Saturday, July 24, 2010

2D 3D နှင့် မယ်လိုဒီ


ဘာရယ်မှ မဟုတ်ပါဘူး၊ ဒီနေ့ဝယ်လာတဲ့ samsung 55 TV က 2D တွေကို 3D ပြောင်းလို့ရတယ်ဆိုလို့၊ မြန်မာခွေတွေကို စမ်းကြည့်မိတယ်၊ မြန်မာ 3D ကားရှာမတွေ့တာကြောင့်လည်းဖြစ်ပါတယ်၊


သီချင်းခွေတွေကို အရင်စမ်းကြည့်တယ်၊ ရဲလေး၊ အေသင်ချိုဆွေ၊ လေးဖြူ၊ မျိုးကြီး၊ ထွန်းအိန္ဒြာဗိုလ်၊ ကြက်ဖ၊ သီရီဆွေ သီချင်းတွေပါ။

မဆိုးတာနဲ့၊ နောက်ထပ် လွင်းမိုးခရီးသွားနေသည်၊ မယ်လိုဒီရဲ့ ရုပ်ရှင်ကားကို 3Dနဲ့ကြည့်တာ မဆိုးပါဘူး၊
DVD တာမကဘူး VCD တွေလည်း 3D ရနေတာတွေ့ရတယ်၊ ကူးခွေတွေကတော့ မထင်ရှားပါဘူး၊ အော်ရီဂျင်နယ် 3D ကားတွေလောက်တော့ ဘယ်ကောင်းလိမ့်မလဲ။

လက်ကလိထားတာလေး တင်လိုက်ပါတယ်၊ 3D TV ပုံတွေကိုရိုက်ထားတာဝါးနေပါတယ်၊ မယ်လိုဒီက 3D နဲ့လိုက်တယ်လို့ပြောရမှာပဲ၊ ကြည့်တာလွန်သွားလို့ မျက်မှန်တောင် ဓါတ်အားပြန်သွင်းရတယ်။

ရဲလေး
 ရဲလေး + ဂျင်းနီး

အေသင်ချိုဆွေ



 ဂျောက်ဂျက်+ အေသင်ချိုဆွေ

 လေးဖြူ၊ မျိုးကြီး၊

လွင်းမိုးခရီးသွားနေသည်၊
 
 ကြက်ဖ၊
 မယ်လိုဒီ


23 comments:

ညအလင်္ကာ said...

ရှိတော့မရှိဘူး
သူများတင်ပေးထားတာနဲ့ပဲ
ရောင်ရဲတင်းတိမ်လိုက်တော့မယ်

ကိုဇော် said...

အဟီး....
အနော်တောင်မှ ဝင်လိုက်ချင်သေးတယ်...
အထဲကို.......

နေ၀သန် said...

မိုက်တယ်... ကြည့်ချင်တယ်..း))
တစ်လုံးပို့လိုက်ပါ...း))


ခင်မင်တဲ့
နေ၀သန်

Maung Myo said...

ဝယ်နိုင်သေးဘူးး)

Anonymous said...

ကိုဆိုဆီ ရေ

အဲဒါတွေ သိပ်နားမလည် လို့ ဘာမှ မပြောတော့ဘူးနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

လသာည said...

ပုံတွေကို 3D ဖြစ်သွားတော့ 2Dနဲ့ ဘယ်ဟာ ပိုကောင်းလဲ ပြန်မခွဲတတ်တော့ဘူး..

ဗဟုသုတအတွက် ကျေးဇူးတင်ပါတယ်

အင်ကြင်းသန့် said...

ကောင်းလေစွ....
ကိုဆိုဆီ့မျက်မှန် ဓါတ်အားပြန်သွင်းရတာ မယ်လိုဒီကြောင့်ပဲ ဖြစ်မယ်ထင်တယ်။ ဟုတ်တယ်နော် 3Dနဲ့လိုက်တယ်။ တော်တော်လှတယ်။

နွေဆူးလင်္ကာ said...

ဘာထူးခြားသွားလဲဟင် .. သိဘူးဂျ

သုခုမလေဒီ said...

ဘာပိုထူးခြားတာလဲ ??? သေချာမသိဘူးရယ်.. (အဲလောက်ထိတုံးတာပါ)
ထူးခြားလို့ ဈေးသက်သာရင်တော့ ၀ယ်မယ်။ (အိပ်မက်ထဲမှာဖြစ်နိုင်တာ)း))

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီထဲက ပုံတွေကြည့်ရတာတော့ ဘာထူးခြားမှန်း မသဲကွဲဘူး
ဒီတော့ ပိုပြီး သေချာသွားအောင် ကိုဆိုဆီရေ တစ်လုံးလောက်း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီထဲက ပုံတွေကြည့်ရတာတော့ ဘာထူးခြားမှန်း မသဲကွဲဘူး
ဒီတော့ ပိုပြီး သေချာသွားအောင် ကိုဆိုဆီရေ တစ်လုံးလောက်း)

sosegado said...

3Dမျက်မှန်တတ်ပြီးမှ ကြည့်ရတာပါ၊ 3Dမျက်မှန်မှာ ဓါတ်ခဲနဲ့ ဆော့ဝဲလ်ထည့်ထားတယ်ပြောပါတယ်၊ တစ်ချို့မျက်မှန်တွေက အားသွင်းရတယ်၊
Thanks

blackroze said...

ကြည့်တော့ကြည့်တာဘဲ
ဘာမှန်းသိဘူးတော့
မျက်မှန်တပ်ပြီးမှကြည့်ရတာလား

ရွှေရတုမှတ်တမ်း said...

အဘတို့က အသက်ကြီးပြီ ဒါတွေနားမလည်တော့ဘူး

မြစ်ကျိုးအင်း said...

ကြည့်ပြီးသမျှ 3D တွေထဲမှာ အဗက်တာ တကားပဲ တန်သေးတယ်။ ကာတွန်းကားတွေမှာတော့ အထူးပြုလုပ်ချက် တွေနဲ့ ကြည့်ကောင်းပေမယ့် မကြိုက်လို့ မကြည့်ဖြစ်ဘူး။

ဂျစ်တူး ( မုံရွာ ) said...

3Dကို အင်္ဂလန်ရောက်တုံးက ပထမဦးဆုံးကြည့်ဘူးတယ်။
၂၀၀၂ လောက်ကပေါ့၊ အခုတော့ စင်္ကာပူမှာတော်တော်
ကလေးခေတ်စားနေတာ၊ ကြည့်ရတာကောင်းပါတယ်။
အနီးအနားမှာ တည်ငြိမ်အေး ကိုရှိစေချင်လိုက်တာ။
နားမလည်တာတွေအကုန်မေးကြည့်ချင်လို့ ။ တကယ့် ကို
ဗဟုသုတစုံပါပေ့ ဗျာ။ ဒီပို့ စ်ကို ဖတ်ပြီး ပထမဦးဆုံး
3Dအတူတူကြည့်ခဲ့ ဘူးတဲ့ သူကိုသွားပြီးသတိရလိုက်-
မိတယ်ဗျာ-အခုတော့လည်းအားလုံးဟာအတိတ်မှာပေါ့ဗျာ-

ညလင်းအိမ် said...

3 D က ကိုယ်တိုင် အထဲရောက်သွားသလို ခံစားရတယ်ဆိုပဲ .. မိုက်လိုက်တာ ရှယ်ပဲ .. အဟီး :P

ဧပရယ်လ်ပူး@ပူးတေ said...

လိုချင်ပါတယ်... တီဗီရော မျက်မှန်ရော ၁စုံလောက် ပို့ပေးလိုက်ပါ ကိုဆိုဆီ :)

Anonymous said...

နောက်နှစ်ကြရင်ပေါလာမှာပါ အဲဒီတော့မှပဲ ကြည့်တော့မယ် Mg Mg

ချိုကျ said...

အဟား...2D 3D ဆိုလို့ ဟိုဟာတွေလားလို့ တော်သေးတာပေါ့ :)

ခင်တဲ့(ချိုကျ)

မြတ်မွန် said...

3Dကြည့်ရတာ...ခေါင်းမူးတယ်..မကြိုက်ဘူး..။

ahphyulay said...

ဟားဟား...
မိုက်တယ်ဗျား၊
ကျေးဇူး..။

သော်ဇင်စိုး said...

မိုက်တယ်ဗျာ.. ဓာတ်ပုံတွေကြည့်သွားပါတယ်.. နည်းပညာနဲ့ ဝေးလို့ ဘယ်လိုကောင်းတာလဲ 2D နဲ့ 3D ဘယ်လောက်ကွာလဲ သေချာမသိဘူး.. ဓာတ်ပုံတွေထဲမှာတော့ 3D ကင်မရာဆိုရင် ရှေ့က မှန်ပြောင်းကြီး နှစ်ခုနဲ့ ကင်မရာတွေ တွေ့ရတာပဲ..