Saturday, April 21, 2012

ရွာကလေး Gaildorf


အလုပ်တွေပြီးသွားသဖြင့် သူငယ်ချင်းက သူနေသော ရွာကလေးတို့ လိုက်လည်ရန်ဖိတ်ခေါ်ခဲ့သည်၊ မြန်မာနှစ်သစ်ကူး အချိန်အခါဖြစ်သောလည်း သူတို့ရွာကလေးကို နှစ်ပတ်လောက် လိုက်လည်ဖြစ်သည်၊ နှစ်ဆန်းတစ်ရက်နေ့ကိုလည်း ထိုရွာကလေးတွင်ပင် အချိန်ကုန်နှစ်ကူးလိုက်မိသည်။


ရွာကလေးသည် အိမ်ခြေ၄၀လောက်ရှိသည်၊ ထူးခြားသည်မှာ ကလေးအယောက် တစ်ရာကျော်ရှိသည်၊ မိသားစုတစ်စုတွင် အနည်းဆုံး ကလေး၃ယောက်မှ ၅ယောက်ထိရှိကြသည်၊ ကလေးအများစုမှာ မိန်းကလေးများဖြစ်သည်၊ ရွာကလေးသည် တောင်တန်းပြေကလေး ကာရံထားသည်၊ ချောင်းကလေးတစ်ချောင်းလည်း စီးဆင်းနေသည်၊ သူတို့ကတော့ မြစ် river ဟုခေါ်သည်၊ စိုက်ခင်းတွေလည်းရှိသည်၊ အများအားဖြင့် ပန်းစိုက်ကြသည်။


ရွာကလေးတွင် ဘူတာရုံလည်းရှိသည် မြို့နှင့်ဆက်သွယ်ထားသည်၊ အဝေးပြေး ဘတ်စ်ကားဂိတ်တစ်ခုလည်းရှိသည်၊ ထူးခြားသည်မှာ ခေတ်မှီ၍ ရိုးရာနှင့် ယာဉ်ကျေးမှု မပျက်သော ရွာကလေးဖြစ်သည်၊ တစ်ပတ်လောက်နေလိုက်ရုံနဲ့ တစ်ရွာလုံးနဲ့ သိရှိသွားသည်၊ အထူးသဖြင့် ကလေးတွေနဲ့ဖြစ်သည်၊ ရွာကလေးတွင် ကုန်စုံဆိုင် နှစ်ဆိုင်လောက်နှင့် စားသောက်ဆိုင် တစ်ဆိုင်သာရှိသည်၊ အဘယ်ကြောင့်ဆိုသော ရွာကလေးနဲ့ ၁၅ ကီလိုမီတာ လောက်ဝေးသော မြို့ကလေးသို့ သွားရောက် ဝယ်ယူလေ့ရှိသောကြောင့်ဖြစ်သည်။

နောက်ထပ်ထူးခြားသည်မှာ ရွာကလေး၏ အိမ်တိုင်းလိုလိုတွင် နောက်ဖေးတွင် ဂရင်းဟောက်စိုက်ခင်းများရှိပြီး ခေါင်မိုးများတွင် ဆိုလာပြားများတတ်ထားသည်၊ အိမ်တိုင်းလိုလိုတွင် ခွေးတစ်ကောင် အနည်းဆုံးရှိသည်၊ ကလေးများ ခွေးများဖြင့် ညနေတိုင်းသည် စည်းကားလျှက်ရှိသည်၊ အများအားဖြင့် ရိုမန်ကက်သလစ် ဘာသာဝင်များဖြစ်ပြီး ရုရှားတို့အများဆုံး ကိုးကွယ်သော ဘာသာကိုလည်း ကိုးကွယ်ကျသူများလည်းရှိသည်၊ ထိုအတွက် ကျနော်ရောက်သွားသော အချိန်သည် အီစတာ ကလေးကျောင်းပိတ်ချိန်ဖြစ်သည်၊

ရွာကလေးတွင် နေထိုင်သူ အများစုမှာ ပတ်ဝန်းကျင် စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကြသူများနဲ့ လယ်သမားများဖြစ်သည်၊ တစ်အိမ်ထောင်တွင် ကားအနည်းဆုံးနှစ်စီးမှ သုံးစီးရှိကြသည်၊ မိသားစုစီးကား၊ အလုပ်သွားသည့်ကားနှင့် အပေါ့စားကား (အများအားဖြင့်လျှပ်စစ်ကား) တို့ဖြစ်ကြသည်၊ မာစီဒီး၊ ဘီအမ်တဗလူ နှင့် ဗေါက်စဂွမ် အမျိုးအစားများဖြစ်သည်။

ရွာကလေးသည် ဂျာမဏီနိုင်ငံ စတူးဂတ်မြို့နဲ့ ကီလိုမီတာ ၂၀၀ အကွာတွင်ရှိသော Gaildorf ရွာကလေးဖြစ်သည်၊ ကျေးလက် ဂျာမန်လူမျိုးတို့၏ နေထိုင်မှုကို တွေ့ခဲ့ရသည်၊ လွတ်လပ်စွာ ပြောဆိုနေထိုင်ခွင့် ရှိသောလည်း မိမိ၏အပြုအမှုသည် မည်သူတစ်ဦးတစ်ယောက်ကိုမှာ ထိခိုက်နစ်နာမှု မရှိစေရပါ၊ ငါးဖမ်းခွင့် အပင်ခုတ်ခွင့်များကို တင်းကျပ်ထားသည်၊ စာမေးပွဲမရှိသော အခြေခံ ပညာရေးစနစ်ကို ကျင့်သုံးသည်၊ ကလေးများ ကွန်ပြူတာဂိမ်းကစားမှုရှိသောလည်း အစွဲအလန်းသိပ်မကြီးပေ၊ မြန်မာတိုင်းရင်းသားများထက် မနာလို ရန်လိုစိတ်နည်းသည်။

ညနေပိုင်းများ စနေနှင့် တင်္နဂနွေတွေမှာတော့ အနီးနားကာ ရှေးဟောင်းမြို့ Scheabischသို့ သူငယ်ချင်းမိသားစုနဲ့အတူ သွားလေ့ရှိသည်၊ ထိုမြို့လေးသည် ဒုတိယကမ္ဘာစစ်ဒဏ်ခံခဲ့ရသောလည်း မပျက်စီးခဲ့ပါ၊ မြို့ကလေးကို တည်ထောင်သူကတော့ နာဇီတို့ လက်ချက်ဖြစ် ကျဆုံးခဲ့သည်၊ ထိုမြို့ကလေးတွင် နာမည်ကျော် St.Michael ဘုရားကျောင်းရှိသည်၊ ရှေးဟောင်းအဆောက်အအုံများကို ခေတ်မှီနည်းများဖြင့် ပုံစံမပျက် စီးပွားမပျက် ထိန်းသိမ်းထားသည်၊ ရှေးအကျဆုံး ဘီယာစက်ရုံရှိသည်၊ ဤဒေသမှ သူများသည် ကိုယ်တိုင်ဘီယာဖေါက်ကျသည်။

ချစ်စရာကောင်းသော ကျေးလက်ဂျာမန် ပုံတစ်ချို့ကိုဝေမျှလိုက်ပါသည်။

St. Michale
Schwabisch town



my friend`s 2 daughters


                                              ဒုကမ္ဘာစစ် ကျဆုံးသူ

                                                      The village


13 comments:

:P said...

သန့်ရှင်းသပ်ရပ်နေတဲ့ ရွာကလေး..
ရွာမှာနေပြီး တစ်အိမ်ကို ကား ၂ စီး ၃ စီးပိုင်တယ်ဆိုတော့ ရွာ(မြန်မာပြည်) မှာလိုပြောရင် တောသူဌေးတွေပေါ့... :p

mstint said...

တိုက်တာအဆောက်အဦးတွေ စဉ်ဆက်မပြတ် ဖတ်နေရတဲ့ကြားကနေ အခုလို အေးချမ်းသာယာ စိမ်းလန်းစိုပြေနေတဲ့ ရွာလေးအကြောင်း ဖတ်လိုက်ရတော့ စိတ်မှာငြိမ်းချမ်းသွားတယ် ဆိုစီရေ။ ရှေးဟောင်းမြို့ကလေးနဲ့ ဗဟုသုတလေးတွေလည်း ရသွားတာမို့ ကျေးဇူးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

SHWE ZIN U said...

နိုင်ငံခြားမှာ နေမယ်ဆိုရင်လည်း အဲလိုရွာကလေး တွေ မှာ နေချင်တယ်

သိင်္ဂါကျော် said...

ဥရောပ ကျေးလက်က အိမ်ကလေးတွေကို အရမ်း သဘောကျတယ်.. ပန်းချီကားထဲက အိမ်ကလေးတွေလိုပဲ.. စိုက်ခင်းတွေကြားထဲမှာ..
မြို့ ထဲမှာ ဆိုလည်း အိမ်ရှေ့ခြံထဲမှာ ပန်းကလေးတွေ စိုက်လို့..
နေချင်စိတ်တောင် ပေါက်လာတယ်..

ဟန်ကြည် said...

ဂျာမန်မိတ်ဆွေတွေနဲ့ ရင်းနှီးဖူးပါတယ်...ကိုယ်ကလည်း ဂျာမန်ဆိုရင် နာဇီနဲ့ပဲ တွဲတွဲမြင်နေတာဆိုတော့ ပေါင်းရတာ ခပ်လန့်လန့်ဆိုပေမယ့် ပေါင်းလို့ကောင်းတာ သတိထားမိတယ်...အထိုက်အလျောက် နားလည်မှုရှိသလို မိတ်ဆွေအပေါင်းအသင်းလည်း အတော်မင်တာတော့ မှတ်မှတ်ရရပါပဲ...

ဒီကနှစ်ကူးမှာ မျက်စိနောက် နားနောက်နဲ့ စိတ်ညစ်စရာကောင်းလိုက်တာ...ကိုစိုစီကတော့ နားအေးပါးအေး စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ နှစ်ကူးကို ဖြတ်သန်းလိုက်နိုင်တာ မင်္ဂလာရှိလိုက်လေခြင်းဗျာ...

ahphyulay said...

အင်း..
အမှန်တော့ ဗျာ..၊
ကျွန်တော်တို့ နိုင်ငံက ရွာလေးတစ်ရွာ
ကို အဲ့ ဒီရွာလေးလိုပဲဖြစ်ချင်မိတာ၊
ဖတ်နေမိရင်းလည်း စိတ်ကူးယဉ်မိခဲ့ တာ
အမှန်ပါဗျာ..။
ခုတော့  စကားလုံးများရဲ့ ကောင်းကင် အဲ..
စကားလုံးမှားနေတဲ့ ကောင်းကင်ကြောင့် ပဲ
ကျွန်တော်တို့  ရွာလေးတွေလည်း.....။
( သုံးလေးလလောက် ဖဘကြီးပေါ်က
တလူလူလွင့် နေတဲ့  ခွပ်ဒေါင်းအလံကြီးကို
ငေးကြည့် နေမိရင်း ဘလော့ ကိုပါ အဆက်
ပြတ်ခဲ့ မိတာ တောင်းပန်ခဲ့ မိပါတယ်ဗျာ၊
နောင်လည်း ဖဘကြီးနဲ့  ဒီအလံအောက်မှာ
ပဲ ရှိနေတော့ မှာပါ )

အမြဲတန်း ခင်နေမဲ့ 
( အဖြေးလူ )

ဟန်ကြည် said...

ဂျာမန်မိတ်ဆွေတွေနဲ့ ရင်းနှီးဖူးပါတယ်...ကိုယ်ကလည်း ဂျာမန်ဆိုရင် နာဇီနဲ့ပဲ တွဲတွဲမြင်နေတာဆိုတော့ ပေါင်းရတာ ခပ်လန့်လန့်ဆိုပေမယ့် ပေါင်းလို့ကောင်းတာ သတိထားမိတယ်...အထိုက်အလျောက် နားလည်မှုရှိသလို မိတ်ဆွေအပေါင်းအသင်းလည်း အတော်မင်တာတော့ မှတ်မှတ်ရရပါပဲ...

ဒီကနှစ်ကူးမှာ မျက်စိနောက် နားနောက်နဲ့ စိတ်ညစ်စရာကောင်းလိုက်တာ...ကိုစိုစီကတော့ နားအေးပါးအေး စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ နှစ်ကူးကို ဖြတ်သန်းလိုက်နိုင်တာ မင်္ဂလာရှိလိုက်လေခြင်းဗျာ...

အိမ့်ချမ်းမြေ့ said...

အေးချမ်းလှပသာယာသော ရွာကလေးအကြောင်း ဖတ်သွားပါတယ်...

ခရစ္စတလ် said...

ကိုယ့်ပြည်ကြီးက ရွာလေးတွေများ အဲ့လို လူလူသူသူနေခွင့်ရရင် ဘယ်လောက်ကောင်းမလဲနော်...

mabaydar said...

အရေးအသားရှင်းရှင်းလင်းလင်းလေးပင်မဲ့ မျက်လုံးထဲလဲ ပုံပေါ်လာအောင် ပြီးတော့ စိတ်ထဲမှာ အေးချမ်းတဲ့ ခံစားချက်မျိုးလေးရအောင်ရေးသွားတာကို သဘောကျတယ်... ဓာတ်ပုံလေးတွေကလဲ လှတယ်...
ဒီစာကြောင်းရောက်တော့ ပြုံးမိတယ် "မြန်မာတိုင်းရင်းသားများထက် မနာလို ရန်လိုစိတ်နည်းသည်။"
တခြားနိုင်ငံတွေက မကောင်းတာတွေကို အတုယူမဲ့အစား ကောင်းတာလေးတွေကို အတုယူတတ်ကြဖို့လိုတယ်... အဲဒိအတွက် အသိပညာပေးပြီး ပြောပေးမဲ့လူတွေများများလိုတယ်...
ဒီပိုစ့်လေးအတွက် ကျေးဇူးပါ sosegado

မြစ်ကျိုးအင်း said...

အဲဒီလို ရိုးရာထိမ်းသိမ်းထားတဲ့ မြို့လေးတွေကို သဘောကျတယ်။ ပုံတွေကို ကလစ်ပြီး သေချာကြည့်မိတော့ သန့်ရှင်းသပ်ရပ်ပြီး အလည်သွားချင်စရာ ကောင်းတဲ့ မြို့လေးမှန်း ပိုသိသာသွားတယ်။

san htun said...

ရွာလေးက အေးချမ်းသာယာ လှပလိုက်တာ..နေချင်စရာလေး

လွင်ပြင်လှိုင်းငယ် said...

သာသာယာယာဒီရွာကလေးက နေချင်စရာ