Wednesday, February 16, 2011

ကျနော့်နာမည် ခန် (My name is Khan)


နာမည်တစ်ခုကို အစပြုပြီးဖြစ်သွားတဲ့ ဇာတ်လမ်းလေးကိုရိုက်ထားတဲ့ Bollywood ရုပ်ရှင်ကားတစ်ကားဖြစ်ပါသည်၊ ပြသသွားတာ တစ်နှစ်ရှိပေမဲ့ ခုမှကြည့်ဖြစ်ပါသည်၊ post 9/11 America ရဲ့အခြေအနေတစ်ချို့ကိုတင်ပြသွားသလို၊ အစ္စလာမ်နှင့် တစ်ခြားသူတွေရဲ့ခြားနားမှုတွေကို ပြသွားသလို၊ အစွန်းရောက်တွေရဲ့ လွဲမှားတဲ့အမြင်တွေကို ဖေါ်ပြသွားသည်၊ ဥပမာ ဂျီဟတ် နှင့် ကိုရာဘာနီ စကရီဖိုင်းတွေကိုရှင်းပြသွားသည်၊ ခရစ်ယာန်တွေကိုပဲ လူရာသွင်းချင်သော အမေရိကန်အသိုင်းအဝိုင်း အချို့ကို ထောက်ပြသွားတာက အကြိုက်တွေ့စရာပါပဲ၊ အထူးသဖြင့် လူသားနှစ်ဦးရဲ့ ပေါင်းသင်းဆက်ဆံရေး၊ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှုတွေကို ထိခိုက်စွာတင်ပြသွားတဲ့ ဒါရိုက်တာ Karan Johan ကိုလေးစားမိပါသည်၊ သရုပ်ဆောင်ကောင်းတဲ့ ရှရွတ်ခန် Shah Rukh Khan နှင့် ကာဂျို Kajol တို့ အပီသရုပ်ဆောင်နိုင်ကြပါသည်။


ဇာတ်လမ်းအကျဉ်းကတော့၊ ကုလားပြည်က ကိုလိုနီနာမည်ဘုံဘေမှ မူဘိုင်းလို့ ပြောင်းထားတဲ့မြို့စွန်လေးဆီက အဖွားကြီးတစ်ယောက်မှာ သားနှစ်ယောက်ရှိသည်၊ သားကြီးကပုံမှန်မဟုတ် ဒါပေမဲ့သူမှာထူးခြားချက်တွေရှိတယ်၊ ပြင်တာပြုတာဝါသနာပါသည်၊ သားငယ်က စာတော်သည်၊ လူတွေကအရူး ကျပ်မပြည့်လို့သတ်မှတ်ထားတဲ့ သားကြီးကိုပဲဦးစားပေးတဲ့အမေကို သားငယ်ကသိပ်မကျေနပ်၊ သားငယ် ၁၈နှစ်အပြည့်မှာ အမေရိကကို စကောလားရှစ် ပညာသင်ခွင့်ရပြီး အဲဒီမှာပဲအခြေချနေထိုင်ဖြစ်ခဲ့သည်၊ အိမ်ထောင်ကျတော့ အမေကို အမေရိကကိုခေါ်ရာ၊ သားကြီးမပါရင်မလိုက်ဟုဆိုခဲ့သည်၊ ခေါ်ယူဘို့စီစဉ်နေတုန်းမှာပဲ အမေဆုံးပါးသွားခဲ့သည်၊ ဒီလိုနဲ့ သားကြီး ရစ်ဗန် Rizwan Khan တစ်ယောက် ညီ ဇခရာ Zakir Khan စီရောက်လာခဲ့သည်။


ရစ်ဗန်၏အလေ့တစ်ခုမှာ စကားတွေကို အမှတ်ရစေသည်၊ တစ်ခါတစ်လေ ထပ်တလဲလဲပြောသည်၊ နဖူးထိပ်က ဆံပင်လေးကို ကိုင်လေ့ရှိသည်၊ လက်ထဲတွင် ကျောက်ခဲလေးတွေကိုလှည့်ပြီး ပုတီးစိတ်သလို လုပ်နေလေ့ရှိသည်၊ ညီစီရောက်ရောက်ချင်းမှာပဲ ညီရဲ့မိန်းမ ဟာဆီယာက ဆလမ်မာလေးကွမ်းဘိုင် ဟုနှုတ်ဆက်ရာမှအစပြုပြီး ရစ်ဗန်သည် Asperger’s Syndrome ဝေဒနာခံစားနေသူဖြစ်ကြောင်း သိရှိသွားသည်၊ ဟာဆီယာသည် နယူးယောက် ဘရွက်ကလင်းကဖြစ်ပြီး စိတ်ပညာရှင်ဆရာမတစ်ယောက်ဖြစ်သည်၊ ဟာဆီယာ၏ အကူအညီဖြင့် ရစ်ဗန်တစ်ယောက် တိုးတက်မှုရှိလာသည်၊ ဟာဆီယာက သူ့ကိုဗွီဒီယိုကင်မရာလေးဝယ်ပေးသည်၊ လူတွေကြောက်သည်အခါ သုံးရန်ဖြစ်သည်၊ ဘာလို့လဲဆိုတော့ သူကလူတွေကိုဘယ်တော့မှ တည့်တည့်မကြည့်၊ ညီ ဇခရာ ၏အကူအညီဖြင့် Herbal products ရောင်းသူဖြစ်လာသည်၊ သူ၏ပြင်းပြသော အသံတွေကြောက်ရွံ့မှု၊ အဝါရောင်ကို ကြောက်ရွံ့မှုတွေက ဆံပင်ညုပ်တဲ့ကောင်မလေး မန်ဒရာ Mandira နဲ့တွေ့ဆုံစေခဲ့သည်။

တကယ်တော့ မန်ဒရာသည် divorce လုပ်ထားသော သားတစ်ယောက်၏အမေဖြစ်သည်၊ မန်ဒရာသည် မိဘပေးစားသော သူကိုလက်ထပ်ပြီး အမေရိကရောက်လာသည်၊ ထိုနောက်သူ့ခင်ပွန်းက တခြားမိန်းမကိုကြိုက်ပြီး အိမ်ထောင်ပြိုကွဲသွားသည်၊ သူ့တွင် ဆာမိခေါ် ဆမ်ဟုခေါ်သော သားတစ်ယောက်ရှိသည်၊ ဆမ်သည် သူ့အတွက် အသက် ဘဝဖြစ်သည်။


ညီဖြစ်သူ ဇခရာ က ဟိန္ဒူအမျိုးသမီးတစ်ယောက်ကို လက်မထပ်ရန် တားနေသည့်ကြားက ရစ်ဗန်သည် မန်ဒရာနှင့် လက်ထပ်ဖြစ်ခဲ့သည်၊ တစ်ယောက်က အလာကိုရှစ်ခိုးနေစဉ်မှာ၊ တစ်ယောက်က သီဝဘုရားကို ပူဇော်ကာ ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ရင်း အဆင်ပြေစွာနေထိုင်ခဲ့ကြသည်၊ မန်ဒရာ နှင့်ဆမ်တို့သည် သူတို့၏ ဆာနိမ်းများကို မန်ဒရာခန်နှင့် ဆာမီရာခန်အဖြစ်ပြောင်းလဲခဲ့သည်၊ သူတို့သည် အိမ်နှီးနားချင်းဖြစ်သော ဆာရာ၊ မက်ခ် တို့နှင့် ရင်းနှီးစွာနေထိုင်ကြသည်၊ သူတို့၏သား ရီဆီနှင့် ဆမ်တို့သည် အရင်းနီးဆုံး သူငယ်ချင်းများဖြစ်ကြသည်၊ ထိုသို့ပျော်ရွင်စွာနေထိုင်ခဲ့ကြသော မိသားစုဘဝများသည် 9/11 အဖြစ်အပျက်များက ပြောင်းလဲပစ်လိုက်သည်၊ 9/11နောက်ပိုင်း အမေရိကန်လူဖြူများသည် တောင်အာရှသားများကို အညိုးထားရန်ရှာ ဖျက်ဆီးမှုများလုပ်လာကြသည်၊ အိမ်နီးချင်း မက်ခ်တစ်ယောက် အာဖဂန်မှာ တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားသည်၊ ထိုအတွက် ရီဆီက သူ့အဖေကို မွတ်ဆလင်များသတ်လိုက်သည်ဟု အယူစွဲ၍ ဆမ်ကိုမခေါ်တော့ပေ၊ ဆမ်ကအတင်းလိုက်ခေါ်ရာမှ ဘောလုံးကွင်းတွင် လူငယ်တစ်စု၏ Racial တိုက်ခိုက်မှုကြောင့်သေဆုံးသွားသည်။


မန်ဒရာတစ်ယောက် သားသေဆုံးမှုအတွက် ယူကြုံးမရဖြစ်ရသည်၊ သူ့ကိုယ်သူအပြစ်တင်ရင်း သူသာမွတ်ဆလင် ခန်နှင့် လက်မထပ်ခဲ့ရင်၊ ဆာနိမ်းများကို မန်ဒရာခန်နှင့် ဆာမီရာခန်အဖြစ်မပြောင်းလဲခဲ့ရင် သားဆမ်တစ်ယောက်ဒီလို ရက်စက်စွာ အသတ်ခံရမည်မဟုတ်ဟု ထင်မြင်ပြီး ရစ်ဗန်ခန်ကိုအမုန်းပွားကာ သူ့ရှေ့ကထွက်သွားဘို့တောင်းဆိုလိုက်သည်၊ ရိုးသားသောရစ်ဗန်က သူထွက်သွားပါမည်၊ ဘယ်အချိန်ခါပြန်လာရမလဲမေးရာ၊ လူတွေကိုလိုက်ပြောလိုက်၊ ပြီးရင် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကိုပြောလိုက် ငါ့နာမည်ခန်၊ ငါဟာအကြမ်းဖက် သမားတစ်ယောက် မဟုတ်ဘူးလို့၊ My name is Khan, I am not a terrorist ပြီးရင်ပြန်လာခဲ့လို့ဆိုလိုက်သည်။


ထိုနေ့ကစပြီးရစ်ဗန်တစ်ယောက် သမ္မတကို My name is Khan, I am not a terrorist လို့ပြောရန် ခရီးစထွက်လာသည်၊ လမ်းခရီးတွင် အမေရိကန်မွတ်ဆလင် တစ်ယောက်၏ 9/11နောက်ပိုင်း ခွဲခြားခံရမှုတွေကို ကြုံရသော်လည်း စိတ်မပျက်ခဲ့ပဲ သမ္မတကိုတွေ့ရန်ခရီးဆက်ခဲ့သည်၊ LA ဗလီတွင် အစွန်းရောက်မွတ်ဆလင်များ၏ လှုပ်ရှားမှုများကို FBI ကိုသတင်းပေးခဲ့သည်၊ LA တွင် သမ္မတကိုတွေ့၍ သမ္မတကြီးခင်ဗျား ငါ့နာမည်ခန်၊ ငါဟာအကြမ်းဖက် သမားတစ်ယောက် မဟုတ်ဘူးလို့၊ ပြောနေချိန်မှာပဲ လုံခြုံရေးတွေရဲ့ ရိုက်နှက်ဖမ်းဆီးခြင်းခံရသည်၊ terrorist ဆိုတာနဲ့ကြောက်ကြပုံ အမေရိကန်သမ္မတဂျော့ဘွတ် သေမှာကြောက်ပုံတွေက အမှတ်ရစေသည်၊ ဒါပေမဲ့သူ့ရဲ့ပြောဆိုပုံကို အလုပ်သင် သတင်းထောက်တွေက ရိုက်ယူခဲ့သည်။


ထိုအလုပ်သင် သတင်းထောက်တွေရဲ့ကြိုးပမ်းမှုကြောင့် ရစ်ဗန်တစ်ယောက် မီဒီယာတွင်ထင်ပေါ်လာပြီး နှိပ်စက်မေးမြန်းခံနေရာမှ လွတ်မြောက်လာသည်၊ လူတွေက သူဘာဖြစ်လို့ သမ္မတနှင့် တွေ့ချင်သလဲကို စိတ်ဝင်တစား သိချင်လာကြသည်၊ ရစ်ဗန်တစ်ယောက်ကတော့ သမ္မတနဲ့တွေ့နိုင်ရန် ခရီးဆက်ဆဲပါပဲ၊ ဒီလိုနဲ့ အမေရိကန်မှာ မော်လီမုန်တိုင်းကြီးကျရောက်လာပါသည်၊ ဂျော့ဘွတ်အစိုးရသည် ထိထိရောက်ရောက် ကူညီခဲ့ခြင်းမရှိ မီဒီယာမှ တင်ပြလာမှ နှောင့်နှေးစွာအကူအညီများ လုပ်ဆောင်ခဲ့သည်၊ အထူးသဖြင့် လူမဲအများဆုံးနေထိုင်ရာ ဒေသများကို ကူညီမှုနှေးကွေးခဲ့သည်၊ ထိုအထဲတွင် ဂျော့ဂျီယာက ဝီဟီမိနားဒေသလည်းပါသည်၊ ရစ်ဗန်တစ်ယောက် သူခင်မင်မိတ်ဆွေဖြစ်ခဲ့ရသော မာမာဂျယ်နီ နှင့် ပြောင်ချော်ချော်ဆံပင် ဂျိုးလ် တို့ကိုကူရန်ထွက်လာခဲ့သည်၊ သတင်းထောက်များ ထောက်ခံသူများလိုက်လာပြီး အစိုးရအကူအညီမပါပဲ ကိုယ်ထူကိုယ်ထ ဝီဟီမိနားကိုပြန်လည်ထူထောင်ကြသည်၊ သတင်းထောက်များက ရစ်ဗန်တစ်ယောက် ဘာဖြစ်လို့ သမ္မတနဲ့ တွေ့ချင်တာလဲကို ဖေါ်ထုတ်နိုင်ခဲ့ကြသည်၊ မန်ဒရာတစ်ယောက် ထိုသတင်းကြားပြီး ရစ်ဗန်ရှိရာ ဝီဟီမိနားသို့လိုက်လာသည်၊ တစ်ဘက်တွင်လည်း သား ဆမ်ကိုသတ်သော လူငယ်များကို ရီဆီ၏ဝန်ခံချက်ကြောင့် ဖေါ်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်၊ ရစ်ဗန်၏ကြိုးပမ်းမှုကိုကြည့်ပြီး ရီဆီတစ်ယောက် သူထိမ်ချန်ထားသော ဆမ်သေဆုံးမှုကို ဝန်ခံခြင်းဖြစ်သည်၊ ထူထောင်ရေးလုပ်ငန်း ပြီးခါနီးတွင် သမ္မတပြောင်းတော့မည်ဖြစ်၍ သမ္မတနှင့်တွေ့ရန် ခရီးဆက်ဘို့ အသွားမှာ မန်ဒရာရှေ့မှာပင် မွတ်ဆလင်အစွန်းရောက် တစ်ဦး၏ဒါးဖြင့်ထိုးခြင်းကိုခံလိုက်ရသည်။


ပြန်လည်သတိရလာသောအခါ အမေရိကတွင် သမ္မတအသစ်ဖြစ်နေပေပြီ၊ လင်မယားနှစ်ယောက် သမ္မတနှင့်တွေ့ဆုံရန်ကြိုးစားရာ နောက်ဆုံး သမ္မတ အိုဘားမားနဲ့တွေ့ဆုံခွင့်ရခဲ့သည်၊ ပြီးတော့ My name is Khan, I am not a terrorist ဟုပြောခွင့်ရခဲ့သည်။


ကြည့်၍ကောင်းသော ရုပ်ရှင်တစ်ခုသာဖြစ်ပါသည်၊ ဇာတ်လမ်းထဲတွင် ကြိုက်သောအခန်းများမှာ အမေကသားကို အယူမမှားစေရန်အတွက် ပုံလေးဆွဲပြီး ကမ္ဘာပေါ်မှာ လူနှစ်မျိုးပဲရှိတယ်၊ ကောင်းတာလုပ်သော လူကောင်းများနှင့် ဆိုးတာလုပ်သော လူဆိုးများပဲဖြစ်တယ်၊ ဘယ်ဘာသာကိုးကွယ်ကိုးကွယ် ကောင်းတာလုပ်ရင် လူကောင်း၊ ဆိုးတာလုပ်ရင် လူဆိုးပဲဖြစ်တယ် ဆိုတာကိုပြထားသည်။


နောက်တစ်ခုက သမ္မတဘွတ် George W. Bush ရဲ့ အာဖရိကရန်ပုံငွေပွဲတွင် ခရစ်ယာန်မဟုတ်၍ တက်ရောက်ခွင့်မပေးသောအခါ $500 ပေးပြီး Honey Keep it ‘This is for those who are not Christians in Africa.’ အမေရိကန်ရဲ့ ခရစ်ယာန်ဦးစားပေးမှုကိုလှောင်ခဲ့ပုံ။


ကိုးကွယ်တဲ့ ဘာသာမတူပေမဲ့ ငြိမ်းချမ်းစွာအတူနေထိုင်နိုင်တယ်ဆိုတာကို မွတ်ဆလင်ခင်ပွန်း၊ ဟိန္ဒူအမျိုးသမီး၊ ခရစ်ယာန်အသိုင်းအဝိုင်းနဲ့ လှပစွာပြထားပြီး၊ ဝီဟီမိနားမှာရစ်ဗန်အတွက် church မှာ ပြောင်ချော်ချော်ဆံပင် ဂျိုးလ်တို့က သီချင်းဝိုင်းဆိုပေးတာတွေက ချစ်စရာကောင်းပါသည်။


ပြင်းထန်တဲ့ အမေရိကန်လူဖြူတစ်ချို့က ဒီရုပ်ရှင်ကားကို အဆိုးဝေဖန်မှုတွေလုပ်ခဲ့ပါတယ်၊ အချို့နိုင်ငံတွေမှာ ဆင်ဆာ အဖြတ်များသဖြင့် ဒါရိုက်တာ စိတ်ပျက်ခဲ့သည်ဟုဆိုပါသည်၊ ဒါရိုက်တာ ပေးချင်တာကိုလည်း ကျနော်လည်း ဆင်ဆာဖြတ်လိုက်ပါသည်။


အပြစ်မဲ့လူသားတစ်ယောက်အကြောင်းမဲ့ သေဆုံးခြင်းဟာ လူသားထူကြီးတစ်ရပ်လုံးသေဆုံးခြင်းပါပဲ ဆိုတာကိုပါပဲ။ အမေရိကန်မွတ်ဆလင် တစ်ယောက်၏ 9/11နောက်ပိုင်း ခွဲခြားခံရမှုတွေက၊ အမေရိကမှာ တကယ်ပဲလွတ်လပ်စွာ ကိုးကွယ်မှုရှိပါသလား၊ ဒါဆိုရင် နယူးယောက်မှာ ဗလီတစ်ခုဆောက်ခွင့်ကို ဘာလို့ကန့်ကွက်ကြပါသလဲ၊ ဘယ်လိုပဲဖြစ်ဖြစ်လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကြောင့်လို့ဆိုကြပါတယ်၊ ဒါဆိုရင် တစ်ခြားနိုင်ငံတွေသွားပြီး ဘာလို့ church တွေဆောက်ခဲ့ကြပါသလဲဆိုတဲ့ မေးခွန်းတွေကျန်ခဲ့ပါသည်။


အတွေးထဲမှာတော့ ပြင်းထန်တဲ့ အမေရိကန်လူဖြူတွေလက်ခံရမှာက မွတ်ဆလင်တစ်ဦးရဲ့သား၊ ကျွန်မျိုးနွယ်စုကဆင်းသက်လာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခင်ပွန်းဟာ နိုင်ငံဦးသျှောင် သမ္မတတစ်ယောက်ဖြစ်နေပါပြီ၊ ပြီးတော့သူဟာ အာဖရိကန်သွေးတစ်ဝက်ပါပါတယ်၊ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သမိုင်းမှာ ရာဇဝင်တင်ခဲ့ပါပြီ၊ ဒါအမေရိကန် ဒီမိုကရေစီပါ။

ဒါပေမဲ့ဘုရားသခင်ကလွတ်လိုက်တာဆိုပြီး ရေကူးပြီးတော့ ကျနော်တို့ဆီကိုတော့မလာခဲ့ပါနဲ့လို့။


ရုပ်ရှင်တစ်ကားကိုခံစားခြင်းသာဖြစ်ပါသည်၊ မည်သည့်ဘာသာကိုမှာရည်ညွှန်းခြင်းမရှိပါ။

23 comments:

မေဓာဝီ said...

အဲဒီရုပ်ရှင် မကြည့်ဖူးသေးဘူး။ ကိုဆိုဆီရေးထားတာ ဖတ်ရတာ စိတ်ဝင်စားစရာ ... ။
တကယ်တမ်း လူမျိုးရေး ဘာသာရေး မခွဲခြားဘူး ပြောတာလဲ သူတို့ပဲ၊ တကယ်တမ်း ခွဲခြားနေကြတာလဲ သူတို့ပါပဲ။

အမေက သားကို ရှင်းပြတဲ့ လူကောင်းနဲ့ လူဆိုးပဲရှိတယ် ဆိုတာလေး သဘောကျတယ်။
ဒါနဲ့ ဒါရိုက်တာပေးချင်တာကို ဘာလို့ ဆင်ဆာဖြတ်လိုက်တာတုန်း :)

Anonymous said...

I don't think the opposition is to "have a mosque in NY." It's about "a mosque near Ground Zero." Why not elsewhere in NY but just the targeted Ground Zero?
Just my random thought and quest.

Thanks for the good movie review!

~WM

ကိုဇော် said...

အရင်က အလုပ်မှာ ဟိန္ဒူ ၊ မွတ်စလင် သူငယ်ချင်းတွေ များတော့ ကုလားကားတွေ အတော် ကြည့်ရတာ။ အခုတော့ ရှာကြည့်ပါဦးမယ်။

my name is Kyauk said...

ကုလားကားတော့ သီချင်းတွေဆိုပြီး ကနေမှ ကြိုက်သဗျို့....

Anonymous said...

အဲဒီကား ဦးခြိမ့်က အရမ်းကောင်းတယ်ပြောနေတာကြာပြီ။ ခုချိန်ထိတော့ မကြည့်ရသေးဘူး။ နောင်အားရင်ကြည့်မှာမှို့ ဇာတ်လမ်းအကျဉ်းတော့ ဖတ်မသွားဘူး။

ရှရွတ်ခန်တော့ ကြိုက်တယ်။

တီတီဆွိ

Anonymous said...

အဲဒီကား တကယ်ကောင်းတယ်.. လွဲမှားနေတဲ့မယူတွေကို ဘာသာဝင်ကိုယ်တိုင်က မှားတယ်ဆိုတာကို ထောက်ပြထားတဲ့သဘောရိုက်ထားသလိုပဲ.. Khan သရုတ်ဆောင်တာ အရမ်းကောင်းတယ်.

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားစရာဘဲ
အိန္ဒိယကားတွေမကြည့်ဖြစ်တာ အတော်ကြာပြီ။
ဇာတ်လမ်းလေးကလည်းကောင်း သရုပ်ဆောင်တွေကလည်းကောင်းဆိုတော့
ကိုဆိုဆီညွှန်းတာ မလွန်ဘူး ပြောရမယ်နော်။
ဒါနဲ့စကားမစပ် ဗလီဆောက်ခွင့်၊ ချပ်ခ်ျကျောင်းတွေ ဆောက်ခွင့်ကတော့ မြန်မာမှာလည်း ကန့်သတ်မှုတွေ ရှိပါတယ်။ ဘာသာရေးတို့ နိုင်ငံရေးတို့ဆိုတာကတော့ သိပ်ကျယ်ပြန့်တဲ့ အကြောင်းတရားတွေ ရှိတာမို့ ဆွေးနွေးဖို့ ဥာဏ်မမှီဘူးလို့ဘဲ ပြောပါရစေတော့။

Anonymous said...

ကိုဆိုဆီက မွတ်ဆလင်လား
၉။၁၁မှာ အစွန်းရောက် မူဆလင် တွေက အာလာအော် ပြီး အပြစ်မဲ့တဲ့သူတွေ သတ်ခဲ့တယ် အပြစ်မဲ့သူတွေ ထောင်သောင်းချီ သေခဲ့တဲ့ နေရာမှာဘလီဆောက် ခွင့်ပြုတာ အိုဘာမားကိုယ်တိုင် မွတ်ဆလင်မိုလို့ ခွင့်ပြုတာ
ကိုဆိုဆီက မူဆလင် မဟုတ်ရင် ဒီဘလီဆောက် တာကို လူသားတဦးအနေနဲ့  ဆန့် ကျင်မှာဘဲ။

မွတ်ဆလင်တွေ သတ်လို့ သေခဲ့ရတဲ့ အပြစ်မဲ့သူတွေရဲ့ သချိုင်းမှာ မူဆလင်ဘလီ ဆောက်ပြီးအောင်ပွဲခံတာ လူသားချင်းစာနာစိတ်မရှိတဲ့ မွတ်ဆလင်တွေကသာ ထောက်ခံတာ
မွတ်ဆလင်ဆိုတာ အသက် သတ်ဖို့ ဘဲသင်တာ။ မွတ်ဆလင် အချင်းချင်းလဲ သတ်ဖြတ်ဖို့ ဝန်မလေးဘူး။
ဗုဒဘာသာမြန်မာလူမျိုး ဆိုရင် (နယူးယောက်မှာ ဗလီတစ်ခုဆောက်ခွင့်ကို ဘာလို့ကန့်ကွက်ကြပါသလဲ၊) ဒီစကားမပြောဘူး

Anonymous said...

အပေါကပြောသွားသလိုပဲ New York မှာ ဗလီမဆောက်ရဘူးလို့ မကန့်ကွတ်ကြပါဘူး။ World Trade Center ရှေ့တဲ့တဲ့မှာမို့လို့ ခန့်ကွတ်ကြတာပါ.. It might be disrespect to the deaths or remainder of being attacked on 9/11.. that's what they argued..

"အတွေးထဲမှာတော့ ပြင်းထန်တဲ့ အမေရိကန်လူဖြူတွေလက်ခံရမှာက မွတ်ဆလင်တစ်ဦးရဲ့သား၊ ကျွန်မျိုးနွယ်စုကဆင်းသက်လာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခင်ပွန်းဟာ နိုင်ငံဦးသျှောင် သမ္မတတစ်ယောက်ဖြစ်နေပါပြီ၊ ပြီးတော့သူဟာ အာဖရိကန်သွေးတစ်ဝက်ပါပါတယ်၊ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သမိုင်းမှာ ရာဇဝင်တင်ခဲ့ပါပြီ၊ ဒါအမေရိကန် ဒီမိုကရေစီပါ။"

သမ္မတ ဖြစ်တာ majority vote လို့ဖြစ်တာလေ..

You seem to hate Christians and Americans.

Anonymous said...

ရုပ်ရှင်ကြည့်လိုက်ရင် ပိုရှင်းသွားလိမ့်မယ်လို့၊ ယုံကြည်ပါတယ်၊
ကိုဆိုဆီက အမေရိကန် အချို့ ပြင်းထန်တဲ့ အမေရိကန်လူဖြူတစ်ချို့ လို့သုံးထားပါတယ်၊အမေရိကန်တွေလို့ မသုံးထားပါဘူး၊
အမေရိကန်ရဲ့ အခြေအနေကို အနည်းငယ်လေးထောက်ပြသွားတာပါ၊
ဒါရိုက်တာ ပေးချင်တာကိုလည်း ကျနော်လည်း ဆင်ဆာဖြတ်လိုက်ပါသည်။ ဆိုသည်ကလည်း မနစ်နာစေလိုသည့် သဘောဖြစ်နိုင်သည်၊
မေးထားတာတွေကို ဖြေတဲ့သူကဖြေသွားပါပြီ၊
အမေရိကဇာတ်လမ်းလေးတွေရေးသဖြင့် ကိုဆိုဆီကို လာဖတ်ဖြစ်ပါသည်၊
ကိုဆိုဆီရေးထားသော အရင်စာများအရ မွတ်ဆလင်တစ်ယောက် မဟုတ်တာသေချာသည်။ Post တစ်ခုဖြစ်တဲ့ “လူသစ်” ကိုဖတ်ကြည့်ခြင်းဖြစ်လဲသိနိုင်သည်။
လေးစားလျှက် Min Min

အဖြူရောင်နတ်သမီး said...

ကြည့်ပြီးသွားပြီ
လူမျိုးရေးကို ရိုက်ပြသွားတဲ့ကား..
အရမ်းကောင်းပါတယ်...

ahphyulay said...

အင်း..
ဇာတ်လမ်းမကြည့် ဘူပေမယ့်  ဇာတ်ညွှန်းဖတ်
ရတာနဲ့ တင် ကောင်းနေပြီ၊ ကောင်းတယ်ဆိုတာ
လူတွေကြားထဲမှာ မကြာခဏ ပျောက်ဆုံးနေတဲ့ 
ညီမျှခြင်း တွေကို မီးမောင်းထိုးပြသွားတာပါပဲ။

ShwunMi- said...

မညီမျှတာတွေကတော့ အများကြီးပေါ့ ကိုဆိုဆီ..
ရုပ်ရှင်ထဲကထက် ပိုပြီး ရင်ရှုပ်စရာတွေချည်း..
ဟိုတလောက ကြည့်မိတဲ့ Three Idiots ကိုတော့ တော်တော်ကြိုက်နေတယ်.. သူလည်း မြင်နေကျ Bollywood ကားမျိုးလို မဟုတ်ဘူး။

nyan gyi said...

NY ground zero မှာ တည်ဆောက်ခွင့် မပေးတာတော့ မှန်ပါတယ်၊ မဖြစ်သင့်တဲ့ကိစ္စတစ်ခုမို့ပါ။
ဖတ်ရသလောက် ဒီကုလားကားဟာ လူသားတွေရဲ့ အစွဲအလန်းတွေကို ဖယ်ထုတ်ပြီး ငြိမ်းချမ်းစွာ အတူနေနိုင်တယ်ဆိုတာကိုပါပဲ၊ လူတစ်စုကြောင့် တစ်ဖွဲ့လုံးကို လူဆိုးလို့သတ်မှတ်လို့ မရဘူးဆိုတာကိုပါပဲ၊
ဘာပဲဖြစ်ဖြစ် ကုလားကားတွေ မကြည့်ရတာနှစ်နဲ့ချီပြီ၊ ဖရီးကြည့်နိုင်တဲ့ လင့်လေးရှိရင်ပေးပါအုံး။

Anonymous said...

Please! Is there link to watch this move online?
Free 

Anonymous said...

ကိုဆိုဆီ ပြောပြတာ ဖတ်ရင်း စိတ်ဝင်စားဖို့တော်တော်လေးကောင်းတယ်..
ဘယ်ဘာသာကို ကိုးကွယ် ကောင်းတာလုပ်ဖို့အရေးကြီးတယ် သေခြာတာပေါ့နော်..။
မြတ်မွန်

ရွှေစင်ဦး said...

ကိုဆိုဆီ ရေ

ရုပ်ရှင် မကြည့်ရသေးပေမဲ့ အပြောကောင်းတဲ့ အတွက် ခံစားလိုက်ရပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မြစ်ကျိုးအင်း said...

လူမျိုး ၂မျိုးပဲ ရှိတယ်တဲ့ ကောင်းလိုက်တဲ့ မတ်ဆေ့ပါပဲ။ သိပ်သဘောကျတယ်။

မိုးယံ said...

အဲဒီ ရုပ်ရှင်ကြည့်ဖြစ်အောင် စီစဉ်ရဦးမယ်...

ဝေါထရိတ်ရှေ့မှာ ဆောက်ဖို့ စီစဉ်တာကတော့ သူတို့အကျင့်ပါပဲ... အမေရိကန်က ခွင့်မပြုပေမယ့် ဆူးလေ စေတီကို မြိုလောက်စေတဲ့ ဗလီမျိုးကို ဗမာ အစိုးရက ခွင့်ပြုတာကို စဉ်းစားနေတုန်းပဲ.. ကိုကလဲ ငတုံးကိုး.. ဒါနဲ့ ဟာဂ်ျ လုပ်တဲ့ မက္ကာဆိုတဲ့ ရွှေမြို့တော်မှာလဲ ချာတ်ကျောင်း မရှိဘူးဆိုလားပဲ... နယူးယောက်မှာ ဗလီရှိသလောက် မက္ကာမှာလဲ ချာတ်ကျောင်းရှိသင့်တာပေါ့... စေတီရှိသင့်တာပေါ့..လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်ဆိုရင်ပေါ့လေ...

ရိုးရိုး လူသားအမြင်နဲ့ပြောကြည့်ချင်တာကတော့ လူက အပြစ်မဲ့သူတွေကို မသေစေသင့်သလို... အ ဟိတ်တိရစ္ဆာန်တွေကိုလည်း မညှင်းဆဲသင့်ဘူး... ထင်တာပဲလေ.

Anonymous said...

ကြည့်၍ကောင်းသော သရုပ်ဆောင်ကောင်းသော ရုပ်ရှင်ဖြစ်ပါတယ် ကြည့်သင့်ပါတယ်

လသာည said...

မနေ့ကပဲ ဌားကြည့်လိုက်တယ်..

တော်တော်ကြည့်ကောင်းတယ်။ ကိုယ်တိုင်လည်း အတွေးတွေများများ ရလိုက်တယ်။

ရွှေပြည်သူ (ShwePyiThu) said...

ကြားဖူကတည်းက စိတ်ဝင်စားပေမယ့် ခုထိမကြည့်ဖြစ်သေးတဲ့ ဇာတ်ကားတစ်ကားပါ။ 9/11 ရဲ့ သက်ရောက်မှုတွေက သူတို့တွေအပေါ်မှာလည်း တော်တော်ပြင်းထန်မယ်လို့ တွေးမိပါတယ်။ အခုလို ပြည့်ပြည့်စုံစုံ ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် အစ်ကိုရေ...

Anonymous said...

yes. I agree with there is only 2 kind of person in the world. One is good and one is bad. But have to look wait and see those muslim..because they are very serious type of person and always find opportunity to pursuade other ppls to change their religious to theirs. And always serious and easy to kill ppl who is against them. There is lots of events in history which show what they did... I dun hate muslim but also not trust on them...