Sunday, January 31, 2010

အမေ့ကို

(က)

အမေကိုသတိရနေတယ်

ကျနော်ရဲ့အမေ၊ အမေရဲ့သားတဲ့၊
အမေဘယ်လိုနေသလဲတဲ့
အမေ ကျန်းမာပါစေတဲ့
အမေ အောင်မြင်ပါစေတဲ့
ကြည့်စမ်းပါအမေ၊ ကျနော့် ပတ်ဝန်းကျင်မှာ အမေရှိနေတယ်၊
ကျနော့်နားမှာ အမေရှိနေတယ်။

ကျနော်က အမေနှင့်နီးတယ် အမေကိုကပ်တယ်၊
အမေ ဘယ်သွားသွား ကျနော်ပါတယ်တဲ့၊
ကျနော်က အမေနှင့် တူတယ်တဲ့၊
အဲဒါ ငယ်ငယ်တုန်းကပေါ့
တကယ့် ငယ်ငယ်တုန်းကပေါ့ ။

မှတ်မိသေးတာပေါ့ အမေရယ်
ကျိုတိုမှာတုန်းက ဆာမူရိုင်းတွေ ဂျပန်သူရဲကောင်းတွေ အကြောင်း
နန်းတော်ဟောင်းကြီး ရှေ့မှာ အမေ ပြောပြခဲ့တယ်၊
အဖိုးနှင့် ဂျပန်ရာဇဝင်၊ နာရားက သမင်၊ ဂျပန်ပုံပြင်တွေ
အမေ့ တိုးတိုးသံတွေ ကျနော်မမေ့ဘူး အမေရယ်။

မမေ့ဘူး အမေရယ်
အဖေရဲ့တိဘက် အစားအစာ၊ အမေရဲ့အိန္ဒိယ အစားအစာ၊
ရောစပ်ရင်းနဲ့ပဲ ကျနော်တို့ မြန်မာအစာ နှင့်ရင်းနှီးခဲ့တယ်၊
အဖွားဆီသွား ရှင်ပြုတုန်းက
ဗုဒ္ဓဝင်ဇာတ်လမ်းနှင့် မြန်မာပုံပြင်တွေ၊
အမေ ပြောပြခဲ့တာတွေ မှတ်မိနေသေးတယ် အမေရယ်။

နောက်ဆုံးအချိန်ထိ အဖေ အမေ့ကို မတွေ့လိုက်ရဘူး၊
အဖေဆုံးသွားတုန်းက အမေရောက်မလာဘူး၊
အမေမလာဘူးဆိုတာလည်း ကျနော်တို့သိနေတယ်၊
မှတ်မိနေတယ်အမေ၊ အဖေရဲ့ စကား
အမေ့ကို နားလည်ပေးပါတဲ့
မြန်မာပြည်ရဲ့ တော်လှန်ရေးနေ့
ကျနော်အတွက်တော့ ဟင်လင်းပြင် ဘာမှမရှိတဲ့နေ့ (empty day)
အဖေလဲ မရှိတော့ဘူး အမေလဲမရှိဘူး၊
အမေ အမေ လို့ ခဏ ခဏ အော်ခေါ်နေမိတယ်၊
ကျနော်ငိုခဲ့ပါတယ် အမေ။

အမေ့ကို လာတွေ့ခဲ့သေးတယ်၊
အတားအဆီးတွေ အခက်အခဲတွေ
ကျနော် အတွက်တော့ ကိုယ့်ကိုကိုယ် သူရဲကောင်း
ခဏလေးပါပဲ တိုတောင်းလိုက်တာ
အမေ့ရဲ့ အနံအသက်လေး
အမေ လို့်ခေါ်၊ သား လို့်ခေါ်၊
ကျနော်တို့ အကြာကြီး ပွေ့ ဖက်မိကြတယ်၊
စကားတွေပြော၊ အမှာတွေခြွေ
အမေ့ မျက်နှာလေးကြည့် ကျနော် နားထောင်နေပါတယ် အမေ
အိမ်မက်လိုပါပဲ နောက်ဆုံးခေါက် အမေနဲ့ တွေ့ရခြင်း၊
ဇနီးနှင့်သား မျက်ရည်တွေဝဲ ၊ အမေနှင့် ကျနော် မငိုခဲ့ဘူး။

အဖေမရှိတော့ဘူး၊ အမေ အမေ လို့ ခဏ ခဏ အော်ရင်း၊
ကျနော်စာတွေ ဖတ်လာခဲ့တယ် အမေရယ်၊
အမေ့အတွက် ဂုဏ်ပြုပွဲတွေတက် ဆုတောင်းပွဲတွေတက်
တံဆိပ်တွေတက်ယူပြီး အမေ့အတွက်ဂုဏ်ယူ၊
ကျနော့် ပတ်ဝန်းကျင်မှာ အမေကိုဖန်တီးခဲ့ပါတယ်။

When you thought I wasn't looking,
I saw you hang my first painting on the refrigerator,
and I wanted to paint another one.
When you thought I wasn't looking, I saw you feed a stray cat,
and I thought it was good to be kind to animals.
When you thought I wasn't looking, I saw you make my favorite cake for me,
and I knew that little things are special things.
When you thought I wasn't looking, I heard you say a truth,
and I believed there is Buddha I could always learn from him.
When you thought I wasn't looking, I felt you kiss me goodnight,
and I felt loved.
When you thought I wasn't looking, I saw tears come from your eyes,
and I learned that sometimes things hurt, but it's all right to cry.
When you thought I wasn't looking, I saw that you cared
and I wanted to be everything that I could be.
When you thought I wasn't looking, I looked...
and wanted to say thanks for all the things
I saw when you thought I wasn't looking.

အဲဒီ ကဗျာလေးနဲ့*
အမေကိုသတိရနေရင်း
ကျနော် ချစ်သူတစ်ယောက် ရခဲ့တယ် အမေ။


(ခ)

အမေကိုတမ်းတနေတယ်

ဘယ်သူတွေမေးလို့ ဆုတောင်းမလဲ
ကျနော် ဘယ်လိုနေသလဲ
ကျန်းမာပါစေ
အောင်မြင်ပါစေ
ကြည့်စမ်းပါအမေ၊ အမေ့ပတ်ဝန်းကျင်မှာ ကျနော်မရှိဘူး၊
အမေ့နားမှာ ကျနော်မရှိဘူး။

သူငယ်ချင်းရဲ့ မွေးနေ့ပွဲ
သူ့အမေက ကိုယ်တိုင်မုန့်ဖုတ်ကျွေး၊
Happy Birthday တဲ့
ကျနော်လဲ အမေနဲ့ Happy Birthday လုပ်ချင်တယ်၊
အဲဒီနေ့က ကျနော့်ရဲ့ချစ်သူဖြစ်မယ့် ကောင်မလေးကိုတွေ့ခဲ့တယ်၊
အမေ့ကို ပြောပြချင်လိုက်တာ သူ့အကြောင်းတွေ
အမေ့ဆီက ဝေဖန်ချက် လိုချင်လိုက်တာ
အမေ သဘောတူသလားဟင်။

အထက်တန်း အောင်လို့ ဘာသာရပ် နှစ်ခု အကြိုက်တူ
အမေ့ဆီက အကြံရချင်၊
ဒါပေမဲ့လည်း အမေဆိုရင် ဒီလိုလုပ်မှာ
အဖေဆိုရင် ဒီလိုတွေးမှာနဲ့
ကျနော် ဆုံးဖြတ်ချက် ချလိုက်ပါတယ် အမေ။

ကျောင်းပြီးသွားပြီအမေ၊
အမေ တွေပျော်နေကြတယ်
သားတွေအတွက်ဂုဏ်ယူ
ပွေ့ချီလို့ နမ်းဖက်
ကျောင်းဆင်းတဲ့ပွဲ
ကျနော့် အတွက်ဂုဏ်ယူမယ်သူလိုနေ၊
ချစ်သူနှင့် မလုံလောက်
အမေရှိရင် ဘယ်လောက်ကောင်းမလဲ။

အလုပ်တစ်ခုက ကမ်းလှမ်း
ကျမ်းမကြေတဲ့ ကျနော်
ဘွဲ့လွန်ပဲ တက်ရမလား
တက်ရင်းနဲ့ လုပ်ရမလား
အမေနဲ့ တိုင်ပင်ချင်
အမေနှင့် ရုပ်တူပေမဲ့
စိတ်မတူဘူး အမေ။

ခုတလော ချစ်သူနှင့် အမြင်မတူတာလေးတွေ ရှိလာ
အငြင်းအခုံတွေဖြစ်
တခါတလေ မတွေ့ဖြစ်တော့
တို့နှစ်ယောက် တခုခု လုပ်ဘို့လိုပြီလို့ ချစ်သူကဆိုတယ်
အဖြေတွေ မရှိဘူး မရှိဘူး အမေရယ်
ဒီလိုနဲ့ကြာလာ
ချစ်သူက မေးတယ်
မင်းလဲ မင်းအမေလို ငါကိုပစ်သွားမှာလားတဲ့
ကျနော်ကို အကြံတစ်ခု ပေးပါအမေရယ် ပေးပါအမေရယ်
ကျနော် ချစ်သူကို သိပ်ချစ်တယ်။

“God could not be everywhere and therefore he made mothers”
အဲဒီလိုပဲ
လူတိုင်းမှာ အမေရှိ
အရာတိုင်းဟာ အဖြေသိတယ်
နေရာတိုင်းမှာ အမေရှိနေမယ်တဲ့
အမေ့ကို ကျနော်နားမှာ ရှိနေချင်တယ်၊ မေတ္တာကိုခိုလုံချင်လို့်။


(ဂ)

အမေကိုလွမ်းနေတယ်

နှင်းတွေကျနေတယ် အမေ
စကော့တလန် မှာ
မကြုံဘူးလောက်အောင် ကျတယ်ဒီနှစ်၊
အအေးပိုတယ် အမေ
စကော့တလန် မှာ
မကြုံဘူးလောက်အောင် အေးတဲ့ဒီနှစ်၊
တစုံတခု ဟာတာတာ စိတ်တွေလည်း အေးစက်
ကျနော် အမေ့ကိုလွမ်းလိုက်တာ တကယ်။

မီဒီယာ ထဲမှာ အမေ့မျက်နှာ
ခံစားမူ တွေများလား၊ ဇရာ စားသွားတာလား အမေရယ်၊
အမေ ဆံပင်တွေဖြူနေရောပေါ့၊
အမေ နေမကောင်းဘူးဆိုတိုင်း
အပြေးလာချင်နေတဲ့ ကျနော်
တံတိုင်းကြီးတွေကို ပြေးတိုက်
ကြိုးစား ကြည့်တာပေါ့ အမေရယ်၊
မဖြစ်နိုင်သေးပါဘူး အချိန်မကျသေးပါဘူး သားရယ်၊
သူတို့ကကျနော်ကို သားလို့်ခေါ်
နားလည်ပေးလိုက်တာ ကျေးဇူးတင်လိုက်တယ်အမေ။

အမေဟာ သူတို့အတွက် မရှိမဖြစ်
ကျနော်အတွက်ရော အမေရယ်၊
တစ်ကိုယ်ကောင်းဆန်တယ်လို့ပဲပြောပြော
ကျနော်က သာမန်လူတစ်ယောက်ပါအမေ၊
အမေ့ ခံယူချက်
အမေ့ ယုံကြည်ချက်
အမေ့ ဆန္ဒတွေအတွက်
အလွမ်းတွေနှင့် ဖြည့်စွက်ရင်း
ပြန်ကြည့်လိုက်ပါတယ် အမေ။

အမေဟာ သားအားလုံးရဲ့အမေ၊
လူတိုင်းနီးပါးရဲ့ မိခင်ဖြစ်နေပြီ
အရေးကြီးတဲ့အချိန် စောင့်ပါလားတဲ့၊
ဒါဆို ကျနော် အမေကိုဆုံးရှုံးသွားရတော့မှာလား
စွန့်လွတ်လိုက်ရမှာလား
အမေ အနစ်နာခံတာကို
ကျနော် အပြစ်အနာအဆာတွေမဖြစ်ချင်လို့်
ခွင့်လွတ်လိုက်ပါတယ်အမေ၊

စောင့်ခဲ့တာပေါ့
၁၁ နှစ် အရွယ်မှာ အမေထွက်သွားခဲ့၊
၂၂ နှစ် အရွယ်မှာ အိမ်မက်လို တွေ့ခဲ့ရ၊
၃၃ နှစ် ကျနော့် အသက်ရှိပြီ ကလေးအဖေပေါ့
အလွယ်တကူကို အခက်ဆူအောင် လုပ်နေကြတဲ့
တရား နှင့် မဖြေတဲ့ လူတွေကြားမှာ
လူတစုကြောင့်ပဲလား အဖွဲ့အစည်းကြောင့်လား
လူတွေရဲ့ တိုက်ပွဲမှာ အမေ နှင့် ကျနော် ဝေးကွဲကွဲ။

ဘယ်သူမှမရှိတော့တဲ့ည စာမဖတ်နိုင်တဲ့ည၊
အေးစက်နေတဲ့ လမ်းကလေးပေါ် လမ်းလျှောက်ရင်း၊
ကွင်းပြင်ကျယ်ကြီးကို ကြည့်
ကျနော်ဟာ လမ်းပျောက်နေသူတော့ မဟုတ်ဘူး
အမေရဲ့သား အမေကိုလွမ်းနေသူ။

အဖေရဲ့ စကား အမှတ်ရ
အမေ့ အကြောင်း နားလည်
ဖြေဆည်ရာ မရအောင် လွမ်းလို့် နေတိုင်း
အမေ ကျန်းမာပါစေ
အမေ စိတ်ချမ်းသာပါစေ
အမေ အောင်မြင်ပါစေ
သားတစ်ယောက်ရဲ့ ကြီးမားတဲ့အလွမ်း
အမေကို ကောင်းခြင်းတွေ လွှမ်းခြုံနိုင်ပါစေ။

လွမ်းနေတဲ့ သားရဲ့ စိတ်စွမ်းအင်တွေဟာ
အမေ့ဆီ အပြေးရောက်
ဘယ်သူမှ တားလို့် မရဘူး
အမေ့ဆီ ပူးကပ်
ဘယ်လိုမှ အမိန့်ချလို့်မရ
အမေ့ဆီ စီးဝင်
ဘယ်သူ့ ခွင့်ပြုချက်မှမလို
အများအတွက်
အမေ အောင်နိုင်တော့မှာပါ
အမေပြောသလို အားလုံးအတွက် အောင်မြင်မူပေါ့။

ဒါမှလည်း သားတစ်ယောက်ရဲ့
တမ်းတ သတိရ လွမ်းဆွေးမူ့တွေ
ထားပစ်ရကျိုး နပ်မှာပါ။

Well, son, I'll tell you:
Life for me ain't been no crystal stair.
It's had tack in it,
And splinters,
And boards torn up,
And places with no carpet on the floor—Bare.
But all the time
I'se been a-climbin' on,
And reachin' landin's,
And turnin' corners,
And sometimes goin' in the dark
Where there ain't been no light.
So, boy, don't you turn back.
Don't you set down on the steps.
'Cause you finds it's kinder hard.
Don't you fall now—
For I'se still goin', honey,
I'se still climbin',
And life for me ain't been no crystal stair.
Langston ရဲ့ ကဗျာလို
တမ်းတ သတိရ လွမ်းရတိုင်း
အမေ့ကိုနားလည်
အမေ့ စကား အမှတ်ရ
အမေ့ အတွက် ဂုဏ်ယူ
အမေ့ အတွက် ဆုတောင်းရင်း
စိတ်ဓါတ်တွေ ပိုခိုင်မြဲ လာပါတယ်။

ဒါပေမဲ့ အမေရယ်
ကျနော် သူများနဲ့မတူ
ဘယ်သူရယ်လို့ မဟုတ်၊
အမေ့ကို
ရိုးရိုးလေး သတိရ
ရိုးရိုးလေး တမ်းတ
ရိုးရိုးလေး လွမ်းခွင့်
အေးဆေးစွာ ရရှိပါရစေ။

ဘယ်လိုမှ မကြုံလို့်
အခွင့်ကြုံရင် အမေ့ကို
နားလည်စွာဖြင့် သတိရ တမ်းတ လွမ်းဆွေး နေတဲ့
သားတစ်ယောက် ရှိတယ်ဆိုတာ ပြောပေးပါ။

FKHLA

Sosegado

(တစုံတယောက် ကိုယ်စား ခံစားရေးဖွဲ့ ခဲ့ပါသည်၊ တိုက်ဆိုင်ခဲ့လျှင် တိုက်ဆိုင်မူသာဖြစ်ပါသည်။)

(ဖရန့်၊ ကက်သရင်း၊ ဟာရီ၊ လော်ရင့် နှင့် အဲလက် သို့ အတတ်နိုင်ဆုံး ရေးလိုက်ပါသည် မကောင်းခဲ့ရင် sosegado၏ ညံ့ဖျင်းမှု ဖြစ်ပါသည်။
*Anonymous ရဲ့ ကဗျာကို ခံစားချက်နဲ့ အနည်းငယ်ပြောင်းထားပါသည်။)

16 comments:

မြတ်မွန် said...

၂ခေါက်ဖတ်သွားတယ်။
ပထမ အခေါက် စိတ်မကောင်းဘူး။
ဒုတိယအခေါက် မျက်ရည်ဝဲမိတယ်..။
ငယ်ငယ်လေးထဲက အမေနဲ့ ခွဲခွါရတာကို စိတ်မကောင်းဖြစ်မိတယ်။
ခံစားချက်ကို နားလည်ဖူးသူတစ်ယောက်မို့ အတိုင်းမသိ ဝမ်းနည်းရပါတယ်။

အမေနဲ့ဝေးနေပေမယ့် အမေကို့ ရင်ထဲမှာ အမြဲ သတိရနေရင် အနေဝေးနေပေမယ့် နီးနီးလေးပါပဲ...။
လူတိုင်းတစ်နေ့ ခွဲခွါရမှာပဲလေ..
လောကရဲ့ နိယာမ တရား။
ဘယ်လောက်ချစ်တဲ့ လူပဲ ဖြစ်ဖြစ် တစ်နေ့ခွဲခွါရမှာပဲလို့ အသိလေး လက်ကိုင်ထားပြီးနှစ်သိမ့်လိုက်ပါ...

ခင်မင်လေးစားစွာဖြင့်။

Anonymous said...

What a pity! Sad story

Anonymous said...

သား နှစ်ယောက် အကြောင်းသိရင် ပြောပြစမ်းပါ shwe ba

nyan gyi said...

ကြည့်ရတာ ကျွန်တေိာတို့ အမေနှင့် သူ့သားငယ် အကြောင်း မသေချာလို့ ဘယ်သူ့ကို ဘယ်သူကရေး တာလဲ ပြောပေးချင်လို့

ZM said...

add a mother photo, konown that အမေ အနစ်နာခံတာကို

shwezinu said...

အမေ ကို ချစ်တဲ့ သား တွေလိုဘဲ အမေ့ အတွက် ထပ်တူပါ

ကဗျာလေးက ခံစားလိုက်ရတာ ကျေးဇူးပါဘဲဗျာ

မောင်မိုး said...

လွမ်းလွမ်းဆွေးဆွေးကို ခံစားရပါတယ်ဗျာ။ အမေကိုချစ်တဲ့ သားသမီးတွေ အမြန်ဆုံး ပြန်တွေ့နိုင်ဖို့ကိုပဲ ဆုတောင်းနေရပါတယ်။

ချစ်ကြည်အေး said...

အမေကဗျာတိုင်း ခံစားမှု နက်တယ်...ထပ်တူခံစားသွားပါတယ်ရှင်...

Anonymous said...

တကယ်လို့ ကဗျာထဲက အမေ ဟာ ASSK ဖြစ်ခဲ့ရင် ၁၁ နှစ်အရွယ် သားလေးကို ထားခဲ့တာ အမေပီသမူ နှင့် စွန့်လွတ်အနစ်နာခံမူ စဉ်းစားစရာတွေပါပဲ

အင်ကြင်းသန့် said...

အစ်ကို့ရေ...
အစ်ကိုရည်ရွယ်ထားတဲ့သူဟာ ကျနော်ထင်မိတဲ့သူ သေချာတယ်ဆိုရင်တော့ သူမတို့ သားအမိတွေအမြန်ပြန်လည်ဆုံဆည်းနိုင်ကြဖို့အတွက် ဆုတောင်းပေးရုံကလွဲလို့ ကျနော်တို့ဘာများတတ်နိုင်မှာလဲ အစ်ကို...

ခင်မင်လေးစားစွာဖြင့်
အင်ကြင်း

Anonymous said...

မိခင်ပီသတာ မပီသတာထက် စွန့်လွတ်အနစ်နာခံတဲ့ ဒီမိသားစု အာဇာနည်တွေ (Aris died on his 53rd birthday on 27 March 1999) တော်လှန်ရေးနေ့လေ၊ ယုတ်မာတဲ့ လူတစုက သေခံနီးအချိန်မှာတောင် တွေ့ခွင့်မပေးခဲ့ဘူး။

မိုင်းခိုဝ်း said...

ကျနော့် ပတ်ဝန်းကျင်မှာ အမေရှိနေတယ်၊
ကျနော့်နားမှာ အမေရှိနေတယ်။

သိပ်ကောင်းတဲ့ ခံစားချက်တွေပါပဲဗျာ။

Sint Si said...

It's very nice and touching poem.Thank you!

thaingarra said...

အမေနေ့ ဆိုတဲ့ စိတ်ကလေး ဆီ

ပြန်သတိရမိပါရဲ့ ...

ကျေးဇူး ဗျာ ...

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါ တည်ငြိမ်အေး---
ကျေနပ်တယ်။ နှလုံးသားထဲအထိရင်ထဲနင့်နေအောင်ခံစား
ရတယ်။ တစ်ခါတလေအမေအနားမှာနေချင်ပေမဲ့ နေခွင့်
မရခဲ့ ဘူး-ဘဝတွေကို ကကိုယ်လိုသလိုမဖြစ်နိုင်ခဲ့ဘူး-
အဲလိုမဖြစ်နိုင်တာတွေဘယ်အခြေအနေထိဖြစ်နေအုံးမးယ်
မသိခဲ့ပါဘူးဗျာ-အမေအိုပြီ နေရလှတစ်နှစ်နှစ်ဆိုတဲ့အသိ
ရှိနေပေမဲ့ အနားမှာနေခွင့်မရခဲ့သေးဘူး-

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါ တည်ငြိမ်အေး---
ကျေနပ်တယ်။ နှလုံးသားထဲအထိရင်ထဲနင့်နေအောင်ခံစား
ရတယ်။ တစ်ခါတလေအမေအနားမှာနေချင်ပေမဲ့ နေခွင့်
မရခဲ့ ဘူး-ဘဝတွေကို ကကိုယ်လိုသလိုမဖြစ်နိုင်ခဲ့ဘူး-
အဲလိုမဖြစ်နိုင်တာတွေဘယ်အခြေအနေထိဖြစ်နေအုံးမးယ်
မသိခဲ့ပါဘူးဗျာ-အမေအိုပြီ နေရလှတစ်နှစ်နှစ်ဆိုတဲ့အသိ
ရှိနေပေမဲ့ အနားမှာနေခွင့်မရခဲ့သေးဘူး-