွင် ဖူးမြော်လေ့လာရန် ဌာနများကတော့-

၁။ မိဂဒါဝုန်၊ ဓမ္မေခ စေတီ၊
၂။ မူလ ဂန္နကုဋိဝိဟာရ၊
၃။ ချောက်ခဏ္ဍီစေတီ၊
၎။ မြန်မာဘုန်းကြီးကျောင်း တို့ဖြစ်သည်။












ကုလား ကျော်ဟိန်းဆိုင် တွင်လည်း ဈေးဝယ်နိုင်သည်။

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း

ညဘက် မြန်မာပြည်၊ အောင်ဆန်းစုကြည် ၊ တိဘက် သမိုင်း နှင့် လွတ်မြောက်ရေး အကြောင်းများ စမြုံ့ပြန်ရင်း၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရောက်သွားသည်၊
ကိုအီဇူမီ က ကွန်ပျုတာ ဖွင့်ကာ ဂျပန်ဘုရင့် တပ်မတော်၊ မီနာမီကီကန်၊ (Minami Kikan) ၊ Burma Independence Army (BIA). ဗမာ့တပ်မတော်၊ ဂျပန်ဘုရင့် စစ်သူရဲကောင်းများဗိမာန် မှတ်တမ်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ နောက်ဆုံးတွင် စစ်ချီသီချင်း ထိရောက်သွားသည်။ ကိုအီဇူမီက မင်းတို့ စစ်ချီသီချင်း တော်တော်များများ ငါတို့နဲ့တူတယ် ဒီမှာကြည့်ဆိုပြီး Youtube ကိုဖွင့်ပြသည်။ စိတ်ထဲမှာတော့ ကော်ပီ သီချင်းများ အကြောင်း တွေးမိသည်။

ဂျပန်ဘုရင့် ရေတပ်မတော် သီချင်းသည် ရေဒီယို၊တီဗီမှာ လာနေကြ စစ်ချီသီချင်းဖြစ်နေသည်။
အေးလေ ငါတို့စစ်တပ်က မင်းတို့ဆီက သင်ခဲ့တာပဲ၊ ဂျပန်ဘုရင့် စစ်သူရဲကောင်း ဗိမာန် စာရင်းတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာပါကြောင်း ဗိုလ်ချုပ်ကလေး အဆင့်ဖြစ်ကြောင်းပြောသည်။

ကိုအီဇူမီက စဉ်းစားစရာ များမှာ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ဘုရင့် တပ်မတော်၏ ဗိုလ်ချုပ်ကလေး ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိန် နှင့် အမေရိကန်ကို စစ်ကြေညာခဲ့သည်၊

ဗိုလ်ချုပ်အောင်ဆန်းသည် Burma Defence Army ကို ဖွဲ့စည်းသောအခါ ဗိုလ်ချုပ် ဖြစ်လာသည်။ ဂျပန်ဘုရင့် တပ်မတော် နဲ့ တွဲဖက်ထားသည်။ နောက် Burma National Army (BNA) နှင့် ဗမာ့တပ်မတော် ဖြစ်လာသည်၊ AFPFL ကိုဖွဲ့ကာ ဂျပန်ကို ပြန်တိုက်သည်။
ဂျပန် ဆုတ်ပြီး အင်္ဂလိပ် ပြန်ဝင်လာသောအခါ အင်္ဂလိပ် ဘုရင်ခံ Dorman-Smith က အောင်ဆန်း သည် သစ္စာဖေါက် စစ်တရားခံ ဖြစ်သည်ဟု စွပ်စွဲကာ ရုံးတင်ဖို့ကြံသည်၊ (The British governor, Sir Reginald Dorman-Smith, however, regarded Aung San as a traitor and war criminal). ဒေါ်မန်စမစ် ပြောင်းသောအခါ နောက်တက်လာသော ဘုရင်ခံ (Sir Hubert Rance)က ဆက်မလုပ်ပေ။

ဤသို့ ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် တစ်ဖက်တွင် လက်နက်မချသော ဂျပန်ဘုရင့် တပ်မတော် ဗိုလ်ချုပ် တယောက်ဖြစ်မည်၊ ဗမာ့တပ်မတော် သည်လည်း လက်နက်မချသော ဂျပန်ဘုရင့် တပ်မတော်၏ တစိတ်တဒေသ ဖြစ်မည်ဟုဆိုသည်၊ သီချင်းတွေခုလက်ထက်ထိ သုံးနေဆဲဖြစ်သည်၊ သမိုင်းတွင် မကျွမ်းကျင်၍ သူမေးတာ မဖြေနိုင်ပါ။ သိတာကတော့ ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် မြန်မာ့ Hero ပင်ဖြစ်သည်။

ထိုကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ဘုရင့် စစ်သူရဲကောင်း ဗိမာန် စာရင်းတွင် ပါနေသည်ကို၊ သေချာမသေချာ ပြန်ရင်သွားကြည့် မည်ဟုဆို၏။ ဗိုလ်ချုပ်အောင်ဆန်း၏ ဂျပန်တို့အပေါ် နောက်ပိုင်းသဘောထားကို သိသွားလျှင် ဘာပြောမယ်မသိ။ ဗိုလ်ချုပ်အောင်ဆန်း၏ The Resistance Movement စာတမ်းတွင် ဖေါ်ပြထားသည်။
ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်ဘုရင်(အင်ပါယာ) နှင့် ဝန်ကြီးချူပ် ဂျင်နရယ် တိုဂျို ကိုယ်တိုင် အထူးဘွဲ့ထူး ဂုဏ်ထူးများ ချီးမြှင့်ခဲ့သည်၊ ထိုအတွက် ဂျပန်ဘုရင့် စစ်သူရဲကောင်း ဗိမာန် စာရင်းတွင် ပါနေသည်မှာ မဆန်းချေ။


 သူပြသော Youtube များကိုအောက်တွင်ဖေါ်ပြထားသည်။

စစ်ချီသီချင်း





ဗိုလ်ချုပ်အောင်ဆန်း နှင့် ဗမာ့တပ်မတော်



ဗာရာဏသီတွင် ဖူးမြော်လေ့လာရန် ဌာနများ

 
ဂျပန်ကျောင်းက မြန်မာဆင်းတု


ဂျပန်ကျောင်းထဲက အဏူမြူ ဒဏ်ခံရပုံ


 
ဂျပန် ဆင်းတု (ဂါယာ)

Wednesday, January 13, 2010

Pandora (မြင်ကတည်း ရင်ထဲ စွဲမိတဲ့ ပန်ဒိုရာ)




ပန်ဒိုရာ တဲ့


စွဲမက်ဖွယ် ကောင်းလိုက်တာ လှလိုက်တာ

အေးမြမူ တည်ရှိမူ ပုံစံ တွေက

တို့ရဲ့အိမ်မက် တို့ရဲ့တမ်းတမူ တို့ရဲ့လိုချင်မူပဲ

ကဗျာလေးလိုပေါ့ “မြင်ကတည်းက ရင်ထဲကစွဲခဲ့တယ် ပန်ဒိုရာ ရယ်”။

လှတာမှ တစ်ခါမှ မမြင်ဘူးတဲ့ အလှ၊ သူ့ထက်လှတာ မရှိဘူးရယ်ပေါ့ ၊


တည်ရှိမူက တစ်ခါမှ မတွေ့ဘူးတဲ့ ပုံစံ၊ သာယာမူက ပန်းချီ ဘယ်လိုမှ မမှီ၊

နဂိုလ်အတိုင်း မူလအတိုင်း သဘာဝအတိုင်း လှနေလိုက်တာ

စိတ်ကူးယဉ် အိမ်မက် ဖန်တီးထားတာလား

ပန်ဒိုရာ ရယ်

ပန်ဒိုရာ ရယ် ပေါ့။



တကယ်တော့ ပန်ဒိုရာ ဆိုတာ ဂြိုလ်ငယ်လေး တခုပါ၊
ကမ္ဘာ နှင့် အလင်းနှစ် တနှစ်ဘဲ ဝေးတဲ့နေရာ၊

တောင်တွေ၊ တောင်ပြန်တွေ၊ မြစ်ချောင်း ပင်လယ်တွေ ၊ စမ်းအိုင် ရေတံခွန်တွေ ၊ သစ်ပင် သစ်တော ပန်းမာလာတွေ ၊ ဟူမင်းနွဒ် humanoid လူသားတွေ နှင့် သားရဲကောင်တွေ ရှိတဲ့နေရာ၊ ကမ္ဘာဦးစလိုပါပဲ။ သယံဇာတပေါများ ၊ အနူမြူ ရေဒီယိုဓါတ်ကြွမူတွေ မရှိသေးဘူး၊ အစွန်းရောက် အကြမ်းဖက်သမားတွေ မရှိသေးဘူး၊ သဘာဝ ပတ်ဝန်းကျင် မပျက်စီးသေးဘူး၊ သဘာဝနိယာမ နှင့် အေးချမ်း နေတဲ့နေရာ၊ ဖြူစင် အရိုးခံ ယဉ်ကျေးမူ တည်မြဲနေဆဲ။
လူတွေနေချင်ရင် နေလို့ရအောင်လုပ်ပြီး နေလိုရတဲ့နေရာ၊ ရောင်စုံ လင်းလက်လှပ နေတဲ့ ပန်းတွေ၊ ဂမ္ဘီရ ဆုတောင်းအပင်၊ ဇီဝဆက်သွယ်လို့ရတဲ့ သစ်ပင်တွေ၊ အံ့မခန်းတဲ့ တောင်ပြန်တွေ၊ နွယ်လမ်းမကြီးတွေ၊ အရောင်တွေ တောက်ပနေတဲ့ ရေကန် ရေတံခွန်တွေ၊ ကြီးမားတဲ့ ထိကရုံးပန်းပင်တွေ၊ အသုံးချတတ်ရင် စီးတော်ယာဉ်ဖြစ်သွားတဲ့ ဂြိုလ်မြင်းနှင့်ငှက်ကြီးတွေ၊ ဖြူစင်ဝိညဉ် လေဘဝဲ ကောင်လေးတွေ နဲ့ ၊ နေ့ပဲကြည့်ကြည့် ညပဲကြည့်ကြည့် သာယာကြည်နူးစရာ ဂြိုလ်လလေး တခုပါ။

































၂၂ ရာစုထဲ ကမ္ဘာကြီးမှာ ပြသာနာ ပေါင်းစုံ၊ လူဦးရေပိုလျှံ ၊ ရာသီဥတုဖေါက်ပြန်၊ ပတ်ဝန်းကျင်ပြောင်းလဲ၊ အကြမ်းဖက်မှုတွေ နေရာအနှံ၊ နေ့တိုင်းအဖြစ်ဆိုးတွေကြုံ အဲဒါကြောင့် လူတွေ နေထိုင်စရာ အသစ်ကို ကမ္ဘာ ရဲ့ အပြင်ဘက်မှာ ရှာဖွေ ကြတယ်၊ ဒီလိုနဲ့ ပန်ဒိုရာ ကို ရှာဖွေတွေ့ရှိခဲ့ ကြတယ်။


၂၁၄၅ မှာတော့ ပန်ဒိုရာပေါ် ခြေချခဲ့တယ်၊ ဒီမတိုင်မှီ ထုံးစံအတိုင်း စူးစမ်းလေ့လာသူတွေ၊ သိပ္ပံ ပညာရှင်တွေ ပထမဆုံးရောက်ခဲ့တယ်။ ပြီးတော့ စစ်တပ်ရောက်လာတယ်။

ဆိုထားတဲ့ အတိုင်းပဲ

ပန်ဒိုရာ ပေါ်မှာ ဟူမင်းနွဒ်  humanoid လူသားတွေရှိနှင့်နေကြပြီ၊ အဲဒီထဲမှာ နဗလ် Navls အမျိုးစုဆိုတာရှိတယ်၊ သူတို့ရဲ့ အသားရောင်ဟာ အပြာရောင်သမ်းနေပြီ၊ ရွှေဝါရောင်မျက်လုံး၊ အမြီးနှင့် အသားရောင်ရှိတဲ့ ဟူမင်းနွဒ်ပေါ့ ၊ လူတွေ က မျောက်ပြာ တွေလို့ခေါ်တယ်။ သူတို့မှာ ဘုရင်လို ခေါင်းဆောင်ရှိပြီး သူ့မှာ သမီးတော် ပရင့်ဆက် နာဗီသီရီ Nevitiri ဆိုတာရှိတယ်။



အောက်ဆီဂျင်နည်းမှု ဇီဝမတူညီမှုကြောင့် လူတွေဟာ ပန်ဒိုရာ ပေါ်နေချင်သလိုနေလို့မရဘူး၊ ပန်ဒိုရာ အကြောင်း ပိုသိချင်ရင် နဗလ် Navls တွေကိုနားလည်မှ ဆိုတာ သိလာတယ်၊ သူတို့ဆီ သွားရမယ်။ ပန်ဒိုရာ ပေါ်ကလိုချင်တာ ယူလို့ရအောင်ပေါ့၊ အဲဒီအတွက်လူသားDNA နှင့် စိတ်ချင်း ဆက်သွယ်ထားတဲ့ ဇီဝကောင် အဗေတာ Avatar ကိုထီထွင်ခဲ့တယ်။ ဇီဝကောင်ကို နဗလ်တွေ နှင့် အနီးစပ်ဆုံး တူအောင် လုပ်ခဲ့တယ်။


ဇီဝကောင် အဗေတာကို နဗလ် Navls တွေဆီလွတ်ပြီး ပထမဦးစွာ ဘာသာစကား၊ နားလည်းမှု တရားတွေ နှင့် ချဉ်းကပ်ခဲ့တယ်၊ ထုံးစံအတိုင်း နောက်တဆင့် တက်ဘို့ ကြိုးစားကျတယ်၊ အဲဒါကတော့ သူလျှိုပါပဲ၊ အဗေတာ သူလျှိပေါ့၊ အဲဒီအချိန်မှာ အဗေတာ DNA လူသား တစ်ယောက်သေဆုံးသွားတယ်၊ သူကို နဗလ် Navls တွေဆီ သူလျှိုအဖြစ် လွတ်ဘို့ စီစဉ်ထားတာဖြစ်တယ်၊ သူ့နေရာကို အမွှာညီအစ်ကို ကိုအစားထိုး လိုက်တယ်။ သူ့နာမည်က ဂျိက် ဖြစ်တယ်၊ မရိန်းစစ်သားတစ်ယောက်ဖြစ်ပြီး တိုက်ပွဲတခုမှာ ခြေထောက် ဆုံးရှုံး လိုက်ရတယ်၊ DNA ဇီဝကောင် အဗေတာ အကြောင်း တွေကို သိပ်မသိသူဖြစ်တယ်။

ဒီလိုနဲ့ ဂျိက် ကို နဗလ် တွေဆီလွတ်လိုက်တယ်၊ ဇီဝကောင် အဗေတာ ဘဝနှင့် ခြေထောက် ဖြင့်ပြေးရတာ သူ့အတွက် ဝမ်းသာဆုံးပါပဲ၊ စစ်ဗိုလ်တွေက စစ်ဆင်ရေးအောင်မြင်ရင် ဇီဝခြေထောက် တတ်ပေးမယ်လို့ မက်လုံးတွေပေးလိုက်တယ်၊ ဂျိက် တစ်ယောက် နဗလ် တွေဆီ ချဉ်းကပ်ရင်း ပရင့်ဆက် နာဗီသီရီ နှင့်ရင်းနှီးခဲ့တယ်၊ ပရင့်ဆက် နာဗီသီရီ က ဂျိက် ကို နဗလ် တွေနဲ့ ပတ်သက်လို့ အကုန်သင်ပေးခဲ့တယ်၊ ဂျိက် တစ်ယောက် နဗလ် ဖြစ်သွားခဲ့တယ်၊ လူတွေကတော့ ဂျိက်ဆီကသတင်းတွေရခဲ့တယ်၊ ဂျိက် နှင့် ပရင့်ဆက် နာဗီသီရီ တို့ချစ်သူတွေဖြစ်သွားကြတယ်။

မကြာမှီ နဗလ် တွေရဲ့ ဒေသကို လူတွေစကျူးကျော်တော့တယ်၊ ဂျိက် ဌာနချုပ် ကိုပြန်ပြီး ကာနယ်ကြီး နှင့် စခန်းမှုးကို နဗလ်တွေဟာ လူကောင်းတွေဖြစ်ကြောင်း သနားကြင်နာတတ်သူတွေဖြစ်ကြောင်း နဗလ်တွေတည်ရှိမှုဟာ ပန်ဒိုရာ နှင့်ရော သဘာဝ နှင့်ပါဆက်စပ် နေကြောင်း ရှင်းပြသည်၊ တင်းမာတဲ့ ကာနယ်ကြီး နှင့် စခန်းမှုး တို့ကလက်မခံပေ၊ ဂျိက် တစ်ယောက် နဗလ် တွေဆီသွားပြီး လူတွေ တိုက်တော့မည် နေရာပြောင်းဘို့ ပြောရာ နဗလ် တို့လက်မခံပေ၊ ဂျိက်ကို ကာနယ်ကြီးက ဖမ်းချုပ်ထားလိုက်သည်၊ နာဗီသီရီတစ်ယောက် ဂျိက် ကို ဇီဝကောင် အဗေတာ အဖြစ်သိရှိသွားသည်။




စစ်ပွဲအစတွင် ဂျိက်လွတ်မြောက်လာပြီး အဗေတာ အဖြစ် နဗလ် တွေဘက်မှ ဦးဆောင် တိုက်ခိုက်သည်၊
ပန်ဒိုရာ သားတို့ရဲ့ လူတွေကို သက်စွန့် ခုခံမှုကပြင်းထန်လှပေသည်၊ နောက်ဆုံး အကြမ်းဖက်ကို အကြမ်းဖက်၍ ("fight terror with terror" ) နှိမ်နှင်းမည်ဆိုသော် စစ်ဗိုလ် ကာနယ်ကြီးတို့ ရှုံးရလေသည်။
အသုံးဝင်မည့် လူတစ်ချို့ကိုချန်ထားပြီး လူတွေကို ပန်ဒိုရာ ပေါ်မှ နှင်လွတ်လိုက်လေသည်၊
ဂျိက် တစ်ယောက် ဆုတောင်းဇီဝ အပင်အောက်မှာ ဇီဝကောင် အဗေတာ အဖြစ် ထာဝစဉ် ပြောင်းလဲ လိုက်သည်။

ဤတိုက်ပွဲတွင် ဂျိက် နှင့် နဗလ် တို့ နိုင်လိုက်သော်လည်း ရအောင်ယူတတ်သော လူတွေ အင်နဲ့အားနဲ့ ပန်ဒိုရာဆီ ဘယ်တော့ပြန်လာမယ် မသိချေ….


လောလောဆယ်တော့ ပန်ဒိုရာ ကလှပနေဆဲ၊




တကယ်တော့


ပန်ဒိုရာ ဆိုတာဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းထဲက ဂြိုလ်ငယ်လေး တခုပါ။





၀၄ ၀၁ ၂၀၁၀

တိုကျို ဂျပန်

ဆယ်စုနှစ်လောက် စိတ်ကူးပြီး 3D and VFX technology နှင့် James Cameron ရိုက်ကူးထားတဲ့ Avatar ကိုကြည့်ပြီးခံစားလိုက်သည်၊

မောင်စိန်ဝင်း ပုတီးကုန်း ရဲ့ ကဗျာ တကြောင်း ကိုယူထားပါသည်။