Thursday, June 3, 2010

ပွဲကြီးပွဲကောင်းများ 2010


ဘောပွဲဆို ပွဲကြီးပွဲကောင်း အကြိတ်အနယ်ပွဲတွေက တော်တော်ကြည့်လို့ကောင်းပါတယ်၊ အဲဒီလိုပွဲမျိုးတွေ ထိုင်ရာက မထအောင်ကြည့်တာပါပဲ၊ ဒိုင်ကို မေတ္တာပို့လိုက်၊ ဂိုးသမားကို မေတ္တာပို့လိုက်၊ ဂိုးဝင်အောင် မသွင်းတဲ့သူကို မေတ္တာပို့လိုက်၊TV ကြည့်ပြီး release လုပ်တာပါပဲ။

ဘယ်ပွဲတွေကြည့်လို့ကောင်းမယ်ဆိုတာကို ကြိုမှတ်ထားပါတယ်၊ ဒီနှစ် ဖြစ်နိုင်တဲ့ ပွဲကြီးပွဲကောင်းတွေကို အောက်မှာ တွေ့နိုင်ပါတယ၊် ထင်တာတွေပါ။
  • Mexico နှင့် South Africa တို့ပွဲပါပဲ၊ ဘောရာလူရောကန်ကြမှာပါ၊
  • Group A နောက်ဆုံးပွဲစဉ်မှာ France က South Africa ကို ချော့ကစားလိမ့်မလား၊
  • Nigeria နှင့် South Korea တို့ပွဲကတော့ စိတ်ဓါတ်ချင်းပြိုင်ရမှာပါ၊
  • USA က England ကို ဂိုးသွင်းလိုက်တဲ့ပွဲပါပဲ၊ ဟာ၊ဟင် ဖြစ်ရမဲ့ပွဲပါ၊
  • Germany နှင့် Ghana တို့ ဘောလက်အတွက် လက်စားခြေတဲ့ပွဲပါပဲ၊ နောက်တစ်ပွဲကတော့ Serbia လူကိုကစားတာကို အော်ဆီတွေ ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ရမှာပါ၊
  • Slovakia နှင့် Paraguay တို့ အကြိတ်အနယ်လုရမှာပါ၊ Paraguay ကို ပညာ အရ အထင်ပေးလိုက်တယ်၊
  • Group G မှာတော့ ပွဲတိုင်းဟာ ပွဲကြီးပွဲကောင်းပါပဲ၊
  • Chile နှင့် Switzerland တို့ အကြိတ်အနယ် နိုင်ရင်တက်မဲ့ပွဲ။
တဆင့်တက်သွားရင်
  • Argentina နှင့် South Africa တို့ပွဲပါပဲ၊ Argentina နိုင်ပေမဲ့ ပေးဆပ်ရမှာပါ၊ 
  • Germany နှင့် England တို့ရဲ့ မကျေပွဲပါပဲ၊ rematch of World War II ပါ၊
  • Netherlands နှင့် Paraguay၊ Spain နှင့် Ivory Coast ၊ Chile နှင့် Brazil တို့ ပညာတွေပြရမဲ့ပွဲတွေပါပဲ။ 
 ပြီးရင်
 
Argentina နှင့် France ၊ Germany နှင့် USA ၊ Netherlands နှင့် Italy ၊ Spain နှင့် Brazil တို့ရဲ့ ပွဲကြီးပွဲကောင်းတွေပါပဲ။
 
နောက်ဆုံးတော့
 
နောက်ဆုံး ပွဲကြီးပွဲကောင်းတွေဟာ ဥရောပ လက်ထဲမှာပါပဲ။
Germany နှင့် France ၊ Netherlands နှင့် Spain တို့ဖြစ်ပါတယ်။
 
ပြန်ခြုံကြည့်လိုက်ရင်
 
အုပ်စုပွဲမှာပင် ရော်နီတစ်ယောက် ခြေထောက်နာ၊ ကံမကောင်းရင် ဆက်ပါလို့မရတော့ဘူး၊ Algeria တွေကပေးလိုက်မှာဖြစ်ပါတယ်။
ရိုနယ်ဒို တစ်ယောက် အနီထိခံရကိန်းရှိပါတယ်၊ ပြီးခဲ့တဲ့ World cup တုန်းက သူက ရော်နီအနီထိအောင် လုပ်ခဲ့တာလေ၊ မာရာဒိုနာရဲ့ ပေါက်ကွဲသံတွေကြားရမှာပါ၊ ရော်ဘင်ရို တစ်ယောက် ရော်ဘင်ငိုအဖြစ် Quarter-final မှာငိုပါလိမ့်မယ်၊ နောက်ဆုံးတော့ ဥရောပ လက်ထဲမှာပါပဲ။

ဒီ World cup မှာ ပြဿနာ အများဆုံးဖြစ်မှာက FIFA ပါပဲ၊ ပြင်သစ် Semi ရောက်လာရင် ဟွန်နရီရဲ့ လက်စွမ်းကို FIFA ဘာမှ မလုပ်ခဲ့တာ ဝိုင်းပြောကြပါလိမ့်မယ်၊ World cup အပြီးမှာတော့ FIFA မှာဆူညံပါလိမ့်မယ်၊ ဥရောပ အသင်းတွေ လျှော့ပေးဘို့ အာဖရိကနှင့် အာရှကတောင်းဆိုကြပါလိမ့်မယ်၊ အာရပ်အသင်းတွေ ဒီနှစ်ထဲမပါပါဘူး၊ UKကလေးသင်း (Eng,Wa,Sco,NIre) ဝင်ပြိုင်တာကို တရုတ်က စောဒကတက်လို့ရသွားပါပြီ၊ ဘောလုံးအစ တရုတ်ကလို့ ဝါဒတွေဖြန့်နေပါပြီ၊ India က သူ့ ပြည်နယ်အားလုံးကို UKလို ဝင်ပြိုင်ခွင့်ရရင် ပွဲစည်ပြီပေါ့၊ ဂိုးစည်းဒိုင်၊ တက်ကနီကယ်ဒိုင်တွေ တောင်းဆိုကြမှာပါ၊

Fair Play ဆိုတဲ့ FIFA နောက်ထပ် World game တစ်ခုထပ်ဆွဲဘို့လိုလာပါပြီ။

 
 
 
ကိုအောင် Tag ထားတာကို ရေးချင်တာတွေရေးလိုက်ပါသည်၊ အမှားများစွာဖြင့်……
 
 
ပုံကို http://www.leekangkoog.org/funny/worldCupMoment.jpg ရသည်
 

 

14 comments:

အင်ကြင်းသန့် said...

ရေးချင်တာတွေရေးလိုက်ပါ... ဘောလုံးပွဲအကြောင်းဆို စိတ်ဝင်စားလို့
ဖတ်ချင်လို့ကို ဖတ်သွားပါတယ်...

Maung Myo said...

အစ်ကိုက ဘောရဲ့ ဖြစ်ပျက်တက်တဲ့သဘာဝတွေကို ရှေးပြေးပြောပြသွားသလိုပဲ ဟုတ်ပါ့ နော့်း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုစိုးစီရဲ့ ဖိုင်နယ်လေးသင်းမှာ စပိန်ပါလို့ အတော်လေး ကျေနပ်သွားပါပြီ..
ယုံကြည်ပြီး ရှိသမျှ ပုံအောလောင်းလိုက်တော့မယ်...
မကောင်းဘူးလား.

ရွှေရတုမှတ်တမ်း said...

ကိုဆုံဆီရေ..အချက်နဲ့အလက်နဲ့ တွက်ထားတာလေးကလဲ ..မဆိုးဘူးဗျ

ကိုဇော် said...

မိုက်တယ်ဗျ. .
ဟုတ်ပါတယ်လေ. .ထင်ထားတာတွေလည်း ဖြစ်မှ မလာတတ်တာပဲ။ အခုလို မှန်းပြထားတာကိုက တွေးစရာလေးပေါ့ဗျာ။
တင်ထားတဲ့ ပုံကိုတော့ အားအပေးဆုံး အသင်းပဲ ( ဒီနှစ်တော့ ရမဟုတ် :P )

ကိုအောင် said...

ကိုစိုးစီ ရေးတာကိုဖတ်ပြီး သဘောကျလိုက်တာ၊
ဟုတ်ပါ့ အင်္ဂလန် နိုင်ငံတစ်ခုထဲကနေ ကမ္ဘာ့ဖလား
ခြေစစ်ပွဲ ဥရောပဇုန်မှာ လေးသင်း ၀င်ပြိုင်တယ်၊
တရုတ်တွေ ဇောဒက တက်မယ်ဆိုရင် တက်လောက်
ပါတယ်၊ ကျနော်တို့ မြန်မာပြည်လည်း တိုင်းနဲ့ပြည်နယ် (၁၄)ခု ရှိလို့ (၁၄)သင်း၊ သို့မဟုတ် လူမျိုးစုပေါင်း(၁၃၅)စု ရှိလို့ (၁၃၅)သင်းသာ ၀င်ပြိုင် မယ်ဆိုရင်
အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟာ စိတ်ညစ်ပြီး တခါ
တည်း နုတ်ထွက်သွားမယ် ထင်တယ် ...း)

Tag ဂိမ်းကို အခုလို ပျော်ပျော်ရွှင်ရွှင် ရေးပေး
တာ ကျေးဇူးအရမ်းတင်ပါတယ်။
ခင်မင်လျက် ...

SHWE ZIN U said...

ကဲ ကိုဆိုဆီ ရေ လောင်းလိုက်ကြရအောင် အဟဲ..

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဧပရယ်လ်ပူး@ပူးတေ said...

မချော ကိုဆိုဆီနဲ့ မမရွှေစင်တို့ လောင်းလို့နိုင်ရင် မုန့်ဝယ်ကျွေးရမယ်နော်... :D
ကျန်တာတော့ ဘာမှ မသိဘူး.... အနီကဒ်ဆို ကိုရီးယားကား F4 အဖွဲ့ရဲ့ အနီကဒ်တော့ သိတယ်...ဆိုင်လား မဆိုင်လားတော့ မသိ... သိတာတွေ ရောချသွားတယ်..

လသာည said...

ပြန်ခြုံကြည့်လိုက်ရင် မုဒုံစောင်ဟာ အနွေးဆုံးပါပဲ.. :D

sosegado ပြောသလိုပဲ.. ကြည့်ရမှာ ပွဲကြီးပွဲကောင်းတွေချည်းပဲနော်..။ ပွဲကြီးပွဲကောင်းတွေ ကြည့်ဖို့ စောင့်နေတယ်။

ဒါနဲ့ ဟိုပိုစ်ကို ဆက်ရေးပါဦး ဆက်ရန်မျှော်နေတယ်.

ahphyulay said...

ကြုံ သွားတယ်ဗျာ.. ဘောပွဲ လေး..
တိုတိုနဲ့  ထိထိ မိမိ ရေးတတ် တဲ့ သူ
က ကျွန်တော့်  ပို့ (စ) လေး ကို
လိုရင်း မန့် သွား လို့  ကျေးဇူး တင်တယ်ဗျို့  ။

ဂျစ်တူး ( မုံရွာ ) said...

အင်း-----ဖတ်နေရင်းနဲ့ ရှံးနေပြီထင်တယ်ဗျ-

ချစ်ကြည်အေး said...

ကိုတည်ငြိမ်ရေ...ဘလော့ဂ်ကြောင့် မျက်ကွင်းက ပန်ဒါ ဝက်ဝံ ဖြစ်နေရတဲ့အထဲ ဘောပွဲက လာပြန်အုံးမယ်...စိတ်တွေ တကယ်ပဲ တက်ကြွနေတယ်...ပွဲကောင်းတွေ ရွေးကြည့်ရမှာပဲလေ တတ်နိုင်ဘူး....:P

အတွေးကမ္ဘာ..မှတ်တမ်း said...

ကိုတည်ငြိမ် ရေ...ဓါတ်ပုံကိုသာ အဲဒီ ဘောသမားတွေ ပြန်တွေ့ ရင် တော်တော် စိတ်ဓါတ်ကျသွားမယ်..ဟားးး...ဘာပဲဖြစ်ဖြစ်ဗျာ ကျွန်တော်ကတော့ ဘရာဇေး ပဲ၊ ပွဲကြီးပွဲကောင်းထဲ မတော့ မပါဘူးပေါ့ဗျာ..:D

သော်ဇင်စိုး said...

အကိုစာရင်းထဲမှာ ကျနော်တို့ အင်္ဂလန်လည်းပါဘူး ဗျာ..:(