Friday, March 5, 2010

ဘုရားကြီးတခေါက်


မန္တလေး ရောက်ရင် ဘုရားကြီး မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်တော့ တခေါက်ရောက်အောင်သွားသည်။ ဘုရားဖူးသွားရင်း၊ မရောက်တဲ့ ကာလအတွင်း ဘာများပြောင်းလဲသွားသလဲ လေ့လာလိုခြင်းဖြစ်သည်။


ရွှေတိဂုံ ရင်ပြင်ကတော့ ကျဉ်းကျဉ်း လာသည်၊ လူတစ်စုကြောင့်ဖြစ်သည်၊ နောက်ဆုံးအချင်းချင်း စာထုတ်ကြသည်၊ အကြီးဆုံးထိရောက်သည်ဆိုသည်၊ ဘုရားဖူးတွေအတွက် ခက်ခဲသလို ရင်ပြင် အလှကိုထိခိုက်စေသည်။

နံနက်မနိုးသော ကိုယ်အတွက် ဘုရားကြီးမျက်နှာသစ်တော်ချိန် ဘယ်တော့မှ မမှီ။
မနက် ၁၀နာရီ ကျော်ကျော် ရောက်သွားသည်၊ ဘုရားဖူး၊ ရွှေချ၊ တစ်ပတ်ပတ်၊ စောင်းတန်းလျှောက် လုပ်မည်ဟု အစီအစဉ်ဆွဲထားသည်။

ပထမဦးဆုံး ရွှေချရန် ရွှေဆိုင်းဝယ်သည်၊ ကပ်ရက်ခုံကိုသွားပြီး တံဆိပ်နှိပ်ရသည်၊ အဆိုင်း ၃ဝ ဝယ်လိုက်သည်၊ တံဆိပ်ဝယ်တုန်း နှိပ်လိုက်ရင်ရတာပဲ၊ အစဉ်အလာ ကိုမဖျက်ချင်တဲ့ သဘောများလား။
ဘုရားဝတ်ပြု ဆုတောင်းဆုယူပြုပြီး ရွှေချရန်ဘုရားဘက်ထွက်လာသည်၊
‘ဟို’ အသံကြီးနှင့် မီးပြတ်သွားသည်၊
‘ရွေချမည့်သူများ ခဏ စောင့်ပါခင်ဗျား၊ မီးချိန်းမှာ မို့လို့ပါ၊’
တစ်မိနစ်လောက်ပဲကြာသည်၊ မီးပြန်လာသည်၊
‘ရွှေချ လို့ ရပါပြီိ ခင်ဗျား၊ ကျေးဇူးတင်ပါသည်၊’
ကိုယ်လဲ ဘုရား ပေါ်တက်ပြီး ရွှေချသည်၊ ပထမ လက်ရုံးတော်၊ နောက်တော့ လက်တော် ချရန်အလုပ်၊
‘ဟာ’ အသံကြီးနှင့် မီးပြတ်သွားသည်၊
‘ရွှေချမည့်သူများ ခဏ စောင့်ပါခင်ဗျား၊ မီးပြန်လာလို့ ပါ၊’
မိနစ်ဝက်လောက်ပဲကြာသည်၊ မီးပြန်လာသည်၊
‘ရွှေချလို့ ရပါပြီိ ခင်ဗျား၊ ကျေးဇူးတင်ပါသည်၊’
ကိုယ်ဘေးနားက ယိုဒယားနှစ်ယောက် နားမလည်၊ ဒါပေမဲ့ ဘေးကလူတွေ လုပ်တဲ့အတိုင်းလိုက်လုပ်သည်၊ နားလည်မူယူလိုက်ကြသည်၊
ရွှေချလို့ ကောင်းတုန်း နှစ်ရွက် သုံးရွက်ပဲကျန်တော့သည်၊
‘ဟော’ အသံကြီးနှင့် မီးပြတ်သွားသည်၊
‘ရွှေချမည့်သူများ ခဏ စောင့်ပါခင်ဗျား၊ မီးပြန်ပျက်သွားလို့ ပါ၊’ ‘မီးချိန်းမှာဖြစ်ပါတယ်၊ ခဏ စောင့်ပါခင်ဗျား၊’
တစ်မိနစ်လောက်ပဲကြာသည်၊ မီးပြန်လာသည်၊
‘ရွှေချလို့ ရပါပြီိ ခင်ဗျား၊ ကျေးဇူးတင်ပါတယ် ခင်ဗျား၊ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊’
ဒီလိုနဲ့  ရွှေချလို့ ပြီးသွားသည်၊ အောက်ဆင်း ဘုရားထပ် ဝတ်ပြုပြီး၊ မေတ္တာပို့ဖြစ်သည်၊ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ လိုအင်ဆန္ဒ ပြည့်ဝကြပါစေ၊…….ကြပါစေ၊…….ကြပါစေ။

ပြီးနောက် ရင်ပြင်တော် တစ်ပတ်ပတ်သည်၊ သွားပွတ်သည်၊ ကြေးရုပ်ကြီးတွေကိုပြောတာပါ၊ ငယ်ငယ်ကတည်းက ပွတ်နေကြ၊ လက်နှင့်ပွတ်သည်၊ ပါးနှင့်ပွတ်သည်။ ဗိုက်မနာပါစေနဲ့ ၊ နှာမစီး ပါစေနဲ့ ။



တစ်နေရာတွင် အဆင့်မြင့် ရေအိမ်သာသို့ ညွှန်ပြထားသည်၊ အဆင့်မြင့် ကြပြီပေါ့ ၊ အောက်တွင်ဆော့ပန်နဲ့  ရေးထားသည် 'ရေသန့် သုံးသည်၊' အဆင့်မြင့်လှချည်းလား နောက်ထားတာလားတော့မသိ။
စောင်းတန်းလျှောက်ကြည့်သည်၊ စာအုပ်သုံးအုပ် ဝယ်ဖြစ်သည်။ ၄၇၀ဝ ကျသည်၊ ငါးထောင်တန်ပေးလိုက် သည်၊ ၃၀ဝပြန်းအမ်းမလားစောင့်နေသည်၊ မိန်းခလေးက ဟိုလိုလိုဒီလိုလိုနဲ့ ၊ ဒီနေ့ ကံမကောင်းပါလား၊ ရွှေချတုန်းကလည်း မီးပျက်၊ ကိုယ်ကပဲနားလည်မူ ယူလိုက်ပါသည်၊
‘ညီမပြန်းမအမ်းနဲ့ တော့၊’ ‘ဟုတ်ကဲ့ရှင့်၊’ ‘ဟုတ်ကဲ့ရှင့်၊ ကျေးဇူးတင်ပါတယ်ရှင့်’။
ကိုယ်ကိုတိုင်က နားမလည်တာဖြစ်မယ်။

သူငယ်ချင်းက ပြောတယ် မန္တလေးက ‘နားလည်မူ မြို့တော်’ ဖြစ်နေပြီ၊
ရုံးတွေသွားမလား၊ ကျောင်း တွေသွားမလား၊ ဆိုင်ထိုင်မလား………လား နားလည်မူနှင့် လုပ်/သွား။
ကားမောင်းရင်၊ ဆိုင်ကယ်စီးရင်၊ စက်ဘီးစီးရင်၊ နားလည်မူနှင့် မောင်း/စီး မှန်လို့  နားလည်မူလွဲလို့ ကတော့ တိုက်ပြီ၊ မှောက်ပြီ တဲ့၊
ဆိုင်ကယ်တွေကပိုဆိုး၊
သြော် ကြွပ်ကြွပ် အိတ်ကင်းစင်နယ်မြေ ဆိုင်းဘုတ်ကြီးတွေနဲ့ 

နားလည်မူ မြို့တော်။ နားလည်မူ မြို့တော်။





ကြွပ်ကြွပ် အိတ်ကင်းစင်နယ်မြေ ဆိုင်းဘုတ်ကြီး

အိမ်ပြန်ကြပြီ




(နားလည်မူဆိုတာ……………………မရှိတာကိုပြောတာလား)

14 comments:

SHWE ZIN U said...

နားလည်မှု့ နဲ့ ကားမောင်းတယ်.. စက်ဘီးစီးတယ်..ဆိုင်ကယ်စီးတယ်. ..အမှားအယွင်း ရှိရင် ကိုယ်မှားမှား သူမှားမှား သွားလေးဖြဲပြီး ဦးအောင်တောင်းပန်လိုက်တယ်.. no problem

ကိုဆိုဆီ ရေ ဘာလည်းတော့ မသိဘူး စည်းကမ်းရှိ ဘို့ တော့ မကျိုးစားကြဘူး နားလည်မှု့ဘဲလုပ်နေတာ ကျနော်တို့ မန်းလေးရွာကြီးက အဲဒီအတိုင်းဘဲ

ခင်တဲ့
ရွှေစင်

ရွှေရတုမှတ်တမ်း said...

နားလည်ပေးပါတယ်...ကိုဆီဆုံရယ်...
ရွှေမန်းလေးကတော့..ခင်ဗျားပြောမှ တော်တော်ရီရတာပဲ..

ဂျစ်တူး ( မုံရွာ ) said...

ရောက်ရှိကြောင်းပါခင်ဗျာ-
ကျနော်တို့ မန်းတလေးကတော့ ဒီလိုပါဘဲဗျာ-

Unknown said...

ဘုရားကြီးကို လာလည်သွားတယ်
ကြေးရုပ်တွေကြည့်သွားတယ်

Flower said...

မရောက်ဖြစ်တာကြာတဲ့မန္တလေးကို
ဒီပိုစ့်လေးနဲ့ သတိတရဖြစ်သွားတယ်
ဘုရားကြီးကိုမြင်တော့ တက္ကသိုလ်တက်ခဲ့ချိန်ကိုသတိရတယ်..
စာမေးပွဲနီးရင်အဆောင်ကကျောင်းသူကျောင်းသားတွေအားလုံးနီးပါးမနက်အစောကြီးဆို စက်ဘီတွေနဲ့ ဘုရားသွားကြတယ်
အဲဒီမှာ အချင်းချင်းစကြနောက်ကြတာက
ဘုရားသွားတာကို စာမေးပွဲအတွက်
ဘုရားကိုခုံနံပါတ်သွားပေးတာတဲ့..
ပျော်ဖို့တော့ အတော်ကောင်းတယ်ရှင့်..မနက်စောစောဘုရားသွားရတာ..

မောင်မိုး said...

နားလည်မြှုမို့တော်က မြို့တော်သူ မြို့တော်သားတွေနဲ့ အစဉ်အလာမပျက်သေးတဲ့ ရိုးရာဓလေ့တွေ အကြောင်းကို ပုံတွေစာတွေနဲ့ မြင်ချင်သေးတယ်ဗျာ။ မရောက်တာ ကြာပြီဖြစ်လို့ပါ။

nyan gyi said...

ကြေးရုပ်တွေက ပွတ်တဲ့နေရာတွေ ရိုက်ထားတာပဲ၊
‘နားလည်မူ့ မြို့တော်’ ကြေးရုပ်တွေ ဖတ်လိုက်ကြည့်လိုက်ရလို့ ကျေးဇူးတင်ပါတယ်

ချစ်ကြည်အေး said...

ကိုတည်ငြိမ်ရေ...မနက်စောစော ရေကင်းသံလေးနဲ့ မျက်နှာသစ်တော်ရေကို ဆရာတော် တပါးက သစ်ပေးတာ၊ နောက်တခေါက် ရောက်အောင် သွားစမ်းပါဗျာ ကြက်သီးထလောက်အောင်ကို ခံစားရလိမ့်မယ်။ ကြေးရုပ်ကြီးတွေရဲ့ သမိုင်းက စိတ်ဝင်စားဖို့ကောင်းတယ်၊ ခုတော့ ရခိုင်ပြည် ပြန်မပြေးနိုင် ကြတော့ဘူးပေါ့လေ...:)

သိင်္ဂါကျော် said...

ဒီဘက်ပိုင်းကို အလုပ်ပြောင်းရလို့ ဘုရားကြီးကိုတော့ သုံးလေးခေါက် ရောက်ပြီးပါပြီ။ (တစ်ခါမှတော့ မီးမပျက်ဖူးဘူး) ကြေးရုပ်တွေတော့ တစ်ခါမှ မနှိပ်ခဲ့ရသေးဘူး.. မနက်စောလွန်းလို့ မဖွင့်သေးတာနဲ့.. တစ်ခါကတော့ ပြင်နေတာနဲ့ မဝင်ခဲ့ရဘူး...။ ဒီတစ်ခါတော့ သေချာဝင်ကြည့်ရမယ်..။

ကိုခိုင် said...

ဓါတ်ပုံတွေကြည့်ရတဲ့အတွက်ကျေးဇူးပါ။

ကိုခိုင်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

မန္တလေးရွှေမြို့တော် တဲ့...

နားလည်မှု မြို့တော် တဲ့..

ရတနာပုံရွှေမန္တလေး တဲ့..

နားလည်မှုကတော့ နေရာတိုင်းမှာ လိုအပ်တာဘဲလေ... ယခုအခြေအနေ မန္တလေးကို ဓာတ်ပုံလေးတွေနဲ့ တင်ပြ ဝေမျှ ပေးထားတာ ဖတ်ရလို့ ကျေးဇူး..

ခင်မင်စွာဖြင့်
ကိုမျိုး

ဂျေဂျူဝိုင် said...

သူရေးပြမှပဲ မန္တလေးမှာနေရင်း မန္တလေးကို လွမ်းသွားတယ်။ မှန်ပါတယ်။ မန္တလေးဟာ “နားလည်မှု မြို့တော်” ပါ။

အင်ကြင်းသန့် said...

ဟုတ်ကဲ့...နားလည်သွားပါပြီ...နောက်တစ်ခါ မန်းလေးကို အလည်သွားရင် ဆင်ခြင်နိုင်တာပေါ့... :))

ဒီလိုလေး သိအောင်ရေးပေးတဲ့ အစ်ကို့ကို ကျေးဇူးတင်ပါတယ်...

ခင်မင်လေးစားစွာဖြင့်
အင်ကြင်း

PhyoPhyo said...

နားလည်မှုနဲ့ စာတွေဖတ်သွားပါတယ်၊ :)
ကြေးရုပ်ပြောင်ပြောင်လေးတွေလဲ တွေ့ရတယ်၊ ခင်မင်တဲ့