Friday, April 9, 2010

တားမြစ်ထားသော မြို့တော် Forbidden City

紫禁城

ကြီးမြတ်သော မဟာအင်ပါယာ မင်းတရားကြီး ကြွလာပါပြီ၊

ဝန်ကြီးနှင့် အမတ်တွေ၊ နန်းတွင်းသူ နန်းတွင်းသားတွေ၊ ဗိုလ်ပါရဲမက်တွေ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး၊ တစ်ချို့မြေပြင်မှာပြားပြားဝတ်၊ မော်မဖူးရဲ၊ ရဲမက်တွေ သတိအနေအထားနဲ့နေ၊ အားလုံးပြိုင်တူပဲ ဝမ်စွေ့ ဝမ်စွေ့ ဝမ်ဝမ်စွေ ့၊ အင်ပါယာ မင်းတရားကြီး သက်တော်ရာကျော်ရှည်ပါစေ၊ ချီးမြင့်လိုက်သည်၊ ရွှေအဆင်း တန်ဆာကို ဆင်ယဉ်ထားသော အင်ပါယာ မင်းတရားကြီးသည် နောက်လိုက် အခြံအရံ အပါးတော်မြဲ သက်တော်စောင့်တွေနဲ့ ကြွချီလာလေပြီ ။

တံခါးဖွင့်ပေးပါ၊ တံခါးဖွင့်ပေးပါ၊ အပြင်မှာဘာဖြစ်နေသလဲ၊ ဘာတွေရှိလဲ ငါသိချင်တယ် တံခါးဖွင့်ပေးပါ၊ 
ကလေးအရွယ် လူမမယ် အင်ပါယာ မင်းတရားလေး နဂါးရွှေပလ္လင်် ရှိရာ နန်းတော်ကြီးမှ ပြေးထွက်လာသည်၊ သက်တော်ရှည် အမတ်ကြီးများ၊ ဝန်ကြီးနှင့် နန်းတွင်းသူ နန်းတွင်းသားတွေ လိုက်လာပြီး၊ မသင့်မြတ်သေးပါ ဘုရား၊ အချိန်မတန်သေးပါ ဘုရား၊ ဟုဆိုကာ အင်ပါယာ မင်းတရားလေးကို နဂါးရွှေပလ္လင်် နန်းတော်ဟော်ကြီး (Hall of Supreme Harmony) ထဲသို့ပြန်လည် ခေါ်ယူသွားသည်၊ အပြင်ဘက်တွင်ကား ဘုရင်စနစ်ဆန့်ကျင်ရေးအသံများ ဆူညံ့နေသည်၊ ထို အင်ပါယာ မင်းတရားလေးကား တရုတ် နိုင်ငံ၏ နောက်ဆုံး အင်ပါယာ ပုရီ ဖြစ်သည်။
ဟောင်ကောင် ရုပ်ရှင်၊ တီဗီ ဇာတ်လမ်းများ ထဲတွင်၎င်း ၊ The Last Empire ဇာတ်ကားကြီးတွင်၎င်း တွေ့မြင်ရသော အင်ပါယာ နန်းတော်ကြီးကား ကိုယ့်ရှေ့တည့်တည့်မှာပင်။ 
ဤနေရာသည်ကား Forbidden City တားမြစ်ထားသော မြို့တော်ဟု ထင်ရှားသော သမိုင်းဝင်နေရာ ရှေးဟောင်း တရုတ်တို့၏ နန်းတော်ကြီးပင်ဖြစ်သည်။ အပြင်လူမဝင်ရ ဝင်ရင်တောင် အခမ်းအနားနဲ့ဝင်ရသည်။

ဟုတ်တယ်၊ တကယ်တော့ တရုတ် ရာဇဝင်ကို စာလဲမဖတ်ဘူး၊ လေ့လဲမလေ့လာ၊ ရုပ်ရှင်၊ တီဗီ ဇာတ်လမ်းများ ထဲမှာပဲကြည့်ဘူးသည်၊ ရောက်သွားတော့ နန်းတော်အဆောက်အဦးကြီး ကြီးကျယ်ခမ်းနားအောင်လုပ်ထားသည်၊ ကျုံး၊ မြို့ရိုး၊ မျှော်စင်၊ ပြစင်တွေနဲ့ အတွင်းပိုင်း၊ အပြင်ပိုင်း နှစ်ပိုင်းခွဲခြားထားသည်။

တီယန်မင် ဘက်က မော်စီတုံး ကိုခေါင်းငုံပြီးဝင်ခဲ့သည်၊ အဝင်ဝမှာ သူ့ပုံကြီးချိတ်ထားသည့် အတွက်ဖြစ်သည်၊
အထဲဝင်လာပြီး Meridian Gate အဆောက်အဦးကြီး ငေးနေခိုက်၊ 
'ဟလို၊ ဟိုင်း၊ ကွန်နီချိဝ၊ ဆလာမာလေးကွန်း၊ '
'ဒူးယူဝမ့်ဂိုက်၊' 'ချိစ်၊ ဗဲရီး ချိစ်၊ စပိစ် ဂျပန်နီစ်း၊ ကိုရီယား၊ ဂျာမန်၊ မလေး၊ ပြင်သစ်၊ ထိုင်း၊ စပါနစ်၊' 
'နိုးနိုး စပိစ်ဘားမိစ်၊' 'ဝှက်ဘားမိစ်၊' 'ဘားမိစ်မဲရုံ၊' ကျေးဇူးတင်ပါတယ်။ 
အရွယ်စုံလူကြီးလူငယ်များက ဝင်လာသောဧည့်သည်တွေကို ချဉ်းကပ်သည်၊ ဘာသာပေါင်းစုံ guide များပင်ဖြစ်သည်၊ ကိုယ်ကအစထဲက တစ်ကိုယ်တော် မြေပုံအားကိုးဘို့ ဆုံးဖြတ်ပြီးသား၊ guide မခေါ်တော့၊ ဝင်ကြေး ၄၀ ပေးရသည်၊ ဝန်ထမ်းတော်တော်များများ အင်္ဂလိပ်လို အခြေခံပြောနိုင်သည်၊ အိုလံပစ်လက်ကျန် ဖြစ်နိုင်သည်။ 

Supreme Harmony Gate ကိုဖြတ်ကာဝင်လာသည်၊ အထဲတွင် ထောင်နှင့်ချီသော ဧည့်သည်တွေသည် အခြားဒေသကလာသော တရုတ်တွေပဲ အများဆုံးဖြစ်သည်၊ ဒီတံခါးဝမှာ ရှပ်ရှင်ကားတစ်ကားထဲမှာ မင်းသား မြှားတွေ လှံတွေ စိုက်ပြီး သေသွားတယ်၊ ကိုယ့်အထင်နဲ့ လိုက်ကြည့်နေမိသည်။

နန်းတော်ထဲတွင် အဓိက နန်းဆောင်ကြီး 6 ခုရှိသည်၊
1. Hall of Supreme Harmony 太和殿 太和門
2. Hall of Medium Harmony 中和殿
3. Hall of Protective Harmony 保和殿
4. Hall of Heavenly Peace 乾清宫
5. Hall of Union and Peace 交泰殿
6. Hall of Earthly Peace 坤宁宫
 တို ့ဖြစ်သည်။


နန်းတော်ကြီးသည် အကျယ် 720 thousand square meters ရှိပြီး၊ အဆောင်ပေါင်း 980 ကျော် ရှိကာ 1406 ခုနှစ်တွင်စတင်တည်ဆောက်သည်၊ UNESCO က World Cultural Heritage အဖြစ်သတ်မှတ်ထားပြီး ဖြစ်သည်။

ပဒေသရာဇ် တို ့၏ထုံးစံအတိုင်း နန်းတော်ကြီးတစ်ခုလုံးကို၊ ဗေဒင်ကိန်းခန်း၊ ယတြာ ၊ ဖုန်းဆွေ တွေနှင့် တည်ဆောက်ထားသည်။ အရာရာတိုင်း၊ နေရာတိုင်းဟာ သူ့အဓိပ္ပါယ်နှင့်သူ ဖြစ်သည်။

အပြင်နန်းဆောင်များတွင် ကြီးကျယ် အခမ်းနားဆုံးနှင့် အရေးကြီးဆုံး နန်းဆောင်ကြီးကတော့ Hall of Supreme Harmony ဖြစ်သည်၊ နဂါးရွှေပလ္လင်် ရှိသည်၊ ညီလာခံ နှင့် ပြည်တွင်းပြည်ပ ရေးရာတွေကို စီမံသည့် နန်းတော်ကြီးဖြစ်သည်၊ နောက်တွင် Hall of Medium Harmony (Central Harmony) ရှိသည်၊ အင်ပါယာ အနားယူသည့်နေရာ၊ ညီလာခံ၊ အခမ်းအနားတွေအတွက် အင်ပါယာကြိုတင်ပြင်ဆင်သည့် နန်းဆောင်ဖြစ်သည်၊ နောက်တစ်ဆောင်ကတော့ Hall of Protective Harmony (Preserving Harmony) ပွဲလမ်းသဘင်ကျင်းပရာ၊ အင်ပါယာ စာမေးပွဲ ကျင်းပရာ နန်းဆောင်ဖြစ်သည်။

အတွင်းဆောင်တွေကို ဝင်ရန် Gate of Heavenly Peace ကိုဖြတ်ရသည်၊ နဂါးတိမ်လွှာမာဘဲလ် carved တွေ့ရမည်၊ 



အင်ပါယာ အိပ်စက်ရာ နန်းတော် Hall of Heavenly Peace ရှိသည်၊ အနောက်တွင် အင်ပါယာ တံဆိပ် imperial seals ထားရာ နန်းတော် Hall of Union and Peace ရှိသည်၊ ပြီးနောက် အင်ပါယာ မိဖုရား ရွေးချယ်ရာ၊ မင်္ဂလာပွဲ ကျင်းပရာ၊ မောင်းမငယ်များ အသုံးတော်ခံ ပျော်မြူးရာ နန်းဆောင် Hall of Earthly Peace (Terrestrial Tranquility) ရှိသည်၊ များပြားသော မိဖုရား၊ မောင်းမ၊ အထိန်းတော်၊ ကိုယ်လုပ်တော်၊ သက်တော်စောင့် နေရာ အဆောင်များရှိသည်၊ မြောက်ဘက်အဆုံးမှာတော့ ဥယျာဉ်တော် Imperial Garden ကို ရောက်ပြီး၊ မြောက်ဂိတ်ပေါက် မှာပြန်ထွက်ဖြစ်သည်၊

တစ်ချို့ များ ကျယ်ကျယ် ရှင်းပြတတ်သည်၊ စိတ်ဝင်စားလျှင် ကပ်နားထောင်လိုက်ရုံ၊ မြို့တော်ကြီးထဲ ဘယ်နေရာ ဘာဖြစ်ခဲ့ကြောင်း သိရသည်၊ ဇာတ်လမ်းတွေကတော့ ပုံပြင်ဆန်ဆန်၊ ဟုတ်မဟုတ်တော့မသိ။

မန်ချုး အနုပညာတွေနှင့် စာတွေလည်းတွေ့ရသည်၊ လူနည်းစု မန်ချုးက လူများစု ဟန်တရုတ်တွေကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည်၊ လေးစားမိပါသည် မန်ချုးတို့ရေ။

ချန်မင်းသမီး ရေတွင်း Zhen Concubine Well ၊ Hall of Imperial Zenith ၊ Exhibition Hall နှင့် Hall of Mental Cultivation ယန်ရှင်ဒိုင် တို့လည်းထင်ရှားသည်။

ချန်မင်းသမီး လေးကို မိဖုရားခေါင််ကြီးက ဒီရေတွင်းထဲ ပစ်ချပိတ်ခဲ့တယ််၊ မိဖုရားခေါင််ကြီးလို ့ ဆိုရင် တရုတ်မင်းသမီး ဂေါင်လီ ကိုပဲမြင်ယောင်မိနေတယ်၊

လက်မှတ်ရောင်းသည့်နေရာ


အရုပ်တိုင်းဟာ သူ ့အဓိပ္ပါယ်နှင့်သူ၊


နန်းတော်တွေ

Hall of Supreme Harmony

Hall of Central Harmony


ဟောင်ကောင် တီဗီ ဇာတ်လမ်း တွဲထဲမှာ မိဖုရားတွေ အင်ပါယာနဲ ့ အိပ်ရဘို ့ အပြိုင်အားထုတ် ကြရာ ဒီနန်းရင်ပြင်ကြီးပါပဲ၊

ဘုရားကို လှမ်းဖူးလို့ရတယ်၊

                                    ရုပ်ရှင် ဇာတ်လမ်း ထဲမှာ မစ်ချယ်ရို ဒီခေါင်မိုးတွေပေါ် သိုင်းနှင့် ပျံနေတယ်၊

ဥယျာဉ်တော် Imperial Garden ထဲမှာ



ဂျိမ်းကင်မရွန် ဒီအပင်ကိုကြည့်ပြီး အာဗေတာ အပင် အိုင်ဒီယာ ရသွားတယ်လို့ပြောတာပဲ

မီးခဏခဏလောင်လို ့ ရေအိုးကြီးတွေ နေရာတိုင်းမှာ၊ တီဗီ ဇာတ်လမ်း တွဲထဲမှာ မိဖုရားလေးနှင့် ဆေးဆရာတို့ မီးရှို့ပြီးသေသွားကြတယ်၊

Gate of Divine Prowess မြောက်ဂိတ်ပေါက် ခြေညောင်းပြီ။


မွပေုံ


သဲမုန်တိုင်းကျတော့မည်တဲ့ မြောက်ဂိတ်ပေါက် ကနေလစ်ပြီ။

21 comments:

ဇောင်း said...

စိတ်ထဲမှာ ကျွန်တော့်ရဲ့ ဘေးနားမှာ ရှင်းပြနေသလိုပဲ၊ :)


ZaunG

မြတ်မွန် said...

ကိုယ်တိုင်ရောက်သွားသလိုပါပဲ။
ဗဟုတုတ ရလိုက်တယ်။

ဂျစ်တူး ( မုံရွာ ) said...

တည်ငြိမ်အေး ရေ
မျှော်နေတာကိုမရေးဘဲမမျှော်တာကိုဖတ်ရပေမဲ့ကျေးဇူးအ
ထူးပါခင်ဗျာ-ပြောရင်ယုံမလားတော့မသိဘူး-ကျနော်သွား
ချင်သေးတဲ့မြို့ ကလေးဖြစ်နေလို့ ပါ-မော်စီတုန်းကိုစိတ်ဝင်
စားလို့ မဟုတ်ပါဘူး-The Last Empireရုပ်ရှင်ကြည့်
ပြီးကတည်းကရူးသွပ်ခဲ့ရတာပါဗျာ-အခုထက်ထိမသွားဖြစ်
သေးပါဘူး-အဲဒီရုပ်ရှင်ကားကိုဈေးကြီးကြီးပေးပြီးဝယ်ထား
ပါသေးတယ်-အခုထက်ထိအကောင်းအတိုင်းဋ္ဌကည့်လို့ ရပါ
သေးတယ်-ဇတ်လမ်းကိုလည်းသဘောကျတယ်-
ဒါရိုက်တာကိုလည်းကြိုက်တယ်-တကယ့်အပြင်မှာရှိ
တဲ့လူနဲ့အင်ပါယာဘုရင်နဲ့ တူတဲ့ရုပ်ကိုရွေးနိုင်ခဲ့ လို
ပါ။ ဓါတ်ပုံထဲကအတိုင်းဆိုရုပ်ရှင်ထဲကလိုဘဲသိပ့်ပြောင်း
လဲမှု့ မရှိသေးဘူးပေါ့နော်-ဘုရင့်ပုလင်ကောတွေ့ ခဲ့
အုံးမှာပေါ့-ဓါတ်ပုံကလေးတင်ပေးပါအုံးနော်-ကျေးဇူး
အထူးတင်ပါတယ်ဗျာ-တကယ့်ကိုအပြင်မှာရောက်သွား
သလိုရေးနိုင်တယ်ဗျာ-ဓါတ်ပုံတွေလည်းကြိုက်တယ်-
စကားတွေပြောနေရသလိုရသမြောက်လိုက်တာဗျာ-

Sint Si said...

I was there in 2005! They were doing renovation ( re-painting ) for Olympic 08. It was hard to get by if you don't speak Chinese.

When I saw this, I know why my friend’s parents from Singapore weren't impressed with Mandalay palace.

ရွှေရတုမှတ်တမ်း said...

ပုရီ ဇတ်လမ်းလေး ဆက်ရေးပါအုန်း

Anonymous said...

တရုတ်ကားတွေထဲမှာတော့ ကြီးကျယ်ခမ်းနားတဲ့ ဒီနန်းတော်ကြီးတွေကို မြင်ဖူးနေတာတော့ ကြာပါပြီ။ ဒီလောက်စုံစုံစေ့စေ့တော့မသိဘူးရယ်။ တစ်ခုစဉ်းစားမိတယ်ဗျ။ တရုတ်ရာဇ၀င်ကားတွေဟာ ဒီနေရာမှာ ရိုက်တာတော့မဟုတ်လောက်ဘူးထင်တယ်။ ဆက်တင်တွေနဲ့ပြင်ပြီးမှ ရိုက်လောက်တယ်။ ဒီလိုသမိုင်းဝင်နေရာကြီးမှာတော့ တရုတ်အစိုးရကလည်း ရုပ်ရှင်ရိုက်ဖို့ခွင့်ပြုပါ့မလား။ ထင်တာပြောတာနော်။ သီးခြားဆက်တင်တွေရှိရင်လည်း ပြောပြပါဦး။ ဗဟုသုတအလို့ငှာပေါ့ဗျာ။

sosegado said...

ကိုမိုးရေ၊
တရုတ်နှင့် ဟောင်ကောင် ရုပ်ရှင်၊ တီဗီ ဇာတ်လမ်းများရဲ့ အစိတ်အပိုင်း အချို့ကို၊ ရိုက်ခွင့်ပြူခဲ့တယ်လို့သိရပါတယ်၊ ထင်ရှားတာက Beijing New Picture Film Co က Director Yimou Zhang ရဲ့ "Curse of the Golden Flower" ပါပဲ၊ Chow Yun Fat, Gong Li, Jay Chou တို့ပါဝင်ပါတယ်၊ တော်တော်များများက ဆက်တင်တွေပါ၊ computer graphics design တွေနဲ့ ဆက်တင်တွေက တော်တော်တူပါတယ်၊ Beijing Film Studo ရှိပါတယ် Ministry of Culture အောက်မှာပါ။
Sose

Anonymous said...

အင်ပါယာကြီးဖြစ်ချင်တယ်၊ Min Min

nyan gyi said...

နောက်ဆုံး အင်ပါယာ ပုရီ က မန်ချုးမဟုတ်လား၊ ကိုယ်တိုင်ရောက်သွားသလိုပါပဲ။

khin oo may said...

:cool:

အင်ကြင်းသန့် said...

တော်သေးတာပေါ့...သဲမုန်တိုင်း မမိခဲ့လို့... :D

အခုလို ဗဟုသုတလေးတွေကို မျှဝေပေးလို့ ကျေးဇူးလည်းတင်ပါတယ်...အားလည်းနာတယ်...
ခင်လည်းခင်တယ်...အပိုင်း ၅လေး ဆက်ပါဦးလို့....

လသာည said...

Sosegado..
ဗဟုသုတကြွယ်လိုက်တာလို့ ဖတ်ရင်းချီးကျူးမိတယ်.. ။ တို့သာဆိုရင် ခရီးသွားလည်ပေမယ့် အခုလို ပြန်မပြောပြတတ်ဘူး..။ စိတ်ရှည်လက်ရှည် ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ တင်ပြပေးထားတာ.. ဂိုက်က လာရှင်းပြပေးနေသလိုပဲ.. တကယ်ကျေးဇူးတင်ပါတယ်

Unknown said...

ကျေးဇူးပါ
ရောက်သွားသလိုပဲ။

မြစ်ကျိုးအင်း said...

ရာဇဝင်နဲ့ လိုက်ဖက်လောက်အောင် အဆောက်အဦးတွေက ခမ်းနား လွန်းတယ်။
ပုံတွေကိုတော့ အခုမှ သေသေချာချာ ကြည့်ဖူး တော့တယ်။

chocothazin said...

ရုပ်ရှင်ထဲက အကြောင်းအရာတွေနဲ့ ယှဉ်ပြီးမြင်ယောင်မိတယ်။

မီးမီးဂျူး ( မေခင် ) said...

အဟီးးးးးးးးးးးးးးး
မေခင်က တရုတ်သိုင်းကားသိပ်ကြိုက်တာ။

ကူးလွေ့ said...

မြို့တော်ထဲက ဗဟုသုတတွေ တူးဆွသွားပါတယ်

PhyoPhyo said...

စိတ်ဝင်စားစရာကြီး
ပုံလေးတွေနဲ့ ပြောပြတော့ ပိုသိလွယ်တယ်၊
လာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်၊

ဂျစ်တူး ( မုံရွာ ) said...

ဗွမ်း ---- ဗွမ်း----ဗွမ်း------
ဂျစ်တူးကလည်း တည်ငြိမ်အေး ကိုခေါင်းကနေပြီးခြေထောက်အထိုကိုပက်လိုက်တယ်-
အစောဋ္ဌကီးကိုထပက်ပြစ်လိုက်တယ်ဗျာ--
ပျော်ရွှင်ပါစေ တည်ငြိမ်အေးရေ---
နေမကောင်းတာတောင်သက်သာသွားတယ်-
တည်ငြိမ်အေး ရဲ့ ရေစင်တွေကြောင့်ပေါ့-
ကျေးဇူးပါခင်ဗျာ----
ဟား - - -ဟား - - -ဟား
သူကစာမရေးဘဲနဲ့ ရေကစားထွက်လည်နေတာကိုး--
ဂလိုကိုး - - - -အေးပေါ့လေတနှစ်မှတခါကိုး--

SHWE ZIN U said...

ကိုဆိုဆီ ရေ

ကျနော် ပို့စ် အသစ်တင်တာ မသိလိုက်လို့ လာဖတ်တာ နောက်ကြသွားတယ်.. တရုပ်ယဉ်ကျေးမှု့ ကလည်း အတော်မြင့်မားခဲ့တာကိုး.. ဖတ်လို့ကောင်းတယ် .. ပါးစပ်ရာဇဝင် တွေကိုလည်း သိချင်တယ်...
အဆင်ပြေရင်ရေးပေးပါအုန်း..ကျေးဇူးနော်
နှစ်သစ်မှာ ပျော်ရွှင်ပါစေ

ခင်တဲ့
ရွှေစင်(အဆက်လေးလည်း မျှော်နေပါတယ်)

ဂျစ်တူး(မုံရွာ) said...

မင်္ဂလာပါ တည်ငြိမ်အေး
ထပ်တင်ထားတော့လည်းထပ်ဖတ်သွားမိပြန်တယ်-
အဲဒီကိုကျနော်အရမ်းသွားချင်တာဗျာ-
The Last Empire ရုပ်ရှင်ကြည့်ပြီးကတည်းကဗျ-
နှစ်ပေါင်းတောင်တော်တော်ကြာနေပြီ=ခုထက်ထိမသွားဖြစ်
သေးဘူးဗျာ-