Thursday, January 23, 2014

ဟန်ကျို (Hangzhou) 杭州 သို့တစ်ခေါက်


နှင်းတွေကျနေသည်၊ အအေးဓါတ်က သုညဒီဂရီလောက်ရှိနိုင်သည်၊ မိုးလည်ရွာနိုင်သည်ဟု ဆိုသည်၊ ဒါကတော့ ကျနော် ဟန်ကျို (Hangzhou) ဆိုသောမြို့ကို သွားလည်မည်ဟု ပြောသောအခါ မိတ်ဆွေများက မှတ်ချက်ပေးခြင်းဖြစ်ပါသည်၊ ဘယ်လိုပဲဖြစ်ဖြစ် ရှန်ဟိုင်းရောက်ပြီး နှစ်ရက်တာ အားနေသောရက်တွေကို ဟန်ကျို မြို့သို့ သွားလည်ပတ်ချင်ပါသည်၊ အင်တာနက်ထဲတွင်လည်း
ဟန်ကျိုမြို့အကြောင်း အနည်းငယ် ဖတ်ကြည့်ပြီးဖြစ်သည်၊ နောက်ဆုံးတော့ သွားရောက် လည်ပတ်ဖို့ ဆုံးဖြတ်လိုက်သည်။
ဟန်ကျိုမြို့ကို သွားရောက်လည်ပတ်လိုခြင်း အဓိက အချက်မှာ တရုတ်ပြည်၏ ဗုဒ္ဓဘာသာ သမိုင်းဝင်မြို့တစ်မြို့ ဖြစ်နေသောကြောင့်ဖြစ်ပါသည်၊ ဟန်ကျိုသည် ကျုကျန်း Zhejiang ပြည်နယ်၏ မြို့တော်ဖြစ်သည်၊ တကယ်တော့ ဟန်ဆိုသည် လူဦးရေ ကိုးသန်းနီးပါးနေထိုင်သော မြို့ကြီးတစ်မြို့ ဖြစ်ပါသည်၊ ဟန်ကျိုသည် တရုတ်ပြည်၏ ရှေးကြသော မြို့တော်ကြီး ခုနှစ်ခုအနက် တစ်ခုဖြစ်သည်၊ သက်တမ်းနှစ်ပေါင်း ၅၀၀၀ ကျော်ပြီဖြစ်သည်၊ ယုဟန်မြို့ အဖြစ်ထင်ရှားခဲ့သည်၊ ဆောင်မင်းဆက်တွင် Song Dynasty ဟန်တရုတ်ပြည်၏ မြို့တော်ဖြစ်ခဲ့ဘူးသည်၊ ချင်တန်၊ လင်းအန် ဆိုပြီး အမည်အမျိုးမျိုးပြောင်းခဲ့သည်၊ ရှန်မင်းဆက်တွင် ဟန်ကျို杭州လို့ အမည်တွင်ခဲ့သည်၊ နှစ်ပေါင်း ၂၂၀၀ ကျော်ခဲ့ပြီဖြစ်သည်၊ ခုတော့ ယဉ်ကျေးမှု မြို့တော်ဖြစ်နေပါပြီ၊ ၂၀၀၈ ခုနှစ်နောက်ပိုင်း မြို့ပြ ဖွံဖြိုးမှု အထူးတိုးတက်ခဲ့သည်၊ ဒေသ၏ တရုတ်ရိုးရာ လက်မှုပညာများ၊ တရုတ်ရိုးရာ ဆေးပညာများ၊ တရုတ်ရိုးရာ ဗုဒ္ဓအနုပညာ၊ တရုတ်ရိုးရာ ကျောက်စိမ်း လက်မှုပညာများ၊ လက်ဖက်လုပ်ငန်း၊ ပိုးထည်လုပ်ငန်း၊ ကြွေထည်မြေထည် လုပ်ငန်းများသည် ထင်ရှားပေသည်။
တရုတ်ပြည်သို့ ဗုဒ္ဓဘာသာ စတင်ရောက်ရှိသော နေရာထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်၊ ဟန်ကျိုသည် ကွန်မြူနစ်စနစ် မတိုင်မှီအထိ ဗုဒ္ဓဘာသာ ဘုရားကျောင်းများ၊ စေတီများ၊ ဘုန်းကြီးကျောင်းများဖြင့် ဗုဒ္ဓစာပေနှင့် အနုပညာများ ထွန်းကားခဲ့သည်၊ တရုတ်ပြည် တံခါးဖွင့်ဝါဒကျင့်သုံး ပြီးနောက် ဗုဒ္ဓစာပေနှင့် အနုပညာများ ပြန်လည် ထွန်းကားခဲ့သည်၊ ဘုန်းကြီးကျောင်းများကို ပြန်လည်ဖွင့်ခွင့် ပေးခဲ့သည်၊ ယနေ့အထိ အနောက်ပင်လယ်ရေကန် West Lake ပတ်ဝန်းကျင်တွင် ဘုရားကျောင်းများ၊ စေတီများ၊ ဘုန်းကြီးကျောင်းများ အများအပြား မြင်တွေ့နိုင်ပါသည်၊ မဟာတံတိုင်းကြီး Great Wall ကဲ့သို့ မဟာတူမြောင်းကြီး Grand Canal京杭大运河 တည်ရှိသည်၊ ပီကင်းမြို့သို့ ဆက်သွယ်ထားသည်၊ ကမ္ဘာကျော် ဗင်းနစ်မြို့သား မာကိုပိုလိုသည် ဟန်ကျိုမြို့ကြီးကို ရောက်ရှိခဲ့ဘူးသည်၊ ထိုအချိန်က ကမ္ဘာ့လူဦးရေ အများဆုံးမြို့အဖြစ် မှတ်တမ်းတင်ခဲ့သည်၊ တရုတ်ဂျူးများ စတင်အခြေချရာ နေရာလည်း ဖြစ်ခဲ့သည်။
အိန္ဒိယ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် ဟင်ဒီဘုန်းကြီးများသည် ဟန်ကျိုတွင် လာရောက် နေထိုင်ခဲ့ဘူးသော သမိုင်း အထောက်အထားများ ရှိခဲ့သည်၊ ဟန်ကျိုမှ တရုတ် ဗုဒ္ဓဘာသာ ရဟန်းတော်များသည် အိန္ဒိယပြည် နာလန္ဒာ Nalanda နှင့် တခြားဘုန်းကြီးကျောင်းများတွင် သွားရောက် ပညာသင်ကြားခဲ့ကြသည်၊ ဟန်ကျိုမှတဆင့် ဂျပန်နှင့် ကိုရီးယားသို့ ဗုဒ္ဓဘာသာ ရောက်ရှိသွားသည်လို့ မှတ်တမ်းများနှင့် ပညာရှင်များကဆိုကြသည်၊ ဟန်ကျို လင်ရင်စု ဘုရားကျောင်းနှင့် ဘုရားဆင်းတု ပုံစံများသည်၊ ဂျပန်နှင့် ကိုရီးယားတို့မှာ ပုံစံနဲ့ အရမ်းတူညီပေသည်၊ ဂျပန်ပြည် နယားမြို့က ပထမဦးဆုံး ဂျပန် ဗုဒ္ဓဆင်းတုတော်သည် လက်ရှိ ဟန်ကျိုရှိ လင်ရင်စု ဘုရားကျောင်းက ဆင်းတုတော်ပုံနဲ့ တစ်ပုံစံထဲပင်ဖြစ်သည်။
ရှန်ဟိုင်းမှ ဟန်ကျိုသို့ bullet train နဲ့လိုက်ပါရသည်၊ guide ကဟော်တယ်ကနေ ဘူတာရုံထိလိုက်လာပြီး ရထားပေါ် တင်ပေးလိုက်သည်၊ ကျနော်နှင့်အတူ နောက်ထပ်လေးယောက် စုစုပေါင်း၅ယောက်ဖြစ်သည်၊ တစ်နာရီလောက်စီးပြီး ဟန်ကျိုသို့ရောက်သည်၊ နောက် guide တစ်ယောက် အဆင်သင့်စောင့်နေသည်၊ ကျနော်စီစဉ်ခဲ့သည်က personal private tour ဖြစ်သည်၊ ကိုယ်ကြိုက်ရာကို ရွေးချယ်သွားသော ခရီးစဉ်ဖြစ်ပါသည်၊ ဘူတာမှာလာကြိုသော guideက ကျနော်ကို ဗန်ကားလေးစီခေါ်သွားသည်၊ ခဏနေ အဖိုးကြီးနှင့်အဖွားကြီး လင်မယားနှစ်ယောက် ရောက်လာသည်၊ ကျနော်နှင့်အတူ သွားကြမဲ့သူများဖြစ်ပါသည်၊ စုစုပေါင်း ကျနော်တို့ သုံးယောက်ဖြစ်သည်၊ guide က ရှယ်လီဆိုသော အမျိုးသမီးဖြစ်သည်၊ အသက်သုံးဆယ်ကျော် ပဲရှိသေးသည်၊ အော်စီနဲ့ မလေးရှားတွင် နေထိုင်ခဲ့ဘူးသည် ဆိုသည်၊ အဖိုးကြီးနှင့်အဖွားကြီးက အမေရိကန်တွေဖြစ်သည်၊ တိဘက် ဗုဒ္ဓဘာသာကို လိုက်စားကြသူများဖြစ်သည် ကျနော်ရွေးသော ခရီးစဉ်အတိုင်း လိုက်ကြမည်သူများဖြစ်သည်
ကျနော်တို့၏ ခရီးကို West Lake နဲ့အစပြုလေသည်၊ သိုင်းစာအုပ်များတွင် အနောက်ပင်လယ်ကန်ကြီးဟု လူသိများသော West Lake 西湖 သည် ဟန်ကျို မြို့နဲ့ခွဲ မရပေ၊ အလွန်လှပသော ကြည့်စရာရှုခင်းများနှင့် မြို့၏ကျက်သရေဆောင်ဖြစ်သည်၊ ဘေးပတ်ဝန်းကျင်တွင် တောင်ကုန်း တောင်တန်းများ ပန်းခြံများ မြို့ပြအဆောက်အဦးများဖြင့် လှပတင့်တယ်စွာရှိသည်၊ မိုးထဲ နှင်းထဲ အေးခဲလှတဲ့ကြားထဲက West Lakeက ရေလယ်ကျွန်းကို မော်တော်ဘုတ်လေးဖြင့် ထွက်ခဲ့ကြသည်၊ အဖိုးကြီးတို့စုံတွဲက ဘေးတံခါးကို အနည်းငယ်ဖွင့်က ဓါတ်ပုံရိုက်လို့နေလေသည်၊ ကျနော်ကတော့ မှန်ထဲကပင် ဟိုကြည့်ဒီကြည့် ကြည့်လိုနေသည်၊ ရှယ်လီကလည်း ပါးစပ်က အဆက်မပြတ်ရှင်းပြလို့နေသည်၊ ရေလယ်ကျွန်းတွင် တွမ်ရှောင်လို့ခေါ်သော တံတားတစ်ခုရှိသည်၊ Broken Bridge လို့လဲခေါ်သည်၊ တံတားပေါ်လျှောက် ရှုခင်းတွေ ဓါတ်ပုံရိုက်ပြီး၊ တံတားဟိုဘက်ထိပ်ထိသွားရသည်၊ တံတားသည် ကွေ့ကွေ့ကောက်ကောက်နဲ့ ရှည်ပါသည်၊ တံတားကို ဖြောင့်ဖြောင့် မဖေါက်ရခြင်းမှာ သရဲတွေ မလိုက်နိုင်အောင်လို့ ဆိုသည်၊ တရုတ်သရဲတွေက ခုန်ဆွခုန်ဆွနဲ့ ဖြောင့်ဖြောင့်ပဲသွားလို့ရသည်လို့ ဆိုကြသည်၊ ဒီတံတားနဲ့ ဒီကန်ကြီးတွင် အဖြူရောင်မြွေနတ်သမီးဇာတ်လမ်း ခေတ်စားခဲ့ဘူးသည်ဟု ရှယ်လီကပြောပြပါသည်၊ တရုတ်ရိုးရာပုံပြင်များ၊ ရာဇဝင်နှင့် သိုင်းဇာတ်လမ်း အများအပြားသည် ဒီအနောက်ပင်လယ်ကန်ကြီးကို နောက်ခံထားခဲ့ကြသည်ဟု ဆိုပြန်သည်။
တံတားဟိုဘက်ထိပ်က ဘုတ်ပြန်စီးကာ ဆိပ်ကမ်းကိုပြန်လာပြီး ‘လီဖုန်တ’ Leifeng Temple ဘုရားကျောင်းကို ထွက်ခဲ့ကြသည်၊ ပြန်လည်ပြုပြင်ထားသော ရှေးဟောင်းဘုရားကျောင်းဖြစ်သည်၊ ထိုမှာ ရှိသော စကျင်ကျောက် ရုပ်ပွားတော်တစ်ဆူသည် မြန်မာပြည်က ဖြစ်နိုင်သည်ဟု ကျနော်ထင်မိသည်၊ အောက်ထပ်တွင် ပြခန်းနှင့်ဈေးဆိုင်လေးတွေရှိသည်၊ ဓါတ်လှေခါးဖြင့် အပေါ်တက်ပြီး ဟန်ကျိုမြို့ကြီးနဲ့ အနောက်ပင်လယ်ကန်ကြီးကို တစ်ဝကြီးကြည့်နိုင်သည်။
ထိုမှတဆင့် ‘ရုဝမ်ရှန်ဂုံရင်’လို့ခေါ်တဲ့ Jade Emperor Hill ကိုသွားခဲ့ကြသည်၊ ဘုရားကျောင်းတွေ အများကြီးပဲရှိသည်၊ ပိုးပြတိုက်လည်း အနားမှာရှိသည်၊ နာမည်ကြီး စားသောက်ဆိုင်များလည်း ရှိသည်၊ ညကြရင် ဒီနားက စားသောက်ဆိုင်ကို ငါပြန်ခေါ်လာမယ်ဆိုပြီး ရှယ်လီကပြောသည်၊ ယခုသွားသော နေရာများသည် အနောက်ပင်လယ်ကန်ကြီး၏ အနီးနား နေရာများဖြစ်ပါသည်။
နောက်တော့ ကျနော်တို့ လျှိုဟိုတ စေတီသို့ထွက်ခဲ့ကြသည်၊ ‘လျှိုဟိုတ’ 六和塔 ကို Liuhe Six Harmonies Pagoda လို့ကျော်ကြားသည်၊ ဘုံအဆင့်ဆင့်ဖြင့် ဆောက်ထားသော မန်ချူးပုံစံစေတီဖြစ်သည်၊ မရင်းမှာ ဟန်တရုတ်ပုံစံဖြစ်သောလည်း ပြည်တွင်းစစ်အတွင်း ပျက်စီးခဲ့သည်၊ မင်နှင့် ချင်မင်းဆက် နောက်ဆုံး မန်ချူးမင်းဆက်တွင် ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သည်၊ ဗုဒ္ဓဘုရား၏ ၆မျိုးသော ordinances ကို ပေါင်းစည်းထားခြင်းဟု အဓိပ္ပါယ်ရသည်၊ တောင်ပေါ်သို့တက်ရသည်၊ လမ်းခရီးသည် အေးသောအချိန်ဖြစ်သောလည်း လက်ဖက်ခင်းများ စိုက်ခင်းများဖြင့် လှပပါသည်၊ ပန်းစိုက်ခင်းတစ်ခုတွင်ရပ်ကာ နေ့လည်စာ စားကြသည်၊ အချိန်က နေ့လည်စာနဲ့ ညနေစာ ပေါင်းစားသလိုဖြစ်နေသည်၊ အေးလွန်းလှ၍ ဘယ်သူမှ ပန်းခင်းထဲ လိုက်မကြည့်ကြပါ။
အပြန်တွင် ‘ဘိုချုတ’ Baochu Pagoda ကိုဝင်ပို့ပြန်သည်၊ ရှယ်လီသည် ကျနော်တို့ ဗုဒ္ဓဘုရားကျောင်းတွေ သွားချင်တယ်ဆို၍ ရှိသမျှ ဘုရားတွေ စေတီတွေ လိုက်ပြနေတာလား ကျနော်မသိပါ၊ ဟော်တယ်ကိုပို့ပေးပြီး ည ၆နာရီခွဲ လာခေါ်မည်ပြောသည်၊ တစ်ရေးအိပ်စရာ အချိန်မရတော့ပါ၊ ထိုညက အနောက်ပင်လယ်ကန်ကြီးဟု လူသိများသော West Lake ကန်ဘေးက ကမ္ဘာကျော် စားသောက်ဆိုင်ကြီးတွင် ကျနော်တို့ ညစာစားသောက်ခဲ့ကြသည်၊ West Lake၏ နာမည်ကြီး ဒိုကိုရုံ Dongpo ဝက်သား၊ ကြာဖက်နဲ့ထုပ်ထားသော ဝက်ထမင်း荷叶粉蒸肉အနောက်ပင်လယ်ကန် ငါးချိုချဉ်ကြော်၊ အော့ဖန်လို့ ခေါ်တဲ့ အနောက်ပင်လယ်ကြာစေ့ ပူတင်းတို့ကို West Lake ဝိုင် နဲ့ စားသောက်ဖြစ်ခဲ့သည်။
နောက်နေ့မှာတော့ အနည်းငယ်ဝေးသော ‘ဟုပေါင်မန့်ချွှင်’ Tiger Dreaming Spring သို့ထွက်လာခဲ့သည်၊ လမ်းတွင်မိုးတွေရွာလာသည်၊ မိုးရပ်သွားသောအခါ မိုးခဲတွေကျလာသည်၊ ရာသီဥတုအေးနေသောကြောင့် ဖြစ်သည်၊ တကယ်တော့ ရှေးတုန်းက ဘုန်းကြီး တစ်ပါး တရားထိုင်သော တောရ တစ်နေရာဖြစ်သည်၊ တစ်ခါသောအခါ ဒေသတစ်ခုလုံး မိုးခေါင်လေသည် ထိုဘုန်းကြီးက အဓိဋ္ဌာန်ပြီး ရေထွက်စေခဲ့သည်၊ ရေထွက်သာ နေရာသည် ကျားရှိသောနေရာဖြစ်သဖြင့် Tiger Spring ဟု ခေါ်သည် ဆိုသည်၊ မိုးထဲ နှင်းထဲ အေးခဲလှတဲ့ကြားထဲက ထိုနေရာလေးသည် အလွန်လှပပါသည်၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီလေးရှိသည်၊ လမ်းတော်တော်လျှောက်ရသည်။
ထိုမှတဆင့် Dragon Well Tea Plantation သို့ ထွက်လာခဲ့ကြသည်၊ တော်တော်လေးသွားရပါသည်၊ အေးအေးချမ်းချမ်းထဲတွင် လိုက်ကြည့်ရင်း နေ့လ်စာ စားကြသည်၊ မိုးတွေမရွာရင် သိပ်ကောင်း သိပ်လှတဲ့နေရာပေါ့လို့ ရှယ်လီကပြောပါသည်၊ ဒီဒေသသည် တစ်နှစ်တွင် ရက်ပေါင်း၂၀၀ကျော် မိုးရွာသည်လို့ဆိုသည်၊ ပြီးနောက် ‘လင်ရင်စု’ ဘုရားကျောင်းသို့ Lingyin Temple ကျနော်တို့ထွက်လာခဲ့ပါသည်၊ လင်ရင်စု ဘုရားကျောင်းသည် တရုတ်ပြည်၏ ကြီးကျယ်သော ဘုန်းကြီးကျောင်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်၊ တောင်နှင့်အနောက်ပိုင်း တရုတ်ပြည်တွင် အကြီးဆုံး ဗုဒ္ဓဘုရားကျောင်းလည်းဖြစ်ပါသည်၊ ယနေ့တရုတ်ပည် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားမှု၏ အဓိက တစ်နေရာလည်းဖြစ်သည်၊ ထိုကျောင်း၏ နာမည်ကြီး ဆရာတော်တစ်ပါးကို တရုတ်အစိုးရကရော ပြင်ပနိုင်ငံများကပါ လေးစားကြသည်ဆိုသည်၊ ရှယ်လီပြောသည့် ဆရာတော်နာမည်သည် ကျနော့်အတွက် တော်တော်မှတ်ရခက်၍ မမှတ်တော့ပါ။
တကယ်တော့ လင်ရင်စု ဘုရားကျောင်းသည် တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိပါသည်၊ သွားရင်းလာရင်း နာမည်ကြီး ဘုရားများကို ဖူးသွားရသည်၊ အနည်းငယ်လျှောက်လိုက်သော အခါ ကျောက်နံရံပေါ်တွင် ဗုဒ္ဓဘုရားပုံများ ရဟန်းပုံများ ဥတည်ဘွားပုံများ ထုထားသောနေရာကို ရောက်ပါသည်၊ ထုံးကျောက်ဂူများ အများအပြားလည်းရှိသည် ဂူတော်တော်များများတွင် ဗုဒ္ဓဘုရားပုံနှင့် ဗုဒ္ဓဝင်များပုံများ ထုထွင်းထားသည်၊ ထိုနေရာကို ‘ဖိလိန်ဖန်’ Feilai Feng ဟု ခေါ်လေသည်။
ထိုမှဆက်သွားသောအခါ ဘုန်ကြီးကျောင်း အများအပြားကိုတွေ့ရသည်၊ ဘုန်းကြီးများ ထောင်နဲ့ချီရှိကြောင်း ရှယ်လီကပြောပြသည်၊ လင်ရင်စု ဘုရားကျောင်းသည် နှစ်ပေါင်း၁၇၀၀ နီးပါရှိလေပြီ၊ ပြည်တွင်းစစ်ဒဏ်ကို အကြိမ်ကြိမ်ခံဘူးသည်၊ ကွန်မြူနစ် တပ်နီဝင်ရောက်၍ ယဉ်ကျေးမှုတော်လှန်းရေး ကာလကိုလည်း ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်၊ လင်ရင်စု ဘုရားကျောင်းကို အင်ပါယာ၏ ခွင့်ပြုချက်ဖြင့ိန္ဒိယဗုဒ္ဓဘာသာ ရဟန်းတစ်ပါးက စတည်ထောင်ခဲ့သည်၊ ရဟန်းအမည်ကို ခွေ့လီ Hui Li လို့ ရှယ်လီကပြောပြသည်၊ တပ်နီဝင်ရောက်လာသောအခါ ကျောင်းကြီးနဲ့ ကျောင်းပတ်ဝန်းကျင်ကို ဖျက်ဆီးခဲ့သေးသည်၊ ဘုန်းကြီးတစ်ချို့ကို အလုပ်ကြမ်းစခန်းသို့ ပို့ပစ်ခဲ့သည်၊ တိန်ရှောင်ဖိန် အာဏာရလာ၍ ပြုပြင်ပြောင်းလဲရေး လုပ်သောအခါ ဒီကျောင်းကြီး ပြန်လည်ပြုပြင်ရေးလည်း လုပ်ခဲ့ပါသည်၊ ဘုန်းကြီးအချို့ကို ဦးဆောင်စေပြီး တိန်ရှောင်ဖိန်ကိုယ်တိုင် ပြန်လည်ဖွင့်ပေးခဲ့သည်၊ ယနေ့အချိန်တွင် လူလတ်ပိုင်းနှင့် လူငယ်များမှာ တရုတ်ရိုးရာဗုဒ္ဓဘာသာကို လေ့လာလိုက်စား လာကြသည်မှာ ဒီကျောင်းကြီး စည်ကားနေသည်က သက်သေပြလို့နေပါသည်။
လင်ရင်စု ဘုရားကျောင်းသည် အတော်ကျယ်ပါသည်၊ နိုင်ငံခြား ခရီးသွားများ အများအပြားလာရောက်ကြ၍ သန့်ရှင်းသပ်ရပ်လို့ နေသည်၊ အင်္ဂလိပ်၊ ကိုရီးယား ဂျပန် လမ်းညွှန်များရှိသည်၊ ဝင်ကြေးပေးပြီးသောအခါ လွတ်လပ်စွာ ကြည့်ရှုခွင့်ရှိသည်၊ ကြိုက်သလို ဓါတ်ပုံရိုက်လို့ရသည်၊ မြန်မာပြည်မှာလို ရိုင်းစိုင်းစွာ ကင်မရာခွန်လိုက်တောင်းမဲ့သူမရှိပါ၊ ဝင်လို့မရသည့် နေရာကို ဝင်လို့မရကြောင်း ညွှန်ပြထားသည်၊ စီစီကင်မရာများက နေရာမလွတ်ပေ၊ ဝန်းထဲတွင် ဘုရားကျောင်းဆောင်များ အများအပြားရှိ၍ ကျနော်အတွက် ကျောင်းတွေရောလို့နေသည်၊ ထင်ရှား၍ အရေးကြီးသော ဘုရားကျောင်း ခုနှစ်ကျောင်း ရှိသည်ဆိုသည်၊
ိန္ဒိယရဟန်း ပြာအိုးရှိရာ လီကုံထ ဘုရားကျောင်း
ရှင့်ဝမ်တင့် Heavenly King ဘုရားကျောင်း
ပင်မကျောင်းကြီး Grand Hall 
ရောက်ဆွေးတင့် ခေါ် ဆေးပညာကျောင်း
Sutra Library စာကြည့်တိုက်
ဝှားရန်တင့် စင်္ကြာမုနိဗုဒ္ဓကျောင်း
ဝုပိုင်လိုဟန်တန် ရဟန္တာ ၅၀၀ကျောင်း (Hall of Five Hundred Arhats)
တို့ဖြစ်သည်။
ရှင့်ဝမ်တင့်နှင့် ပင်မကျောင်းကြီးမှတော့ ဆုတောင်းဆုယူပြုသူများ အများအပြားပင်၊ အမွှေးတိုင်ကြီးငယ်ဖြင့် ပူဇော်နေကြသည်၊ စာကြည့်တိုက်ထဲတွင် ဘုန်းကြီးတစ်ပါးနဲ့ စကားပြောဖြစ်ခဲ့သည်၊ အမေရိကားမှာ စာသင်ဘူးသည်ဆိုသည်၊ ဒီကျောင်းကြီး၏ ဘာသာပြန်ခြင်း အလုပ်ကို သူအဓိကလုပ်ကိုင်နေသည် ဆိုသည်၊ မဟာစည် ဆရာတော်၏ ဝိပဿနာအခြေခံနှင့် အရှင်ဇနကာဘိဝံသ၏ စာအုပ်အချို့ကို သူဖတ်ဘူးသည်၊ တရုတ်ဘာသာသို့ အနည်းငယ်ပြန်ဆိုဘူးသည်ဆိုသည်၊ သာဓုခေါ်လိုက်မိပါသည်၊ လိုက်ဘရီမှ လက်ဆောင် စာလွှာလေးတစ်ခု ဝယ်ဖြစ်ခဲ့ပါသည်။
ဝုပိုင်လိုဟန်တန် ရဟန္တာ ၅၀၀ကျောင်းကတော့ အကြီးကြီးဖြစ်ပါသည်၊ တရုတ်တို့ ယုံကြည်သော ရဟန်း များကို ကြေးသွန်းရုပ်ကြီးများ သွန်းလုပ်ပူဇော်ထားခြင်းဖြစ်ပါသည်၊ အလယ်တည့်တည့်မှာတော့ Bodhisattvas ရုပ်တုကြီးရှိပြီး ကမ္ဘာအမြင့်ဆုံးလို့ရေးထားသည်၊ ကျနော်ကတော့ ဗိုလ်တစ်ထောင်က ကျော်ဟိန်းဘုရားကြီးလောက်ပဲ ရှိမယ်ထင်သည်၊ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ကြေးသွန်းရုပ်တု အကြီးကြီးများ တစ်စုတစ်ဝေးရှိသော နေရာတစ်ခုဖြစ်သည်မှာ သေချာပါသည်၊ ဝင်္ကပါလို လျှောက်သွားရသည်၊ တရုတ်ရိုးရာဗုဒ္ဓဘာသာ အယူအဆ  တရုတ်စာလုံး ဖြန့် (), ခွေ့(), အီ(), ကုန်() ကို အခြေခံကာ ဆောက်လုပ်ထားခြင်း ဖြစ်သည်ဟုဆိုသည်၊ နောက်ဆုံး ပင်မဟောကြီးသို့ပြန် စင်္ကြာမုနိဘုရားမှာ ဆုတောင်းရင်း လင်ရင်စု ဘုရားကျောင်းခရီးစဉ်ကို အဆုံးသပ်လိုက်သည်၊ ဟော်တယ်အထိ ပြန်ပို့ပေးသော ရှယ်လီကို ကျနော်တို့ တစ်ယောက် တစ်ရာစီ ဘောက်စူးပေးလိုက်ပါသည်၊ ရှယ်လီလည်း ပျော်ရွှင်စွာပြန်လို့သွားခဲ့ပါသည်။
ဒီညကတော့ Free & easy မို့၊ ဟန်ကျို၏ Night life ညအလှကိုကြည့်ကာ ဈေးဝယ်ထွက်ဖို့စိတ်ကူး လိုက်ပါသည်၊ မနက်ဖြန် ရှန်ဟိုင်းပြန်ရတော့မည် မဟုတ်ပါလား၊ မိုးထဲ နှင်းထဲ အေးခဲလှတဲ့ကြားထဲက ဟန်ကျို ခရီးစဉ်သည် ပြီးဆုံးခဲ့ပါသည်။
ကျေးဇူးတင်ပါသည်
sosegado
ကိုးကား
http://eng.hangzhou.gov.cn/   http://en.lingyinsi.org/
Tiger Spring


west lake


လျှိုဟိုတ စေတီ




လင်ရင်စု ဘုရားကျောင်း



ဝုပိုင်လိုဟန်တန်


 ‘ဖိလိန်ဖန်’ Feilai Feng



28 comments:

goldfish said...

လည်ချင်တဲ့ တစ်နေရာ တိုးသွားပြီ

ကျေးဇူးတင်ပါတယ်။

TTW

San San Htun said...

ဟန်ကျိုးက West Lake မှာ ဓာတ်ပုံရိုက်ထားတဲ့ အစ်မတစ်ယောက်ပုံကို ဖေ့ဘွတ်မှာ မြင်ဖူးတယ်...တော်တော်သာယာတာပဲ..ဒီပို့ စ်ဖတ်ရတော့မှပဲ လည်စရာ တော်တော်များများရှိမှန်း သိတော့တယ်...မိုးမရွာရင် ဓာတ်ပုံတွေ ပိုလှမှာ...ရှန်ဟိုင်းအကြောင်းလည်း ရေးပါဦး...

ပန်းအိ said...

ကိုဏီလင်း FB Comment ကနေ တွေ့လို့ ပထမဦး ဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး ဟန်ကျို အကြောင်းကို စိတ်ဝင်စားစွာ ဖတ်ရှု့ရင်း ခေတ်အဆက်ဆက် မင်းဆက် တွေရဲ့အကြောင်းလေးတွေကိုပါ ခံစားသွားခဲ့ပါတယ်

blackroze said...

မိုး မရွာရင် လည်ရတာ ပိုကောင်းမယ်နော်
တရုတ်ပြည်က ရှု့ ခင်းကတော့ တကယ်လှတယ်..

ဟန်ကြည် said...

တရုတ်ဂျူးဆိုတာ သည်တစ်ခါပဲ ကြားဖူးသေးတယ် ကိုဆိုဆီရေ...တရုတ်ပြည်ရှုခင်းတွေလည်း လှပါ့ဗျာ...ကျေးဇူးဗျို့...

Anonymous said...

Why visitors ѕtill make սse off too read news papers when in this technological աorld everything iis availаble on net?


ʜave а look at my homepage bitcoin price

Anonymous said...

Before signing the loan agreement read the terms & conditions of the loans and fixed interest charges carefully to avoid any
future trouble. The reason that cannabis became such a huge issue was the launch
of a massive smear campaign against marijuana lead by Harry J Anslinger from 1930
to 1937. At the slightest indication of personal injury, contact an attorney and
find out how to stop the personal injury.

My site ... dofus abonnement

မြသွေးနီ said...

သရဲခြောက်ဖို့လာတာ လှပတဲ့ရှုခင်းတွေနဲ့ ကြည်ညိုဖွယ်ရာဘုရားပုံတော်တွေ မြင်ပြီး ဒေသန္တရဗဟုသုတလဲရ၊ စိတ်လဲ ကြည်နူုးခဲ့ရပါတယ်။ မြန်မာပြည်ခရီးလဲ ရေးပါဦး။ သို့သော် ပြပွဲမှာ ဓာတ်ပုံရိုက်ဖို့ အတင်းခေါ်မိသူကိုတော့ ချန်ရေးပါနော်.. :)

Anonymous said...

I have learn several good stuff here. Certainly worth bookmarking for revisiting.
I wonder how much effort you put to make such a great informative web
site.

Also visit my web page nutella Chocolate - Msgame.org.Ua,

Anonymous said...

I'm not sure exactly why but this webb site is loading incredibly slow for me.

Is anyone else having this issue or is it a issue on my end?
I'll check back later on and ssee if the problem still
exists.

Here is my blog buy ammo online

Anonymous said...

Wɦen somеone writes an paragraph he/she maintains the iɗea
of a user in his/her brain that hօw a user can understand it.
So that's wҺy this piece of writing is outstdanding. Thanks!


My Ьlog; google

Anonymous said...

I absolutely love yοur website.. Grеat colors
& theme. Ɗid yօu make tҺis amazing site yoսrself?
Pleаse reply back as I'm attempting tο create mү owո personal blog aոd would love to know wɦere
you got thiѕ ffrom οr whаt the theme iѕ named. Тhanks!


Feeel free to visit my homepage - porn xxx

Anonymous said...

What a material of un-ambiguity and preserveness of
valuable familiarity on the topic of unexpected emotions.


Stop by my web blog :: Jewel Epic Hack

Anonymous said...

I have read so many content regarding the blogger
lovers however this post is truly a pleasant piece of writing, keep it up.


Feel free to surf to my web page ... tabletten zum abnehmen

Anonymous said...

Cards you may not see as any big deal are possibly very valuable.
Doctors and commercials depicting a nervous little frowning circle extolling the benefits of Zoloft have come
to call this fear Social Anxiety, but it is simply fear.
To begin with, Magic: the Gathering and the Wow
Trading Card Games use a standard card dimensions.

Also visit my blog post Yu Gi Oh Bam Hack

Anonymous said...

When the cartilage around the knee has completely disappeared, replacement is really the only option.
It is the most natural and healthful material for our skin
and can keep our skin as well as our hair moisture and shiny.
What we should consider are: shape, height and quality.


Feel free to visit my page; spirit stones hack no survey

Anonymous said...

An interested guy will hardly decline any request you create to him.
The nation is going to be in total chaos in a matter of days, and many will be
begging the government to do something to help you.
It engenders confidence and trust within your business.


Also visit my blog post: &12458;&12531;
ラインゲーム おす
すめ

Anonymous said...

This way you can still get your message out in video form on the Internet and still have time and energy to run your business
as you wish. If Google doesn't have a video on the first two or three pages, that's maybe
a good sign, maybe not. No matter how comfortable you are with this, there are tips that anyone can
learn easily:.

My blog :: online video - http://mrvideoman.tumblr.com/post/81172381348/alea-casino-promo-video-by-sync-or-swim -

Anonymous said...

I visited various websites but the audio feature for audio songs existing at
this website is actually fabulous.

Feel free to surf to my web-site - Dragon City Gems
Hack ()

Anonymous said...

Very nice post. I just stumbled upon your blog and wanted to say that I
have really enjoyed surfing around your weblog posts.
In any case I'll be subscribing to your rss feed and I hope you write once more
very soon!

Also visit my homepage - guide casino en ligne

Anonymous said...

Yes! Finally something about how to take garcinia cambogia.


my site :: miracle garcinia cambogia

Anonymous said...

Amazing blog! Is your theme custom made or did you download it from somewhere?
A design like yours with a few simple tweeks would really make my blog jump out.
Please let me know where you got your theme.

Appreciate it

Also visit my web-site; briana lee

Anonymous said...

Hi there, yes this post is actually fastidious and
I have learned lot of things from it concerning blogging.
thanks.

Feel free to visit my web-site - fuckbuddies
()

Anonymous said...

Hey! I know this is kind of off topic but I was wondering if you
knew where I could find a captcha plugin for my comment form?
I'm using the same blog platform as yours and I'm having trouble finding one?
Thanks a lot!

My blog post: scleroderma treatment guidelines

Anonymous said...

Hello! I just wanted to ask if you ever have any trouble with hackers?
My last blog (wordpress) was hacked and I ended up losing a few months
of hard work due to no data backup. Do you have any methods to stop hackers?


Review my web page: autocad 2015 keygen

Anonymous said...

Thanks for finally talking about > "ဟန်ကျို (Hangzhou) 杭州 သို့တစ်ခေါက်" < Loved it!

Also visit my site; how to grow taller

Anonymous said...

Allow us to discuss a couple of essentials of digital photography.
The takeaway here is that while Zynga may go, don't give up
on Facebook. The Ganoderma Advantages of this caffeine operates miracles for joint fatigue, nervous and
pain program answers.

Have a look at my page Pandora Bracelets Sale

Anonymous said...

very useful post! I'm responding on upper comment : "Who wants another upgrade? Be ready to get new programs for your PC"?.



Feel free to surf to my website buy AutoCAD Revit MEP Suite 2012