ပီကင်းဘဲ ပီကင်းဘဲ နှင့် ငယ်ငယ်တုန်းက ကြားဖူးနေတာ၊ ဘာကြောင့် ပြောနေကြတာလည်းလို့ စဉ်းစားမိတာအမှန်ပဲ၊ ဘဲကင်က နေရာတော်တော်များများမှာ ရှိပါသည်၊ မြန်မာပြည်မှာ ရွှေဘဲဆိုင်ဆိုရင် ရန်ကုန်၊ မန္တလေး ဆိုင်ခွဲတွေမှ အများကြီး၊ မန္တလေး အေလမ်းထောင့်မှာလည်း ဘဲကင်ဆိုင် တစ်ဆိုင် ရှိပါသေးတယ်၊ စင်္ကာပူ ဟော်ကာ ဆိုင်တော်တော်များများမှာ ဘဲကင် သို့မဟုတ် ဘဲထမင်းဆိုင်တွေ ရှိပါတယ်။ ဒီတစ်ခါတော့ ပီကင်းရောက်တုန်း NUS မှာအတူတူ ကျောင်းတက်ခဲ့တဲ့ ပီကင်းနေ တရုတ်သူငယ်ချင်း ကောင်းမှု့နှင့် ကမ္ဘာကျော် ပီကင်းဘဲကင် ဆိုင်ကို ရောက်ခဲ့၊ စားခဲ့ရပါတယ်။
ရာဇဝင်ထဲက ဘဲကင် အကြောင်းလေးနဲနဲ ပြောပြရမယ်ဆိုရင်……
ပီကင်းဘဲကင်ဟာ တရုတ်အင်ပါယာ ဘုရင်တွေအတွက် တော်ဝင်ဟင်းလျာ ဖြစ်ခဲ့တာ မင်းဆက် အဆက်ဆက်ကနေ နောက်ဆုံး မင်မင်းဆက်၊ နောက်ဆုံး အင်ပါယာ ထိပါပဲ၊
ကွန်မြူနစ်ခေတ်မှာတော့ ဝန်ကြီးချုပ် ချုအင်လိုင်က ဧည့်သည်တွေအတွက် စားသောက်ဆိုင်ရွေးချယ်ရာကနေ ပြန်လည်ခေတ်စားလာပါတယ်၊ ယဉ်ကျေးမူ့တော်လှန်းရေးမှာ ပီကင်းဘဲကင် နည်းပညာ မပျောက်ပျက်သွားပါဘူး။
Beijing ပီကင်းမြို့တော်မှာ နာမည်ကျော် ရှေးအကျဆုံး ပီကင်းဘဲကင်ဆိုင် နှစ်ဆိုင်ရှိပါတယ်၊ Quanjude (全聚德) နှင့် Bianyifang (便宜坊) တို့ဖြစ်ပါတယ်၊ Bianyifang ဟာပိုရှေးကျပေမဲ့၊ Quanjude က marketing ကောင်းလို့ ပိုထင်ရှားပါတယ်၊ တခြားနယ်တွေကိုလည်း franchises ပေးပါတယ်၊ နိုင်ငံခြားမှာတောင် ဆိုင်ခွဲတွေဖွင့်ထားပါပြီ၊ Quanjude ဆိုင်မှာသွားစားကြပါတယ်၊ လူသုံးထောင်လောက် ဆန့်တဲ့ စားသောက်ဆိုင်ကြီးပါ၊ ဒါအပြင် VIP သီးသန့်အခန်း၊ အမြန်စားချင်တဲ့သူတွေအတွက် နှင့် ထုပ်သွားချင်တဲ့သူတွေအတွက် နေရာသီးသန့်လုပ်ပေးထားပါတယ်၊ ဆိုင်မှာလာစားကြတဲ့ VIP ပုံတွေချိတ်ထားတာတွေ့ရပါတယ်၊ ပီကင်းရောက် အမေရိကန် သမ္မတ အဆက်ဆက်ပုံတွေလည်းပါပါတယ်၊ ဘဲအကောင် ဘယ်လောက် ရှိပြီလည်း မှတ်ထားတဲ့ Hit ကောင်တာရှိပါတယ်။
Quanjude ပီကင်းဘဲကင်ဆိုင်ရှိတဲ့ Qianmen ဆိုင်တန်းတွေ၊
ပီကင်းဘဲကင် ဟာ ဘယ်လိုလဲဆိုတာ ရှင်းမပြတတ်ပါဘူး၊ စားပဲစားတတ်တာကိုး၊ ဓါတ်ပုံထဲမှာကြည့်ပါ၊ ဘယ်လိုစားရလည်း ဆိုတာတော့ ဓါတ်ပုံတွေနှင့် ပြပါမယ်၊ တရုတ်ပဲဆီကြာညှိ့ တစ်မျိုးနှင့် အတူတူစားရပါတယ်၊ ကန်စွန်းဥထည့်ထားတဲ့ Hoisin sauce လို့ပြောပါတယ်၊ ကောင်းမှကောင်း၊ ကဲ ဒါကြောင့် ပီကင်းဘဲကင် နာမည်ကျော်တာကိုး။
ပီကင်းဘဲကင်ကို ယူလာပြီး chef တွေက ကျွမ်းကျင်စွာ လှီးဖြတ်ပြီးတော့ ဧည့်ခံပါတယ်၊
အဲဒီလို ကော်ပြန့်လို အပြားလေးထဲ လှီးပြီးသားဘဲကင်၊ ကြက်သွန်မိတ်၊ sauce ထည့်၊ လုံးပြီးထုပ်ပြီး ပါးစပ်ထဲတစ်ခါထဲထည့် စားရပါတယ်။
လုံးပြီးထုပ်ပြီး ပါးစပ်ထဲတစ်ခါထဲထည့် စားရပါတယ်။
ဒီဆိုင်ရဲ့ ပီကင်းဘဲကင်က ဒီမိသားစုက ဆင်းသက်လာပါတယ်၊
အော်ဒါထုပ်သွားမဲ့သူတွေ တန်းစီနေကြပါတယ်၊
ပီကင်းရောက်တုန်း ပီကင်းဘဲကင် မစားခဲ့ဘူးလားလို့ ကွန်မင့်ထဲမှာ မေးပါတယ်၊ စားခဲ့တဲ့အကြောင်းလေး မှတ်စုရေးလိုက်ပါတယ်။ မရွှေစင်ဦး ဆီမှာပဲ သွားသွား သွားရည်ယိုနေရာကနေ ဒီတစ်ခါတော့ အစားအသောက် အကြောင်းလေးရေးလိုက်ပါတယ်။
ညမှာ ဘူဖေး ရွှေကျားသစ် စားသောက်ဆိုင်ကြီးမှာ သွားစားခဲ့ပါတယ်၊ လူ ထောင်ချီ စားလိုိ့ရပါတယ်၊ အရှေ့တိုင်း အနောက်တိုင်း အစားအစာတွေအပြင် အကောင်ပေါင်းစုံရပါတယ်၊ ဧည့်ကြို ဧည့်ခံတဲ့ တရုတ်မလေးတွေ တော်တော်ချောပါတယ်။
အကောင်ပေါင်းစုံ တစ်ခုချင်းရွေးထည့်ထားတယ်၊ အကောင်ရှည်လည်းပါတယ်။
နောက်တနေ့ နာမည်ကျော်ပီကင်း တို့ဟူးဆိုင် သွားစားပါတယ်၊ တိုင်ဝမ်နှင့် မတူပါဘူး၊ ဒါပေမဲ့ တို့ဟူးမကြိုက်ဘူး။
Refer
飲膳正要
中国全聚德(集团)股份有限公司
33 comments:
ဘဲကင်ဆိုရင် ပီကင်းမှရယ်မဟုတ်ဘူး။ ဒိုက်ဦးကလာတဲ့ဘဲလည်း ၀ါးတာပဲ။ ဒါပေမဲ့ ပီင်္ကင်းအစစ်ကိုတော့ တွယ်ဖူးချင်တယ်။
ကိုဆိုဆီ
အစားဆိုရင် တော့ ထိပ်ဆုံးကရောက်တယ်လို့ မထင်စေချင်ပါဘူး.. တကယ်တော့ အရမ်းအရမ်းကို ဘဲကင် ကိုကြိုက်တာပါ...
အခုတော့ ရွှေဘဲ က ဘဲကင်ကိုဘဲစားနေရတယ်.. ကိုဆိုဆီ စားသလို ပီကင်း ဘဲကင် ကို ကော့ပြန့်လေး နဲ့ လိပ်စားချင်လိုက်တာဗျာ.. အချဉ်ကလည်း ရွှေဘဲ က ပဲငါးပိချဉ်မဟုတ်ဘူး ဆော့ နဲ့ စပ်ထားတာ ထင်တယ် သိတ်မကောင်းဘူး..
ဘဲကင် ကတော့ ကောင်းပါတယ်..
ကဲစားသွားပြီ
ကျေးဇူးပါဘဲ ကိုဆိုဆီရေ
ရွှေစင်
့ကိုတည်ငြိမ်ရေ...စလုံးမှာလည်း အဲဒါမျိုး ရှိတယ်ဗျ၊ အဲလိုလေး လိပ်ပြီးစားရတာမျိုး ဒါပေမဲ့ ဘေဂျင်းက ဘဲကင်အစစ် ကိုတော့ မီမယ်မထင်ဘူးဗျာ...စားချင်စရာကြီးနော်...ဟီး...:)
ဘဲကင်ကိုမဋ္ဌကိုက်ပေမဲ့ နှင်းဆီလ္ဘက်ရည် ကိုတော့သောက်
ချင်သားဘဲဗျာ-
စင်္ကာပူမှာတော့ မြန်မာဘုန်းတော်ကြီးကျောင်းသွားတဲ့
လမ်းမှာ(ဘလက်စတီးယားလမ်း)ပေါ်မှာတော့ဘဲကင်
ကောင်းကောင်းဆိုင်တွေရှိတယ်ဗျ-ပဲငပိအချဉ်နဲ့ငရုပ်ချဉ်နဲ့
စပ်ထားတယ်လို့ထင်တယ်-ပီကင်းဘဲကင်မစားဘူးတော့
ဘယ်ဟာကပိုကောင်းဆိုတာမသိဘူးဗျာ-
ပီကင်းဘဲကင်အစစ်ကိုတော့စားဖူးချင်တယ်ဗျ-
အဆီမပါအောင်လုပ်ပြီးရောင်းတာဆိုဟုတ်သလား-
ကျွန်မလဲ ဘဲဆိုရင်ကြိုက်တယ်
အဲ.. စားတဲ့ဘဲကိုပြောတာနော်း)
ပီကင်းဘဲကင်က ဒီမှာလဲကောင်းတယ်..
မကြာခနသွားစားစားဖြစ်တယ်
တော်တော်ကိုကြိုက်တာ
ခုတောင် ကိုဆိုဆီစာဖတ်ရင်းစာချင်းလာလို့
အပြင်သွားတဲ့ ကောင်မလေးကို ဖုန်းနဲ့လှမ်းမှာလိုက်ပြီ
မန့်နေရင်းနဲ့.. တကယ်ပြောတာ
အဲလောက်ဆွဲဆောင်အားကောင်းတဲ့
ကိုဆိုဆီရဲ့ ဘဲကင်..း)
ဘဲကင်လာစားတယ်.. ဓါတ်ပုံထဲက ပုံတွေနဲ့ ဗိုက်တော်တော်ဆာသွားပြီ..။
မြန်မာပြည်မှာတုန်းကတော့ ဘဲကင်ကြိုက်တယ်..
ဒီလဲရောက်ရော မကြိုက်တော့ဘူး။။
မြန်မာပြည်က ပိုစားကောင်းတာလား ရှားရှားပါးပါး စားရလို့လားတော့ မသိပါဘူး။
ဒီမှာလဲ နံမည်ကြီး တန်းစီးနေရတဲ့ ဆိုင်တွေတော့ ရှိတယ်.ဒါပေမယ့်.ပီကင်းဘဲကင် စားဖူးချင်သေးတယ်..။
ရှလွတ် ပလပ် ဂလု
စားချင်ရယ် ဟိဟိ
အရင်က ဘဲကင်ကြိုက်တယ်။ ခုဘဲကင်စားရင် အဆီတွေများမှာစိုးလို့ အရေခွံ ဖယ်ဖယ် စားမိနေတော့ မတန်ဘူးဖြစ်နေလို့ သိပ်တောင်မစားဖြစ်တော့ဘူး။
အမလေး... ညတရေးနိုး လာဖတ်မိတာ မှားပါတယ်။
ဗိုက်ဆာလိုက်တာနော်။
လေ့လာသွားပါတယ်ကိုဆိုဆီ....ကျနော်က ဘဲကင်မကြိုက်ဘူးရယ်...ဘဲကင်မှ မဟုတ်ဘူး...အသားဆို ကြက်သားကလွဲလို့ ကျန်တာ ဘာမှ မစားလို့ပါ...
After you had a taste of that Beijing duck, you will not fine a good Beijing duck any where else in the world.
That was the best Beijing duck I ever tasted. I’ll visit again Beijing just for that duck.
You can get the same Beijing style duck in some high end restaurant in Singapore. I don’t remember the name of restaurant. There is one in Shangri-La hotel.
ကိုဆုံဆီရေ...ဘဲကင်တော့စိတ်ဝင်စားတယ်...
ကော်ပြန့်လေးနဲ့ မစားဘူးသေးဘူး
ဟီးဟီး ဘဲကင်ကြီးသရေကျစရာနော်။ ပီကင်းဘဲကင်ကောင်းလားဟင် ! အဖေပြောဖူးတာတော့ ပီကင်းဘဲကင်က အရသာပေါ့တယ်ဆိုလားပဲ။
ဒီမှာလည်း westen park က ဘဲကင် အဲသလိုပဲ အဖတ်နဲ့လိပ်စားရတယ်လေ။ အရိုးတွေကိုတော့ အကြွပ်ကြော်ပေးတယ်။ ဘဲကင်ဆိုင်တွေတော့ တော် တော်လေးများလာပါတယ်။ အရင်ကဆို ရွှေငါးတို့ ရွှေဘဲတို့ လောက်ပဲရှိတယ်။း))) တော်ပီ ပြောရင်း စားချင်လာပီ။
ကျေးဇူးဗျာ။ ဗဟုသုတရသလို ဗိုက်လဲဆာလာပါတယ်။ ဘဲကင်မရှိတဲ့ ဒေသရောက်နေတာတောင် ရင်နာမိပါရဲ့...
ဘဲကင် နည်းနည်းမြည်းသွားပါတယ်။ ဒီကလည်း ပီကင်း အစစ်ကိုမြည်းချင်နေတာဗျ :)
လူအများကြီး စားသောက်ဆိုင်တွေမှာ မစားဘူးပါဘူး၊ ပီကင်းဘဲကင်က နာမည်နဲ့လိုက်အောင်ကောင်းမယ်ထင်ပါတယ်။
ပီကင်းဘဲကင် လာစားသွားတယ်၊ ဇာတ်လမ်းတွေရေးပါဦး၊ moe
အဟား..ကြည့်ရင်းနဲ့တောင်သွားရည်ကျလာပြီဗျာ
အခုတလောတော်တော်ပွဲဆက်များနေတယ်အဟဲ
ပူးတေက မွေးနေ့ကျွေးလို့စားလိုက် ဆရာမရွှေစင်ဦး မင်္ဂလာဆောင်သွားစားလိုက် ဟိုကကျွေးဒီကကျွေးနဲ့
ဗိုက်တောင်တော်တော်ဖောင်းလာပေါ့.ဟော ခုလည်း ကိုဆိုဆီကကျွေးပြန်ပီ..ကျွန်တော်တို့မှာ ရွှေစင်ဦးလို လည်း ရွှေဘဲသွားမစားနိုင်တော့ ကိုဆိုဆီကျွေးတာပဲ အ၀တုတ်လိုက်တော့မယ်နော်..ပြီးရင် ကိုသက်တန့်ရောက်ခဲ့တဲ့ ကျွန်းကိုအုန်းရေ သွားသောက် လိုက်ဦးမယ်..အား ဗိုက်ကိုတင်းသွား တာပဲ..အဟဲ
ကိုကိုးအိမ်
ဘဲကင်စားပြီးပြီ၊ လုပ်ပါဦး ပုံပြင်မဟုတ်တဲ့ ဇာတ်လမ်းတွေ၊ စောင့်နေမယ်၊ Zaw
ပီကင်းဘဲကင် သွားရည်ယိုသွားတယ်။
ဘဲကင်ဆို မြသွေးက အရေခွံမှကြိုက်တာ။
ချပါတီလို ဂျုံပြားလေးနဲ့ ထုတ်စားရတာ ကြိုက်တယ်။
ဒီမှာတော့ Western Park မှာ အဲ့ဒီပုံစံမျိုး စားလို့ရတယ်။
ကိုဆိုဆီ.....
ဘဲကင်ကြိကိတယ်....။
စားလည်း..... စားချင်တယ်......။
အမှန်အတိုင်းပြောရရင် အောက်ဆုံးက နှင်းဆီလဖက်ရည်လေးကို ပိုသောက်ချင်တာ.....။
တစ်ခါမှ မသောက်ဖူးဘူး......။
အခုစာဖတ်နေရင်းနဲ့ ကျွန်တော်သောက်နေတဲ့ရေနွေးကြမ်းက ကောက်ညင်းနံလေးမွှေးတဲ့ လဖက်ခြောက်လေးလေ.....။
ဒီလင့်ခ်လေးကိုသွားကြည့် ကိုဆိုဆီ....။
တန်းပလိတ်လေးများ ပြောင်းချင်မလားလို့ပါခင်ဗျာ....။
ပြောချင်တာ.......ကြာပါပြီ....။ မအားလို့ ခုမှပဲရောက်တာကြည့်....။
http://btemplates.com/
ခင်မင်တဲ့
ဏီလင်းညို
နိုင်ငံတကာ ရောက်မြန်မာ အငတ် တွေ ကို သပ်သပ် သွားရေ ကျအောင် လုပ်နေသလို ပဲ အဟီး...လွန်တာရှိက တွေ့ပုချိ..
Increasing your quest engine ranking for the website does
not have to be an impossible task available simply to computer
experts. And then after you've done that, the internet search engine will give you pages containing numerous sites which contains the keyword you enter. The result - your blog might appear in some random long tail searches, and often will never rank for the keywords you happen to be targeting.
Review my website; http://proimblogger.com/article-builder-review/
Vеry descriptіve аrtiсle, Ι lіκed that a lot.
Will therе be a paгt 2?
Mу web-site :: Bauchmuskeltraining
Whοа! This blog looκs just lіκe mу
οld onе! It's on a completely different subject but it has pretty much the same layout and design. Great choice of colors!
My page click the next site
I believe ωhаt you ρosted mаdе a ton of
ѕense. But, consider this, what іf you ωеге to write а killer heaԁlіne?
I mеаn, I ԁon't want to tell you how to run your blog, however suppose you added a title to maybe grab a person'ѕ attention?
I meаn "ပီကင်းဘဲကင်" is a lіttlе plаіn.
You оught to glanсe at Yаhoo's home page and see how they write article titles to grab people to click. You might add a related video or a pic or two to get readers interested about what you've got tο sаy.
ӏn mу oρinіon, it could make yоur
posts a little lіѵеlіer.
Fееl free to surf tо my webpagе .
.. hämorrhoiden entfernen
Hі wоuld you mind letting me knoω which ωebhost you're using? I've
loаԁed your blog in 3 different brоwsers and I must say this blog
loads а lot quicκer then most. Ϲan уou recommend a good wеb hosting provider
аt а honest priсe? Many thanks, I appreciаte it!
Fеel freе to surf to my weblog :: häMorrhoiden
Article wгiting is also a fun, if уou be famіlіar with
thеn you cаn writе if not it is cοmplіcatеd to write.
my blog pοst - Sixpack
Useful infoгmаtion. Fοrtunate
me I discovered your websitе by chance, and Ι аm stunned why this аccidеnt didn't happened earlier! I bookmarked it.
Here is my web blog: H�Morrhoiden
I blog often and I genuinely thank you for your content.
Your article has really peaked my interest.
I am going to bookmark your website and keep checking for new details about once per week.
I opted in for your Feed as well.
Also visit my weblog: Bench Craft Company
Terrific work! This is the kind of information that are supposed to be shared
across the net. Disgrace on Google for not positioning this submit upper!
Come on over and visit my website . Thank you =)
Also visit my site - appliance repair tampa - -
Everyone loves what you guys tend to be up too. This sort of
clever work and exposure! Keep up the good works guys I've incorporated you guys to my personal
blogroll.
Feel free to visit my page: webpage ()
Post a Comment