Saturday, October 24, 2009

ဂျပန် ငြိမ်းခြမ်းရေး အထိမ်းအမှတ် မြန်မာ စေတီ


Osaka ဘက်ကနေ စက်ရုံတရုံကို စစ်ဆေးရန်အသွား Naruto ဘက်မထွက်ခင်၊ Tokushima မြို့လေး ကိုရောက်ခဲ့ပါတယ်။
အမှတ်မထင် ဘုရားစေတီ တဆူ ကိုတွေ့ခဲ့တယ်၊ စစ်နှင့်ငြိမ်းခြမ်းရေး အထိမ်းအမှတ်ပါ၊ မြန်မာပုံစံယူပြီး Japan တွေဆောက်ထားတာဖြစ်ပါတယ်။ မြန်မာပြည်မှာ ကျဆုံးသွားသူတွေ အတွက် အထိမ်းအမှတ်ပါ၊

အဆင်းလမ်း

Sunday, October 18, 2009

နေရာ

နေရာ

“ဘယ်နေရာဘဲ ရောက်ရောက်၊ ဘယ်မှာဘဲ နေနေ ကိုယ်နေရာကိုယ်အိမ် လို့မှတ်ပါ၊ ဘာပဲလုပ်လုပ် ဘယ်လောက်ပဲလုပ်လုပ် ကိုယ်အလုပ် လို့မှတ်ပါ၊ ကောင်းသလိုနေ၊ ကောင်းတာလုပ်၊ စိတ်သာ အဓိက ငြိမ်းခြမ်း ချမ်းသာ လိမ့်မယ်။” (ကိုးကား ယောဆရာတော်)


 
 
 
 
 
 
ဒီ ရပ်ကွက်ဝန်းကျင် နေရာလေး မှာ မွေးဖွား ခဲ့တယ်။

ဒီ နေရာလေး မှာဘဲ ကြီးပြင်း ခဲ့တယ်။

ရပ်ကွက်ဝန်းကျင် နေရာလေးဟာ တနှစ်ဘဲ ခွဲခွဲ၊ သုံးနှစ်ဘဲ ခွဲခွဲ ပြန်လာရင် ချစ်ကြည်ရင်းနှီးမူ့ တွေပြည့်လို့။
ကြည်နူးစရာ နေရာလေးပါဘဲ။

ဒီလိုနဲ့ ရပ်ကွက်ဝန်းကျင် နေရာလေးကို မျက်နှာစိမ်းတွေ ဝင်ရောက်လါတယ်၊
တခုခု လိုနေသလို တခုခု မရှိတော့သလို၊ စိမ်းကားအရောင်ပြောင်း သွားခဲ့တယ်၊
ဒိုးသံဗြောသံတွေ ပြောက်လို့၊ နဂါးကသံတွေ ဆူညံစေခဲ့တယ်။

အဖေဟာ ဒီ နေရာလေး မှာဘဲ ဘ၀တပါး ကူးပြောင်း သွားခဲ့တယ်၊

အမေက ဒီနေရာလေး မှာဘဲ သူမိသားစုလေးကို လုံခြုံ ကြီးပြင်း စေခဲ့တယ်၊
နွေးထွေးခြင်း၊ ဧစက်ခြင်း၊ အေးမြမှု၊ ပူလောင်မှု၊ အချစ် အမုန်း တွေ ရှိခဲ့တယ်၊ ရှိနေဆဲဘဲ ဖြစ်တယ်။

Wednesday, October 14, 2009

ရပ်ကွက်ဝန်းကျင်

ရပ်ကွက်ဝန်းကျင်


ဘေး မြင်ကွင်း ၁

ဘေး မြင်ကွင်း ၂


မြင်ကွင်း ၃