Friday, July 16, 2010

မနေ့တစ်နေ့က ငယ်ရုပ်ပုံလွှာ

ငယ်ငယ်တုန်းက သူငယ်ချင်းတွေအကြောင်း စဉ်းစားကြည့်လျှင် တော်တော်များများမေ့လောက်ပါပြီ၊ ငယ်ငယ်တုန်းက သူငယ်ချင်းဟူ၍ ကျနော်တွင် နှစ်မျိုးနှစ်စားရှိပါသည်၊ ကျောင်းနေဖေါ် သူငယ်ချင်း၊ ရပ်ကွက်ထဲမှ ကစားဘက် သူငယ်ချင်းဟူ၍ဖြစ်သည်၊ မေ့လောက်နေပြီဖြစ်သော ငယ်ငယ်တုန်းက သူငယ်ချင်းတွေထဲက အမှတ်တရလေးတွေကို ပြန်စဉ်းစားကြည့်ရင် တစ်ချို့အဖြစ်အပျက်လေးတွေက မနေ့တစ်နေ့ကလိုပါပဲ။

ကျနော်သည် မူလတန်းကို လာရှိုးမှ စနေပြီး တစ်ဝက်မှာပင် မော်လမြိုင်သို့ ရောက်ရှိခဲ့ပါသည်၊ သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်း တွေကို ထူးထူးထွေထွေ ကျနော်မမှတ်မိတော့ပါ၊ အမေပြောသည်မှာ လက်ရေးအလွန်ညံ့၍ လက်ရေးလှစာအုပ်များကို ဖြုန်းတီးသူတစ်ယောက်ဖြစ်ပါသည်၊ သုံးတန်းခေါ်တတိယတန်းသို့ ရောက်ရှိသောအခါ အမှတ်တရဖြစ်ရသည်မှာ၊ ဘယ်လိုအကြောင်းကြောင့်ရယ်မှန်းမသိ အတန်းထဲက ကျောင်းသားတစ်ယောက်ကို ကြည့်မရပါ၊ တစ်နေ့သောအခါ သူ့ကို ကျနော်ကျောင်းလှေခါးပေါ်မှ တွန်းချလိုက်ပါသည်၊ ဘာဖြစ်လို့ ဘာကြောင့် တွန်းချဖြစ်သည်ကို မမှတ်မိပါ၊ နှစ်ပေလောက်သာမြင့်၍ ဘာမှမဖြစ်သွားသော်လည်း သူကြောက်လန့်သွားခဲ့သည်၊ သူ့နာမည်က သက်ဦးဖြစ်ပါသည်၊ ထိုအတွက် ကျနော်အပြစ်ပေးခံရပါသည်၊ ကျောင်းအုပ်ဆရာကြီး၏ ကြိမ်လုံးစာမိပါသည်၊ ဘယ်နှစ်ချက်လည်း ကျနော်မမှတ်မိပါ၊ ကျနော်အမေလည်း ဆရာကြီး၏ အဆူကိုခံရပါသည်၊ ဒါပေမဲ့ ဒေါသဖြစ်နေသော သက်ဦး၏အမေကို ကျနော်ကြိတ်ပြုံးလေးပြုံးပြခဲ့သည်ကို အမှတ်ရပါသည်၊ သက်ဦးနှင့် ကျနော် သူငယ်ချင်းဖြစ်မလာခဲ့ပါ၊ လေးတန်းအောင်၍ အထက်တန်းကျောင်းသို့ ပြောင်းသောအခါ ကျောင်းချင်းလည်းမတူတော့ပါ၊ သက်ဦးသည်ကျနော်ကို ငယ်ကြောက်ဖြစ်သွားခဲ့သည်၊ တကယ်တော့ သက်ဦး၏အမေကို ကြည့်မရ၍ လုပ်လိုက်ခြင်းဖြစ်သည်၊ မှောင်ခိုလုပ်ငန်းဖြင့်ကြီးပွားနေသော သက်ဦး၏အမေသည် ကျောင်းသို့လာ၍ စောင့်ကြွားစောင့်ကြွားလုပ်ခြင်းကြောင့်ဖြစ်သည်။

လေးတန်းတွင် မှတ်မှတ်ရရ တစ်ခုရှိပါသည်၊ ပထမအစမ်း စာမေးပွဲတွင်ဖြစ်သည်၊ စာမေးပွဲမေးခွန်းတွင် ငါးပုဒ်လုံးဖြေပါဟုရေးထား၍ ကျနော်က ဆရာမကို ဘာလို့လဲဟုထမေးရာ၊ ဆရာမက တပုဒ်ကို အမှတ်၂၀ စုစုပေါင်းငါးပုဒ် အမှတ်တစ်ရာပေးတယ် အမှတ်၄၀ ရရင် အောင်ပြီ ဟုဆိုသည်၊ စာမေးပွဲပြီး၍ အမှတ်များထွက်သောအခါ ဆရာမက ကျနော်ကို ဘာလို့လေးပုဒ်ထဲဖြေသလည်း မေးသည်၊ ကျနော် မဖြေသည့် မေးခွန်းသည် ပြည်ထောင်စုနေ့အကြောင်းဖြစ်သည်၊ ဒီအတွက် ဆရာမက မင်းပြည်ထောင်စုနေ့ အကြောင်းမသိဘူးလားဟု ထပ်မေးသည်၊ ကျနော်ကသိပါတယ် ဆရာမ၊ ဒါဆိုရွတ်ပြဆို၍ ကျနော်လည်းနူတ်တိုက်ဖြေလိုက်သည်၊ ရရဲ့သားနဲ့ ဘာလို့မဖြေတာလဲဟုထပ်မေးရာ၊ ကျနော်က ကျနော် အမှတ်၄၀ မကရနေပြီလေဆရာမဟုဖြေလိုက်သည်၊ ဒီတစ်ခါတော့ ဆရာမက ပျော့ပြောင်းသော လေသံဖြင့် မဟုတ်ဘူးကွဲ့ မင်းအကုန်လုံးဖြေတော့ အမှတ်အများကြီးရမှာပေါ့၊ ကျနော်ကလည်း အမှတ်အများကြီးရတော့ ဘာဖြစ်လဲဆရာမ၊ ဆရာမကတဖန် အမှတ်အများကြီးရတော့ အဆင့် တစ်ရတာပေါ့ မင်းလူတော်ဖြစ်ပြီ၊ ကျနော်ကလည်းထပ်ဆင့်၍ လူတော်ဖြစ်တော့ကော ဘာဖြစ်လဲဆရာမ၊
လူတော်ဖြစ်တော့ ကောင်းတာပေါ့ကွဲ့ ဆရာမပြန်ဖြေသည်၊ ကျနော်ကဆက်၍ ဒါဆိုမတော်တဲ့သူတွေ မကောင်းတဲ့သူတွေ အများကြီးပေါ့ဆရာမ၊ ဆရာမက ဟုတ်တယ်မင်းတော်အောင်လုပ်၊ ကျနော် မတော်ချင်ဘူးဆရာမ အများလိုပဲနေချင်တယ်၊ နောက်ဆုံးဆရာမက အေးကွယ်မင်းမတော်ချင်ပေမဲ့လည်း နောက်ဆုံးဖြစ်အောင် မလုပ်နဲ့၊ ဒါကြောင့်အကုန်ဖြေနော် ဟုဆိုကာ ရပ်လိုက်သည်၊ ကျနော်ကတော့ သိပ်မကျေလည်ခဲ့ပါ၊ ဒီနောက်ဆရာ၊ဆရာမတော်တော်များများကို ဒီမေးခွန်းမေးဖြစ်ခဲ့ဘူးသည်။
မူလတန်းများတွင် ကျနော်အတွက် ထူးထူးထွေထွေ ကျောင်းနေဖေါ် သူငယ်ချင်း မရှိခဲ့ပါ။

အထက်တန်းကျောင်းသို့ ပြောင်းသော အခါ ကျနော်သည် မော်လမြိုင် အမှတ်(၁) အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့သည်၊ ယခင် နော်မန်ဟိုက်စကူးဖြစ်သည်၊ မော်လမြိုင် အထက ၁ ကျောင်းသည် ယောက်ျားလေးကျောင်းဖြစ်သည်၊ ငါးတန်းနှင့် ခြောက်တန်း အတန်းတော်တော်များသည်၊ ခပ်ညံ့ညံ့ရောက်လာသော ကျနော်အတွက် (F)တန်းတွင်နေရသည်၊ အတန်းပိုင်ဆရာမှာ ပင်စင်ယူပြီးမှာ ကျောင်းကဆရာ မလောက်၍ ပြန်ခေါ်ထားသော မွန် ဆရာကြီးဖြစ်သည်၊ ဆရာကြီးသည် အေးအေးဆေးဆေးရှိပြီး ကျနော်ကြိုက်သော ဆရာတစ်ယောက်ဖြစ်ပါသည်၊ ဆရာကြီးပြောပြခဲ့သော မွတ်မလိန်း ခေါ် မော်လမြိုင်သမိုင်း၊ မွန်ပုံပြင်များ၊ ဘီးလူးကျွန်း ဇာတ်လမ်းများကား ယနေ့တိုင် ကျနော် အမှတ်တရ ရှိနေဆဲပါ၊ မော်လမြိုင် အထက ၁ ကျောင်းသည် တကယ့်အထက်တန်းကျောင်းကြီးပင်၊ အဆောင်ဟောင်းနှင့် အဆောင်သစ်ဟု၍ရှိသည်၊ ကြားထဲတွင် တိုက်နီဆောင်တစ်ဆောင်ရှိသေးသည်၊ အဆောင်ဟောင်းနှင့်တိုက်နီဆောင်တို့သည် အင်္ဂလိပ်ခေတ်ကဆောက်ထားခြင်းဖြစ်သည်၊ ထိုစဉ်က ဘောလုံးကွင်းသုံးကွင်း၊ အားကစားရုံ၊ တင်းနစ်ကွင်း၊ ကြက်တောင်ကွင်း၊ ကျွမ်းဘားရုံ၊ ကဇာတ် တင်ဆက်နိုင်သော ဟောခမ်းမ၊ ပန်းချီခန်း၊ စက်မူခန်း၊ ဓါတ်ခွဲခန်းများ နှင့် အဆောင်သစ်ဘက်တွင် ဘုရားခန်းတို့တည်ရှိသည်၊အင်္ဂလိပ်စတိုင် အထက်တန်းကျောင်းကြီးဖြစ်သည်၊ ငါးတန်း Fသည် တိုက်နီဆောင်တွင်ရှိသည်၊ ထူးခြားသည်မှာတိုက်နီဆောင်ဘေးတွင် ညောင်ပင်အိုကြီးတစ်ပင်ရှိသည်၊ ကျောင်းသားတိုင်း ထိုညောင်ပင်တွင် တစ်စုံတစ်ရာရှိသည်ဟုယုံကြည်ကြသည်၊ သို့သော်လည်း ကျောင်းသားများမှာ တက်ဆော့ကြမြဲဖြစ်သည်၊့ တစ်နေ့၌ ထိုညောင်ပင်မှကျောင်းသားတစ်ယောက်ပြုတ်ကျသည်ဆို၍ သွားကြည့်ရာ ခုနှစ်တန်းမှာ ကျနော့်အစ်ကိုဝမ်းကွဲဖြစ်နေသည်၊ အယူသည်းသော ဆရာမ တစ်ဦးမှာ ရေမီးပူဇော်ခြင်း ရှစ်ခိုးတောင်းပန်ခြင်းများလုပ်ပေးနေသည်ကို တွေ့ရသည်၊ှ

ငါးတန်းသည် ကျောင်းကြီးကို လိုက်ကြည့်ရင်းနဲ့ပင် ကုန်ဆုံးခဲ့သည်၊

ငါးတန်းတွင် ကျနော်အတွက် ထူးထူးထွေထွေ ကျောင်းနေဖေါ် သူငယ်ချင်း မရှိခဲ့ပါ။ ငါးတန်းစာမေးပွဲအောင်ရာ၌ (F)တန်းတွင် အတော်ဆုံး ၁၀ ရောက်တွင်ပါသဖြင့်၊ ခြောက်တန်း ရောက်လာသောအခါ (A)တန်းတွင်နေရပါသည်၊ ဇော်အောင် ဆိုသော ကျောင်းသားတစ်ယောက်နှင့် တွဲထိုင်ရသည်၊ ဇော်အောင်သည် ပထမဦးဆုံး ကျနော်၏ အတွဲဆုံး ကျောင်းနေဖေါ် သူငယ်ချင်းဖြစ်ခဲ့ပါသည်၊ ခြောက်တန်းတွင် မှတ်မှတ်ရရ တစ်ခုရှိပါသည်၊ ကျနော်တို့ အတန်းပိုင်ဆရာမ မလာ၍ (C)တန်းမှ ဆရာမ အတန်းခဏဝင်ထိန်းပေးပါသည်၊ ဆရာမသည် မွန်ပြည်နယ်ကောင်စီအကြီးအကဲ၏ ဇနီးဖြစ်ပါသည်၊ ထိုအချိန်ကရိုးရိုးအေးအေးနေပါသည်၊ ယခုခေတ် ကတော်တွေနဲ့ တစ်ခြားစီပါ၊ ဆရာမက ကျောင်းသားတွေကို သမိုင်းစာတွေကို ဖတ်ထားရန်မှာပြီးထွက်သွားပါသည်၊ သမိုင်းစာအုပ်ကို လိုက်လှန်ရင်း ကျနော်သည် ၁၃၀၀ ပြည့် အရေးတော်ပုံ ကိုဖတ်နေမိပါသည်၊ တစ်နေရာရောက်သောအခါ ကျနော်အသံထွက်ဖတ်လိုက်ပါသည်၊
ကျနော်ဖတ်သည်ကို အားလုံးစိတ်ဝင်စားသွားပြီး လိုက်ဖတ်ကြသည်၊ ဘေးနားက ထွန်းလှအောင်မှ ကဲ အားလုံး ညီညီညာညာ လိုက်ဆိုဟုဆို၍ သံပြိုင်ဟစ်ကြရာ ဟိန်းထွက်သွားပါသည်၊ အဲဒါကတော့ သပိတ်သပိတ် မှောက်မှောက်၊ သခင်မျိုးဟေ့ ဒို့ဗမာ၊ လာမဲ့ဘေး ပြေးတွေ့၊ ကြောက်မွေးပါ ဇာဂနာနဲ့နုတ်၊ ဖြစ်ပါသည်၊
အဲဒါကိုပင် ကျနော်တို့ သံပြိုင်လိုက်ဆိုနေကြပါသည်၊ ဆိုလို့အော်လို့ကောင်းနေတုန်းမှာပင် PT ဆရာရောက်လာပါသည်၊ သူနောက်က ရှစ်တန်းက ဆရာတစ်ယောက်လည်းပါလာသည်၊
'ဟေ့ကောင်တွေ ရပ်ကြစမ်း၊ ရပ်ကြစမ်း၊'
PT ဆရာက ဘယ်သူဆိုခိုင်းတာလဲကွ၊ ကျနော်တို့ကို စဟောက်ပါသည်၊
အားလုံးငြိမ်နေကြပါသည်၊ ထိုနောက်ဆရာက ပြောကြစမ်း ပြောကြစမ်းဆိုပြီး တုတ်ဖြင့် ကျောက်သင်ပုန်းကို ရိုက်ပါသည်၊
ထွန်းလှအောင်သည် ကျနော်တို့ထဲတွင် အကြီးဆုံးတစ်ယောက်ဖြစ်ပါသည် ဒီအတွက် အားလုံးငြိမ်နေကြပါသည်၊ ဆရာက ရှေ့ဆုံးစားပွဲကို တစ်ချက်လှမ်းရိုက်လိုက်ပါသည်၊
ထိုအချိန်တွင် ဇော်အောင်က ကျနော်ဘက်လှည့်၍ သူစဆိုတာ ဆရာ ဟုဆိုလိုက်ရာ၊
'ဟေ့ကောင်ထ' ဟုဆို၍ ကျနော်ထလိုက်ရသည်၊ ကျနော်လည်း ဆရာမက ဖတ်ဆိုလို့ဖတ်တာပါ၊ ဆရာက ဒါဆိုဘာလို့ အော်တာလဲ၊ ကျနော်ကလည်း ဖတ်တာပါဆရာ၊ ဆရာက ဘာဖတ်တာလည်း တစ်ကျောင်းလုံးကြားတယ်၊ ကျနော်ကလည်း ဖတ်တာလို့ဆက်ငြင်းနေပါတယ်၊ အဲဒီအချိန်မှာပဲ၊ ထွန်းလှအောင်ထပြီး 'ကျနော်စအော်တာပါဆရာ' လို့ဖြေလိုက်သည်၊ PTဆရာကလည်း ဒါဆိုမင်းရှေ့ထွက်ခဲ့၊ ထွန်းလှအောင် အတန်းရှေ့သို့ထွက်လာသည်၊ ထိုအချိန်မှာပင် ဆရာမ ပြန်ရောက်လာသည်၊ ဆရာနှစ်ယောက်ကလည်း သက်ပြင်းချလိုက်သည့်ပုံစံ၊ ဆရာမ ကလည်း ကလေးတွေဘာဖြစ်ကြတာလဲ၊ တစ်တန်းလုံးသံပြိုင် အော်လို့ပါဆရာမ၊ အဲဒီနောက် ဆရာမနှင့် ဆရာတွေ စကားအနည်းငယ်ပြောပြီး၊ ဆရာတွေထွက်သွားကြသည်၊ ဆရာမ အတန်းဘက်ကိုလှည့်ကာ အားလုံးပြန်ထိုင်မယ်ဆို၍၊ အားလုံးနှင့်ရောကာ ကျနော်လည်းပြန်ထိုင်လိုက်သည်၊ ထွန်းလှအောင်လည်း သူနေရာသို့ပြန်ဝင်ထိုင်လိုက်သည်၊ ပြီးတော့ 'ကလေးတို့က စာကိုအော်ဖတ်ချင်ကြတာကိုး၊ စာကိုပဲဖတ်ဖတ် ကဗျာကိုပဲဖတ်ဖတ် သူ့နေရာနဲ့သူ ဖတ် အော်ရတယ်၊ ကိုယ်ထင်တာကိုပဲ ဖတ်လို့ကောင်းတာကိုပဲ ထပ်တလဲလဲ အော်နေလို့တော့ အော်တာပဲ အဖတ်တင်မယ် ဘာမှအကျိုးမရှိလာဘူးကွယ်၊' 'ခု ဆရာမ ကဗျာတစ်ပုဒ်ပေးလိုက်မယ် မင်းတို့အော်ဖတ်ကြပေတော့၊ ဒါပေမဲ့ ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင် ဒုက္ခရောက်အောင်မလုပ်မိဘို့ သတိထား၊ တခြားအခန်းတွေက စာသင်နေကြတာ သူတို့ကို အနှောက်အယှက်မဖြစ်စေနဲ့ပေါ့' ဟုပြောကာ ထွက်သွားသည်၊ ကျနော်တို့အားလုံးကဗျာကို အသံထွက်ဖတ်ကြတော့လည်း မအော်ကြတော့ပါ၊ ထိုကဗျာကို စိတ်မဝင်စားသဖြင့် မမှတ်မိပါ၊ ထိုနေ့မှစ၍ ဇော်အောင်သည် ပွကြီးမည်သော နာမည်တစ်ခု ထပ်တိုးခဲ့ပါသည်၊ မှတ်မှတ်ရရ ကျနော်ပေးခဲ့ခြင်းဖြစ်ပါသည်၊ ထွန်းလှအောင်တစ်ယောက် ကတော့ ဇော်အောင်ကို သည်နေ့ထိ ချီးထုပ်ဟုခေါ်နေဆဲဖြစ်ပါသည်။

ဒီလိုနဲ့ ကျနော်လည်း ခုနှစ်တန်းသို့ရောက်ခဲ့ပါသည်။

ခုနှစ်တန်းမှာလည်း (A)တန်းမှာပင် နေရသည်၊ ဇော်အောင်သည် ရှေ့ဆုံးမှာထိုင်ချင်သည်ဟုဆိုကာ ရှေ့တန်းသို့ပြောင်းသွားသည်၊ ထိုအတွက် ကျနော်သည် ကျောင်းသားသစ် တစ်ယောက်နဲ့ထိုင်ရသည်၊ သူ နာမည်က စောခရစ္စတိုဖါ ဖြစ်သည်၊ စောခရစ္စတိုဖါ သည်အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ကျနော်၏ ကျောင်းနေဖေါ် သူငယ်ချင်း တစ်ယောက်ဖြစ်လာပါသည်၊ မော်လမြိုင်တွင်ရှစ်တန်းထိ ကျောင်းနေခဲ့ရစဉ် ခုနှစ်တန်းသည် ကျနော်အပျော်ဆုံးအတန်းဖြစ်ပါသည်။




ပူးတေတို့ မရွှေစင်တို့ရဲ့ ငယ်အကြောင်းတွေဖတ်ရင်း သတိရလာ၍ ရေးဖြစ်ခဲ့ပါသည်။

29 comments:

ကိုဇော် said...

ဒါလေးကို သေချာ ဖြည့်ရေးပြီး Tag လိုက်ရင် တော်တော် ဖတ်လို့ ကောင်းတဲ့ ငယ်ဘဝလေးတွေကို ပြန်ပြီး လွမ်းမိစရာလေးတွေ ဖြစ်လာမှာပဲဗျာ။

ကျနော်ကတော့ ငယ်ငယ်က ဂျစ်တီးဂျစ်ကန် အကြောင်းကို ဆရာတစ်ယောက်နဲ့ အဖြစ်အပျက်နဲ့ တွဲပြီး တစ်ခါရေးဖူးသေးတယ်။

http://www.zaw357.net/2010/02/blog-post_05.html

အခု ကိုတည်ငြိမ် ရေးထားတာကို ဖတ်ရတော့ လွမ်းမိတယ်။

Anonymous said...

ကိုဆိုဆီ ရေ

ငယ်ဘဝလေး ကိုဖတ်ပြီးတော့ ရီမိတယ် တော်ရောပေါ့ နော် ၄၀ ရနေရင် လက်ညောင်းခံလို့

နောက်ပြီး အခုအချိန် မှာ သပိတ်သပိတ် မှောက်မှောက်၊ သခင်မျိုးဟေ့ ဒို့ဗမာ၊ လာမဲ့ဘေး ပြေးတွေ့၊ ကြောက်မွေးပါ ဇာဂနာနဲ့နုတ်၊ အဲဒီလိုလေး အော်ဆိုလိုက်ရင် အတော် ကြည့်ကောင်းမှာနော်

နောက်တခါ
ကျနော် ပွဲစား ပိုစ် ထဲက dark green ဆိုတာ ဘဲခေါင်းစိမ်း နဲ့ မတူပါဘူး ဘဲခေါင်းစိမ်းက မီးသီး အဝိုင်းလေး dark green က ဂျပန်ဆိုင်ကယ် ထဲက မော်ဒယ် မြင့်တဲ့ ဆိုင်ကယ်ပါ ရွှေရောင် လိုမျိုးပေါ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတိုင်းအတွက် ငယ်ဘ၀ဆိုတာ မမေ့နိုင်တဲ့ အမှတ်ရစရာတွေကြီးပါဘဲနော်...
စိတ်ညစ်စရာအချိန်တွေထက် ပျော်စရာအချိန်တွေက ပိုများမယ်ထင်ပါတယ်..
ဘာလို့ဆို ပူပင်စရာတွေ မသိသေးတဲ့အရွယ်မို့လေ...
ကိုစိုးဆီရေးတာဖတ်ပြီး ကိုယ့်ငယ်ဘ၀ကိုယ် ပြန်သတိရသွားတယ်... ပြီးတော့ ပြုံးမိတယ်..း)

မေဓာဝီ said...

ကိုဆိုဆီက ငယ်ကတည်းက ဇလေးနဲ့ကိုး။
ငယ်တုန်းက တွေးတာလေးတွေ ပြောတာလေးတွေက တကယ်တော့ အပြစ်ကင်းပါတယ်။ ငယ်ဘ၀ကို ပြန်စဉ်းစားရတာကိုက ကြည်နူးစရာနော်။
ဆက်ရေးပါအုံးရှင် ဖတ်လို့ ကောင်းလို့ပါ။

ဧပရယ်လ်ပူး@ပူးတေ said...

အေးကွယ်မင်းမတော်ချင်ပေမဲ့လည်း နောက်ဆုံးဖြစ်အောင် မလုပ်နဲ့၊ ဒါကြောင့်အကုန်ဖြေနော် ဟုဆိုကာ ရပ်လိုက်သည်၊


ပူးတေသာ ကိုဆိုဆီရဲ့ ဆရာမဆို ခုနေခါ ကြိမ်လုံး ၂ လုံးပူးလောက်နဲ့ ခပ်ဆတ်ဆတ်လေးဆော်လိုက်ပြီ...

ခင်လို့ စတာနော်...

အုန်းနို့ခေါက်ဆွဲ လာစား(ကြည့်) ဦး... :)

ကိုအောင်(ပျူနိုင်ငံ) said...

ငယ်ဘ၀တွေက လွမ်းစရာပါ ကိုစိုးစီ၊ အမှတ် (၄၀)
ကျော်အောင် ဆက်ဖြေနိုင်ပါစေ။

အင်ကြင်းသန့် said...

ဖတ်ပြီးပြုံးမိတယ်။ တကယ်တော့ သက်ဦးကိုတွန်းချရမှာ မဟုတ်ဘူး။ သက်ဦးအမေကို တွန်းချသင့်တား)))

သိင်္ဂါကျော် said...

ငယ်ဘဝတွေ တော်တော်မှတ်မိတာပဲနော်.. ကလေးတုန်းက အပြစ်ကင်းတယ်.. ပြန်စဉ်းစားရတာ ကြည်နူးစရာကောင်းတယ်

blackroze said...

ကိုဆိုစီရေ..
ငယ်ဘဝကတော့လူတိုင်းအတွက်
အမှတ်တရပါဘဲလေ...

ရွှေရတုမှတ်တမ်း said...

ကိုဆုံဆီ...ငယ်ပြန်ပြန်လာတာ...အကြောင်းတော့ရှိရမယ်..အဟဲ..

ဂျစ်တူး ( မုံရွာ ) said...

တည်ငြိမ်အေး---ရေ
ငယ်ဘဝကိုတမ်းတာတွေဆက်ရေးပါဗျာ-အားပေးတယ်
ကျနော်လည်းငယ်ငယ်က စာ အော်ကျက်ခဲ့ဘူးတယ်ဗျ-
အခုလည်းအော်ကျက်ချင်သေးတယ်။ ဆရာနဲ့ အပြန်
အလှန်စကားပြောတာကိုဖတ်ပြီး မောင်လူအေး ဟာ
တည်ငြိမ်အေး ----လားလို့လေ။

လသာည said...

ငယ်ရုပ်ပုံလွှာ ဖတ်လို့ကောင်းတယ်။

အခုအချိန် သက်ဦးအမေလို လူမျိုးကိုတွေ့ရင် ကိုယ်နိုင်တဲ့ သက်ဦးကိုပဲ တွန်းချဦးမှာလား..

အမှတ်တစ်ရာ ရအောင်ဖြေပါလို့ ပြောသူဟာ ဆရာမ မဟုတ်ပဲ sosegado ရဲ့ ချစ်သူသာ ဖြစ်ခဲ့ရင် နောက်ဆို ၁၀၀ရစေရမယ်လို့ ဖြေမယ့်သူမို့လား..

ခင်မင်စွာ နောက်သွားတာပါ။

နေ၀သန် said...

ဆက်ဦးမလားဗျာ.... ငယ်ငယ်က ဆရာမကို မေးခဲ့တာကိုဖတ်မိတော့ ပြုံးမိတယ်..အတော်ဂွကျတဲ့ မေးခွန်းလေးပဲ...း)))))


ခင်မင်တဲ့
နေ၀သန်

~ဏီလင်းညို~ said...

ကိုဆိုဆီ......

ငယ်ငယ်ကအကြောင်းလေးတွေကတော့ အခုချိန်မျိုးမှာ စာပြန်စီဖြစ်တဲ့အခါ.....တစ်ကယ့်ကို ဆွတ်ပျံ့အောက်မေ့ဖွယ်ရာ စာမျက်နှာဟောင်းလေးတွေပဲဗျာနော့်.......။

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

အတွေးကမ္ဘာ..မှတ်တမ်း said...

"ငါ့အိပ်မက် များက နိုးလားစဉ်..ကြည်နူး ငါ့ရင်ထဲမော..တမ်းတလိုက်တိုင်းပဲ..မရိုးနိုင်"..အငဲ သီချင်း ခပ်တိုးတိုးညည်းရင်း ကိုတည်ငြိမ် ရဲ့ ငယ်ရုပ်လွှာ ကိုခံစားသွားပါတယ်....

ချိုကျ said...

ငယ်ဘဝလေးအကြောင်း ဖတ်လို့ကောင်းတယ် အစ်ကိုရေ...ရှိသေးရင်ဆက်ရေးပါဦးနော်။

ခင်တဲ့(ချိုကျ)

ahphyulay said...

ဝေ့ ....
ဆက်ရေးပါဗျာ၊ ငယ်ဘဝ လေးတွေက အမြဲလတ်ဆတ်
လန်းဆန်း နေတတ်တော့  ဖတ်ရတာလဲ ကြည်နူးနေမိ
ပါတယ်၊ ခရီး ထွက်နေရလို့  နောက်ကျ ရောက်လာ
မိပါတယ်၊

thaw zin soe said...

လက်စသတ်တော့ အကိုက သူငယ်ပြန်ချင်နေတာကိုး ကိုးတန်းတို့ ဆယ်တန်းတို့ အကြောင်းရေးရင် ကောင်မလေးတွေ ဘာလေးတွေအကြာင်းနဲ့ ပိုဖတ်လို့ ရသမြောက်မယ်ထင်တယ်.. ခိ..ခိ.. :)

မြစ်ကျိုးအင်း said...

မှတ်မိသလောက် ကျနော်တော့ ငယ်ငယ်က အဖြစ်တွေ အများကြီးပဲဗျ။ ကိုဆိုဆီ စာကိုဖတ်ရင်း ပြန်သတိရမိသေးတယ်။
လူတိုင်းနီးနီး တူတာတခုကတော့ ငယ်ဘဝ အကြောင်းလေးတွေ တယောက်က အစဖော် ပေးလိုက်ရင် အလိုလို သတိရကုန်ကြတာပဲနော်

မြတ်မွန် said...

၇တန်းပြီးတော့ရော..
ဆက်အုံးမှာလားဟင်..
ဖတ်မယ်ဗျို့..။

ငယ်ဘဝတွေပြန်တွေးရင် ကလေးဘဝပဲ ပြန်ရောက်ချင်တယ်..။

ညလင်းအိမ် said...

ငယ်ဘ၀တွေက သတိရစရာ တွေပါပဲဗျာ ...

noblemoe said...

၁၃၀၀ အရေးတော်ပုံဖတ်တဲ့အကြောင်းလေး လာဖတ်ပါ၏။ ရီလည်းရီရပါ၏။
သာယာချမ်းမြေ့ပါစေနော်
မိုး

သဒ္ဓါလှိုင်း said...

ငယ်ဘ၀ကိုပြန်ပြီးလွမ်းသွားရပြန်ပြီ..။
မျက်လုံးထဲမှာလည်းပုံရိပ်တွေပြန်ပေါ်လာတယ်..။

ခင်မင်တဲ့
သဒ္ဓါ

ရေသန့်  said...

ငယ်ငယ် ကအကြောင်းတွေ က မနေ့ တစ်နေ့ လိုပါပဲ

ကြည်ဖြူပိုင် said...

၎တန်းတုန်းက ဆရာမက တစ်ခွန်းဖြေလိုက်
အကိုကတစ်ခွန်းပြန်မေးလိုက်နဲ့ အဲဒိတုန်းက ဆရာမစိတ်ညစ်မလားမသိဘူးနော်...:D

ငယ်တုန်းကအကြောင်းလေးတွေရေးထားတာ
ကောင်းတယ်။အနော်လဲစာအော်ကျက်မှရတာ
ခုထိအော်ကျက်တုန်း :D

Anonymous said...

Make this whole process part of the photographer's grade.
But what if you could get better grades with less study time.
Nikon Digital camera price in India is easy matches to
the cost and quality sensitivity of the crowd and relatively quite affordable.


Feel free to surf to my webpage ... digital photography for dummies

Anonymous said...

Try to make one particular posture as natural as feasible.

Most of the horror stories you have heard about dating occur when daters rush the process.

Usually, there is little room for extras, as the typical dorm
room just isn't large enough, so it's important to be as creative as possible.



Here is my site photography tips for beginners

Anonymous said...

Pick just one museum such as the Rodin museum or L. The process works the same as a
photography class minus the darkroom setting. The internet is the best and cheapest way to
help you improve your photographic skills.

my webpage - learning photography

Anonymous said...

Hi i am kavin, its my first time to commenting anyplace,
when i read this paragraph i thought i could also create comment due to this sensible article.


Here is my page; tennis