Friday, January 5, 2018

500 miles ကိုခံစားခြင်း



Five hundred miles ဆိုသော သီချင်းလေးကို အရမ်းကြိုက်ပါသည်၊
အထူးသဖြင့် ရထားဖြင့် ခရီးသွားနေချိန် လေယာဉ်ဖြင့် အကြာကြီး ခရီးသွားချိန် တွေမှာ နားထောင်ခံစားဖြစ်ပါသည်။ ကျနော်အတွက်တော့ ဒီသီချင်းလေးကို ထူးအိမ်သင်၏ အမေ့အိမ် သီချင်းထက်ပင် ပိုကြိုက်နှစ်သက်ပါသည်။

သီချင်းလေး၏ သက်တမ်းသည် ကျနော်တို့ ထက်ပင်ကြီးပါသည်၊ သို့သော် သီချင်းလေးက ရရှိသော ခံစားမူ ဖီလင် အရသာသည် ယနေ့ထိ လူများ၏ အသဲကို ဖမ်းစားနိုင်လေသည်၊ Intro လေးမှ အစပြုကာ တစ်စစီ တစ်စစီ မြင့်ကာမြင့်ကာ ခံစားရသော သီချင်းဖြစ်ပါသည်။

If you miss the train I'm on, you will know that I am gone……
You can hear the whistle blow a hundred miles,,,,,,
a hundred miles, a hundred miles, a hundred miles, a hundred miles,,,,
You can hear the whistle blow a hundred miles.
Lord I'm one, Lord I'm two, Lord I'm three, Lord I'm four, Lord I'm 500 miles from my home.
500 miles, 500 miles, 500 miles, 500 miles
Lord I'm five hundred miles from my home.

Peter, Paul, Mary တို့မှ Mary ၏ နွဲနွဲအသံလေးသည် စိတ်ထဲက သီချင်းကို လိုက်ဆိုဖြစ်အောင် စွဲဆောင်သွားလေသည်။

ထိုမျှ ကျနော်ကြိုက်နှစ်သက်သော 500 miles ဆိုသော သီချင်းလေးသည် 2017 အကုန် 2018 အကူးမှာတော့၊ ကျနော် ဘယ်လိုပြောရမှန်း မသိသော ခံစားမူတစ်ခုကို ပေးခဲ့လေသည်၊ မိမိမြတ်နိုးရသော အရာတစ်ခု ပျက်စီးသွားသလိုမျိုး ဖျက်ဆီးခံလိုက်ရသလိုမျိုး အရှင်လတ်လတ် ခံစားရသော ခံစားမူမျိုးဖြစ်နိုင်ပါသည်၊ တစ်ဘက်ကပြန်ကြည့်လျှင်လည်း နားထောင်မိသူအမှား ကြည့်မိတဲ့သူအပြစ် ဖြစ်နေပေလိမ့်မည်၊

 တကယ်ပဲ ကျနော်အမှားပါ Angelababy ဖျော်ဖြေသော Happy New Year ညကို ကြည့်မိလိုက်လေသည်
ကျနော်ရဲ့ 500 miles ဆိုသော သီချင်းလေးသည် ဒီအမျိုးအမည် မသိသော ခံစားမူကို ကျနော်ကို ပေးခဲ့လေသည်၊  ရက်စက်ပါပေ့ Angelababy ရေ ………

မနေ့က သူငယ်ချင်း တစ်ယောက်လည်း ဒေါသတွေထွက်လို့နေသည် သူအလွန်တစ်ရာ ကြိုက်နှစ်သက်သော ခင်မောင်တိုး သီချင်းတစ်ပုဒ်ကြောင့်ဖြစ်ပါသည်၊ တကယ်တော့ သူသည် သူ၏မှားယွင်မူကြောင့် ကျနော်လိုပင် အမျိုးအမည် မသိသော ခံစားမူကို ခံစားလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

အဲဒီခံစားမူမျိုး ခံစားချင်ရင်တော့ ခုထွက်နေသော ခင်မောင်တိုး ပြန်ဆိုသီချင်းတွေကို နားထောင်ကြည့်လိုက်ပါတဲ့။

တကယ်တော့ 500 miles ဆိုသော သီချင်းကို ပြန်ဆိုခဲ့ကြသည်မှာ အကြိမ်များစွာပင် ရှိသည်၊ Japan မှ Junko Yamamoto လည်း ဆိုခဲ့ဘူးသည်၊ Justin လည်း ဆိုခဲ့ဘူးသည်၊
Angelababy လောက် ရက်စက်တဲ့သူ မရှိပေ။

သူငယ်ချင်း ကတော့ပြောပါသည် မင်း Angelababyက mood ပါသေးတယ်၊ ငါ့ခင်မောင်တိုးကတော့ သွားရော။

ခံစားနိုင်ကြပါစေ။


Peter Paul and Mary 500 Miles

AngelababyFive Hundred Miles