Friday, September 17, 2010

မျက်ဝန်းလဲ့ပြာရီ (၂)

 
မန္တလေး  ရွှေဝိုင်းတွင် အလုပ်ဖြစ်နေသည့် ကျနော်ကို အဖေက ရေရှည်လုပ်ငန်းမဟုတ်နိုင်ဟု ဆိုကာတကြောင်း မဟူရာမင်းသမီးတို့ဘက်ကို တင်းနေသည်ကတကြောင်းဖြင့် ရန်ကုန်ရှိအဒေါ်လုပ်ငန်းကို လေ့လာခိုင်းသည်ဆိုကာ ရန်ကုန်ကိုပို့လိုက်သည်၊ အဒေါ်လုပ်ငန်းသည် အရင်ကအဖေ့စိတ်ကူး ဖြစ်ပြီး အဒေါ်ကိုပေးလုပ်ခဲ့ခြင်းဖြစ်သည်၊ ထိုလုပ်ငန်းကိုစိတ်မဝင်စားသဖြင့် နိုင်ငံခြားထွက်မယ်ဆိုပြီး လေ့လာနေချိန်ဖြစ်သည်၊ စံရိပ်ငြိမ်က ဆရာတစ်ယောက်ဆီမှာ အင်္ဂလိပ်စာတက်နေသည်၊ အားနေသည်ကများသဖြင့် ‘မျက်ဝန်းလဲ့ပြာရီ’ ရဲ့အဖေါ်ဖြစ်ခဲ့ရသည်။

‘မျက်ဝန်းလဲ့ပြာရီ’ နှင့်ရင်းနှီးမှု့သည် တဖြည်းဖြည်းပိုတိုးလာခဲ့သည်၊ သူ့အခက်အခဲတော်တော်များများကို ဖြေရှင်းပေးသူသည် ကျနော်ဖြစ်လာပြီး၊ ကျနော့်ကိစ္စတွေအတွက်တိုင်ပင်ဖေါ်သည် ‘မျက်ဝန်းလဲ့ပြာရီ’ ဖြစ်လာသည်။ သူ့အိမ်မသိအောင်လုပ်သည့် ကိစ္စအားလုံးနီးပါးသည် ကျနော့်ဆီက အကြံဥာဏ်များသာဖြစ်သည်၊ တကယ်တော့ မျက်ဝန်းလဲ့ပြာရီတို့ အသိုင်းအဝိုင်းနှင့် မဟူရာမင်းသမီး တို့အသိုင်းအဝိုင်းသည် သိပ်မထူး၊ မျက်ဝန်းလဲ့ပြာရီတို့က နိုင်ငံခြားကိုအရမ်းအထင်ကြီးသည်၊ သားတွေသမီးတွေအားလုံးကို ဆရာဝန်တွေ အင်ဂျင်နီယာတွေဖြစ်စေချင်သည်၊ ရာထူး ပိုက်ဆံကို ကြည့်ပြီးခွဲခြားဆက်ဆံတတ်သည်၊ မဟူရာမင်းသမီးတို့က ဆွေစဉ်မျိုးဆက်ဂုဏ်ကိုမက်သည်၊ အလုပ်အကိုင်မယ်မယ်ရရမရှိလည်း ဘယ်သူ့သား ဘယ်သူ့မြေးနဲ့ဖြစ်နေသည်၊ အထည်ကြီးပျက်တွေကြားမှာ ဝိုင်းလည်နေသည်၊ မန္တလေး၏ ထုံးစံလားမသိ၊ ရာထူး ပိုက်ဆံကို ကြည့်ပြီး မခွဲခြားဆက်ဆံသော်လည်းပဲ၊ အိမ်ထောင်ဘက်ရွေးရာတွင် ဘာတွေရှိမှ ဘာတွေတင်မှ လုပ်တတ်သည်၊ ထို့အတွက် ခိုးပြေးလိုက်ပြေးသည်ကများသည်။

မဟူရာမင်းသမီးသည် ကျနော်ကို တကယ်ချစ် တကယ်ကြိုက်သည်၊ အသားဖြူသည့်ကြားက အနက်ရောင်ဝတ်စုံကို ကြိုက်နှစ်သက်စွာဝတ်တတ်သည့်အတွက် မဟူရာမင်းသမီး ဖြစ်လာသည်၊
သူငယ်ချင်း၏အစ်မ ကျနော်ထက် အသက်သုံးနှစ်လောက်ပိုကြီးသည်၊ ဆေးဖက်၊ လက်ဖက်ခြောက်၊ ဂျုံ လုပ်ငန်း၊ ကုန်စည်ဒိုင် စသဖြင့်ဆွေစဉ်မျိုးဆက်ချီကာ အသိုင်းအဝိုင်းကြီးသည်၊
တွဲဖြစ်ကြသည့်နောက် သူငယ်ချင်း၏ စိန်ခေါ်ခြင်းကိုခံရသည်၊ ဘိုးတော် (မဟူရာမင်းသမီး၏အဖေ)က လုံးဝသဘောမတူ၊ မဟူရာမင်းသမီးလည်း ကိုယ်ရံတော်တွေနဲ့ဖြစ်သွားသည်၊ မန္တလေး တက္ကသိုလ်မှာ ဆရာမပြန်လုပ်တော့လည်း သူ့မှာမလွတ်လပ်တော့ အကြိုအပို့တွေနဲ့ဖြစ်သည်၊ ထိုအချိန်က ကျနော်က ရွှေဝိုင်းတွင် ကျင်လည်နေချိန်၊ ပိုက်ဆံကိုကောင်းကောင်းရှာတတ်နေပြီ်၊ ပတ်ဘလစ်ကာကားတောင် ကိုယ်ဟာကိုယ် ဝယ်စီးနိုင်သည်၊ အဲဒါတောင် အင်ဂျင်နီယာ မလုပ်ပဲ အရေမရအဖတ်မရတွေလုပ်နေသည် ဟုပြောခံရသည်၊ ရွှေဝိုင်းမှာ ကျနော့်ဆရာက ကိုဘဲဥ ဖြစ်သည် RITဆင်းပြီး အင်ဂျင်နီယာမလုပ်ပဲ ဝိုင်းတွင်ဆရာတဆူဖြစ်နေသည် ကျနော့်ထက် တော်တော်စီနီယာကြသည်၊ အင်ဂျင်နီယာ မလုပ်တော့ ဘာဖြစ်လဲကွာ ငါတို့က အင်ဂျင်နီယာတွေကို ဝယ်လို့ရတယ်ကွဆိုပြီး၊ ရွှေချောင်းတွေကို ရိုက်ပြသည်၊ ဘယ်လိုပဲဖြစ်ဖြစ် မဟူရာမင်းသမီးသည် ကိုယ်ရံတော်တွေကြားမှ မန္တလေး တက္ကသိုလ်ကနေ ကျနော့် ပတ်ဘလစ်ကာကား ပေါ်ပါပါလာတတ်သည်။
ကျနော်ကတော့ စိုင်းဆိုင်မောဝ်ရဲ့ ‘ပိုနေမြဲကြားနေမြ’ဲ သီးချင်းလေးကိုဆိုကောင်းနေစဲ။

ကြာလာတော့ ကျနော့်အဖေကလည်းတင်းလာသည် ရန်ကုန်ကိုလွတ်လိုက်သည်၊ ကျနော်ရန်ကုန်ရောက်လာရသည်၊ ထိုအတွက် မိဘများသည် သားသမီးတွေကို သူတို့ဖြစ်စေချင်တာများကို ဖြစ်စေချင်တာများ၏ ဆိုသည့်အဆိုကို ကျနော် အပြည့်အဝ ယုံကြည်လိုက်သည်။

မျက်ဝန်းလဲ့ပြာရီသည် မဟူရာမင်းသမီးတို့ အသိုင်းအဝိုင်းကို ရေရေလည်လည် ပုတ်ခပ်သည်၊ တစ်ခါမှာတော့ မျက်ဝန်းလဲ့ပြာရီသည် မဟူရာမင်းသမီးကို ဗါလင်တိုင်းနေ့ ရန်ကုန်ကို မဖြစ်မနေ အရောက်လာခဲ့ရန် ကျနော်ကို ဖုန်းဆက်ခိုင်းသည်၊ ကျနော်လည်း မဟူရာမင်းသမီးကို ချစ်ရင်လာခဲ့ရန် ငါ့ဘဝအတွက် အရမ်းအရေးကြီးတယ် ဘာညာဖြင့် ဇွတ်လာရန် ဖုန်းဆက်ခေါ်သည်၊ မဟူရာမင်းသမီးက ကျနော်အတွက်ဆို သူဖြစ်အောင်လာခဲ့ပါမည်ဆိုသည်၊ ကျနော်က တွေ့လား မဟူရာမင်းသမီးက ငါ့ကိုဘယ်လောက်ချစ်သလဲဆိုရင် ဟုဆိုကာပြန်ကြွားလိုက်သည်၊ တစ်ပတ်လောက်နေတော့ မဟူရာမင်းသမီးက သူရန်ကုန်သွားမည့်ကိစ္စ သူ့အဖေ သိသွားသဖြင့် ဘယ်လိုလုပ်ရမှန်းမသိတော့ကြောင်း ဖုန်းဆက်လာသည် ကျနော်က လာကိုလာရမည်ဖြစ်ကြောင်း ဇွတ်အတင်းပြောရာ နောက်ဆုံး မဟူရာမင်းသမီး၏ ငိုသံများကကျနော်ကို နူးညံ့သွားခဲ့သည်၊ မိန်းခလေးများ၏ အကောင်းဆုံးလက်နက်တစ်ခုသည် မျက်ရည်များမဟုတ်ပါလား။
ထို့အတွက် မျက်ဝန်းလဲ့ပြာရီက မဟူရာမင်းသမီးကို အချစ်ကိုတန်ဘိုးမထားတဲ့မိန်းမ ဘာဘာညာညာဖြင့် တွေ့ရင်ပယ်ပယ်နယ်နယ် ပြောပြစ်လိုက်ချင်တယ်ဟုဆိုကာ အပြစ်တင်သည်၊ ကျနော် နောက်မှပြန်စဉ်းစားမိသည်မှာ ငါဘာဖြစ်လို့ မျက်ဝန်းလဲ့ပြာရီပြောတိုင်းလုပ်တာလဲလို့၊ အဲဒီလိုကြားထဲက ဗါလင်တိုင်းနေ့တွင် ကျနော်တိတ်တဆိတ် မန္တလေးပြန်သွားကာ မဟူရာမင်းသမီးနှင့် ဘုရားကြီး အနောက်ဘက် ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တွေ့ဖြစ်ကြသည်၊ တကယ်တော့ ကျနော်နှင့် မဟူရာမင်းသမီးတို့ နောက်ဆုံးတွေ့ဆုံခြင်းဆိုတာ နှစ်ဦးစလုံးမသိခဲ့ကြပါ။

ကျနော်ရန်ကုန်ပြန်ရောက်လာသောအခါ မျက်ဝန်းလဲ့ပြာရီသည် ကျနော်ကိုမခေါ်တော့၊ တစ်ပတ်တိတိကြာတော့ မပြီးပြတ်သေးတဲ့ အလုပ်တွေလာလက်စသပ်ပေး အဲဒီအတွက်လာခေါ်တာဆိုပြီး ပြန်ခေါ်ဖြစ်ကြသည်၊ လောကကြီးတွင် နားလည်ရအခက်ဆုံးအရာများတွင် မိန်းခလေးတို့၏ စိတ်လည်းပါသည်။
မျက်ဝန်းလဲ့ပြာရီနှင့် မဟူရာမင်းသမီးတို့ တွေ့ဆုံခဲ့ခြင်းမရှိခဲ့ပါ။
………………………………………………………………………………………

‘မောင်’ ဟုခေါ်သံကြောင့် အတွေးတို့ရပ်တန့်သွားသည်၊

‘နိုးလာပြီလား၊’ဟုမေးလိုက်မိသည်၊
နောက်ကျနေပြီနော် မြန်မြန်လုပ်လိုက်မယ်ဆိုကာ ရေချိုးခန်းထဲဝင်သွားသည်၊
ဒီလိုနဲ့ ကျနော်တို့နှစ်ယောက် Time square ဘက် ရုပ်ရှင်ကြည့်ရန် လမ်းလျှောက်ထွက်လာသည်၊ AMC အစား Regal ရုပ်ရှင်ရုံတွင်ကြည့်ကြရန် ဆုံးဖြတ်လိုက်ကြသည်၊ Stadium theater ဖြစ်လို့ဖြစ်သည်၊ ရုပ်ရှင်ရွေးရာတွင်တော့ Salt, The American, The Expendables နောက်ဆုံး မောင့်သဘော မောင့်သဘော ဖြစ်နေ၍ The Expendables ပဲရွေးလိုက်သည်၊ ရုံနံပါတ်က 13 နောက်ဆုံးပေါ်RPX technology ရုံ၊ ကြည့်တဲ့လူက ဆယ်ယောက်လောက်ပဲရှိသည်ထင်သည်၊ ရုံတင်ထားတာကြာပြီဆို၍ဖြစ်မည်၊ ဇာတ်ကားထဲတွင် မင်းသားတစ်ယောက်က  မြန်မာပတ္တမြားလက်စွပ်ကို ချစ်သူကိုလက်ဆောင်ပေးရန် ကြိုးစားခဲ့သည် ချစ်သူကတခြားသူရှိနေလေတော့ မပေးဖြစ်ခဲ့ချေ၊ စတားလုံး၏ ဂျက်လီအပေါ် ပညာသားပါပါ နှိမ်သည့်ဇာတ်ကွက်များကိုကြည့်ကာ လူအများစုကို လူအနည်းစုကာ နိုင်ကာပြီးသွားခဲ့သည့် ရိုက်စားဇာတ်လမ်းဖြစ်ပေမဲ့၊ ဇာတ်လမ်းကိုမကြည့် ကျနော်တို့နှစ်ယောက် တိုးတိုးနဲ့ စကားပြောဖြစ်ခဲ့ကြသည်၊ မောင်နောက်ခါလာရင် ပတ္တမြားလက်စွပ်ယူခဲ့ပေး၊ ရုပ်ရှင်အရွေးမှားတယ် The American ရွေးရမှာ မင်းသားမိုက်တယ် ၊ Salt ဆိုရင် မင်းသမီးမိုက်တယ်၊ RPX ဆိုတာ too loud, too large, too expensive စသဖြင့်ပေါ့ ၊ ထိုနေ့က ကျနော်တို့နှစ်ယောက်ညစာကို ည ၁၂ နာရီမှ စားဖြစ်ကြသည်၊ ဟော်တယ်ပြန်ရောက်တော့ မနက် ရှစ်နာရီခွဲအမှီ Liberty jetty ကိုသွားရမည်ဆိုပြီးတန်းအိပ်ဖြစ်ကြသည်။

မနက် ၆နာရီလောက် ကျနော်နိုးလာသည် မထသေးပဲ အိပ်ပျော်နေဆဲ မျက်ဝန်းလဲ့ပြာရီ၏ နဖူးကို နှစ်ချိုက်စွာနမ်းလိုက်မိသည်၊
………………………………………………………………..

ရည်းစားမဟုတ်သော ကောင်မလေးတစ်ယောက်ကို နှစ်ချိုက်စွာနမ်းဘူးပါသလားလို့မေးရင်၊ နမ်းဘူးပါသည်ဟုဖြေရပါမည်၊ တချိန်တုန်းက မျက်ဝန်းလဲ့ပြာရီ၏ နဖူးလေးကို ကျနော်နှစ်ချိုက်စွာနမ်းခဲ့ဘူးပါသည်၊ ထိုအချိန်က ကျနော်တို့သည် ချစ်သူရည်စား မဟုတ်ကြသေးပါ၊ ကျမ၏အရင်းနှီးဆုံးသူငယ်ချင်းဟု မျက်ဝန်းလဲ့ပြာရီက သတ်မှတ်ထားသည်၊ စကားလေးနည်းနည်း လွန်သွားတာနဲ့ ‘ကျမတို့က အရင်းနှီးဆုံးသူငယ်ချင်းတွေနော်’ ဟုဆိုကာ အပြုံးလေးနဲ့ ကျနော်ကိုနှစ်သိမ့်စေခဲ့သည်၊ တစ်နေ့မှာ အလုပ်မှာလည်း ဆရာဝန်မကြီးတစ်ယောက်က အနိုင်ကျင့်၊ အိမ်မှာလည်း သူ့အမေနဲ့ အကြီးအကျယ်စကားများ၊ မျက်ဝန်းလဲ့ပြာရီတစ်ယောက် ကျနော်ရင်ဘတ်ထဲဝင်ကာ ရှိုက်ကြီးတငင်ငိုပါတော့သည်၊ ကိုယ်တွေ့လက်တွေ့ မိန်းခလေးတစ်ယောက်၏ ရှိုက်ကြီးတငင်ငိုခြင်းကို ကျနော်မကြုံဘူးပါ၊ သူဘာဖြစ်လို့ ဒီလောက်ငိုတာလည်း ကျနော်မသိပါ၊ ကျနော်ကိုလည်းမပြော၊ သူ့ရဲ့ဆံပင်တွေကို ပွတ်သတ်ရင်းချော့နေမိသည်၊ တစ်ချိန်မှာတော့ သူ့ရဲ့နဖူးလေးကို နှစ်ချိုက်စွာနမ်းလိုက်မိသည်၊ အငိုတိတ်စေရယ်လို့ပေါ့၊ မျက်ဝန်းလဲ့ပြာရီတစ်ယောက် သူ၏မျက်လုံးရွဲကြီးများဖြင့် ကျနော်မျက်နာကို စိုက်ကြည့်ရင်း ‘ကျမတို့က အရင်းနှီးဆုံးသူငယ်ချင်းတွေနော်’ ဟုဆိုကာ အငိုတိတ်သွားခဲ့သည်၊ ကျနော်အတွက် ယနေ့တိုင်သတိရနေဆဲ အနမ်းတစ်ခုပါ။

တကယ်တော့ နိုင်ငံခြားထွက်မယ်ဆိုတဲ့ ကျနော်ထက် မျက်ဝန်းလဲ့ပြာရီတစ်ယောက် နိုင်ငံခြားကိုဦးစွာထွက်သွားခဲ့သည်။ ရန်ကုန်မြို့ကို လည်ရင်းပတ်ရင်းနဲ့ ကျနော်တို့နှစ်ယောက် တောင်ဥက္ကလာပဘက်က အကြားအမြင် ဆရာမလေးတစ်ယောက်ဆီ ရောက်သွားဘူးသည်၊ ဆရာမကို မေးခွန်းသုံးခုမေးနိုင်သည် မေးချင်သည့် မေးခွန်းတွေကို စာရွက်ပေါ်တွင်ရေးထားရသည်၊ ဆရာမသည် စာရွက်ကိုမကြည့်ပဲ ထိုမေးခွန်းသုံးခုလုံးကိုဖြေဆိုသည်၊ ထိုနေ့က ကျနော်မမေးပါ မျက်ဝန်းလဲ့ပြာရီသည် သူမေးချင်သောမေးခွန်းတွေကို စာရွက်ပေါ်ရေးထားလိုက်သည်၊ ကျနော်တို့ကလဲ့ရောက်သောအခါ၊ ဆရာမသည် နှစ်ယောက်စလုံး နိုင်ငံခြားရောက်မယ်၊ အခက်အခဲများစွာနဲ့ နောက်ဆုံးအဆင်ပြေမယ်၊ အိုအောင်မင်းအောင်ပေါင်းရမယ်၊ ဆရာမက ကျနော်ဘက်လှည့်ကာ ခံနိုင်ရည်ရှိအောင် အသင့်ပြင်ထားဟု အဆစ်ဖြေသွာသေးသည်၊ ထိုအချိန်က မျက်ဝန်းလဲ့ပြာရီတစ်ယောက် နိုင်ငံခြားစကားလုံးဝ မဟ၍လည်း ဆရာမလေး၏ အဖြေများကို ပေါ့ပျက်ပျက်ပင်ထားခဲ့သည်။
သြဂုတ်လရဲ့ မိုးဆက်တိုက်ရွာနေသော နေ့တစ်နေ့ မနက်ရှစ်နာရီလောက် ကျနော်အိပ်နေတုန်း တစ်ယောက်ယောက်ကလာနိုးသည် ကြည့်လိုက်တော့ မျက်ဝန်းလဲ့ပြာရီဖြစ်နေသည်၊ ကျနော်အိမ်၊ ကျနော်အခန်းသို့ ဘယ်လိုရောက်လာပါလိမ့်၊ နိုးပြီလားဆိုပြီး ကျနော်ရင်ခွင်ထဲဝင်လာကာ ကျနော်ကိုတင်းကျပ်စွာဖက်ထားသည်၊ ကျနော်သည်လည်း အထိတ်တလန့်ဖြစ်ကာ အလိုက်သင့်ပြန်ဖက်ထားလိုက်မိသည်၊ သူ့ကိုလည်း ‘ဘာဖြစ်လာလို့လဲ’ ‘ဘာဖြစ်လာလို့လဲ’ အထပ်ထပ်မေးနေမိသည်၊ မျက်လုံးရိုင်းကြီးတွေနဲ့ ကျနော်ကိုကြည့်ရင်း ‘ဒီနေ့ကျမတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားကြပြီ၊’ ပြောရင်းကျနော်ကိုထပ်ဖက်ပြန်သည်၊ ‘သိပ်ချစ်တယ်မောင်၊’ ‘မောင်လို့ခေါ်တော့မယ်၊ ဟုတ်တယ်မဟုတ်လားမောင်၊’ ‘ မောင်ရောကျမကိုချစ်တယ်မဟုတ်လား’ ကျနော်တကယ် အံ့အားသင့်နေမိသည် မေးခွန်းတွေက ရင်ထဲမှာအများကြီး၊ အလိုက်သင့်ပြန်ဖက်ထားရင်း အင်းပါ လုပ်မိသည်၊ ‘ကဲမောင် မျက်နှာသစ်တော့ မောင်ကိုကျမစကားတွေ အများကြီးပြောစရာရှိတယ်၊’ ‘ဖုန်းလှမ်းဆက်လိုက်မယ် အိမ်ကိုမလာခဲ့နဲ့၊’ ထိုနေ့က ကျနော်တစ်နေကုန် မျက်ဝန်းလဲ့ပြာရီရဲ့ဖုန်းကို စောင့်နေမိသည်၊ သူဖုန်းဆက်မလာပါ၊ ထိုနေ့က မျက်ဝန်းလဲ့ပြာရီသည် ကျနော်ကို ချစ်သူအဖြစ် သတ်မှတ်ခဲ့သည်၊ ကျနော်တို့နှစ်ယောက် ချစ်သူဖြစ်သွားသည့်နေ့ဟုလည်း ဆိုနိုင်သည်။
……………………………………………..

အတွေးတမှေးမှ ရပ်ကာ ကျနော်ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်၊ ကျနော်ရေချိုးပြီးသောအခါ မျက်ဝန်းလဲ့ပြာရီ နိုးနေပြီဖြစ်သည်၊ မောင်ကအစောကြီးနိုးတာပဲ ကျမရေချိုးလိုက်ဦးမယ် စောင့်နော်ဟုဆိုကာ ပါးကိုအနမ်းလေးပေးပြီး ရေချိုးခန်းထဲဝင်သွားသည်၊ ဒီနေ့ နယူးယောက်ကိုလည်ပြီး နောက်နေ့ကျနော်တို့နှစ်ယောက် မျက်ဝန်းလဲ့ပြာရီ နေထိုင်ရာ Virginia သို့သွားကြမည်ဖြစ်သည်။

ကျနော်တို့ Liberty jetty သို့ ၄၂ လမ်း Time square ဘူတာကနေ ရထားနဲ့သွားဖြစ်သည်၊ Jetty ရောက်တော့လက်မှတ်ချိန်းရသည်၊ Liberty လက်မှတ်ကို မျက်ဝန်းလဲ့ပြာရီက online မှဝယ်ထား၍ဖြစ်သည်၊ Crown ပေါ်တက်သည့်လက်မှတ်ဆို ၃လ လောက်ကြိုဝယ်မှရသည်၊ ကျနော်တို့စီးသည် သဘောင်္သည် ဒုတိယမြောက်ထွက်သော သဘောင်္ဖြစ်သည်၊ Miss New York တဲ့၊
ကျနော်ရော မျက်ဝန်းလဲ့ပြာရီရော Liberty cruise စီးဘူးသော်လည်း Liberty ရုပ်တုကြီးပေါ် တခါမျှမတက်ဘူးပါ၊ မျက်ဝန်းလဲ့ပြာရီကတော့ ‘၁၅၀ ကျော် step တက်ရမယ်ဆိုလို့၊’ ‘မောင်နဲ့ကြ မောမယ်မထင်ဘူး’ ‘ပျော်တယ်မောင်’ ဟုဆိုသည်၊ အပြန်တွင် Ellis Island ကိုလည်းဝင်ဖြစ်သည်။
အပြန် သဘောင်္ပေါ်တွင်၊
‘မောင် နယူးယောက်မြို့ကြီးကိုကြည့်လိုက်ပါမောင်’
‘ဒ်ီမြို့ကြီးက ကျမဘဝကို တစ်ဆစ်ချိုးပြောင်းလည်းသွားစေခဲ့တယ်’
‘ခုလည်း ဒ်ီမြို့ကြီးမှာပဲ မောင်နဲ့ပြန်ဆုံဆည်းရတယ်
ကျမ အမေရိကားကနေ မောင်ဆီ မရမကဆက်သွယ်ခဲ့တာ မောင်မှတ်မိတယ်နော်’
‘မှတ်မိပါတယ်’ဆိုပြီး ကျနော် သူ့အမေးကို ပြန်ဖြေလိုက်သည်၊
‘ကျမရဲ့ အရေးကြီးတဲ့ အချိန်တိုင်းမှာ မောင်နဲ့ဆက်သွယ်လို့ရခဲ့တာ၊ ကျမတို့နှစ်ယောက်ကြားမှာ ထူးဆန်းတဲ့ ဘယ်လိုပြောရမလဲ ဆက်စပ်မှု့ တစ်ခုရှိမယ်ထင်တယ်မောင်၊
ကြယ်ကလေးကူညီလို့လို့ မောင်ပြောရင်ပြောနိုင်ပေမဲ့၊ ကြယ်ကလေးကူညီဖြစ်အောင်လည်း ထူးဆန်းတဲ့တိုက်ဆိုင်မှု့ မဟုတ်လားမောင်၊’
‘မောင် ကျမကိုချစ်တယ်ဆိုတာကို ယုံတယ်၊ မောင်ဆီက အင်းပါ ဆိုတဲ့စကားလေးကြားပြီးကတည်းက ကျမကိုချစ်လားဆိုတဲ့ အမေးကို ထပ်ပြီးမမေးတော့ဘူး၊ ကျမရဲ့ယုံကြည်ချက်ကို ဘယ်လိုနည်းနဲ့မှ သံသယ မဖြစ်ချင်ဘူး၊’
‘မောင်ကျမကို စိတ်နာလားဟင်၊’
‘မောင်ကျမကို ခုဘယ်လိုမြင်သလဲ၊’
‘မျက်ဝန်းလဲ့ပြာရီ’ လို့မြင်တယ်၊ ပြန်ဖြေလိုက်တော့၊
ဟင်းဟင်းဟင်း ရယ်သံလေးနဲ့အတူ ကျနော်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်၊
‘သိပ်ချစ်တယ်မောင် ရင်နှင့်အမျှပါ၊’
‘မောင်ဟာ ကျမကို နားအလည်ဆုံး၊’
ကျနော်လည်းသူကို တင်းကျပ်စွာဖက်ထားရင်း ပတ်ဝန်းကျင်ကို ခေတ္တမေ့ထားလိုက်သည်၊
နယူးယောက်မြို့ကြီးကိုကြည့်ရင်း စကားတွေပြောနေသော မျက်ဝန်းလဲ့ပြာရီကိုကြည့်နေမိသည်၊ ကြယ်ကလေးသည် မျက်ဝန်းလဲ့ပြာရီရဲ့ကျောင်းနေဖက် ဆရာဝန်မတစ်ဦးပါ၊ အရင်ကသူ့ရဲ့ အမျိုးသားအလုပ်လုပ်ရာ ဆိုက်ပရပ်တွင်လိုက်နေသည်၊ အမျိုးသားကသဘောင်္လုပ်ငန်းဆိုတော့ စကာင်္ပူကို ခဏခဏရောက်ဖြစ်ကြသည်၊ နောက်ဆုံး စကာင်္ပူတွင်ရုံးလာထိုင်သည်၊ မျက်ဝန်းလဲ့ပြာရီသည် ကြယ်ကလေးမှတဆင့် ကျနော်အကြောင်းတွေသိနေသည်၊ ကျနော်ကတော့ မျက်ဝန်းလဲ့ပြာရီရဲ့အကြောင်းတွေကို မသိချင်ပဲ တစ်နေရာမှာ သိမ်းထားဖြစ်သည်၊
ခုတော့ သူရဲ့အချိန်နှင့်အမျှ မြိုသိပ်ထားတဲ့ ခံစားချက်တွေကို နားထောင်နှစ်သိမ့်ဘို့ ကျနော်နေခဲ့ခြင်းမဟုတ်ပါလား၊ တစ်ခါတစ်လေမှာ ကိုယ့်ခံစားချက်တွေကို သိမ်းထားပြီး တစ်ခြားသူရဲ့ ခံစားချက်တွေကို မျှဝေခံစားနားလည်ပေးလိုက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်ဟု ကျနော်ယူဆပါသည်။
မောင်ဟိုမှာကြည့်စမ်း ဒီဘက်က Brooklyn ဟိုမမြင်ရတဲ့ဘက်က Queens ပေါ့၊ ကျမနယူးယောက်မှာလေးနှစ်နေခဲ့တာ Queens မှာ အများဆုံးပေါ့၊ Brooklyn မှာ လပိုင်းလောက်ပဲနေခဲ့တာ၊ ဒီကပြီးရင် ကျမတို့ Queensဘက်ကို ရထားနဲ့သွားမယ် မောင်ကိုကျမနေခဲ့တဲ့နေရာပြမယ် အလွှမ်းပြေပေါ့၊
သဘောင်္ပေါ်ကဆင်းကာနီး တစ်ဦးနှင့်တစ်ဦး ကြင်နာနေသော အသက်၇၀ အရွယ် အဖိုးကြီးအဖွားကြီး စုံတွဲကိုပြသည်၊ မောင်ဟိုမှာတွေ့လား သူ့တို့ကြင်နာနေကြတာလေ၊
ကျမလည်း စိတ်ကူးယဉ်ထားတယ် စီမံထားတယ်ဆို ပိုမှန်မလား၊
ဘဝရဲ့ နောက်ဆုံးအချိန်တွေကို မောင်နဲ့အတူ ကုန်ဆုံးချင်တယ်
နောက်ဆုံးထွက်သက်တောင်မှ မောင်လက်ပေါ်မှာ ထွက်သွားချင်တယ်
နွေရာသီ အိမ်လေးကို ဟို ကနေဒါနယ်စပ် Thousand Island မှာဝယ်မယ်၊
ဆောင်းရာသီနှင့်တခြားရာသီတွေမှာ ဖလော်ရီဒါ မဟုတ်ရင် ဟာဝိုင်အီ မှာနေမယ်၊ ကျမ ကယ်လီဖိုးနီးယားကို မကြိုက်ဘူး၊
မယုံမရှိနဲ့ မောင်
I’m American. I have a plan. You have to follow me.
ကျမစိတ်ကူးတွေကရယ်ရသလား မောင်၊
အကောင်းဆုံးဖြစ်မယ်ထင်တာပဲ လို့ ရိုးရိုးလေးပြန်ဖြေလိုက်မိသည်။

ကျနော်တို့ ရထားနဲ့ Queensဘက်သို့ထွက်လာခဲ့သည်၊ Grand central တွင်ရထားချိန်းသည်၊ Queens ဘက်ကိုရောက်တော့ ရထားသည် မြေအောက်မှာမဟုတ်တော့ အပေါ်ကသွားသည်၊ ၁၀၃ လမ်း Corona Palaza မှ ကျနော်တို့ပြန်လှည့်လာသည်၊ ဒီ လမ်း၄၀ lowery streetမှာ ကျမနေခဲ့တာ၊ လမ်း၆၀ Woodside မှာလည်းနေဘူးတယ်၊ ဒီရထားလမ်းခရီးကို ကျမကြိမ်ဖန်များစွာစီးခဲ့ဘူးတယ်၊ ခုမောင်နဲ့အတူတူစီးနေရပြီ၊ ယုံမလားတော့မသိဘူး မောင်နဲ့အတူတူစီးချင်တယ်လို့ စိတ်ကူးတွေယဉ်ခဲ့ဘူးပါတယ်၊

ခံစားချက်အပြည့်နဲ့ မခံချင်စိတ်အပြည့်နဲ့ မိန်းခလေးတစ်ဦးဟာနယူးယောက် ကိုရောက်လာခဲ့တယ်၊
ကယ်လီဖိုးနီးယားကလာခဲ့တဲ့ ကျမအတွက် နယူးယောက်ဟာ တမျိုးဖြစ်နေပေမဲ့ အစဉ်ပြေပါတယ်၊
ကျမရဲ့ ပထမဦးဆုံးအလုပ်က စိန်ရွေးတာပဲ၊ နောက်တော့ အလုပ်လုပ်နေရင်းနဲ့ Madeline ဆိုတဲ့ ဂျုးအမျိုးသမီးကြီးနှင့် ကျမခင်မင်ခဲ့တယ် သူကိုကျမက မန်ဒီလို့ခေါ်တယ်၊ သူက အမေရိကန် ပယဆေးတွေရောင်းတယ်၊ ကျမဆရာဝန်ဆိုဟာသူသိသွားပြီး သူဆီကိုခေါ်ခဲ့တယ်၊ ဆေးစပ်ဆေးထုပ်နှင့် သူနဲ့ဆေးပညာဖလှယ်ခဲ့တယ်၊ သူက ကျမကို အသက်မွေးဝမ်းကျောင်းပညာသည် တစ်ယောက်ဖြစ်အောင် လမ်းပြပေးခဲ့တယ်၊ သူဆီမှအလုပ်လုပ်ရင်းနဲ့ပဲ ကျမကျောင်းဆက်တက်ဖြစ်ခဲ့တယ်၊ လူထုကျန်းမာရေး နောက်တော့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆေးပညာတွေပါ၊ မောင့်ကိုပြောပြဘူးတယ်ထင်ပါတယ်၊ မောင်မရောက်ခင်ညက သူ့နဲ့ညစာစားခဲ့သေးတယ်၊
ကျနော်က အသေးစိပ်တော့မပြောဖူးဘူး၊ ပြန်ဖြေလိုက်သည်။

ကျမ မဝေ ဆိုတဲ့အမတစ်ယောက်နဲ့နေတယ် သူကအဆောက်အဦးပုံတွေဆွဲတယ် autocad ဟုတ်တယ်မဟုတ်လား၊ မဝေနဲ့ပတ်သက်ပြီး ကျမ အစ်မကြီး မအေးအေးနိုင်နဲ့ခင်ခဲ့ရတယ်၊ မအေးအေးနိုင်က designer တစ်ယောက်ပေါ့ web site ပေါ်မှာ design တွေဆွဲတယ်၊ မအေးအေးနိုင်ဟာ တောင့်တောင့် ခိုင်ခိုင်နဲ့ ယောကျာ်းဆန်တဲ့ အမျိုးသမီးတစ်ယောက်ပေါ့၊ ကျမသူနဲ့ ပတ်သက်ပြီး လောကကြီးအကြောင်း လူတွေအကြောင်းပိုသိလာရတယ်၊ ကျမအခြေကျနေတဲ့ အချိန်မှာကြတော့ မအေးအေးနိုင်တစ်ယောက် လောကကြီးထဲမှာ မရှိတော့ပါဘူး၊ မအေးအေးနိုင် ဆိုပေမဲ့ မအေးနိုင်တဲ့သူဘဝရဲ့တစ်ဆစ်ချိုး အပြောင်းအလဲတွေနဲ့ပါ၊ ယောကျာ်းဆန်တဲ့ သူ့ရဲ့ဘဝထဲကို ကိုသော်ဆိုတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက လူတစ်ယောက်ဝင်ရောက်လာတယ်၊ ကိုသော်ကမြန်မာပြည်မှာ မိန်းမရှိတယ်၊ စကားပြောကောင်းတဲ့ ကိုသော်ဟာ မအေးအေးနိုင်ရဲ့ဘဝဖြစ်ခဲ့တယ်၊ အတူတူနေကြတယ်၊ လက်ထပ်ဘို့ကြံနေတဲ့အချိန်မှာပဲ ကံကြမ္မာကပြောလို့မရဘူးလေ၊ မအေးအေးနိုင်မှာ ကင်ဆာရောဂါ ဖြစ်ခဲ့တယ်၊ ကိုသော်ဟာ မအေးအေးနိုင်ကို လက်မထပ်ခဲ့ဘူး၊ မအေးအေးနိုင်ဆီ ဝင်ထွက်နေတဲ့ မလှလှတိုးနဲ့ လက်ထပ်သွားခဲ့တယ်၊ မအေးအေးနိုင်ဟာ သူ့ရဲ့ မောင်နှမတွေကို ဒီကိုရောက်အောင် ခေါ်ခဲ့တယ်၊ ပြီးတော့အားလုံးကို ခွင့်လွတ်နားလည်ရင်းနဲ့ပဲ လောကကြီးက ထွက်ခွာသွားတယ်၊ သစ္စာတရားကိုကျမသိလိုက်ရတဲ့ အချိန်မှာ မောင့်ကို အနားမှာ ရှိနေချင်တယ်၊ တစ်ယောက်ထဲ မဖြစ်ဘူးဆိုတာရယ် အကြောက်တရားဆိုတာရယ် ဝင်လာခဲ့မိတယ်မောင်၊
ကျမစကားတွေများတာ ပျင်းနေပြီလားမောင်၊
မပျင်းပါဘူး၊ အရမ်းစိတ်ဝင်စားမိပါတယ်၊ လွယ်လွယ်ကူကူရမလာတဲ့ ဘဝကို လူတွေက ပိုတန်ဘိုးအထားဆုံးပဲ၊ ဒါကြောင့် မျက်ဝန်းလဲ့ပြာရီကို နားလည်ပေးရတာပေါ့၊
ချစ်တယ်မဟုတ်လားမောင်
ကျနော်ကို ဒုတိယအကြိမ်မေးခြင်းဖြစ်သည်၊
ဟွန်းလို့အဖြေပေးရင်း သူ့နူတ်ခမ်းလေးကို နမ်းပေးလိုက်သည်၊
ကျနော်ကို ချစ်စဖွယ် အပြုံးလေးနဲ့ တုန့်ပြန်ရင်း၊
ခုကျမတို့ မောင်သွားချင်တဲ့ American Museum of Natural History ပြတိုက်သွားမယ်၊ ညနေမိုးချုပ်သွားမယ်မောင်၊ ကြည့်စရာတွေအများကြီး၊
ဟုတ်တယ် ရုပ်ရှင်ကြည့်ပြီးကတည်းကသွားချင်နေတာ၊ ကျနော်ပြန်ဖြေလိုက်သည်၊
ခု ကျမက မောင်ရဲ့ တိုးလ်ဂိုက်၊
နှစ်ယောက်ပြိုင်တူရယ်ရင်း ပြတိုက်ဆီသို့ထွက်လာကြသည်။
ပြတိုက်ကအပြန် ကိုရီးယားဆိုင်တွင် ထမင်းဝင်စားကြသည်၊ ပိုက်ဆံရှင်းသောအခါ tip ကို ကျနော် ၂ ဒေါ်လာပဲပေးခဲ့သည်၊ မျက်ဝန်းလဲ့ပြာရီက မောင် tip ပေးတာနည်းတယ် ၄ဒေါ်လာလောက်ပေးရမှာ၊ စကာင်္ပူကလာလို့လားမသိ tip ပေးရခြင်းကိုမကြိုက်၊
‘Tip ပေးရတာမကြိုက်လို့ အမေရိကားမှာ မနေချင်တာ၊’
‘အဲဒီလိုမပြောနဲ့မောင် နောက်ခါကျမပဲပေးမယ်၊ အမေရိကားမှာ မနေချင်ဘူးလို့ မပြောပါနဲ့၊
နောင်မောင်ကျမနဲ့နေရမှာ၊’
‘အိုကေ၊ အိုကေ’ ဆိုပြီးရယ်ရယ်မောမော ပြန်ဖြေလိုက်သည်၊
ဒီနေ့လည်း Time square တွင်သွားထိုင်ကာ ဟော်တယ်ပြန်ရောက်တော့ မိုးချုပ်နေပြီ၊
ဒီတစ်ခါ မျက်ဝန်းလဲ့ပြာရီ တစ်ယောက် ရေအရင်ဝင်ချိုးသည်၊
မနက်ဖြန် မနက် ရှစ်နာရီ bus ကားဖြင့်၊ မျက်ဝန်းလဲ့ပြာရီ နေထိုင်ရာ Virginia သို့သွားမည်၊
Bus ကားက Washington, Arlington ရောက်မည်၊ သူနေသည့်နေရာ Reston ကိုဘယ်လို့သွားမည်မသိ။

မျက်ဝန်းလဲ့ပြာရီရဲ့ အမေးတွေကို ပြန်စဉ်းစားမိသည်၊


‘မောင်ကျမကို စိတ်နာလားဟင်၊’
နောက်ပြီးတော့
‘မောင်ကျမကို ခုဘယ်လိုမြင်သလဲ၊’
သူ ဘာဖြစ်လို့မေးရတာလဲ၊
မျက်ဝန်းလဲ့ပြာရီကို…………….
မျက်ဝန်းလဲ့ပြာရီသည်…………

သြော်အချစ်ဆိုသည်မှာ……..

ရေချိုးခန်းထဲမှ မျက်ဝန်းလဲ့ပြာရီရဲ့ သီချင်းသံထွက်ပေါ်လာသည်၊

"ကိုယ့်ကိုလေ စိုးမိုးနိုင်သည့်အင်အား
မောင်ဘယ်ကများရရှိထားသလဲ ပြောကြားလှည့်ပါ
နေရာတိုင်းမှာ မောင့်မျက်နှာ
နေရာတိုင်းမှာ မောင့်မျက်နှာ၊"
အတွေးများစွာဖြင့် ခဏနားပါဦးမည်။

                                                                  Liberty  လှေခါးထစ်များ၊
                                           Liberty  ရုပ်တုကြီးအောက်က
                                        Time Squareထိုင်ခဲ့ကြစဉ်

                                                  
                                              American Museum of Natural History


















25 comments:

ရွှေရတုမှတ်တမ်း said...

မောင်ကျမကို ခုဘယ်လိုမြင်သလဲ....

ရေချိုးခန်းထဲမှ မျက်ဝန်းလဲ့ပြာရီရဲ့ သီချင်းသံပေါ်ထွက်လာသည်....

(အင်း.....မောင်လဲစဉ်းစားနေတယ်...ရေချိုးခန်းထဲက မင်းရဲ့ ပုံသဏ္ဍန်....)

မြတ်မွန် said...

ဒိုင်ယာရီ တစ်ပုဒ် ကို ဖတ်နေရသလိုပါပဲ။
အဆက်ပျက်သွားတာ ကြာသွားတော့ ဖတ်ရင်းနဲ့မှ ဇာတ်လမ်း ပြန်သတိရတော့တယ်။
ဓာတ်ပုံနှင့် တကွဆိုတော့..
တကယ့်ဖြစ်ပျက်လို့ ထင်မိတယ်။
လှပလိုက်တဲ့ အားကျစရာ ဇာတ်လမ်းတစ်ပုဒ်ပါ။ နောက်ထပ်များ ရှိသေးလား။ မျက်ဝန်းလဲ့ပြာရီနဲ့ ဘယ်လို ဇာတ်သိမ်းသွားလည်း သိချင်သေး၏။

ကိုအောင်(ပျူနိုင်ငံ) said...

ဖတ်ရတာ ကောင်းတယ်ဗျာ။

အုပ်ကြီး said...

ဟုတ်ပါ့ဗျာ ..
တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလားဟင် !
ဘာများဆက်ဖြစ်ကြပါလိမ့် ....

ခင်မင်လေးစားလျှက်
အုပ်ကြီး

TYZ said...

လာဖတ်တယ်နော်. မျက်ဝန်းလဲ့ပြာရီလို ကံကောင်းချင်တယ်။ ဆက်ရန်ကို မျှော်လျှက်......။

blackcoffee said...

မျက်ဝန်းလဲ့ပြာရီရေ... နောက်ဘာတွေ ဆက်ဖြစ်သေးသလဲ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ပုံတွေထဲမှာ မျက်ဝန်းလဲ့ပြာရီနဲ့ ကိုဆိုဆီတို့ပုံတွေများ တွေ့ရမလားလို့ ပြူးပြဲလိုက်ကြည့်မိသေးတယ်..
မင်းသားနဲ့ မင်းသမီးက ဘယ်နေရာ ရောက်နေတယ်မသိ။
မျက်ဝန်းလဲ့ပြာရီနဲ့ အတွေ့မှာ မဟူရာမင်းသမီးကို လုံးဝမေ့သွားခဲ့တယ်ပေါ့နော်။
အင်းလေ မျက်ဝန်းလဲ့ပြာရီကလည်း ညှို့အားကောင်းတာကိုး။

ကိုဇော် said...

မှတ်တမ်း ကောင်းကောင်းလေးနဲ့ ရေးထားတဲ့ ဇာတ်လမ်း ကောင်းကောင်းလေးလို့ မြင်မိတယ်။
ဆက်စောင့်ရမှာပေါ့ဗျာ..

ဂျစ်တူး ( မုံရွာ ) said...

တွေးတော့တွေးပေါ့ဗျာ-ဒါပေမဲ့သိပ့်မကြာစေနဲ့ ဗျာ
ဓါတ်ပုံတွေလည်းတဝကြီးကြည့်သွားတယ်။ မျက်ဝန်းလဲ့ပြာရီ ရဲ့ ဓါတ်ပုံဝါးဝါးကလေးဘဲဖြစ်ဖြစ်တင်ပေးဗျာ-
ကိုယ့်လူ တည်ငြိမ်အေး ကိုစွမ်းဆောင်နိုင်တဲ့ သူက-
ဘယ်လိုအမျိုးသမီးမျိုးကလေးလဲလို့ ကြည့်ချင်တယ်။

SHWE ZIN U said...

ကိုဆိုဆီ ရေ

ဖတ်ရတာကောင်းတယ် ဆက်မျှော်ရအုန်းမှာပေါ့နော် ဘယ်လိုလည်း သိချင်လှပြီ ကျေးဇူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

nyan gyi said...

Virginia ကဇာတ်လမ်းလေး စောင့်ဆနမယ်မြန်မြန်နော်
GN..

blackroze said...

စာတွေလည်းဖတ်ရင်းး
ပုံတွေလည်းကြည့်ရင်း..
တကယ့်အဖြစ်အပျက်ခံစားချက်လားဆိုတာလည်းတွေးရင်း
ဇတ်သိမ်းပိုင်းကိုစောင့်မျှော်နေကြောင်းပါ...

ZT said...

ကိုဆိုဆီရဲ့ ဇာတ်လမ်းတွေကို ဖတ်ပြီး အချစ်ဝတ္ထု ရေးချင်စိတ်တွေ ဖြစ်လာတယ်။ :D

Anonymous said...

အလည်သွားမယ်ဗျာ မျက်ဝန်းလဲ့ပြာရီ နှင့်မိတ်ဆက်ပေး၊
Min Min

Anonymous said...

အချစ်ဘဝ အမော ခရီးအလှအပ တွေကို တစ်ခါတည်း ဖတ်သွားရသလို နောက်ဆက်တွဲလေးမြန်မြန်ရေးပါ၊
SS

ahphyulay said...

အင်း...
ရေး လိုက်ရင် ဒီလိုကြီး ပဲ ။
တစ်ခုခု ကို ယူ သွား သလိုပဲ ။
ကိုယ်က ပေး လိုက်ရသလို....
ယူ သွား တော့ လဲ မျှော် မိ ပြန် ..
ပေး လိုက်ရတော့ လဲ ပြန်မရ မှာစိုးလို့ 
နှမြော မိ ပြန် ဗျ..။
အဲ့ တော့  “ မျက်ဝန်းလဲ့  ပြာရီ ” ကို
ဆက် စောင့်  ရတော့  မယ် ။

ခင်တဲ့ 

မြစ်ကျိုးအင်း said...

အစ်ကိုအရေးကောင်းလို့ မျက်ဝန်းလဲ့ပြာရီကိုတောင် မြင်ဖူးချင်လာပြီ။
တကယ့်ဖြစ်ရပ်မှန်လားဗျ
သိချင်မိတယ်..

အဖြူရောင်နတ်သမီး said...

ဝတ္ထုတော့ မဖြစ်လောက်ဘူးနော်...
သိနေတယ်...ဂယ်...

Anonymous said...

မဟူရာမင်းသမီးအကြောင်းသတ်သတ်ရေးပေးပါလား
Zaw Zaw

Khinmarlaraung said...

ဖတ်သွားလိုက်ရတာများ ...ကိုယ့်နားမှာ ဖြစ်နေလား
လို့ တောင် ထင်ရောင်ထင်မှား ...:)
Korea Series ထက်တောင်ပိုကောင်းနေတော့..
...:)..အားပေးလျှက်...ခင်မာလာအောင်..

ကိုကိုးအိမ် said...

ကိုဆိုဆီရေ မြို့တော်လေးအကြောင်းကို ကိုးဘလော့မှာတင်ထားတယ်ဗျ။ လာအားပေးတာ ကျေးဇူးအကို တာ့တာ ပန်တော့မယ် ဓာတ်ပုံတွေတော့ ကြုံတုန်းကြည့် သွားတယ်

ခင်မင်လျှက်
ကိုကိုးအိမ်

အင်ကြင်းသန့် said...

ကိုဆိုဆီ....နောက်ဆုံးကျတော့ မျက်ဝန်းလဲ့ပြာရီနဲ့ပဲ အတူတူနေထိုင်သွားမှာမို့လား....
မထင်မှတ်ထားတာတွေက ဖြစ်ဦးမှာလား....တကယ့်ဖြစ်ရပ်မှန်လို့ပဲ စိတ်ထဲမှာ ယုံကြည်မိတယ်....

မြသွေးနီ said...

ကျွန်တော်...မျက်ဝန်းလဲ့ပြာရီ...မဟူရာမင်းသမီး..
အင်း...အရေးအသားက မျက်ဝန်းလဲ့ပြာရီလို့ပဲ ညှို့အား ကောင်းလေတော့ ဆက်ရန်ရှိကို စောင့်ဖတ်ရပေဦးမည်။

ဧပရယ်လ်ပူး@ပူးတေ said...

ဂွတ်ရှယ်ပဲ... မျက်စိထဲမှာ မင်းသားချောချောနဲ့ မင်းသမီးချောချောလေးကို ထည့်ပြီး အမေရိကားကရှုခင်းပုံတွေနဲ့ ပုံဖော်ကြည့်လိုက်တာ အရမ်းမိုက်တဲ့ drama ကားလေးတကားကို ကြည့်လိုက်ရသလိုပဲ...ဖတ်ပြီး သဘောတွေကျနေတာ...
:)

စင်္ကာပူမှာ နေတာကြာလို့လားမသိ tip money ပေးရတာကို မကြိုက် ဆိုတာလေးမှာ ကိုဆိုဆီနဲ့ ပူးတေနဲ့ တူသွားတယ်... ရန်ကုန်ပြန်တုန်းက ရွှေကောင်းမှာ ဟော့ပေါ့ သွားစားတော့ ပူးတေတို့ အဖွဲ့က ၁၈ ယောက် စားပွဲထိုး ၄ ယောက်က serve လုပ်တယ်... ငွေရှင်းပြီးတော့ အစ်ကိုက ပူးတေကို tip money ပေးလိုက်ပါဦးတဲ့။ ပူးတေက ၁ ထောင်တန် ၂ချပ် ထုတ်ပေးတာကို အစ်ကိုက နဲလို့ဆိုပြီး စားပွဲထိုး ၄ယောက်စာကို သူ့ပိုက်ဆံနဲ့ ၁ သောင်းတောင်(၅ ထောင်တန် ၂ ချပ်) ပေးလိုက်တာ... မျက်လုံးတောင် ပြူးသွားတယ်...အစ်ကို့ကို များလိုက်တာလို့ပြောလိုက်တော့ တွက်ကြည့်ပါဦးလေတဲ့ ၁ ယောက်မှ ၂ ထောင့်ငါးရာလောက်ရမှာတဲ့.... ပြီးတော့ ကားပါကင်နားရောက်တော့ ကားတံခါးတွေလာဖွင့်ပေးကြ ကားထွက်မယ်ဆို ဟိုကြည့်ဒီကြည့် ပြီးတော့ ၂ ထောင်... tip money တင် စလုံး ၁၅ ဒေါ်လာလောက်ဖြစ်နေကြတာ...အံ့သြသွားတယ်...ပြီးတော့ ပူးတေလဲ ပြောလိုက်မိတယ်။ စင်္ကာပူမှာ ထမင်း ၅ နပ်လောက်စားလို့ရတယ်လို့။ နောက်ဆို ဒါမျိုး tip money ပေးရမယ့် ဆိုင်တွေမှာ မစားတော့ဘူးလို့...
နှမြောတာတော့မဟုတ်ဘူး...ဒါမျိုးတွေမစားပဲ မရှိဆင်းရဲသားတွေကို ပေးရရင် ဒါမျိုးနှမြောမိမှာ မဟုတ်ဘူး... သူတို့ကို လာစားတဲ့ လူတိုင်းက ပေးနေမှာလေ... ၁ ဝိုင်းကနေ ၁ ထောင်ဆီပဲရဦးတော့ တနေ့ ၃ ဝိုင်းလောက်ပဲ serve လုပ်...

ကိုဆိုဆီပေးခဲ့တဲ့ ၂ ဒေါ်လာလဲ နဲမယ်မထင်ပါဘူး... သူတနေ့ကို ၃ ဝိုင်းလောက်ဆီကပဲ ရဦး ၆ ဒေါ်လာ ဆိုင်ရှင်က ပေးတဲ့ လစာရှိသေးတယ်လေ။

tip money အကြောင်းပေါ်လာတိုင်း ရန်ကုန်က အကြောင်းကြီး ပြန်ပြန်သတိရနေလို့ comment ရှည်သွားတယ် ကိုဆိုဆီရေ.....sorry နော် ... ပူးတေကွန်မန့်ကိုတော့ မျက်ဝန်းလဲ့ ပြာရီကို သွားမပြလိုက်နဲ့ဦးနော်... သူတို့ကတော့ Hi-Boss တွေဆိုတော့ ဒီလောက်ပိုက်ဆံတွေကို ဂရုစိုက်မယ်မထင်ဘူးလေ။ ပူးတေလဲ တကယ်လိုအပ်မယ့်လူတွေကို လှူရတန်းရမယ်ဆို မတွန့်တိုတတ်ပါဘူး... :)

ဧပရယ်လ်ပူး@ပူးတေ said...

ဒီပို့စ်က comment ကို blog owner approvel လုပ်ထားတာလား။ ဘာဖြစ်တာလဲ မသိတော့ဘူး။... အရှည်ကြီး မန့်ပြီးမှ မရှိတော့ဘူး... ပြန်လဲမရိုက်ချင်တော့ဘူး... ကော်ပီလဲ မကူးထားမိဘူး... ;( ဖြစ်မှဖြစ်ရလေ...

tip money နဲ့ ပက်သက်ပြီး ကိုယ်ပိုင် feeling လေးတောင်ရေးထားလိုက်မိသေးတယ်...

:)