Saturday, May 1, 2010

နေဖြစ်သွားတဲ့အိမ်


ဖြစ်နိုင်ရင် ဒီအိမ်မှာ တစ်မိနစ်၊ တစ်နာရီလောက်တောင် မနေချင်၊ ထွက်ပေါက်ကတော့ အလုပ်သွားခြင်းပဲ၊ ဒီမြို့မှာ အလုပ်နှစ်ခုလုပ်တဲ့သူ မရှိသလောက်ပဲ၊ ဒါပေမဲ့ ကျနော်ဆိုတဲ့ကောင်က လုပ်တယ်၊ သူများတွေက အိမ်ပြန်ချိန်ရောက်ရင် ပျော်လို့၊ ငိုင်တိုင်တိုင်နဲ့ မပြန်ချင်သလို ပြန်ချင်သလို အိမ်ကိုပြန်သူကတော့ ကျနော်ပါ၊ တကယ့်ကို အထူးအဆန်းကြီးဖြစ်လို့။


ဒီအိမ်မှာ ကျနော့်မိန်းမဆိုတဲ့ မိန်းမတစ်ယောက်ရှိတယ်၊ သူနှင့်ရထားတဲ့ ကလေးနှစ်ယောက်ရှိတယ်၊ ဟုတ်တယ်၊ အဲဒီမိန်းမဟာ ကမ္ဘာပေါ်မှာ ကျနော် အမုန်းဆုံးမိန်းမပဲ၊ ဒီမိန်းမက ကျနော်ရဲ့ကိုယ်စိတ် နှစ်ခုစလုံးကိုနာကျဉ်စေတယ်၊ မနက်မိုးလင်းကနေ ညထိ သူရဲ့ “ F***** S***** and S*****.” ယုတ်ရင်းကြမ်းတမ်းတဲ့ စကားတွေဟာ ကျနော်ဆီကို ဘက်ပေါင်းစုံက ဝင်ရောက်လာတယ်၊ သူ့ရဲ့နှိပ်စက်မှု့ကတော့ ကျနော်တင်မကဘူး ကျနော့် ကလေးတွေကိုလဲပါတယ်၊ တစ်ခါတစ်လေ ဒီမိန်းမရဲ့ ကိုယ်ထိလက်ရောက်မှု့က ကျနော်ကို မနိုင်ရင် ကလေးတွေကို မဲတော့တာပဲ၊ အဆိုးဆုံးကတော့ သူနဲ့ နည်းနည်းလေး လွဲချော်သွားတာနဲ့ “ ဟေ့ F***** ရဖျူဂျီ၊ ***** ***** *****.” အမည်းတွေသုံးတဲ့ အဆင့်အနိမ့်ဆုံး လမ်ဘေး ဘမ်းစကားတွေနဲ့ ပစ်တော့တာပဲ၊ ငါ ရဖျူဂျီ မဟုတ်ဘူးလို့ ရှင်းပြရင်လည်း၊ ငါမသိချင်ဘူး၊ မင်းရဲ့ ရဖျူဂျီ ကမ့်ကိုပြန်သွား၊ မင်းရဲ့ဂျင်နရေးရှင်းတွေ ပါခေါ်သွား၊ ကလေးတွေဘက် လှည့်တော့တာပဲ၊ အဲဒီမိန်းမဟာ ကျနော်ရဲ့ကလေးတွေကိုချစ်တဲ့ အားနည်းချက်ကိုသိထားတယ်၊ ဒါဆိုမေးစရာရှိပါလိမ့်မည်၊ ဘာဖြစ်လို့ ဒီမိန်းမကိုယူထားတာလဲ၊ ချစ်လို့ယူထားတာလား၊ လုံးဝမဟုတ်ဘူး၊ ချစ်လို့ယူထားတာ လုံးဝမဟုတ်ဘူး၊ အကြောင်းရှိလို့ယူထားရတာပေါ့။

ကျနော့် နာမည်က ဝင်းနိုင်စိန် မော်လမြိုင်က၊ မော်လမြိုင် မောင်ငံမှာ မွေးပြီး မောင်ငံမှာကြီးတာ၊ ဝင်းနိုင်လို့ပဲ ခေါ်ကြတယ်၊ စိန်ကတော့ ဖန်ခွက်စိန်၊ ပုလင်းစိန် တွေကို အမေသဘောကျပြီးထည့်လိုက်တာ။
မတရားဘူးထင်လို့ ကွင်းရပ်က ရပ်ကွက်လူကြီးတစ်ယောက် ကိုရိုက်လိုက်တယ်၊ ကွင်းရပ်ဆိုတာ မောင်ငံရပ်ဘေးက မင်းသမီး နန္ဒလှိုင်တို့ရဲ့အရပ်၊ အဲဒါနဲ့ ကျနော် မော်လမြိုင် မှာနေလို့မရတော့ဘူး၊ ကျနော် နယ်စပ်ကို ရောက်လာခဲ့ရတာပါပဲ၊ မော်လမြိုင်သားပဲ အသိတွေက ဒီဘက်မှာသိပ်ပေါပါတယ်၊ ကျနော်အတွက်လွယ်နေလို့ ရဖျူဂျီကမ့်မှာနေတယ်၊ ရဖျူဂျီကမ့် ဘာလဲဆိုတာ ကျနော် ကောင်းကောင်းသိတာပေါ့၊ နေရာတိုင်းမှာ ရှင်သန်အောင်နေရတဲ့ဘဝ၊ ဘာတွေ ဘယ်လိုလုပ်ကြသလဲ ကောင်းကောင်းသိနေတော့လည်း ဒီနိုင်ငံကို ခိုလှုံခွင့် ရခဲ့တာပေါ့၊ အတု လို့ပြောကြဦးမလား၊ တစ်ဝက်တော့ မှန်ပါလိမ့်မည်။

ဒီမိန်းမနှင့် ပေါင်းလာတာ ဆယ်နှစ်ရှိပြီး သမီးအကြီးလေးက ရှစ်နှစ်၊ သားငယ်က ငါးနှစ်၊ သားနှင့်သမီးက ကျနော့်အသက်ပဲ၊ ဒါကြောင့်လည်း ဆယ်နှစ်ကြာခဲ့တာပေါ့၊ ဒီမိန်းမနှင့်ဆုံလာရတာက ဒီနိုင်ငံရောက်ရောက်ချင်း အဲဒီလိုပဲ စုပြုံနေနေကြတဲ့ နေရာရောက်သွားတာပေါ့၊ ဘာလက်မှတ်၊ ဘာအထောက်အထားမှ မရှိတော့၊ ဝင်ငွေအတွက် အလုပ်ခိုးလုပ်ရပါတယ်၊ အဲဒီအလုပ်ထဲမှာ တွေ့ဖြစ်ကြတာပါ၊ မြှောက်တဲ့သူတွေကလည်းမြှောက်ပေးနဲ့၊ ဒီနိုင်ငံသူ အဖြူမ နဲနဲဝတာကလွဲလို့ မဆိုးဘူးပေါ့လေ၊ အဲဒီတုန်းက တကယ်ကို မဆိုးပါဘူး၊ သူကလည်း သူ့တွက်ကိန်းနှင့်သူ၊ ကျနော်ကလည်း ကျနော့်ရှင်သန်ရေး၊ ဒီလိုနဲု့ဖြစ်သွားတာပါပဲ။

ကျနော့် ဘဝမှာ အကြီးမားဆုံး မှားယွင်းစွာ လက်မှတ်ထိုးခဲ့မူ့ သုံးကြိမ်ပြုလုပ်ခဲ့တယ်၊ ပထမဦးဆုံးက ဒီမိန်းမကို လက်ထပ်ခဲ့တာ၊ အိုင်ဒူး အိုင်ဒူး ဆိုပြီးထိုးခဲ့တယ်၊ နောက်တစ်ခုက ဘာတွေမှန်းမသိတဲ့ ၁၂ မျက်နှာလောက်ရှိမဲ့ အိမ်စာချုပ်ပေါ်မှာ ထိုးခဲ့တယ်၊ နောက်ဆုံးတစ်ခုကတော့ တစ်နှစ်ကျော်လောက်မှာ ဒီမိန်းမဇာတိပြလာပါတယ်၊ ကျနော်ကို ပါးစပ်နှင့်ပါမက ကိုယ်ထိလက်ရောက် တိုက်ခိုက်လာပါတော့သည်၊ ကျနော်လည်း ပြန်လုပ်ပါတယ်၊ မှတ်မှတ်ရရ ၂ ချက်တီးပေးလိုက်တယ်၊ ကျနော်ဆီတော့ အချက်ပေါင်းများစွာ ပစ်လဲသွားတဲ့အထိပါပဲ၊ ဆူညံသံတွေကြောင့်ပဲလား၊ ဘေးကခေါ်လိုက်လို့လား ရဲတွေရောက်လာပါတယ်၊ အဲဒီအချိန်မှာ ကျနော်လည်း ထိချက်တွေမိထားလို့ ပြာတာတာဖြစ်နေပြီ၊ ဒီမိန်းမက နာတယ်ဘာညာ အော်တော့တာပါပဲ၊ ရဲတွေကလည်း ကျနော်ကိုမေး၊ ကျနော်ကလည်း အဲဒီတုန်းက စကားမရသေး၊ ဘာတွေဖြေလိုက်မှန်းမသိပါဘူး၊ လက်မှတ်ထိုးခိုင်းတော့ ထိုးပေးလိုက်ပါတယ်၊ ပြီးတာနဲ့ ကျနော့်ကို လက်ထိပ်ခတ်ပြီး ဖမ်းခေါ်သွားပါတယ်၊ ဖြစ်သွားတာက ခိုလှုံခွင့်ပေးထားတဲ့သူ တစ်ယောက်က ဒီနိုင်ငံသူ မိန်းမကိုယူပြီး နှိပ်စက်တာပေါ့လေ၊ ဒီနိုင်ငံ ဥပဒေတွေက တစ်ချို့နေရာတွေမှာတော်တော် ရယ်စရာကောင်းပါတယ်၊ ကျနော်လည်း အထဲမှာ လေးရက်လောက် နေလိုက်ရတယ်၊ ဒီမိန်းမပဲ ကျနော်ကိုလာပြန်ထုတ်သွားတာ၊ အတွေ့အကြုံတော်တော်ရှိပုံရတယ်၊ နောက်ပိုင်း ရန်ဖြစ်ရင် ရဲမှတ်တမ်းဝင်ထားတာမို့ အမှားက ကျနော်ဘက်မှာပဲ၊ ဒီနိုင်ငံကြီးက ဘာအခွင့်ရေး ညာအခွင့်ရေးတွေနဲ့ လွဲချော်နေတာ အများကြီးပါ။

ဒီအိမ်အတွက် လစဉ် ကျနော်ငွေသွင်းရတယ်၊ ငွေဝင်အောင် အလုပ်ကပင်ပန်းစွာလုပ်ရပါတယ်၊ အိမ်ပြန်ရောက်ရင် ဖလက်ဖြစ်သွားတာပဲ၊ ဒါပေမဲ့မရပါဘူး ညညတွေ ငါလိုချင်တယ်ထထဆိုပြီး အဲဒါနဲ့ ကလေးနှစ်ယောက်ရခဲ့ပါတယ်၊ သမီးလေးကမြန်မာဘက်လိုက်တယ် အသားအရောင်ကစ၊ သားလေးကတော့ ကျနော့်မျက်နှာနှင့် လူဖြူလေး၊ မြန်မာနွယ်အောင် မြန်မာစကားတွေသင်ပေး၊ အဝေးမှာရှိတဲ့ ဘုန်းကြီးကျောင်းကိုခိုးခိုးပြီးခေါ်သွားပါတယ်၊ ကလေးနှစ်ယောက်လုံးက ကျနော်ကို ‘ဖေဖေ’လို့ မြန်မာလိုခေါ်တယ်၊ ကျနော်ရဲ့အောင်မြင်မူ့ပေါ့။

တစ်ယောက်ထဲ နှိပ်စက်တာအားမရလို့ အမေပါရောက်လာပါတယ်၊ အမေနှင့်သမီး တစ်ပုံစံထဲပါပဲ၊ တကယ်ကို insane တွေပါ၊ ကျနေုာ်ကို အလုပ်ထွက်ခိုင်း၊ ကလေးပြပြီး ထောက်ပံ့ကြေး တောင်းပါတယ်၊ ကျနေုာ်ကို သူတောင်းစားလို့ ပြောတာ သတိရလိုက်မိပါသည်၊
ကြာတော့ ဒီမိန်းမကို အိပ်နေတုန်းသတ်ပစ်ဘို့ ကြံပါသေးတယ်၊ မအောင်မြင်ဘူး၊ ထွက်ပေါက်ကိုတော့ရှာတုန်းပဲ၊ အနေကြာတော့ ဘေးပတ်ဝန်းကျင်နှင့် ကျနော်ရင်းနှီးလာသည်၊ ကျနော်နှင့်ကလေးတွေလွတ်မြောက်ဘို့ တိုင်ပင်ရပါသည်၊ အဖိုးကြီး အချို့ရဲ့အကြံပေးချက်အရ၊ ကောင်ဆာလာ ဆိုတာဆီသွားဘူးပါတယ်၊ ဘာပြောသလဲဆိုရင်၊ အင်္ဂလိပ်လိုပဲ ပြောပြပါမယ်;
‘Basically what I'm saying is, this situation sucks majority and I empathize and hope you can find a solution that benefits you and the kids, in spite of the oppressive laws that are enforced by brain-dead henchmen.’
မိန်းမကို ခေါ်ခဲ့ခိုင်း၊ ဘာသာပြောင်းခိုင်း နှင့် မဖြစ်ပါဘူး ဒီလို ကောင်ဆာလာနဲ့။

ကျနော်လည်း ဘုန်းကြီးကျောင်းသွား ဘုန်းကြီးတွေကို ဒုက္ခပေးပါတယ်၊ ဆရာတော်ကြီးကတော့ မင်းမလဲ ဝဋ်ပါလာတော့ ဒီထိတောင် လာပြီးဆပ်ရတယ်တဲ့၊ မတရားတာတွေကို တရားတွေနှင့် ကျနော်ကိုဆုံးမပါတယ်၊ နောက်မို့ဆို ကျနော် အနှစ် ၆၀ လောက် အထဲရောက်လောက်ပြီ။

ဒီမိန်းမကလည်း အကြံနဲ့၊ ကျနော်က နှိပ်စက်လို့ ကလေးတွေနှင့်သူ ဒုက္ခရောက်ရပါသည်ဆိုပြီး ကျနော်နှင့် ခွဲနေ၊ ပြီးရင် အစီုးရဆီ ထောက်ပံကြေး တောင်းဘို့ဖြစ်သည၊် ဒါကြောင့်ကျနော်သတိထားနေရသည်၊ ကလေးများက ကျနော်ဘက်ပါနေ၍ တော်ပါသေးသည်။

ဒီမိန်းမက အရက်လည်းသောက်တယ်၊ ဆေးလည်းချတယ်၊ ဒီမှာက မားနှင့် ကိုကင်း အပေါဆုံးပဲ အိမ်တိုင်လာရောက် ပို့ပေးတယ်၊ ဒီမိန်းမ ဆေးချနေတုန်းရဲခေါ်လိုက်ရင် ပြီးပြီ၊ ဒါပေမဲ့ ဒီမိန်းမက လည်တယ် ရဲကို ကျနော်လဲပါတယ်၊ ကျနော်ဝယ်ပေးတာလုပ်ဦးမှာ၊ ဒီမိန်းမ အရင် ယောက်ျားက ဆေးမှု့နှင့် နှစ်ရှည်အထဲရောက်နေတာ၊ ဒီမိန်းမ ကောင်းမှု့လို့ ဘယ်သူပြောနိုင်မလဲ။

ဒီမိန်းမအလုပ်လဲမလုပ်၊ ဘေးတစ်အိမ်ကျော်က အမည်းမကို ကျနော် ငွေ ၅၀ ချေးမိပါတယ်၊ ဒီမိန်းမ သိသွားပြီး အမည်းမနှင့် ရန်ဖြစ်ကြတာ
“F***** S***** and S*****.” တွေ မိုးမွန်နေတာပဲ၊ သေနတ်ရှည်ကြီးတလက် ဘယ်ကဆွဲထုတ်လာသလဲ မသိပါဘူး၊ အမည်းမလည်း အသံတိတ်သွားတယ်၊ ကျနော်လည်းလန့်သွာတယ်၊ အမည်းမကို ပြောလိုက်သေးတယ်၊ လူကိုယူ ပိုက်ဆံတော့ မထိနဲ့၊ ဒီလောက်ဆို ကျနော်တို့ရပ်ကွက်ကို သိလောက်ပါပြီ။

ဒီလိုနဲ့ ရှင်သန်နေရာက ကျနေုာ်လည်း ဒီနိုင်ငံသားဖြစ်လာပါတယ်၊ ဒီမိန်းမကိစ္စ ရှေ့နေတွေဘာတွေနဲ့ လုပ်ဘို့တိုင်ပင်၊ ငွေကမလိုက်နိုင် ရှေ့နေက ဘာပြောသလဲဆိုရင်၊ အင်္ဂလိပ်လိုပဲ ပြောပြပါမယ်;
The law places men in the role of 'house assistant'. The only way they will change that?
1- Proof (for example video) of violence by the woman - and not toward you my friend -    toward someone she has an advantage on, like the children.
2- Rare chance. The counselor sees something and somehow gets her to take further testing showing that she is unfit.
3- Evidence of abuse via drugs/alcohol ... not enough ... in the presence of the children.
That is all that will work. Been there, done that.
မလွယ်ပါဘူး၊ ဥပဒေက ကလေးတွေနှင့် ပတ်သက်လာရင် မိန်းမတွေကိုဦးစားပေးသည်၊ ထောက်ပံကြေးဆိုတာကလည်း မိန်းမတွေအတွက်သာ၊ ရှုံးရင် ငွေလည်းကုန်ဦးမည်၊ ကလေးတွေနှင့် ဝေးရမည် ခွဲရမည်၊ ငါ့သားသမီးလေးတွေ အင်ဆိန်း တွေ ဖြစ်သွားမှာ စိုးရိမ်မိသည်၊ ထွက်ပေါက်ကိုတော့ရှာတုန်းပါပဲ။ သားသမီးလေးတွေဟာ ကျနော်အတွက်အဓိကပါ၊ မြေတောင်မြှောက်ရမည်၊ တစ်ချိန်မှာ ဒီနိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ဟာ ဒီ ရဖျူဂျီလို့ဆိုဆို အသနားခံသူတွေလို့ပဲဆိုဆို ဂျင်နရေးရှင်းတွေက ဖြစ်မလာဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။

ဆယ်နှစ်တာအတွင်း ကျနော်လည်းတိုးတက်လာသည်၊ အဖွားကြီးကိုတော့ ကစ်အောင့် လုပ်လိုက်ပြီး၊ မလာရဲအောင်လုပ်ရမည်၊ သူတို့နည်းတွေပြန်သုံးသည်၊ သမီးနှင့်သားကို တနေကုန်ကျောင်းတွေမှာ ရွေးထားသည်၊ အိမ်မှာမရှိနေအောင်၊ ဒီကြားထဲ ဒီမိန်းမ မကြာခဏ နေမကောင်းဖြစ်သည်၊ သူ့အမေကြီးက ကျနော်ပဲ အဆိပ်ခတ် သလိုလို စွပ်စွဲသည်။

ခုကြည့်ပါဦး ကံကြမ္မာ တစ်ပတ်လည်တာလား၊ လောကနိယာမလား၊ Karma ပဲလား၊ ဘုရားသခင်ကပဲ ဒဏ်ခတ်လိုက်တာလား၊ ကျနော်တို့ရဲ့ တရားသဘောနှင့် ကြည့်ပါဦး၊ ဒီမိန်းမ အိပ်ရာထဲလဲနေတာကြာပြီ၊ ကင်ဆာတဲ့ တတိယအဆင့် ရောက်နေပြီ၊ ကျနော်အဆိပ်ခတ်တယ်လို့ စွပ်စွဲလို့မရတော့၊ ကျနော်နှင့်ကလေးတွေ လွတ်မြောက်တော့မည်၊ ကျနော်တို့ရဲ့အောင်မြင်မူ့ပေါ့၊ ဒီမိန်းမ ခု ကျနော်တို့ရဲ့ ရဖျူဂျီဖြစ်နေပြီ၊ ဘယ်လိုကစ်အောင့်လုပ်ရမလဲ စဉ်းစားနေသည်။

ဒါပေမဲ့ ကျနော်ဟာ မြန်မာတစ်ယောက်၊ ခုနောက်ပိုင်း ဘုရားတရားနှင့်လည်း နေထိုင်နေလေတော့၊ ကျနော် သူ့ကိုပြုစုမဲ့သူကို အချိန်ပိုင်းငှါးပေးပါတယ်၊ သမီးနှင့်သားကိုလည်း အမေနားမှာနေနိုင်သလောက်ပြုစုခိုင်း၊ ဒီမိန်းမရဲ့နောက်ဆုံးအချိန်မှာ ဗုဒ္ဓရဲ့ တရားဓမ္မတွေကို ကျနော် တိုက်ကျွေးပါတယ်၊ ပတ်ဝန်းကျင်မှာတော့ ကျနော်ကို တကယ့်အထူးအဆန်းကြီးဖြစ်လို့။

ဆရာတော်ကြီး တစ်ပါးကဆိုတယ် ဘယ်နေရာမှာပဲနေနေ ကိုယ့်နေရာလို့မှတ်ပါ၊
ဘယ်အိမ်မှာပဲနေနေ ကိုယ့်အိမ်လို့မှတ်ပါတဲ့။
ဒီအိမ်ဟာကျနော့် အိမ်ဖြစ်သွားပြီ။
ဒီအိမ်မှာ ဒီနေရာမှာ ကျနော် ဘဝကို ခုမှစရမယ်။

----------------------------------------------------------------------------------



ဇာတ်လမ်းပြောပြသူက သူငယ်ချင်း ဝင်းနိုင်၊
အိုင်ဟိတ်မိုင်ဝှိုက်ကိုမှီငြမ်းပါသည်။

မည်သည့်ကိုမှ ထိခိုက်လိုစိတ်မရှိပါ။


အငြိုး အတေး၊ အဃာတ ထားခြင်း၊ လက်စားချေခြင်း၊ ရန်ကိုရန်ဖြင့် တုန့်ပြန်ခြင်းများဝေး၍၊ တရားဓမ္မတွင် ပျော်ရွှင်ချမ်းမြှေ့ပါစေ။




26 comments:

အင်ကြင်းသန့် said...

ကိုဆိုဆီရေ...တောက်လျှောက် ရင်မောစွာနဲ့ ဖတ်လာပြီး အဆုံးသတ်နားရောက်တော့ တရားပါရသွားတယ်...ကံကြမ္မာ တစ်ပတ်လည်ပုံများ ကြောက်စရာ ကောင်းလိုက်တာနော်... ဒါပေမယ့် အဲဒီမိန်းမရဲ့ နောက်ဆုံးအခြေအနေမှာ ပြုစုမယ့်သူကိုလည်းငှားပေးတယ်... ကလေးတွေကိုလည်း သူတို့ရဲ့ အမေနားမှာ နေပြီး ပြုစုခိုင်းတယ်၊ တရားနဲ့လည်းဆုံးမပေးတယ်ဆိုတဲ့ ကိုဝင်းနိုင်ရဲ့လုပ်ရပ်လေးတွေဟာ တကယ်ကို ကောင်းမွန်မှန်ကန်လှတဲ့ လုပ်ရပ်လေးတွေဖြစ်လို့ လေးစားမိသလို သာဓုလည်းခေါ်မိပါတယ်... ကိုဝင်းနိုင်နဲ့ တကွ သားသမီးလေးတွေပါ သာယာ ပျော်ရွှင်အောင်မြင်တဲ့ နေ့ရက်တွေကို အမြန်ဆုံးရောက်ရှိကြပါစေ...

မြတ်မွန် said...

ကိုယ့်အပေါ် မကောင်းတဲ့လူက သူ့အလိုလို ဇာတ်သိမ်းသွားတာပေါ့။
ဒီနိုင်ငံမှာလဲ ရှိတယ်..သားသမီးကို ရိုက်ရင် သားမယာကို ကိုယ်ထိလက်ရောက် ရိုက်ရင် ဖုန်းဆက်တိုင်တာနဲ့ ရဲဖမ်းရော..ပြီးတော့ ဒါဏ်ငွေပါ ဆောင်ရတယ်..
ဇာတ်လမ်းလေးကို ဖတ်ပြီး သိပ်ကြောက်စရာ ကောင်းတဲ့မိန်းမမှန်း သိတော့တယ်..။
နောက်ဆုံးတော့ ဘာသာ တရားသာ အေးချမ်းရာ အစစ်အမှန်ပါပဲ..
လေးစားလျှက်..။

khin oo may said...

နောက်ဆုံးအချိန်ရောက်ခါနီးပါပြီ.ြ့ပုစုပေးလိုက်ပါတော့။ ကျေးဇူးတင်တယ်။ ကုသိုသ်ရမှာပါ. သူလဲနောင်တရသွားမှာပါ. ခွင်လွတ်ပေးလိုက်ပါ။

မြစ်ကျိုးအင်း said...

ဗုဒ္ဓဘာသာ ဖြစ်တယ်ဆိုမှတော့ ခွင့်လွှတ်ပြီး ဘဝကူးကောင်းအောင် လုပ်ပေးအုံးမယ်လို့ ထင်မြင်မိပါတယ်
လက်စားချေတာထက် သူ့အလိုလို ရတဲ့ နောင်တက ပို ထိရောက်တယ်လေ

nyan gyi said...

အငြိုး အတေး၊ အဃာတ ထားခြင်း၊ လက်စားချေခြင်း၊ ရန်ကိုရန်ဖြင့် တုန့်ပြန်ခြင်းများဝေး၍၊ တရားဓမ္မတွင် ပျော်ရွှင်ချမ်းမြှေ့ပါစေ။
ထပ်ထည့်လိုက်ပါဦးမယ်၊ ငါနှင့်မတူရန်သူ၊ အဃာတ ၀န်တို မစ္ဆိရိယတွေ၊ မုန်းတီးစိတ်တွေ ဝေးကြပါစေ၊ ဖြစ်နိုင်ခဲ့ရင်ပေါ့။

ဂျစ်တူး ( မုံရွာ ) said...

အင်း---ဘာဘဲဖြစ်ဖြစ်ရေးတတ်လိုက်တာလို့ ဘဲပြောချင်
တယ်ဗျာ-သူတပါးပြောတာကိုတကယ်ကိုယ်ခံစားရသလို
တင်ပြပုံကလေးစိတ်ဝင်စားအောင်ရေးတတ်တယ်-
သာဓု သာဓု သာဓု ---စာရေးသူဆွဲခေါ်သွားလိုက်တာ
အဆုံးကြမှတရားပြနေမှန်းသိတော့တယ်ဗျာ-
ကျန်းမာပါစေ-

Flower said...

ထူးထူးခြားခြား ယောက်ျားလေးဘက်က
နစ်နာရတဲ့ ဇာတ်လမ်းကလေးပါဘဲ
မြန်မာတွေမို့လို့လားမသိပါဘူး
မြန်မာမိန်းခလေးဆိုလဲနစ်နာတဲ့ဘက်က
ခုမြန်မာယောက်ျားကျတော့လဲ နိုင်ငံခြားသူနဲ ပတ်သက်တော့နစ်နာရပြန်ပြီ..
ဘာများကောင်းသေးလဲ မသိတော့ဘူး..
ကိုယ့်လူမျိုးတွေ ဘယ်ခါမှ အသာရမယ် မသိ????

ရွှေရတုမှတ်တမ်း said...

မျက်စေ့အောက်မှာတွေ့နေကြဇတ်လမ်းပေမယ့်..ဖတ်လို့ကောင်းလိုက်တာ..
မယ်ချောရေ..ဒီနိုင်ငံမှာတော့ မိန်းမကို အသာပေးပါတယ်..လူမျိုးနဲ့မဆိုင်ပါ

SHWE ZIN U said...

ကိုဆိုဆီ ရေ

ဖတ်လိုက်ရတာ ရင်ကိုမောသွားတာဘဲ ဆိုးလိုက်တဲ့ မိန်းမ ကျနော့် အဒေါ် ကြနေတာဘဲ

ခင်တဲ့
ရွှေစင်

ချစ်ကြည်အေး said...

ကိုတည်ငြိမ်ရေ....ဘဝဆိုတာ အမြဲတမ်း သွားနေတာနော်....အပေါ်စီးကချည်းပဲ အမြဲမရနိုင်ဘူး....၊ ရေးသားပုံကတော့ ပြောစရာ မလို...စွဲဆောင်ခေါ်သွားလိုက်တာ အဆုံးထိပဲ....

Unknown said...

သိပ်ကောင်းတယ်ဗျာ...။ ယဉ်ကျေးမှုမတူ၊ စရိုက်မတူတဲ့ ဘ၀နှစ်ခုက ပြဿနာတွေကို သယ်ဆောင်လာတာ ဆန်းတော့ မဆန်းပါဘူး။ ကိုယ့်လူမျိုး ဘာသာ အတူတူချင်းတောင် နားလည်မှုလွဲတဲ့ အခါတွေ နည်းမှမနည်းပဲ..
စဉ်းစားစရာတွေပေါ့

မြတ်စုလှိုင် said...

ရေးသားထားတာအရမ်းဆွဲဆောင်မှုရှိတယ်။ဒါလဲဝဋ်ကြွေး
တစ်မျိုးပဲပေါ့နော်။နောက်ဆုံးမှာတရားနဲ့ဖြေနိုင်သွားတဲ့အတွက်
အရမ်းကိုကေင်းပါတယ်။

thaingarra said...

ကောင်းတယ်ဗျာ ...

ရသပါတယ် ။ တကယ့် အဖြစ်အပျက် ဆိုတာ

စိတ်ကူးယဉ် ၀တ္ထုတွေထက် ပိုဆန်းကြယ်တယ်

လို့ ... ဒါကြောင့် ပြောကြတာ ဖြစ်မယ်။

အကြမ်းထည် said...

တော်တော်ခံစားရတဲ့ ပို့စ်လေး ဖြစ်ပြီး
အရေးအသား ဘာမှ မလို အောင် ကို
ကောင်းလွန်းပါတယ်.........

ဆက်လက်ချီတက်၍် ရသ(ခံစားမှူ)ဘက်မှာ
သည့်ထက် အောင်မြင်မှုတွေ ပိုမိုထုဆစ်နိုင်ပါစေ။

with rep;

Anonymous said...

ဇာတ်လမ်းဖွဲ့ထားတာမိုက်တယ်၊ နိုင်ငံခြားရောက် မြန်မာဇာတ်လမ်းလေးတွေ VDO ရိုက်ပါလား၊ ဖြန့်ပေးမယ်၊ :D Min Min

ကျော်ညိုသွေး said...

ဇတ်လမ်းက မသန်းမဖြစ်နိုင်တော့ဘူးပေါ့။ ဟားဟား
ဖတ်ကောင်းတယ်။ အင်္ဂလိပ်စာတွေတော့ ကျော်ဖတ်သွားတယ်ဗျာ။ ဂလိုပါပဲ။

ကိုကိုးအိမ် said...

ကိုဆိုဆီရေ ကျွန်တော်က အပေါ်ပိုင်းဖတ်လာတုန်းက အကိုပဲလို့ထင်ထားတာ ကိုဝင်းနိုင်ဆိုတာလည်းအကိုလို့ ထင်ထားတာ နောက်ဆုံးအောက်ကမှီငြမ်းပါသည်ဆိုမှ အကိုမဟုတ်မှန်းသိတာ...ဖတ်ရတာ စိတ်မကောင်း လိုက်တာဗျာ ဒီလိုအဖြစ်အပျက်တွေရှိမှန်းအခုမှသိတာပါ ကိုယ်ပြုသည့်ကံပဲ့တင်သံ ကိုယ့်ထံပြန်လာမည်လို့ ရှင် တော်ဗုဒ္ဒဆိုခဲ့ပါတယ်.. ကိုဝင်းနိုင်လည်း မဟုတ်တာမ လုပ်ခဲ့လို့ စောစောစီးစီး ကောင်းကောင်းမွန်မွန်နေရ တယ်လို့ ကျွန်တော်မှတ်ယူပါတယ်

ကိုဆိုဆီ ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျပါစေဗျာ

ကိုကိုးအိမ်

what is good things said...

good post

ဝက်ဝံလေး said...

အမလေး မောလိုက်ထှာာ ရေ ရေ ရေလေးပေးကြပါ ဂလု ရေသောက်ပါရစေဦး
ဖူးးးးးးးးးးး အခုမှပဲ အသက်ဝ ဝ ရှူရတော့တယ် ခုဏတုံးက အသက်ရှူဖို့တောင်မေ့နေတာ အဟုတ် တကယ်ပြောတာ
ဒီဘလော့ဂ်ကို ရောက်တော့ရောက်ဖူးတယ် ယောက်ျားလေးလား မိန်းကလေးလားမသိဘူးဖြစ်နေတာ ဒါနဲ့ ဟိုက် အကျိုးများနဲုလို့ ဘလော့ဂ်ဂါ ကိုယ်တွေ့များ ရေးထားသလားလို့ ဖတ်နေတာ တော်သေးရဲ့ ဇာတ်လမ်းဖြစ်နေလို့
ဘာပဲပြောပြော ဂွတ် ရေးတာ ကောင်း၏
5/5 ပေးလိုက်တယ် ကျေနပ်လားမသိဘူး ဟဲဟဲ

ချိုကျ said...

အင်း...အစ်ကိုရေ မိန်းမယူဖို့ တော်တော်လေး စဉ်းစားနေရပြီ တစ်မျိုးတော့မထင်နဲ့နော်..ဟဲဟဲ ယူစရာ မိန်းမကိုမရှိတာ။ တရားသဘောနဲ့ အဆုံးသတ်ထားတဲ့ နေဖြစ်သွားတဲ့အိမ် လေးကို ခံစားသွားပါတယ်ဗျာ။ ကောင်းပါ၏ ခင်တဲ့(ချိုကျ)

ahphyulay said...

ဖူးစာ ဆုံ ခဲ့ ကြပြီးမှ ကောင်းတာ ဆိုးတာတော့ 
မျှခံ ကြ ရမှာ ပါနော်။ ရင်သွေး ရှိတဲ့  အတွက်ကြောင့် 
လဲ တစ်ချိန်ချိန် မှာ ညှိ ယူ လို့  ရ မှာပါ။
စကား မစပ် ရေးသမျှ တွေ က တကယ့် အဖြစ်တွေ
ထင်ပါတယ်။ မော နေတယ် .. ဖတ် ပြီး..။

Anonymous said...

နှင်းဆီဖြူ ; အကိုရေ... နေဖြစ်သွားတဲ့ အိမ်လေးအကြောင်း ဖတ်သွားပါ တယ်.. သည်းခံ ခွင့်လွတ်နိုင်တယ်ဆိုတာအောင်မြင်တာပါပဲ

Anonymous said...

ကိုတည်ငြိမ်ရေ
နောက်တစ်ခေါက်လာဖတ်ပြီး ရေးသွားတယ် ကျွန်တော့် အကျင့်က ကောင်းတဲ့စာတွေဆို ခဏခဏပြန်ဖတ်လေ့ရှိတယ် ဒါကြောင့် စာအုပ်တွေပဲ ပိုင်တာများတာဘဲ ပြန်ဖတ်လွန်းလို့လဲ အပြောခံရပေါင်းများလှပြီ အလွတ်ကျက်နေတာလားတဲ့

လူမှတောထွက်ချင်နေပါတယ်ဆိုဗျာ ဘ၀၀ဋ်ကြွေးတွေ များလွန်းလှတယ်နော် ဘာဘဲပြောပြော ဘ၀မျိုးစုံလင်စွာနဲ့ သုတ ရသတွေ အများကြီးပါသော စာမျိုး များများရေးနိုင်ပါစေ သံဝေဂတွေ တလှေကြီးလည်း ယူသွားပါတယ်
အင်း ဒီတခါလည်း အလွတ်ကျက်တယ် အပြောခံရအုံးမလားမသိဘူး

ခင်မင်ရင်းနှီးစွာဖြင့်
seesein

Nge Naing said...

အပေါ်မှာ ပြောသွားကြတဲ့အတိုင်းပဲ အရေးအသားလည်းကောင်း ပို့စ်အဆုံးသတ်ဇာတ်လမ်းကလည်းကောင်း ကိုဝင်းနိုင်ရဲ့ စိတ်ဓါတ်ကို သိပ်ပြီး လေးစားပါတယ်။ အမေဆိုးပေမဲ့လည်း အဖေကောင်းနေလို့ ကလေးတွေအတွက် တော်သေးတာပေါ့။ ဒီလိုနိုင်ငံမှာ ကပြားကလေးတွေကို ဗုဒ္ဓဘာသာ ဖြစ်အောင် လုပ်ပေးနိုင်တာ ကိုဝင်းနိုင် သိပ်ကို တော်တယ် ကလေးတွေ ကုသိုလ်ကံ သိပ်ကောင်းပါတယ်။ Sosegado ရေ ကိုဝင်းနိုင်ကို ကျေးဇူးတင်ကြောင်း အမှာစကား ပြောပေးပါနော့်။ တခြားပို့စ်တွေကို နောက်အချိန်ရမှ ပြန်လာဖတ်ဦးမယ်။

ကြည်ဖြူပိုင် said...

အကိုရေ ဘ၀သရုပ်ဖော်လေးလာဖတ်သွားပါတယ်
ရင်မောလိုက်တာ...
လူသားတွေအားလုံးအဆင်ပြေပျော်ရွှင်နေရင်ဘယ်လောက်ကောင်းလိုက်မလဲနော်

ကိုဝင်းနိုင်ရဲ့စိတ်ဓာတ်လေးကိုတော့သဘောကျမိတယ်
ဗုဒ္ဓဘာသာကောင်းပီသလို့

လသာည said...

ဖတ်လို့ကောင်းလိုက်တာ... ဇာတ်လမ်းကို စဖတ်ကတဲက.. ရင်မောလိုက်ရတာ ပြီးမှပဲ စိတ်အေးသွားတော့တယ်..။
ကို sosegado ရဲ့ သူငယ်ချင်း ကိုဝင်းနိုင်ရဲ့ စိတ်ဓါတ်ကိုတော့ တကယ့်ကို လေးစားပါတယ်။ အဲဒါကို မျှဝေခံစားနားလည်ပေးတဲ့ ကို sosegado ကိုလည်း လေးစားပါတယ်။ ဒီပိုစ်အတွက် အရမ်းကို ဖတ်ကောင်းလို့ သိပ်ကျေးဇူးတင်ပါတယ်