Saturday, April 24, 2010

ပီကင်းဘဲကင်

北京烤鸭

ပီကင်းဘဲ ပီကင်းဘဲ နှင့် ငယ်ငယ်တုန်းက ကြားဖူးနေတာ၊ ဘာကြောင့် ပြောနေကြတာလည်းလို့ စဉ်းစားမိတာအမှန်ပဲ၊ ဘဲကင်က နေရာတော်တော်များများမှာ ရှိပါသည်၊ မြန်မာပြည်မှာ ရွှေဘဲဆိုင်ဆိုရင် ရန်ကုန်၊ မန္တလေး ဆိုင်ခွဲတွေမှ အများကြီး၊ မန္တလေး အေလမ်းထောင့်မှာလည်း ဘဲကင်ဆိုင် တစ်ဆိုင် ရှိပါသေးတယ်၊ စင်္ကာပူ ဟော်ကာ ဆိုင်တော်တော်များများမှာ ဘဲကင် သို့မဟုတ် ဘဲထမင်းဆိုင်တွေ ရှိပါတယ်။ ဒီတစ်ခါတော့ ပီကင်းရောက်တုန်း NUS မှာအတူတူ ကျောင်းတက်ခဲ့တဲ့ ပီကင်းနေ တရုတ်သူငယ်ချင်း ကောင်းမှု့နှင့် ကမ္ဘာကျော် ပီကင်းဘဲကင် ဆိုင်ကို ရောက်ခဲ့၊ စားခဲ့ရပါတယ်။

ရာဇဝင်ထဲက ဘဲကင် အကြောင်းလေးနဲနဲ ပြောပြရမယ်ဆိုရင်……


ပီကင်းဘဲကင်ဟာ တရုတ်အင်ပါယာ ဘုရင်တွေအတွက် တော်ဝင်ဟင်းလျာ ဖြစ်ခဲ့တာ မင်းဆက် အဆက်ဆက်ကနေ နောက်ဆုံး မင်မင်းဆက်၊ နောက်ဆုံး အင်ပါယာ ထိပါပဲ၊
ကွန်မြူနစ်ခေတ်မှာတော့ ဝန်ကြီးချုပ် ချုအင်လိုင်က ဧည့်သည်တွေအတွက် စားသောက်ဆိုင်ရွေးချယ်ရာကနေ ပြန်လည်ခေတ်စားလာပါတယ်၊ ယဉ်ကျေးမူ့တော်လှန်းရေးမှာ ပီကင်းဘဲကင် နည်းပညာ မပျောက်ပျက်သွားပါဘူး။

Beijing ပီကင်းမြို့တော်မှာ နာမည်ကျော် ရှေးအကျဆုံး ပီကင်းဘဲကင်ဆိုင် နှစ်ဆိုင်ရှိပါတယ်၊ Quanjude (全聚德) နှင့် Bianyifang (便宜坊) တို့ဖြစ်ပါတယ်၊ Bianyifang ဟာပိုရှေးကျပေမဲ့၊ Quanjude က marketing ကောင်းလို့ ပိုထင်ရှားပါတယ်၊ တခြားနယ်တွေကိုလည်း franchises ပေးပါတယ်၊ နိုင်ငံခြားမှာတောင် ဆိုင်ခွဲတွေဖွင့်ထားပါပြီ၊ Quanjude ဆိုင်မှာသွားစားကြပါတယ်၊ လူသုံးထောင်လောက် ဆန့်တဲ့ စားသောက်ဆိုင်ကြီးပါ၊ ဒါအပြင် VIP သီးသန့်အခန်း၊ အမြန်စားချင်တဲ့သူတွေအတွက် နှင့် ထုပ်သွားချင်တဲ့သူတွေအတွက် နေရာသီးသန့်လုပ်ပေးထားပါတယ်၊ ဆိုင်မှာလာစားကြတဲ့ VIP ပုံတွေချိတ်ထားတာတွေ့ရပါတယ်၊ ပီကင်းရောက် အမေရိကန် သမ္မတ အဆက်ဆက်ပုံတွေလည်းပါပါတယ်၊ ဘဲအကောင် ဘယ်လောက် ရှိပြီလည်း မှတ်ထားတဲ့ Hit ကောင်တာရှိပါတယ်။
Quanjude ပီကင်းဘဲကင်ဆိုင်ရှိတဲ့ Qianmen ဆိုင်တန်းတွေ၊

ပီကင်းဘဲကင် ဟာ ဘယ်လိုလဲဆိုတာ ရှင်းမပြတတ်ပါဘူး၊ စားပဲစားတတ်တာကိုး၊ ဓါတ်ပုံထဲမှာကြည့်ပါ၊ ဘယ်လိုစားရလည်း ဆိုတာတော့ ဓါတ်ပုံတွေနှင့် ပြပါမယ်၊ တရုတ်ပဲဆီကြာညှိ့ တစ်မျိုးနှင့် အတူတူစားရပါတယ်၊ ကန်စွန်းဥထည့်ထားတဲ့ Hoisin sauce လို့ပြောပါတယ်၊ ကောင်းမှကောင်း၊ ကဲ ဒါကြောင့် ပီကင်းဘဲကင် နာမည်ကျော်တာကိုး။

စာပွဲထိုးတွေက အင်္ဂလိပ်လို့ရပါတယ်

ပီကင်းဘဲကင်ကို ယူလာပြီး chef တွေက ကျွမ်းကျင်စွာ လှီးဖြတ်ပြီးတော့ ဧည့်ခံပါတယ်၊

အဲဒီလို ကော်ပြန့်လို အပြားလေးထဲ လှီးပြီးသားဘဲကင်၊ ကြက်သွန်မိတ်၊ sauce ထည့်၊ လုံးပြီးထုပ်ပြီး ပါးစပ်ထဲတစ်ခါထဲထည့် စားရပါတယ်။





လုံးပြီးထုပ်ပြီး ပါးစပ်ထဲတစ်ခါထဲထည့် စားရပါတယ်။

ဒီဆိုင်ရဲ့ ပီကင်းဘဲကင်က ဒီမိသားစုက ဆင်းသက်လာပါတယ်၊

အော်ဒါထုပ်သွားမဲ့သူတွေ တန်းစီနေကြပါတယ်၊

ပီကင်းရောက်တုန်း ပီကင်းဘဲကင် မစားခဲ့ဘူးလားလို့ ကွန်မင့်ထဲမှာ မေးပါတယ်၊ စားခဲ့တဲ့အကြောင်းလေး မှတ်စုရေးလိုက်ပါတယ်။ မရွှေစင်ဦး ဆီမှာပဲ သွားသွား သွားရည်ယိုနေရာကနေ ဒီတစ်ခါတော့ အစားအသောက် အကြောင်းလေးရေးလိုက်ပါတယ်။

ညမှာ ဘူဖေး ရွှေကျားသစ် စားသောက်ဆိုင်ကြီးမှာ သွားစားခဲ့ပါတယ်၊ လူ ထောင်ချီ စားလိုိ့ရပါတယ်၊ အရှေ့တိုင်း အနောက်တိုင်း အစားအစာတွေအပြင် အကောင်ပေါင်းစုံရပါတယ်၊ ဧည့်ကြို ဧည့်ခံတဲ့ တရုတ်မလေးတွေ တော်တော်ချောပါတယ်။ 

အကောင်ပေါင်းစုံ တစ်ခုချင်းရွေးထည့်ထားတယ်၊ အကောင်ရှည်လည်းပါတယ်။

Rose Tea နှင်းဆီလ္ဘက်ရည်


နောက်တနေ့ နာမည်ကျော်ပီကင်း တို့ဟူးဆိုင် သွားစားပါတယ်၊ တိုင်ဝမ်နှင့် မတူပါဘူး၊ ဒါပေမဲ့ တို့ဟူးမကြိုက်ဘူး။




Refer
飲膳正要


中国全聚德(集团)股份有限公司



Sunday, April 18, 2010

ပုံပြင်မဟုတ်တဲ့ ငါ့ရဲ့မှတ်စု (ပဥ္စမပိုင်း)



Thank you for loving me
For being my eyes when I couldn't see
For parting my lips when I couldn't breathe
Thank you for loving me

You pick me up when I fall down
You ring the bell before they count me out
If I was drowning you would part the sea
And risk your own life to rescue me, yeah

Lock the doors
Leave the world outside
All I've got to give to you
Are these five words when I

When I couldn't fly
Oh, you gave me wings
You parted my lips when I couldn't breathe
Thank you for loving me
Thank you for loving me

ဖွင့်ထားသော Bon Jovi ၏သီချင်းသံသည်၊ အပြင်ဘက် ထောင့်ဆုံးခုံတွင် ထိုင်နေသော ကျမကို ညင်ညင်သာသာလေး ကြားစေသည်၊ နစ်မြောသွားလိုက် မသွားလိုက်နှင့် စိတ်တို့ိသည် အအေးချမ်းဆုံး အခြေအနေမှာရှိသည်၊ ပူတင်း စားလို ့ကုန်သွားသော်လည်း၊ sparkling apple juice ကို နည်းနည်းချန်ထားသည်၊ ရဲလင်းအောင်ကို စောင့်ရန်အတွက်ဖြစ်သည်၊ သီချင်းတစ်ပုဒ် အသစ်စသည့် အချိန် ရဲလင်းအောင် ရောက်လာသည်၊ 
‘အေးကွာ ငါနည်းနည်း နောက်ကျသွားတယ်၊’ 
‘ရပါတယ်၊ ထိုင် နင်ဘာသောက်မလဲ၊’
‘တော်ပြီရတယ်၊’
‘တစ်ခုခု သောက်ပါ၊ အရင်လိုနေလို ့လား၊ ဘီယာ လား၊’
‘မဟုတ်ပါဘူး၊ ဒါဆိုလဲ ကော်ဖီ မှာမယ်၊’
ကျမ ကော်ဖီ မှာပေးလိုက်သည်၊ ရဲလင်းအောင်ကို ကျမသေချာကြည့်လိုက်သည်၊ ဝတ်နေကျမဟုတ်သော ရှပ်လက်တို အနက်ရောင်ကြပ်ကြပ်၊ လည်ပင်းမှာလည်း ဆွဲကြိုးနဲ့ ရက်အင်ဒီယန်းပုံစံ၊ ဘောင်းဘီကလည်း လီဗွိုင့်၊ နုထားတာလား၊ နာရီကလည်း ကျမဝယ်ပေးထားသော နာရီ မဟုတ်တော့ချေ၊ ဆံပင်ကလည်း ဂျယ်များများနဲ့ အပေါ်ထောင်ဖီးထားသည်၊ ဆံပင်ညုပ်ဆိုင်က ကောင်လေးတွေပုံစံ မြင်ယောင်လိုက်သည်၊ သြော် ငါ့ရဲလင်းအောင် မဟုတ်တော့ပါလား၊ သူ ကျမကို သေချာမကြည့်ပေ၊ ဆိုင်အခင်းအကျင်းတွေကို လိုက်ကြည့်သယောင််နဲ့ ဆိုင်ထဲဘက်ကို ကြည့်နေသည်၊ 
ကျမကပဲ၊ ‘ငါတို့ စကားပြောရအောင် ရဲလင်း၊ ကော်ဖီသူတို့ လာပို ့လိမ့်မယ်၊’
‘အေးပါ၊’
‘နင်ကို ငါဖုန်းနှင့်ပြောထားပြီးပြီ၊’ ‘sms တွေလဲ forward လုပ်ထားတယ်၊ နင်က အေးအေးဆေးဆေး အပြင်မှာ ပြောမယ်ဆိုလို့၊’
‘ဟုတ်တယ်၊’ ‘ပထမဦးဆုံး ငါ နင့်ကို တောင်းပန်ပါတယ်၊’ ‘တာရာ့ ကိုယ်စားလည်း တောင်းပန်ပါတယ်၊’
‘နေပါဦး နင်ကငါ့ကို ဘာလို့ တောင်းပန်ရသလဲ၊’
‘ငါအမှားလုပ်မိတယ်ထင်လို့ပါ၊’
‘လုပ်မိတာလား၊’ ‘လုပ်မိတယ်လို့ထင်တာလား ရဲလင်းအောင်၊’
‘ထားပါတော့လေ၊ တောင်းပန်တာတော့ ဟုတ််ပြီ ရှေ ့ဆက်ဘာလုပ်မလဲ၊’
ကျမကလိုရင်းပဲ သိချင်နေသည်၊ ကိုယ့်စိတ်ကို ကိုယ်ပြန်ထိန်းလိုက်သည်၊
‘ငါအမှားလုပ်ခဲ့ပါတယ်၊’ ‘ငါ အကောင်းဆုံးဖြစ်အောင်ပြန်လုပ်ချင်တယ်၊’
‘ရဲလင်း၊ နင်နဲ့ ငါနဲ့ဟာ ချစ်သူတွေ ဘဝကနေ လက်ထပ်ခဲ့တာ၊ နင်အတူတူ နေချင်လှပြီဆိုလို့ ငါပြန်ခဲ့တယ်၊ နင်လိုက်ခဲ့ပါဆိုလို့ ငါဒီရောက်လာတယ်၊ ငါ ငယ်ကျိိုးငယ်နာတွေ မဖေါ်ချင်ဘူး ရဲလင်းအောင်၊
လင်မယားဆိုတာ ပွင့်ပွင့်လင်းလင်းရှိရတယ်၊ မကြိုက်ရင် မကြိုက်ဘူး၊ ကြိုက်ရင် ကြိုက်တယ်၊ အလျှော့အတင်းလဲရှိရတယ်၊ တင်းတုန်းကတင်းနေပြီး ကိုယ်လျှော့ရမဲ့ အချိန်ကြတော့၊ ထွက်ပြေးသွားတာ၊’
‘ငါ နားလည်ပါတယ်၊ ငါကို အချိန်တစ်ခုပေးပါ၊’
‘ဘာအတွက်အချိန်ပေးရမှာလဲ ရဲလင်းအောင်၊ နင်ဘာလုပ်မှာလဲ၊ နင်ဘာလုပ်ချင်သလဲ၊ ငါလိုချင်တာအဲဒါပဲ ရဲလင်းအောင်၊’
‘ဟုတ်တယ်၊ အဲဒီအတွက်ပဲ၊ ငါတို့ နှစ်ယောက် အတွက်၊ အဆင်အပြေဆုံး၊ အကောင်းဆုံးဖြစ်အောင် ငါပြန်ပြင်မလို့၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ငါရှင်းမပြချင်တော့ဘူး၊ နင်ဘက်က နှစ်ယောက် အတွက်ပဲဆိုပေမဲ့၊ ငါအတွက်တော့ သုံးယောက်ဖြစ်နေတယ်၊ အဲဒီအတွက် ငါကို အချိန်တစ်ခုပေးပါ၊’
‘တစ်စုံတစ်ရာသော အတိုင်းအတာ အထိပဲ ရဲလင်းအောင်၊ နင်လဲသိမှာပါ အချိန်ဆွဲလို့ မရဘူးဆိုတာ၊ တစ်ပတ်လား၊ တစ်လ လား၊’ 
စိတ်ထဲမှာတော့ နင်ပြန်ပြင်ချင်တယ်၊ ပြန်ပြင်လို့ကော ရနိုင်ဦးမလား၊ ပြောနေမိသည်၊
‘တစ်လလောက်တော့ ငါကို အချိန်ပေးပါ၊’ 
‘အေးလေ ဟိုဘက်ကလည် ရှိနေတော့၊’ 
‘ငါဝမ်းသာပါတယ်၊ ငါကိုနားလည်ပေးတာ၊’ 
ရဲလင်းအောင် ခဏလေးရပ်ထားပြီး၊ ‘ငါကိုအလိုလိုက်တာ နောက်ဆုံး နင်ပဲရှိတယ်ဆိုတာ၊’
‘အဲဒီလို မထင်လိုက်ပါနဲ့ တစ်စုံတစ်ရာသော အတိုင်းအတာ အထိ လိုအပ်တယ် ထင်လို့ပေးလိုက်တာပါ၊ ငါလဲ ငါဘက်က ငါဘာလုပ်ရမလဲ စဉ်းစားရဦးမယ်မဟုတ်လား၊’ 
ခုထက်ထိ ကျမမျက်နှာကို မကြည့်သေးချေ၊
ကျမက ‘ကော်ဖီ သောက်လိုက်ဦး၊’
‘ကော်ဖီ သောက်ပြီးရင် ငါသွားတော့မယ်နော်၊’ ရဲလင်းအောင်ကဆိုသည်၊
ကျမ ဘာမှပြန်မဖြေ၊ ‘ဒါနဲ့ နင်အိမ်ပြန်လာဦးမှာလား၊’ ပြန်မေးခွန်းထုတ်လိုက်သည်၊
‘နှစ်ရက်လောက်နေ ငါပြန်လာပါမယ်၊’
‘ဘာတွေဖြစ်ခဲ့လဲဆိုတာ နင်ရှင်းပြဘို ့လိုတယ်လို ့ငါထင်တယ်၊’
‘အေးပါ၊ ငါရှင်းပြပါမယ်၊ ခုတော့ ငါသွားလိုက်ဦးမယ်၊’
ရဲလင်းအောင် ထထွက်သွားသည်၊
ထွက်သွားသော ရဲလင်းအောင်၏ နောက်သို ့လိုက်ကြည့်ရင်း၊ ရဲလင်းအောင်ပြောင်းလဲနေပြီကို ကျမသိလိုက်သည်၊ ဆိုင်ထဲက သီချင်းသံလေးနှင့်အတူ ကျမကျန်ရစ်ခဲ့သည်၊ သီချင်းက စီးချက်ကျနိုင်လွန်းသည်။ 

Every move you make      Every vow you break
Every smile you fake
Every claim you stake
I'll be watching you

Since you've gone I've been lost without a trace
I dream at night, I can only see your face
I look around but it's you I can't replace
I feel so cold and I long for your embrace
I keep calling baby, baby please...

Oh can't you see
You belong to me
How my poor heart aches
With every step you take

Every move you make
Every vow you break
Every smile you fake
Every claim you stake
I'll be watching you

Every move you make     Every step you take
I'll be watching you
I'll be watching you 

 
ကျမ ဘဝမှာ ဝမ်းနည်းကြေကွဲ စရာတွေနဲ့ပဲ ဖြစ်စေရမယ်လို့၊ အရင်ဘဝက ဘာမကောင်းမူ့တွေများ ကျမပြုခဲ့သလဲ၊ ဒီဘဝမှာပေးဆပ်စရာတွေပဲလား၊ ဒါမှမဟုတ် သူတို့ပြောတဲ့ ဘုရားသခင်က ဒါတွေကို ဖန်တီးခဲ့လေသလား၊ ကျမ၏ ချစ်ရပါသော ခင်ပွန်းသည် သည် ကျမဆီမှာမပျော်မွေ့တော့၊ ဝေခွဲလို့မရတဲ့စိတ်တွေနဲ့ အဖြေမရှိသေးတဲ့ မေးခွန်းတွေနဲ့ နှစ်ရက်ဆိုတဲ့ အချိန်ကို ကုန်လွန်ခဲ့သည်၊ နှစ်ရက်လောက်နေ ငါပြန်လာပါမယ်၊ ဆိုတဲ့စကားကို ယုံကြည်စွာဖြင့်လည်း ကျမမျှော်လင့်နေသည်။ 

စိတ်မပါ၊ အမှားများစွာ လုပ်မိကာ အလုပ်ထဲမှာ မတည်ငြိမ်ဖြစ်နေတာထက် စာရင် အကောင်းဆုံးဖြစ်အောင် ကျမခွင့် သုံးရက်ယူလိုက်ပါသည်၊ သူ့ရဲ့ရှင်းလင်းချက်ကိုနားထောင် ကိုယ်ဘက်ကလည်း အကောင်းဆုံးဖြစ်အောင ်ကြိုးစားကြည့်မည် ရည်ရွယ်ထားသည်၊ အချစ်နှင့် တည်ဆောက်ခဲ့တဲ့ ကျမရဲ့ကမ္ဘာလေးမပျက်အောင်ပေါ့၊ မှားခဲ့ဘူးကြမှာပဲ ဘယ်လိုခွင့်လွတ်ပေးနိုင်ရမလဲဆိုတာ ကျမ စဉ်းစားနေမိသည်၊ 
တစ်ရက်လည်းရောက်မလာ၊
နှစ်ရက်လည်းရောက်မလာ၊
သုံးရက်လည်းရောက်မလာ၊
တစ်ပတ်တို့ ကုန်ဆုံးသွားခဲ့ပါပြီ၊…ရက်စက်လှချည်လား ရဲလင်းအောင်ရယ်၊
မနက်ဖြန်ဆို ရုံးပြန်တက်ရတော့မည်၊ ကျမ ရဲလင်းအောင်ကို ဖုန်းခေါ်လိုက်ရင် ကောင်းမလား၊ ဒါမှမဟုတ် လိုက်သွားလျှင် ကောင်းမလား၊ တစ်ခါလဲလိုက်သွားခဲ့ပြီးပြီ၊ အဲဒီ တာရာဆိုတဲ့ ကောင်မလေးဆီသွား၊ ရုပ်ရှင်ထဲမှာလို ဟဲ့ လင်ခိုးမ၊ ဘာညာတွေပြော ပါးသွားရိုက်ပစ်ရင် ကောင်းမလား၊ လားပေါင်းများစွာဖြင့်၊ ကျမ တကယ်ပါ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ထိုအချိန်မှာပဲ ဖုန်းသံမြည်လာသည်၊ ကျမဆီဖုန်းလာနေပြီ၊ ကျမ အမြန်ပဲ ကိုင်လိုက်မိသည်၊ ‘ဟလို၊ ဟလို၊’
‘ဟေ့ မိုးစန္ဒာ ကောင်မ နင်ကပုန်းနေတယ်ပေါ့လေ၊’ ရင်းနှီးသော အသံ၊ ကျမမျှော်နေတဲ့သူမဟုတ်၊ ခင်ဝင်းကြည် သန်လျှင်က ငယ်သူငယ်ချင်းအရင်းဆုံး၊
‘ဟဲ့ ဘာတိတ်နေတာလဲ၊ ငါ့အသံ မမှတ်မိဘူးလား၊’
‘မှတ်မိပါတယ် ခင်ဝင်းကြည်ရယ်၊ မမျှော်လင့်ထားတော့ ကြေင်သွားတာ၊ ဘယ်တုန်းကရောက်လဲ၊’
‘နင်ကလည်း အကြောင်းမကြားဘာမကြား၊’
‘ဘယ်တုန်းကရောက်လဲမမေးနဲ့၊ နင့်ဆီကိုရောက်အောင်လာတာ ခုနင့်အိမ်အောက်မှာ၊ နီနီလဲပါတယ်၊’
ဟွန်း၊ ကောင်းကြသေးရဲ့လား၊ ဘာလုပ်လို ့ ဘာကိုင်ရမှန်း မသိဖြစ်နေချိန်၊ ပြောမနာဆိုမနာတွေ ရောက်ချလာသည်။

ခင်ဝင်းကြည်နှင့် နီနီတို့သည်၊ ကျမ၏ အရင်းနီးဆုံး တွဲဖေါ်တွဲဖက် ငယ်သူငယ်ချင်းများ၊ အထက(၁) သန်လျှင်ထွက်များ၊ ခင်ဝင်းကြည်က ဗိုလ်ချုပ်ရွာက ဖြစ်ပြီး၊ နီနီက ရေနံဝင်း တိုက်ကြီးကုန်းကဖြစ်သည်၊ ကျမအကြောင်း ကကြီးမှအ အထိသိသည်၊ ခုလောလောဆယ်တော့ ကျမဘာဖြစ်နေသည် သူတို့မသိပေ။ 
အိမ်ပေါ်ရောက်လာကြပြီး လာဖြစ်ပုုံ၊ အလုပ်ရှာဘို့အကြောင်း၊ သူတို့အကြောင်းတွေကို ကျမကိုပြောပြနေသည်၊ အထိုက်အလျှောက်နားထောင်ရင်း ကူညီရမှာပေါ့ သူငယ်ချင်းတို့ရယ် ဟုပြောမိသည်၊ ဒီလိုနဲ့ ကျမအလှည့်ရောက်လာသည်၊ ရဲလင်းအောင်အကြောင်း မေးကြသည်၊ ဒီသူငယ်ချင်းတွေကို ကျမဟန်ဆောင်၍ မရပါ၊ ကျမနှင့် ရဲလင်းအောင် လက်ရှိအခြေအနေကို ပြောပြလိုက်သည်၊ သူတို့ကျမဘက်မှ ခံပြင်းသွားကြသည်၊ ခင်ဝင်းကြည်က ဒီကောင်ဘယ်မှာလဲ၊ ဟိုကောင်မကိုလည်း ခုသွားရှင်းမယ်၊ နီနီက ခဏနေပါဦး ခင်ဝင်းကြည်ရယ်၊ သူတို့က လင်မယား ငါတို့တွေ အေးအေးဆေးဆေး တိုင်ပင်ပြီးလုပ်ကြတာပေါ့ဟု ဝင်ထိန်းသည်၊ အလုပ်လာရှာတဲ့ သူတွေလည်း ကျမ အပူမိချေပြီ၊ သူငယ်ချင်းတွေကို မျက်ရည်ဝဲစွာ ရှင်းပြခဲ့ပေမဲ့၊ ကျမမငိုခဲ့ပါ။

ညတော်တော်လေး မိုးချုပ်မှ သူငယ်ချင်းတွေ ပြန်သွားခဲ့သည်၊ ဆောက်တည်ရာမရ ဖြစ်နေပြီလားဆိုလဲ ကျမ မဖြေနိုင်၊ ဘယ်လိုခံစားနေရလဲလို့ မေးရင်လည်း ကျမရေးချပြလို့မရပါ၊ ခံစားဘူးမှ သိကြမှာပါ၊ ကျမအကြီးအကျယ် ခံစားနေရပါသည်၊ အိပ်ဆေးသောက်ပြီး အိပ်တဲ့အကျင့်ကို ကျမတွန်းလှန်ခဲ့ပြီးဖြစ်သည်၊ မနက်ကြအလုပ်ပြန်သွားမယ်စိတ်ကိုသွင်းပြီ၊ ကင်းဆိုဒ် ကုတင်ကြီးပေါ် တစ်ယောက်ထဲ ဟိုလှိမ့် ဒီလှိမ့်နှင့် စိတ်မော လူမောစွာ ကျမအိပ်ပျော်သွားခဲ့ပါသည်။ 
  
ဒီနေ့အလုပ်ချိန်ဘယ်လို ကုန်ဆုံးသွားလဲ ကျမ မသိ၊ ရုံးဆင်းတာနဲ့ အိမ်ကိုကျမတန်းပြန်ခဲ့သည်၊ ပင်ပန်းနွမ်းနယ်နေသဖြင့် ကျမရောက်ရောက်ချင်း ရေအရင်ချိုးလိုက်သည်၊ ပြီးနောက် အိမ်ရှေ့ထွက်လာဖြစ်သည်၊ ဧည့်စားပွဲပေါ်တွင် အေဖိုးစာရွက်နှင့် စာရေးထားတာတွေ့ရသည်၊ ရဲလင်းအောင်ရေးထားခြင်းဖြစ်သည်၊ 
မ ငါဒီနေ့အိမ်လာသွားတယ်၊ ပစ္စည်းတစ်ချို့ယူသွားတယ်၊ ဒီည ညဆင်းမနက်ဖြန်ည လာခဲ့မယ်၊
ကျမစိတ်ထဲမှာနည်းနည်းတင်းသွားသည်၊ ဖုန်းခေါ်ရင်ရတာပဲ၊ အကျိုးအကြောင်း ရှင်းပြမယ်ဆိုပြီး ခုထက်ထိဘာမှာဖြစ်မလာသေး၊ ကျမပြတ်ပြတ်သားသားတစ်ခုခုလုပ်မှ ဖြစ်တော့မည်။ 

ခင်ဝင်းကြည်နှင့်နီနီ တို့ထံဖုန်းဆက်ပြီး အလုပ်အခြေအနေမေးကြည့်ရင်း၊ ရဲလင်းအောင်၏စာအကြောင်းပြောဖြစ်သည်၊ သူတို့ ရဲလင်းအောင်နှင့် လာတွေ့မည်ဟုဆိုသည်၊ ရဲလင်းအောင် မနက်ဖြန်လာရင် ငါဖုန်းဆက်လိုက်မယ်ဟုဆိုသောအခါ၊ သူတို့ အဆင်သင့် စောင့်နေမည်တဲ့၊
နောက်နေ့ညနေ ရဲလင်းအောင်အိမ်ပြန်လာသည်၊ ကျမက ခင်ဝင်းကြည်နှင့်နီနီ တို့ရောက်နေကြောင်း တွေ့ချင်လို့ဟုပြောလိုက်သည်၊ တွေ့တာပေါ့ သူတို့ကို တစ်ခုခုကျွေးရအောင် ဟုဆိုသည်၊ ရဲလင်းအောင်ပုံစံက အိမ်မှာမနေချင်သည့်ပုံစံ၊ ဒီလိုနဲ့ ခင်ဝင်းကြည်၊နီနီ တို့နှင့် ကျမတို့နှစ်ယောက် sakuya တွင် ဘူဖေးစားဖြစ်သည်၊ ခင်ဝင်းကြည်က ရဲလင်းအောင်ကို တည့်တိုးမေးသည်၊ မနက်ဖြန်လည်း ထပ်တွေ့မည်ဟုဆိုသည်၊ ခင်ဝင်းကြည်၏ ဇွတ်တရွတ်မှာ ရဲလင်းအောင်ပြေးမလွတ်ပါ၊ သိတယ်မဟုတ်လား ခင်ဝင်းကြည်က ဗိုလ်ချုပ်သူလေ။ 

စနေနေ့မှာ ရဲလင်းအောင် အိမ်ပြန်လာသည်၊ ကျမ အထိုက်အလျှောက်နေလိုက်သည်၊ သူငယ်ချင်းတွေကလည်း အခြေအနေ စောင့်ကြည့်ဘို့ မှာထားသည်မဟုတ်လား၊ ဒီလိုနဲ့ ရဲလင်းအောင် အိမ်ပြန်ရောက်လာသည်၊ ကျမထင်ပါတယ် ဟိုတစ်ယောက်ဆီ ခင်ဝင်းကြည် ပွဲသွားကြမ်းမည်စိုး၍ ဟိုတစ်ယောက်ကို ကာကွယ်သည့်အနေဖြင့် ကျမဆီ ရောက်လာသည်ဖြစ်မည်၊ မိတ်ဆွေ သူငယ်ချင်းတွေ ရှိသင့်ကြောင်း သူတို့ အဖိုးတန်ကြောင်း ကျမသိခဲ့ရပါသည်။ 

နောက်နေ့ ထမင်းတူတူစားတော့ ရဲလင်းအောင် သူနှင့် တာရာ အကြောင်းကို ကျမကိုပြောပြခဲ့သည်၊ ကျမမေးလို့မဟုတ်၊ ကျမ့ မျက်လုံးထဲက အမေးကို နားလည်သောကြောင့်ဖြစ်မည်၊ ရိုးရိုးဇာတ်လမ်းလေးပါပဲ၊ တွေ့ကြတယ်၊ တွေ့တာများတော့ ရင်းနှီးလာတယ်၊ ချက်ကျွေးတာသွားစားတယ်၊ ဟိုသွားဒီသွားလိုက်ပို့တယ်၊ ကြာတော့ ကောင်မလေးက သူကိုချစ်လာတယ် ဆိုသည်၊ ကျမနားထောင်သူဘဲဖြစ်ခဲ့သည်၊ စိတ်ထဲမှာတော့ မသိဘူးလား၊ ကိုယ်က အိမ်ထောင်သည် ဟိုကလည်းသိရမည် ဒီတစ်ယောက်ကလွတ်လွတ်လပ်လပ်မဟုတ်၊ စောင့်ထိန်းရမည့် စည်းတွေဘယ်ရောက်သွားကြပြီလည်း၊ အချစ်ဆိုတာ တားဆီးလို့မရဘူးလို့ ဆို်ပြီး အချစ်ကိုပုံချကြဦးမလား။ 

ရဲလင်းအောင်က တကယ်ကို ပိုနေမြဲကြားနေမြဲ ဘာမှမဖြစ်သည်ပုံစံ၊ စကားတွေကရှေ့နောက်မညီ၊ ဆင်းလိုက်တဲ့ ညဆင်းတွေကလည်း၊ တစ်လမှာ တဝက်မက၊ ညိုယူနေရသည့် အချိန်မို့ ကျမဘာမျှမပြော၊ ကြားထဲမှာ မမြင့်၊ ခင်ဝင်းကြည်နှင့်နီနီတို့ အခြေအနေကို လှမ်းမေးကြသည်၊ ခင်ဝင်းကြည်ကတော့ အိမ်ကို ခဏခဏ ရောက်ဖြစ်သည်၊ ခင်ဝင်းကြည်နှင့်နီနီ အလုပ်ရသွားကြပြီဖြစ်သည်၊ ခင်ဝင်းကြည်ကို ကျမ အလုပ်တစ်ခုနှင့် ဆက်သွယ်ပေးခဲ့ခြင်းဖြစ်သည်။ 

ရဲလင်းအောင်ကို ကျမခွင့်လွတ်သည်ဟုမပြောသော်လည်း အများကြီးလျှော့ပေးခဲ့သည်၊ ဟန်ဆောင်နေသော ရဲလင်းအောင်၏ အမူအရာတွေနဲ့ အပြောအဆိုတွေက ကျမကို နုတ်နုတ်စင်းနေသလိုပင်၊ ထမ်းနိုင်စွမ်းလည်းမရှိပဲ အိုးနှစ်လုံးထမ်းနေသည့် ရဲလင်းအောင်နှင့် တည်ဆောက်ထားသည်လေးကို မပျက်စီးချင်သော ကျမ၊ တကယ်ကို ကျမ နာကျဉ်လာခဲ့ရပါပြီ။ 

ရဲလင်းအောင် ညဆင်း လေးရက်ဆက်တိုက်ဆင်းသည်ဆိုသော ညတညမှာ၊ ကြားရတဲ့ သတင်းတွေနဲ့ ကျမ ဆောက်တည်ရာ မရတော့ပါ၊ အမေ့ဆီကို ဖုန်းဆက်ဖြစ်သည်၊ အဖေ အမေတို့ကို ဒီကိစ္စတွေကို ကျမ ဘာမှာမပြောရသေးပါ၊ မိဘကို စိတ်ဒုက္ခပေးသူ တစ်ယောက် ကျမ မဖြစ်ချင်ပါ၊ ဒီနေ့တော့ ကျမ မရတော့ပါ၊ အမေ လို့ ကျမဝမ်းနည်းခံစားစွာခေါ်ရင်း ကျမ အမေကို ပြောပြလိုက်မိသည်၊ ငိုသံကြီးနှင့် ပြောနေသော်လည်း ကျမ မငိုပါ၊ 
ဟိုတစ်ယောက်ဆီလည်းသွားနေတယ်၊ ကျမဆီမှာလည်းနေတယ်၊ သမီးဘာလုပ်ရမလဲအမေ၊
ဘာလုပ်ရမယ်ဆိုတာကို အမေတို့ တိုင်ပင်လိုက်ဦးမယ်၊ လောလောဆယ် သမီးသိရဘို့က သမီးနောက်မှာ အဖေတို့ အမေတို့ ရှိတယ်၊ အားတင်းထား အလုပ်လဲအပျက်မခံနှင့် သမီးကိုလည်းမထိခိုက်စေနဲ့၊ သူတော်ကောင်းတစ်ယောက်လိုနေ၊ သမီးနားမှာ အမေအမြဲရှိတယ်လို့မှတ်ပါ၊ သမီးကိုလည်းအမေတို့ယုံကြည်ပြီးသား၊ အမေရဲ့ အားပေးစကားတွေ၊
အမေတွေဟာ သမီးတွေကို နားအလည်ဆုံးဆိုတာ၊ အသက် သုံးဆယ်ကျော် သမီးတစ်ယောက်ရဲ့ နာကျဉ်မူ့ကို အမေမျှဝေခံစားပေးခဲ့တယ်။ 

စနေနေ့ရဲ့နံနက်ခင်း တစ်ခုမှာတော့၊ ကျမ မနက်စာ ပလာတာ စားပြီး၊ ဘာရယ်လို့မဟုတ် ရဲလင်းအောင် တကယ်လို့ ပြန်လာလို့ စားချင်ရင်စားလို့ရအောင် ကျမတစ်ခုချန်ထားခဲ့ပါသည်၊ ခဏနေတော့ ရဲလင်းအောင်ပြန်လာပါသည်၊ 
‘မိုးစန္ဒာ’ ရဲလင်းအောင်ကျမကို နာမည်နှင့် ဒီလိုမျိုးတစ်ခါမှာ မခေါ်ဘူးဘူး၊
‘ဒီမှာထိုင်’ ထမင်းစား စားပွဲက ထိုင်ခုံတစ်လုံးတွင် ကျမကိုထိုင်ခိုင်းသည်၊
သူ့ မျက်နှာကို သေချာကြည့်လိုက်မိသည်၊ တစ်မျိုးဖြစ်နေသည်၊ ဒေါသ အနီရောင်သမ်းနေပြီး၊ မျက်လုံးများကလည်းနီနေသည်၊ မူးမလာပါ၊ ကျမဝင်ထိုင်လိုက်သည်၊
‘ခုတော့ ငါနင့်ကို ပြောရတော့မှာပေါ့၊’ လေသံကနည်းနည်းမာသည်၊ ကျမ ဘာမှပြန်မပြော၊
‘ငါတို့နှစ်ယောက်ရဲ့ ပြသာနာကို ကိုယ့်ဘာသာ ဖြေရှင်းပါလား၊’
‘ခုတော့ အရပ်ကူပါ လူဝိုင်းပါနဲ့၊ ငါ့အရှက်ကိုခွဲတယ်ပေါ့၊’ 
ကျမ သူဘာကိုဆိုလိုသလဲကို လိုက်ဖမ်းနေသည်၊ စိတ်ထဲမှာတော့ နင်ကအရှက်ရှိတယ်ပေါ့ဟု ပြောနေမိသည်၊
‘မင်းတော်တော် အသုံးမကျတာ၊
မင်းတော်တော် ညစ်ပတ် စုတ်ပဲ့တာပဲ၊’
‘ကလိမ်ကကျစ်၊ အဖေနှင့် သားကြားမှာရန်တိုက်ပေးတာ’
ငါ့ -- ပဲ --- xx ---xx ဆက်တိုက်ကြီးဆဲနေသည်၊
‘မိုက်ရိုင်းလှချီလား ရဲလင်းအောင်၊’
‘ရိုင်းတယ်ထင် ရိုင်းတယ်ဟေ့၊’
ကျမ သိလိုက်ပါပြီ၊ အဖေနှင့် အမေတို့ သူ့အိမ်ကိုသွားပြောကြသည်ဖြစ်မည်၊ သူမိဘတွေက ပြတ်ပြတ်သားသား ပြောပါလိမ့်မည်၊ သားသမီး မကောင်းမိဘခေါင်း မဟုတ်လား၊
‘မင်းကိုမင်း ဘာထင်နေသလဲ၊’
‘သူတို့ သမီးများ ဘာထင်နေလဲ၊ ငါကတော့ -ါပဲထင်တယ်၊’
နင့် ဘာပြောလိုက်တာလဲ ရဲလင်းအောင်၊
‘ငါပြောတာရှင်းနေတာပဲ၊ -ါပဲထင်တယ်၊’
‘ငါ့အဖေကလည်း နင်နဲ့ပြတ်ရင် သူတို့နဲ့လည်းပြတ်၊’ 
‘ဒီနေ့ ငါအကုန်ပြတ်တယ်ဟေ့၊ - ါမျိုးတွေ၊ - ါသည်တွေနဲ့လည်းပြတ်တယ်၊’
တော်စမ်း ရဲလင်းအောင်၊ ကျမအသံ သူ့ထက် ကျယ်လောင်သည်၊
‘နင်ပြတ်ချင်တယ် ဆိုရင်ပြီးပြီ၊ ငါလဲပြတ်တယ်၊’
‘ငါ့မိဘတွေ အမျိုးတွေကို ထိခိုက်စရာမလိုဘူး၊’
‘နင်အသံတိတ်ပြီး ဒီအိမ်ကထွက်သွားပါ၊’ 
ရဲလင်းအောင် ကျမကို ပြန်ကြည့်နေသည်၊ ကျမမျက်လုံး မီးဝင်းဝင်းတောက်နေပြီဖြစ်သည်၊
‘မထွက်သွားတော့ မင်းဘာလုပ်ချင်သလဲ၊’
‘ဘာ! ဒီမယ် ဒီအိမ်ကငါ့နာမည်နှင့် ငှါးထားတာ၊ ငါပဲပိုက်ဆံတွေပေးထားတာ၊
ဘာလုပ်မလဲ နင်သိချင်သလား၊’ ကျမရှေ့ကိုတိုးပြီး တစ်ခုခုရှာမိသည်၊
ရဲလင်းအောင်က ကျမကို လက်နှင့် တားသလိုလုပ်သည်၊
‘ရဲလင်းအောင် နင်သေချာနားထောင်၊ နင့်ဘက်က စာရွက်စာတမ်းတွေ လုပ်ပြီးရင်အကြောင်းကြားလိုက်၊ ငါလက်မှတ်ထိုးမယ်၊ ခုတော့ နင်ထွက်သွားပါ။’ 

လောကတွင် မိန်းမတွေကို ဆဲသော ယောက်ျားတွေလောက် အောက်တန်းကျတာ မရှိဟု ကျမထင်သည်၊
ရဲလင်းအောင်၏ မျက်လုံးထဲမှာ ကျမ အဖြေကိုရှာတွေ့သွားပြီဖြစ်သည်၊ အရိပ်တကြည့်ကြည့် ကြည့်နေခဲ့တဲ့ချစ်သူ၊ ချစ်လို့ယူထားတဲ့ ယောက်ျား၊ သူ့အမူအရာတွေကို အလွတ်ရနေတဲ့သူပါ၊ ကျမသိပါတယ် သူ့မျက်လုံးမှာ အမုန်းတွေရှိနေပြီဆိုတာ၊
သူလည်းသိမှာပါ ကျမရဲ့ တစ်စုံတစ်ရာသော အတိုင်းအတာ ဒီနေ့ကုန်ဆုံးသွားပြီဆိုတာ။
အဲဒီနေ့က ကျမဘဝမှာ ပထမဦးဆုံး ယောက်ျားတစ်ယောက်ရဲ့ ဆဲဆိုခြင်းကိုခံခဲ့ရပါတယ်၊ အဲဒီ ယောက်ျားကလည်း ကျမရဲ့ လင်ယောက်ျားပါပဲ။ 
အဲဒီနေ့က ကျမဟာ ကျမရဲ့ ချစ်ဦးသူ၊ တစ်ယောက်တည်းသောချစ်ဖူးသူ၊ လင်ယောက်ျားနှင့် လမ်းခွဲဘို့ ဆုံးဖြတ်လိုက်ပါတယ်။ 

ညကြတော့ မမြင့်၊ ခင်ဝင်းကြည်နှင့် နီနီတို့ ကျမဆီရောက်လာပါတယ်၊ သူတို့အားလုံး ကျမနှင့် သဘောထားတူညီကြပါတယ်၊ အဖေ အမေတို့ကလည်း ကျမနှင့် သဘောထားတူညီကြပါတယ်၊ ခင်ဝင်းကြည် အဲဒီညက ကျမနှင့် အတူအိပ်ပြီး၊ နောက်နေ့ ကျမအိမ်ကိုပြောင်းလာပါသည်။ 

မမြင့်ဆီမှာ သိရသည်မှာ ဇာတ်လမ်းအစက ဟိုကောင်မလေးက ကျမဆီသွားနေလို့ မခွဲနိုင်လို့ ပရုပ်လုံးတွေသောက်သည်ဆိုလား၊ ရဲလင်းအောင် အချိန်မှီရောက်သွား၍ ဘာမှမဖြစ်လိုက်ဟုဆိုသည်၊ ရဲလင်းအောင် အဖေသည် ဂုဏ်သိက္ခာကို အရမ်းတန်ဘိုးထားသူ ဖြစ်သည်၊ ကျမ အဖေမှ ကျမတို့ကိစ္စကို ညှိနိုင်းရန် ရဲလင်းအောင် အိမ်ကိုသွားတိုင်ပင်သောအခါ၊ သူ့အဖေက ရဲလင်းအောင်ကို ပေါက်ကွဲတော့သည်၊ ရဲလင်းအောင်က ကျမကို လာ ပေါက်ကွဲခြင်းဖြစ်သည်၊ ခုတော့ ရဲလင်းအောင် သူနိုင်တယ်ထင်သော အိုးကို သူရွေးသွားပါပြီ။ 

ဒီဇင်ဘာလ ၁၅ ရက် သောကြာနေ့မှာ၊ ကျမနှင့် ရဲလင်းအောင်တို့ ______ ၏ ရှေ့မှောက်တွင်၊ နှစ်ဦးသဘောတူ ကွာရှင်းခဲ့ပါသည်၊ များများစားစား မရှိသော စင်္ကာပူူတွင် လမ်းခွဲခဲ့သော သူတို့တွင် ကျမတို့လည်းပါဝင်ပါသည်။

နောက်တစ်ပတ်မှာ ကျမ မြန်မာပြည်ကို ခွင့်တစ်လပြန်ခဲ့ပါသည်။ ဝေဒနာနှင့် ပြန်သွားသည်ဟု ဆိုနိုင်သော်လည်း၊ အရူံးပေး၍ ပြန်သွားခြင်းတော့မဟုတ်ပါ။
တိုက်ဆိုင်သည်ဟု ဆိုရလောက်အောင်ပင် ထိုဇန္နဝါရီလသည် ကျမ့မောင်လေးနှင့် နန်းထွေးတို့ မင်္ဂလာ ဆောင်မည့်အချိန်ဖြစ်ပါသည်၊ အားလုံးပျော်ရွင်ရေး အတွက်၊ ကျမ၏ ခံစားချက်တို့ကို ငုတ်လျှိုးကွယ်ပျေက်ထားရပါသည်။ 

မြန်မာပြည်မှာ ရှိနေသော ကာလ တလျှောက်လုံး ကျမ သန်လျင်မှာနေပါသည်၊ ကျိိုက်ခေါက်ဘုရားပေါ် ကျမ တစ်ခေါက်မှ မသွားဖြစ်ခဲ့ပါ၊ ဒီနေ့တော့ ရန်ကုန်တိုက်ခန်းလေးကို ကျမပြန်ရောက်ခဲ့ပါသည်၊ ကျမက မျက်ရည်တိုက်ခန်းလေးဟု အမည်ပေးထားသော ဒီတိုက်ခန်းလေးကို မေတ္တာ တိုက်ခန်းလေးဟု အမည်ပြောင်းပြီး မောင်လေးနှင့် နန်းထွေးတို့ကို မင်္ဂလာလက်ဖွဲ ့ အဖြစ်ပေးလိုက်မည်ဖြစ်သည်၊ အိပ်ခန်းထဲက စားပွဲတွင်ထိုင်ရင်း ကက်ဆက်ကို အမှတ်မထင်ဖွင့်လိုက်မိပါသည်၊ စိုင်းထီဆိုင်ရဲ့ တည်ငြိမ်အေးမြတဲ့ သီချင်းအသံလေး ထွက်လာပါသည်၊ မသဲတကွဲလေး ကြားသလို လိုက်ဆိုမိသည်၊

ဒီနေ့တော့ ဒီအတိုင်းသိိနေလည်း
နောင််တနေ့မှာ ဒီအတိုင်းမဟုတ်ပြီပေါ့၊
ရည်ရွယ်ထားတဲ့သူချင်း
အကြင်နာမျှတဲ့သူချင်း
ကံဉာဏ်ဝိရိယကြောင့်လား၊
မာန်မာနကြောင့်လေလား၊
တစ်ခါတစ်ရံများလွဲတတ်ပေသည်။

ကြည့်စမ်း မီးနှင့်ရေ ကုန်းနှင့်လေ
ထူးစမ်းအံ့ဩဘွယ် နှစ်သက်ရှည်
လူအဖြစ်ဟာ ထိုကဲ့သို ့မတည်ပေ၊
ချစ်ခြင်းတာတူနိူင်းလောက်မယ်လေ၊
ဒိဋ္ဌပဲတွက်ထားလည်း လွဲတတ်ပေ၊
စောင့်စားရတိုင်းလဲ မပြည့်တတ်ချေ၊
လူတို ့အဖြစ် ပိုနားလည်နိုင်ပေ၊
အရှင်ဘုရားကို ပိုနားလည်နိုင်သလေ။

ခွင့်ပြည့်သွားသောအခါ ကျမ စင်္ကာပူူကို ပြန်ခဲ့သည်၊ ခင်ဝင်းကြည် နှင့်ပင် ဂျိုရောင်းဘက်ကို ပြောင်းနေလိုက်သည်၊ ရဲလင်းအောင်နှင့် တာရာသက်ထားတို့ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ ဗာလင်တိုင်းနေ့တွင် လက်ထပ်ကြသည်ဟု သိရပါသည်။
----------- -------------- ------------ ----------- 

လူအုပ်ကြီးနှင့်အတူ ကျမ ရှင်နာဂါဝါဘူတာဘက် လမ်းဖြတ်ကူးလိုက်သည်၊ ဒီနေ့ ဆိုနီဒီဇိုင်းစင်တာမှာ တစ်နေကုန် အစည်းအဝေးတက်ခဲ့ရသည်၊ မပင်ပန်းသော်လည်း စိတ်ကိုအလိုလိုက်ကာ ဘူတာအပေါ်ထပ်က ကော်ဖီဆိုင်မှာ ဝင်ထိုင်ဖြစ်သည်၊ ရီဂျင်နယ် မန်နေဂျာ ရာထူးနှင့် ဂျပန်၊ တရုတ်၊ စင်္ကာပူူတို့တွင် ရုံးလှည့်ထိုင်လာတာ သုံးနှစ်ကျော်ကျော် ရှိသွားပြီဖြစ်သည်၊ လုပ်ဖေါ် ကိုင်ဘက်တွေ၊ ကာစတမ်မာတွေ၊ ပညာရှင်တွေနဲ့ပဲ လုံးလည်ခြာလည်ရင်း မရင်းနှီးတဲ့သူတွေကြားမှာ ကျမလည်း ရိုဘော့ အကြောင်းတွေပြောရင်း ရိုဘော့ဖြစ်နေရပြီ။ 

ပြီးခဲ့တဲ့ အပတ်က နီနီနှင့် သူ့အမျိုးသား ဂျပန်ကိုလာလည်၍ သူတို့နှင့် တစ်နေ့ လျှောက်လည်ဖြစ်သည်၊ ကျမအတွက် စင်္ကာပူူကလက်ဆောင်တွေ လည်းပါသည်၊ ကျမက ငါ စင်္ကာပူူ ခဏခဏရောက်နေတာဟု ပြောသော်လည်း မရမကပေးခဲ့ပါသည်၊ စားစရာတွေ စီဒီတွေဖြစ်သည်၊ သတိရနေလား လို ့ နီနီကနောက်လိုက်သေးသည်။

မနေ့က ဖုန်းထဲကို အမ်ပီသရီး သီချင်း အချို ့ဒေါင်းလုပ် လုပ်ထားတာ သတိရလိုက်သည်၊ လက်ကိုင်အိတ်ကို ဖွင့်ပြီး ဖုန်းယူလိုက်မှာ လက်ကိုင်အိတ်ထဲမှာ နည်းနည်းဟောင်းနေပြီဖြစ်တဲ့ မှတ်စုစာအုပ် ခရမ်းရောင်လေး၊ ကိုလှမ်းတွေ့လိုက်သည်၊ စာအုပ်ကိုထုတ်ယူလိုက်မိသည်၊ စိတ်က ဘယ်လိုဖြစ်သွားလည်းမသိ၊ စားပွဲထိုးကောင်မလေးကို ခေါ်လိုက်မိသည်၊ ကျေးဇူးပြု၍ ငါ့ကို ဒီစာအုပ်လေး လွှင့်ပစ်ပေးပါ၊ အိုကေ ရပါတယ်ဆိုပြီးယူသွားသည်၊ ခဏနေကြာ ပြန်ထွက်လာပြီး အိုကေဟုဆိုသည်၊ ဒီဆိုင်က စားပွဲထိုးကောင်မလေးများသည် နီပေါကျောင်းသူလေးများ ဖြစ်ပြီး၊ အချိန်ပိုင်းဝင်လုပ်ကြသည်၊ ပြန်စဉ်စားမိသည် ငါဘာလုပ်လိုက်တာလဲ၊ ဘာကြောင့်လုပ်လိုက်တာလဲ၊ စိတ်ထဲကလွင့်ပစ်ချင်တာဖြစ်မည်၊ မြန်မာလိုရေးထားတာပဲလေ၊ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ဆက်မရေးတော့တဲ့ သိမ်းထားဖြစ်တဲ့ မှတ်စုစာအုပ် ခရမ်းရောင်လေးကို လွင့်ပစ်လိုက်ပြီဖြစ်သည်။
တွေးမနေတော့ပဲ ဖုန်းနားကြပ်ကိုတတ်ခါ သီချင်းနားထောင်ရန် ဖုန်းခလုပ်ကိုနှိပ်လိုက်သည်၊

အတိတ်တွေက မှုန်ဝါးပေမယ့်
ငါတို့နှစ်ဦး ဇာတ်လမ်းမှာ တစ်ချို့နေရာက
အကောင်းအတိုင်းရှိနေဆဲပါ
ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်
အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်
အဓိပ္ပာယ် မရှိတာ သိပေမယ့်
တစ်ခါတစ်လေ တိုက်ဆိုင်မူတွေ ရှိလာတော့လဲ
အမှတ်တမဲ့ မင်းကို လွမ်းပါတယ်
အပေါ်ယံ ရှပ်ထိသော ဒဏ်ရာ မဟုတ်တော့
လွယ်ကူစွာနဲ့ ငါမေ့မရဘူးကွယ်
တွေ့ရင် မှတ်မိဦးမယ် ထင်ပါတယ်
နှစ်တွေ လတွေက အတော်ကြာပြီပဲ
ဘယ်ဆီကို မင်း ရောက်နေမလဲ
ဘာတွေကို မင်း လုပ်နေမလဲ
ဘယ်သူနဲ့ မင်း ရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့ သတိရပါတယ်
ဘာတွေကို မင်း လုပ်နေမလဲ
ဘယ်သူနဲ့ မင်း ရှိနေမယ်
တွေးမိပါတယ်
ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့
တစ်ခါတစ်လေ ငါ သတိရပါတယ်

သီချင်းပြီးသွားသောအခါ ပြုံးမိသည်၊ သတိရနေလား၊ လွမ်းနေလား၊ လုးံဝမဟုတ်၊ ကိုယ့်အမေးကို ကိုယ်ပြန်ဖြေမိသည်။
အမှတ်တရတော့ ရှိနေဆဲပါပဲ၊ စိတ်ထဲက အမှန်အတိုင်းပြောလိုက်မိသည်။

ဒီနေ့ စိတ်လက်ပေါ့ပါးစွာဖြင့်လည်း ကျမ နေထိုင်ရာ အပတ်မန် ့ကို ပြန်လာမိပါသည်။
နောက်လဆို ကျမ ခွင့်တစ်လပြန်မည်၊ ကျိိုက်ခေါက်ဘုရားလည်းဖူးမည်၊ မြန်မာပြည် အနှံလျှောက်သွားမည်၊ ဘယ်သူပြောနိုင်မလဲ နောက်ထပ်မှတ်စုတွေ ဆက်ရေးဖြစ်ဦးမယ်ဆိုတာ၊ ဟုတ်တယ်၊ ကျမ အသက် သုံးဆယ်တစ်ဝက်ကျော်ပဲရှိသေးတာ။ ဘဝဆိုတာဒီလိုရပ်ထားလို့ဘယ်ရမလည်း။

ခုမှ သတိထားမိတယ်၊ စားပွဲထိုးကျောင်းသူလေးဟာ မြန်မာမလေးဖြစ်နေခဲ့ရင်….


ပြီးပါပြီ။
---------------------------------------------------------------------------------

မိုးစန္ဒာ ၏ မှတ်ချက်
ချစ်ဖူးခဲ့တဲ့ သူတစ်ယောက်၊ လက်တွဲဖူးတဲ့ သူတစ်ယောက် ကို

ခဏလေးတွဲတွဲ၊ အကြာကြီးပဲ အတူတူနေခဲ့၊
မုန်းလို့ပဲ ကွဲကွဲ၊ ခွဲလို့ပဲ ကွဲကွဲ၊ 
အခြေအနေကြောင့်ဖြစ်ဖြစ်၊ အမြင်မတူလို့ ရန်သူတွေဖြစ်စေဦးတော့၊ 
လက်ရှိတစ်ယောက်ဟာ အလွန် ကောင်းနေပါစေ၊ သံယောဇဉ်အမျှင် ခလေးတွေချီနေပါဦး၊
အမှန်အတိုင်း ဝန်ခံကြမယ်ဆိုရင်၊
တိုက်ဆိုင်မူတွေရှိတိုင်း အမှတ်တရရှိနေမိမှာပါ၊ 
လက်ရှိတစ်ယောက်တော့ မသိပါစေနဲ့၊
လက်ရှိတစ်ယောက်က ကိုယ်လိုပဲအမှတ်တရရှိနေမယ် ဆိုရင်လဲ မသိချင်ဟန်ဆောင်လိုက်ပါ။
ပျော်ရွှင်စွာ သတိတရရှိနိုင်ကြပါစေ။

-------------------------------------------------------------------

အဖြစ်အပျက်၊ နာမည်များ တိုက်ဆိုင်ခဲ့သော် တိုက်ဆိုင်မူ့သာဖြစ်ပါသည်။
 
 
 
 

 

Friday, April 9, 2010

တားမြစ်ထားသော မြို့တော် Forbidden City

紫禁城

ကြီးမြတ်သော မဟာအင်ပါယာ မင်းတရားကြီး ကြွလာပါပြီ၊

ဝန်ကြီးနှင့် အမတ်တွေ၊ နန်းတွင်းသူ နန်းတွင်းသားတွေ၊ ဗိုလ်ပါရဲမက်တွေ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး၊ တစ်ချို့မြေပြင်မှာပြားပြားဝတ်၊ မော်မဖူးရဲ၊ ရဲမက်တွေ သတိအနေအထားနဲ့နေ၊ အားလုံးပြိုင်တူပဲ ဝမ်စွေ့ ဝမ်စွေ့ ဝမ်ဝမ်စွေ ့၊ အင်ပါယာ မင်းတရားကြီး သက်တော်ရာကျော်ရှည်ပါစေ၊ ချီးမြင့်လိုက်သည်၊ ရွှေအဆင်း တန်ဆာကို ဆင်ယဉ်ထားသော အင်ပါယာ မင်းတရားကြီးသည် နောက်လိုက် အခြံအရံ အပါးတော်မြဲ သက်တော်စောင့်တွေနဲ့ ကြွချီလာလေပြီ ။

တံခါးဖွင့်ပေးပါ၊ တံခါးဖွင့်ပေးပါ၊ အပြင်မှာဘာဖြစ်နေသလဲ၊ ဘာတွေရှိလဲ ငါသိချင်တယ် တံခါးဖွင့်ပေးပါ၊ 
ကလေးအရွယ် လူမမယ် အင်ပါယာ မင်းတရားလေး နဂါးရွှေပလ္လင်် ရှိရာ နန်းတော်ကြီးမှ ပြေးထွက်လာသည်၊ သက်တော်ရှည် အမတ်ကြီးများ၊ ဝန်ကြီးနှင့် နန်းတွင်းသူ နန်းတွင်းသားတွေ လိုက်လာပြီး၊ မသင့်မြတ်သေးပါ ဘုရား၊ အချိန်မတန်သေးပါ ဘုရား၊ ဟုဆိုကာ အင်ပါယာ မင်းတရားလေးကို နဂါးရွှေပလ္လင်် နန်းတော်ဟော်ကြီး (Hall of Supreme Harmony) ထဲသို့ပြန်လည် ခေါ်ယူသွားသည်၊ အပြင်ဘက်တွင်ကား ဘုရင်စနစ်ဆန့်ကျင်ရေးအသံများ ဆူညံ့နေသည်၊ ထို အင်ပါယာ မင်းတရားလေးကား တရုတ် နိုင်ငံ၏ နောက်ဆုံး အင်ပါယာ ပုရီ ဖြစ်သည်။
ဟောင်ကောင် ရုပ်ရှင်၊ တီဗီ ဇာတ်လမ်းများ ထဲတွင်၎င်း ၊ The Last Empire ဇာတ်ကားကြီးတွင်၎င်း တွေ့မြင်ရသော အင်ပါယာ နန်းတော်ကြီးကား ကိုယ့်ရှေ့တည့်တည့်မှာပင်။ 
ဤနေရာသည်ကား Forbidden City တားမြစ်ထားသော မြို့တော်ဟု ထင်ရှားသော သမိုင်းဝင်နေရာ ရှေးဟောင်း တရုတ်တို့၏ နန်းတော်ကြီးပင်ဖြစ်သည်။ အပြင်လူမဝင်ရ ဝင်ရင်တောင် အခမ်းအနားနဲ့ဝင်ရသည်။

ဟုတ်တယ်၊ တကယ်တော့ တရုတ် ရာဇဝင်ကို စာလဲမဖတ်ဘူး၊ လေ့လဲမလေ့လာ၊ ရုပ်ရှင်၊ တီဗီ ဇာတ်လမ်းများ ထဲမှာပဲကြည့်ဘူးသည်၊ ရောက်သွားတော့ နန်းတော်အဆောက်အဦးကြီး ကြီးကျယ်ခမ်းနားအောင်လုပ်ထားသည်၊ ကျုံး၊ မြို့ရိုး၊ မျှော်စင်၊ ပြစင်တွေနဲ့ အတွင်းပိုင်း၊ အပြင်ပိုင်း နှစ်ပိုင်းခွဲခြားထားသည်။

တီယန်မင် ဘက်က မော်စီတုံး ကိုခေါင်းငုံပြီးဝင်ခဲ့သည်၊ အဝင်ဝမှာ သူ့ပုံကြီးချိတ်ထားသည့် အတွက်ဖြစ်သည်၊
အထဲဝင်လာပြီး Meridian Gate အဆောက်အဦးကြီး ငေးနေခိုက်၊ 
'ဟလို၊ ဟိုင်း၊ ကွန်နီချိဝ၊ ဆလာမာလေးကွန်း၊ '
'ဒူးယူဝမ့်ဂိုက်၊' 'ချိစ်၊ ဗဲရီး ချိစ်၊ စပိစ် ဂျပန်နီစ်း၊ ကိုရီယား၊ ဂျာမန်၊ မလေး၊ ပြင်သစ်၊ ထိုင်း၊ စပါနစ်၊' 
'နိုးနိုး စပိစ်ဘားမိစ်၊' 'ဝှက်ဘားမိစ်၊' 'ဘားမိစ်မဲရုံ၊' ကျေးဇူးတင်ပါတယ်။ 
အရွယ်စုံလူကြီးလူငယ်များက ဝင်လာသောဧည့်သည်တွေကို ချဉ်းကပ်သည်၊ ဘာသာပေါင်းစုံ guide များပင်ဖြစ်သည်၊ ကိုယ်ကအစထဲက တစ်ကိုယ်တော် မြေပုံအားကိုးဘို့ ဆုံးဖြတ်ပြီးသား၊ guide မခေါ်တော့၊ ဝင်ကြေး ၄၀ ပေးရသည်၊ ဝန်ထမ်းတော်တော်များများ အင်္ဂလိပ်လို အခြေခံပြောနိုင်သည်၊ အိုလံပစ်လက်ကျန် ဖြစ်နိုင်သည်။ 

Supreme Harmony Gate ကိုဖြတ်ကာဝင်လာသည်၊ အထဲတွင် ထောင်နှင့်ချီသော ဧည့်သည်တွေသည် အခြားဒေသကလာသော တရုတ်တွေပဲ အများဆုံးဖြစ်သည်၊ ဒီတံခါးဝမှာ ရှပ်ရှင်ကားတစ်ကားထဲမှာ မင်းသား မြှားတွေ လှံတွေ စိုက်ပြီး သေသွားတယ်၊ ကိုယ့်အထင်နဲ့ လိုက်ကြည့်နေမိသည်။

နန်းတော်ထဲတွင် အဓိက နန်းဆောင်ကြီး 6 ခုရှိသည်၊
1. Hall of Supreme Harmony 太和殿 太和門
2. Hall of Medium Harmony 中和殿
3. Hall of Protective Harmony 保和殿
4. Hall of Heavenly Peace 乾清宫
5. Hall of Union and Peace 交泰殿
6. Hall of Earthly Peace 坤宁宫
 တို ့ဖြစ်သည်။


နန်းတော်ကြီးသည် အကျယ် 720 thousand square meters ရှိပြီး၊ အဆောင်ပေါင်း 980 ကျော် ရှိကာ 1406 ခုနှစ်တွင်စတင်တည်ဆောက်သည်၊ UNESCO က World Cultural Heritage အဖြစ်သတ်မှတ်ထားပြီး ဖြစ်သည်။

ပဒေသရာဇ် တို ့၏ထုံးစံအတိုင်း နန်းတော်ကြီးတစ်ခုလုံးကို၊ ဗေဒင်ကိန်းခန်း၊ ယတြာ ၊ ဖုန်းဆွေ တွေနှင့် တည်ဆောက်ထားသည်။ အရာရာတိုင်း၊ နေရာတိုင်းဟာ သူ့အဓိပ္ပါယ်နှင့်သူ ဖြစ်သည်။

အပြင်နန်းဆောင်များတွင် ကြီးကျယ် အခမ်းနားဆုံးနှင့် အရေးကြီးဆုံး နန်းဆောင်ကြီးကတော့ Hall of Supreme Harmony ဖြစ်သည်၊ နဂါးရွှေပလ္လင်် ရှိသည်၊ ညီလာခံ နှင့် ပြည်တွင်းပြည်ပ ရေးရာတွေကို စီမံသည့် နန်းတော်ကြီးဖြစ်သည်၊ နောက်တွင် Hall of Medium Harmony (Central Harmony) ရှိသည်၊ အင်ပါယာ အနားယူသည့်နေရာ၊ ညီလာခံ၊ အခမ်းအနားတွေအတွက် အင်ပါယာကြိုတင်ပြင်ဆင်သည့် နန်းဆောင်ဖြစ်သည်၊ နောက်တစ်ဆောင်ကတော့ Hall of Protective Harmony (Preserving Harmony) ပွဲလမ်းသဘင်ကျင်းပရာ၊ အင်ပါယာ စာမေးပွဲ ကျင်းပရာ နန်းဆောင်ဖြစ်သည်။

အတွင်းဆောင်တွေကို ဝင်ရန် Gate of Heavenly Peace ကိုဖြတ်ရသည်၊ နဂါးတိမ်လွှာမာဘဲလ် carved တွေ့ရမည်၊ 



အင်ပါယာ အိပ်စက်ရာ နန်းတော် Hall of Heavenly Peace ရှိသည်၊ အနောက်တွင် အင်ပါယာ တံဆိပ် imperial seals ထားရာ နန်းတော် Hall of Union and Peace ရှိသည်၊ ပြီးနောက် အင်ပါယာ မိဖုရား ရွေးချယ်ရာ၊ မင်္ဂလာပွဲ ကျင်းပရာ၊ မောင်းမငယ်များ အသုံးတော်ခံ ပျော်မြူးရာ နန်းဆောင် Hall of Earthly Peace (Terrestrial Tranquility) ရှိသည်၊ များပြားသော မိဖုရား၊ မောင်းမ၊ အထိန်းတော်၊ ကိုယ်လုပ်တော်၊ သက်တော်စောင့် နေရာ အဆောင်များရှိသည်၊ မြောက်ဘက်အဆုံးမှာတော့ ဥယျာဉ်တော် Imperial Garden ကို ရောက်ပြီး၊ မြောက်ဂိတ်ပေါက် မှာပြန်ထွက်ဖြစ်သည်၊

တစ်ချို့ များ ကျယ်ကျယ် ရှင်းပြတတ်သည်၊ စိတ်ဝင်စားလျှင် ကပ်နားထောင်လိုက်ရုံ၊ မြို့တော်ကြီးထဲ ဘယ်နေရာ ဘာဖြစ်ခဲ့ကြောင်း သိရသည်၊ ဇာတ်လမ်းတွေကတော့ ပုံပြင်ဆန်ဆန်၊ ဟုတ်မဟုတ်တော့မသိ။

မန်ချုး အနုပညာတွေနှင့် စာတွေလည်းတွေ့ရသည်၊ လူနည်းစု မန်ချုးက လူများစု ဟန်တရုတ်တွေကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည်၊ လေးစားမိပါသည် မန်ချုးတို့ရေ။

ချန်မင်းသမီး ရေတွင်း Zhen Concubine Well ၊ Hall of Imperial Zenith ၊ Exhibition Hall နှင့် Hall of Mental Cultivation ယန်ရှင်ဒိုင် တို့လည်းထင်ရှားသည်။

ချန်မင်းသမီး လေးကို မိဖုရားခေါင််ကြီးက ဒီရေတွင်းထဲ ပစ်ချပိတ်ခဲ့တယ််၊ မိဖုရားခေါင််ကြီးလို ့ ဆိုရင် တရုတ်မင်းသမီး ဂေါင်လီ ကိုပဲမြင်ယောင်မိနေတယ်၊

လက်မှတ်ရောင်းသည့်နေရာ


အရုပ်တိုင်းဟာ သူ ့အဓိပ္ပါယ်နှင့်သူ၊


နန်းတော်တွေ

Hall of Supreme Harmony

Hall of Central Harmony


ဟောင်ကောင် တီဗီ ဇာတ်လမ်း တွဲထဲမှာ မိဖုရားတွေ အင်ပါယာနဲ ့ အိပ်ရဘို ့ အပြိုင်အားထုတ် ကြရာ ဒီနန်းရင်ပြင်ကြီးပါပဲ၊

ဘုရားကို လှမ်းဖူးလို့ရတယ်၊

                                    ရုပ်ရှင် ဇာတ်လမ်း ထဲမှာ မစ်ချယ်ရို ဒီခေါင်မိုးတွေပေါ် သိုင်းနှင့် ပျံနေတယ်၊

ဥယျာဉ်တော် Imperial Garden ထဲမှာ



ဂျိမ်းကင်မရွန် ဒီအပင်ကိုကြည့်ပြီး အာဗေတာ အပင် အိုင်ဒီယာ ရသွားတယ်လို့ပြောတာပဲ

မီးခဏခဏလောင်လို ့ ရေအိုးကြီးတွေ နေရာတိုင်းမှာ၊ တီဗီ ဇာတ်လမ်း တွဲထဲမှာ မိဖုရားလေးနှင့် ဆေးဆရာတို့ မီးရှို့ပြီးသေသွားကြတယ်၊

Gate of Divine Prowess မြောက်ဂိတ်ပေါက် ခြေညောင်းပြီ။


မွပေုံ


သဲမုန်တိုင်းကျတော့မည်တဲ့ မြောက်ဂိတ်ပေါက် ကနေလစ်ပြီ။

Saturday, April 3, 2010

ပုံပြင်မဟုတ်တဲ့ ငါ့ရဲ့မှတ်စု (စတုတ္ထပိုင်း)


ကျမ ဒီနေရာမှာ စောင့်နေတာ မိနစ်၂၀ ရှိသွားပြီဖြစ်သည်၊ ရဲလင်းအောင်က အေးအေးဆေးဆေး ပြောစရာရှိသည်ဆို၍ ကျမလာနေကြဆိုင်လေးကို ချိန်းလိုက်ခြင်းဖြစ်သည်။

ရဲလင်းအောင်က အဲဒီနေရာတွေကို ငါမလာချင်ဘူး ဟုဆိုသည်၊ ကျမက ညနေပိုင်းမှာ ငါအလုပ်နှင့် အဲဒီဘက်မှာရောက်နေမှာ နင်ပြောတဲ့ အချိန်နဲ့ အေးအေးဆေးဆေး စကားပြောလို့ရတာက အဲဒီနေရာအကောင်းဆုံးပဲ၊ ကျမပေးသည့်အကြောင်းပြချက်ကို လက်ခံကာ အေးငါလာခဲ့မယ်ဆိုသည်။

တကယ်တော့ S Bar & Cafe ဆိုင်လေးကို ညနေရုံးဆင်းချိန်တွေမှာ ကျမ နာရီဝက်၊ တစ်နာရီခန် ့ ဝင်ထိုင်ပြီး စိတ်အပန်းဖြေနေကြ၊ ပတ်ဝန်းကျင်ကိုကြိုက်သည်၊ သန့်ရှင်းသပ်ရပ်မူ့ကိုကြိုက်သည်၊ ဆိုင်လေးရဲ့ Toffee Pudding, sparkling apple juice နှင့် ကော်ဖီပြင်းအေး တို့ကို ကျမကြိုက်နှစ်သက်၍လည်းဖြစ်သည်၊ One Fullerton တွင်ရှိပြီး စင်္ကာပူ မြစ်နှင့် မရီနာရှုခင်း တွေကိုကြည့်၍ တွေးချင်ရာတွေးနိုင်သည်၊ ည ၇ နာရီထိ ဈေးလျှော့ယူသည်၊ လူတွေများမလာခင် ကျမပြန်နေကြဖြစ်သည်၊ ယခုလည်း ရဲလင်းအောင်ကို စောင့်ရင်း မရီနာ ရှုခင်းတွေကြား ကျမစိတ်တို့သည် အတိတ်သို့ ပြန်လည်ရောက်ရှိသွားသည်။
…………………………………………… ။ …………………………………………………
စင်္ကာပူကို ကျမရောက်လာခြင်းသည် ကျမအတွက်ထွေထွေထူးထူး မဟုတ်၊ သျှောင်နောက် ဆံထုံးပါ၊ လင်အလုပ်လုပ်သည့်နေရာ အခြေအနေပေး၍ မယားပါလာခြင်းဖြစ်သည်၊ အဲဒီအချိန်အခါက ရဲလင်းအောင်က သူငယ်ချင်းကောင်းမူ ့ EP (employment pass) ကျပြီးမှ ထွက်လာခဲ့ခြင်းဖြစ််သည်၊ ကျမလဲ dependent pass ရရှိခဲ့သည်။ 

ရဲလင်းအောင် သူငယ်ချင်းတွေ စီစဉ်ပေး၍ ရောက်ရောက်ချင်း ကလင်မန်တီက မိသားစုအိမ်တစ်အိမ်တွင် ကျမတို့ အခန်းတစ်ခန်း ငှါးပြီးနေရသည်၊ နှစ်ပတ်လောက် အင်မင်ဂရေးရှင်း ကိစ္စတွေ လိုက်လုပ်ပြီး၊ ရဲလင်းအောင် အလုပ်စဆင်းရသည်၊ ကျမကတော့ အခန်းကျဉ်းလေးထဲတွင် စာဖတ် ကဗျာရေးရင်း ရဲလင်းအောင်အပြန်ကိုစောင့်ရင်း အချိန်တွေကုန်ခဲ့သည်၊ အိမ်ရှင်က ကျမတို့ကို ထမင်းချက်ခွင့်မပေး၊ အဝတ်လျှော်စက် တစ်ပတ် နှစ်ခါသုံးခွင့်ပြုသည်၊ ဖုန်းလာရင်တော့ ခေါ်ပေးသည်၊ ကျမကလည်း နားလည်ပါသည် ကိုယ်ကအခန်းပဲငှါးထားတာကိုး၊ ရဲလင်းအောင်၏ အလုပ်သဘောအရ တစ်ပတ်တွင် အဝတ်လျှော်စက် သုံးခါသုံးခွင့်တိုးတောင်းလိုက်သည်၊ ရဲလင်းအောင် ပုံမှန်ပြန်ရောက်သော နေ့တွေမှာ လင်မယားနှစ်ယောက် ထမင်း အတူတူ စားရသည်၊ နောက်ကျသောနေ့တွေမှာ ကျမတစ်ယောက်ထဲ စားဖြစ်သည်၊ ဘေးပတ်ဝန်းကျင်နိုင်ငံတွင်နေဘူးသော ကျမအတွက် စင်္ကာပူူသည် ဘာမှမဆန်းပေ၊ ရဲလင်းအောင် overtime ဆင်းရသော နေ့တွေများလာသည်။

ရဲလင်းအောင်၏ အလုပ်က Service အင်ဂျင်နီယာဟုဆိုသည်၊ သင်္ဘော ပေါ်တွင် လျှပ်စစ်နှင့် ပတ်သက်သော စက်များကို လိုက်စစ်၊ လိုက်ပြင်ရခြင်းဖြစ်သည်၊ သင်္ဘောသား မလုပ်ချင်သော သူတစ်ယောက်ခုတော့ သင်္ဘောနဲ့ နပမ်းလုံးနေရပြီ။
‘ဒီနေ့ပြဲတာပဲ၊ နှစ်လုံးတောင်ထမ်းဆင်းရတယ်၊’
‘ဒီနေ့သင်္ဘောပေါ်ကြိုးလှေခါးနှင့် တက်ခိုင်းတယ်၊’
နေ့တိုင်းနည်းပါး သူညည်းသံတွေ၊ 
ဪ ရဲလင်းရယ် နင်ရတာလဲ ကြည့်ဦးလေ တစ်လ သုံးထောင်ကျော်၊ 
ဒီလိုနဲ့ ကျမ ပလာစတာ ကပ်ပေး၊ ဦးစိုင်းလိမ်းဆေး လူးပေးနှင့် အခန်းလေးကတော့ ဆေးနံ့တွေသင်းလို့ပေါ့။

ရဲလင်းအောင်၏ boiler suit သုံးထည်ကို ထည်လဲဝတ်နိုင်အောင် လျှော်ပေးရင်း၊ စာကြည့်တိုက်က စာအုတ်တွေ ငှားဖတ်ရင်း ကျမအချိန်ကို ဘယ်လိုအသုံးချရမလဲ စဉ်းစားနေမိသည်၊

‘ရဲလင်းအောင်က၊ မ နင်အဆင်ပြေရဲ့လား၊’
‘ပျင်းလို ့ပြန်သွားမှာစိုးရိမ်တယ်၊’
ကျမကလည်း ‘နင်အလုပ်ထဲမှာ အဆင်ပြေအောင်နေ၊ ငါက ရပါတယ်၊’
အိမ်မှာနေတာများရင်း အိမ်ရှင်အမကြီးနဲ ့ရင်းနီးလာသည်၊ အိမ်ရှင်အမကြီးနာမည်က မြင့်မြင့်အေး ဖြစ်ပြီး၊ ကျမက မမြင့်ဟုခေါ်သည်၊ မမြင့်ဆီက ကျမလေ့လာစရာတွေ အများကြီးရသည်၊ အိမ်သန့်ရှင်းရေး တော်တော်လုပ်သည်၊ ကျမအကြိုက်တွေ့စေသည်၊ အိမ်အလုပ် ကလေးအလုပ်တွေကြားက Watsons တွင် part time ဝင်လုပ်လိုက်သေးသည်၊ ကျမကိုလည်း ဝင်လုပ်ရန်ပြောသည်၊ ရဲလင်းအောင်နှင့် တိုင်ပင်ကြည့်ရာ မလုပ်ရဘူးဟုဆိုသဖြင့် ကျမ မလုပ်မိချေ။

ရဲလင်းအောင်တို့အလုပ်တွင် မြန်မာ အလုပ်သမားနှင့် အင်ဂျင်နီယာများ၊ များပါသည်၊ ထိုအတွက် အုပ်စုဖွဲ့ခြင်း၊ ညစ်ခြင်း၊ အတို့အထောင် office politic လုပ်ခြင်း၊ စသဖြင့် မြန်မာ၊မြန်မာချင်းဖြစ်ကြသည်၊ ကြီးကြပ်သူ မြန်မာနှစ်ယောက်ကလဲ သူ့လူ၊ ကိုယ့်လူ လုပ်လာသည်၊ ခက်ခဲသော၊ အန ္တရာယ်ရှိသော အလုပ်ဆိုရင် သူတို့မကြိုက်သူများကို လွတ်သည်၊ လွယ်ကူသော၊ oversea သွားရသော၊ overtime ပိုရသော အလုပ်ဆို၊ သူတို့ကိုဖါးသော သူတို့လူများကိုသာလွတ်သည်၊ သူဌေးတွေကလည်း အလုပ်ပြီးရင် ပြီးရော၊ မြန်မာ၊မြန်မာချင်းလွတ်ထားသည်။

ရဲလင်းအောင်မပြောနဲ့ ကျမတောင်မှ ထိုအသိုင်းအဝိုင်းကို စိတ်ပျက်မိသည်၊ အလှူပွဲ မွေးနေ့ပွဲတွေလုပ်ရင် လူရွေးဖိတ်သည်၊ မလာပြန်ရင် တစ်မျိုးထင်သည်၊ ဟိုဘက်ကလိုလို၊ ဒီဘက်လိုလို နှစ်ယောက်တစ်ပိုင်းရှိသော ဒီအသိုင်းအဝိုင်းလေး ဘာဖြစ်နေပါလိမ့်၊ ပြိုင်စရာမရှိ ပြိုင်နေကြသည်၊ တရားပွဲလာတာတောင် စိန်ဘယက်၊ စိန်လက်ကောက်၊ ရွှေတဝင်းဝင်းနဲ့၊ ဘုန်းကြီးနှင့် ဘယ်လိုရင်းနီးကြောင်းလဲပြချင်သေးသည်၊ တရားပွဲတွင် ကျမတကယ် တရားရမိသည်၊ တော်သေးတာပေါ့ စင်္ကာပူူမှာမို့လို့ ဘေးနိုင်ငံတွေမှာဆို လူပါပျောက်ပြီ၊ မမြင့်ပြောပြမှ စင်္ကာပူရောက် ရွှေမြန်မာ များအကြောင်းပိုသိလာရသည်။

ရဲလင်းအောင်ကို အားပေးရင်း ကျမ စီမံခန့်ခွဲရေး ဒီပလိုမာ သင်တန်းတစ်ခုတက်ဖြစ်သည်၊ တစ်ဘက်မှလည်း ရဲလင်းအောင်ကို သင်တန်းတစ်ချို့တက်ဘို ့တိုက်တွန်းရသည်၊ ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံနှင့်အတူ လိုက်နိုင်မှ အထူးသဖြင့်ပြောင်းလဲမြန်သော စင်္ကာပူူ တွင် နောက်မကျန်ရစ်ခဲ့ဘို့ အရေးကြီးသည်၊ ရဲလင်းအောင်သည် သူ့အလုပ်ကိုသူ မကျေနပ်လာသည်၊ ရဲလင်းအောင်၏ အခြေအနေ စင်္ကာပူူ၏ လုပ်ငန်းသဘောအရ ဒီအလုပ်တွင်ခုလောလောဆယ် တည်မြဲနေအောင် ကျမသူ့ကို တွန်းကန်အားပေး ထားရသည်။ 

Oversea သွားရသည့် ကိစ္စတစ်ခုနဲ့ ပတ်သက်၍ ရဲလင်းအောင်နှင့် အလုပ်ကြပ် ဦးစိုးနိုင်တို့ စကားများကြသည်၊ သီရီလင်္ကာ နိုင်ငံသို့ ကိုထွန်းနှင့် ရဲလင်းအောင်ကို လွှတ်လိုက်သည်၊ ထိုအချိန်က တမီးလ်ကျား သူပုန်များသောင်းကျန်းနေသည်၊ ရဲလင်းအောင် တို့ပြင်နေသော သင်္ဘောအနားက သင်္ဘော ဖေါက်ခွဲခံရသည်၊ အစိုးရက နိုင်ငံခြားသားများကို ထိုအနီးတဝိုက်မှ ပြန်စေသည်၊ ထို့အတွက် အလုပ်မပြီးခဲ့ချေ၊ ပြန်ရောက်သောအခါ သူဌေးက အလုပ်မပြီး၍ ဆူသည်၊ တကယ်တော့ ထိုအလုပ်သည် ဦးစိုးနိုင်ရဲ့ လူတွေအတွက်ဖြစ်သည်၊ အန ္တရာယ်ရှိ၍ ရဲလင်းအောင်တို့ကို လွှတ်လိုက်ခြင်းဖြစ်သည်၊ ပထမတွင် ကိုထွန်းက အကြီးအကျယ် ပေါက်ကွဲပြီး၊ ထိပ်တိုက်တွေ ့ကြသောအခါ ရဲလင်းအောင်နဲ့ဖြစ်သည်၊ 
ဒီလိုနဲ့ရဲလင်းအောင် အလုပ်ထဲတွင် အဆင်မပြေတော့။

ဒီအတွက် ကျမတို့ ရှေးရေးအတွက် plan စီမံချက်တွေ လုပ်ရသည်၊ ပထမဦးဆုံး နှစ်ပြည့်တာနဲ့ PR (အမြဲတမ်းနေထိုင်ခွင့်) တင်မည်၊ သူတို့မတင်ပေးလည်း ကိုယ်ဟာကိုတင်မည်၊ တစ်ချိန်ထဲမှာ အလုပ်သစ်ရှာမည်၊ အထောက်အကူ ဖြစ်ရန်အတွက် ကျမလည်း အမြဲတမ်း အလုပ်တစ်ခု လုပ်ဘို့လိုအပ်မည်၊ ဒီကြားထဲ အလုပ်ထဲတွင် အစဉ်ပြေသလိို ရေလိုက်ငါးလိုက်နေရန်ု ရဲလင်းအောင်ကို ပြောထားရသည်။

ကျမ၏ လင်မယားနှစ်ယောက် အလုပ်ရှာ စီမံကိန်းကြီးစပါသည်၊ ပထမဦးဆုံး ဈေးအသင့်သင့် ကွန်ပြူတာတစ်လုံးဝယ်ရသည်၊ သတင်းစာပုံမှန်ဝယ်၊ အထူးသဖြင့် စနေနေ့ သတင်းစာနှင့် အင်တာနက်ထဲကြည့် စာအုပ်ထဲတွင် သူနဲ့ကိုက်မဲ့ဟာ ကိုယ်နဲ့ကိုက်မဲ့ဟာ ဇယားချ၊ ဖေါ်လိုးအပ်လုပ်နှင့် တစ်လကုန်သွားသည်၊ ရဲလင်းအောင် အင်တာဗျုး သုံးခါဝင်ရသည်၊ ကျမ မဝင်ရသေး၊ ဖုန်းထဲမှာတောင် အဟောက်ခံရသေး၊ ‘မင်းကဒီအလုပ်ဟာ ဘာအလုပ်လဲသိလို့လား၊’ ‘မသိပဲနဲ့ဘာလို့လျှောက်တာလဲ၊’ 
ကျမကလဲ ‘ကျမ အလုပ်လုပ်ချင်လို့ပါ၊’ ‘ဒီနေရာကလုပ်ချင်တိုင်းလုပ်ရမဲ့နေရာ မဟုတ်ဘူး၊’ 
တစ်ချို့ကလည်း ‘ဝီဒုတ်ဝမ့်ဘားမီစ်၊’ 
‘မင်းတို့လိုမြန်မာပြည်ကလာတဲ့သူက ဒီအလုပ်ကိုလုပ်နိုင်မယ်ထင်လို့လား၊’ စသဖြင့်စုံနေပါသည်၊ ကျမစိတ်မပျက်သွားပါ၊ လာခဲ့ပါဆို၍ ဝမ်းသာအားရသွားလျှင် စားမေးပွဲလိုမေးခွန်းတွေ ဖြေရပြီးပြန်လာရသလို၊ ပွဲစားတွေလဲရှိသေးသည်၊ တစ်ခါတစ်လေ တစ်နေရာထဲမှာ မြန်မာတွေ သုံးယောက်လေးယောက်ပြုံလို့၊ တစ်ချို့ကလည်း မိတ်ဖွဲ့လို့ရသလို၊ တစ်ချို့ကလည်း ပြိုင်ဘက်ကြီးအလား၊ 
ရဲလင်းအောင်ကတော့ “ ‘မ’ရယ် နင် မြန်မာပြည် အတွေ့အကြုံမရှိလို့နေမှာ၊ ပရောဖက်ရှင်နယ်ဘက် မရှာပါနဲ့လား” ဆိုသည်၊ ကျမကလဲ ကျမတားကက်နဲ့ကျမ ဘဝဆိုတာဒီလိုရပ်ထားလို့ဘယ်ရမလည်း။

တစ်နေ့မှတော့ ကျမကို အင်တာဗျုး လှမ်းခေါ်သည်၊ ငါ့ကိုခေါ်တာ ဘယ်ကလဲ စာအုပ်ထဲ ပြန်ရှာ၊ လျှောက်တာတွေများတော့ မမှတ်မိ၊ တော်သေးသည် စာအုပ်ထဲရှိနေလို့၊ ဂျပန် ကုမ္ပဏီ ဖြစ်သည်၊ အလုပ် သဘောကို ဖေါ်ပြထားသလို၊ ရှေ့ဆက် အလုပ်ရရင် ဘာဆက်လုပ်မလဲ၊ ဘာဖြစ်ချင်လဲပါ ထည့်ရေးခိုင်းထားသည်၊ စီမံခန့်ခွဲရေး သင်တန်းတက်ထား၍၎င်း စာအုပ်တွေဖတ်ထား၍၎င်း ၂မျက်နှာလောက်ရေးပေးလိုက်သည်၊ အင်တာဗျုးနေ့မှာဘုရားကို လိုသည်ထက်ပိုရှိခိုး၊ ရုံးဆန်ဆန် အဝတ်အစားကိုဝတ်ပြီး၊ မမြင့်ကို ၂ခါထက်မနည်းစစ်ခိုင်းသည်၊ မမြင့်ကလဲ ငါ့ညီမ အိုကေပြီ သေချာပေါက်ရရမယ်၊ ဒီလိုနဲ့ ကုမ္ပဏီ ရုံးရှိရာ ရာဖယ်ပလေ့သို ့ အင်အားအပြည့်နဲ့ထွက်ခဲ့သည်၊ လုပ်ရမည့်အလုပ်က Technical Assistant Engineer တားကက်ထဲတော့ဝင်သည်၊ ရဲလင်းအောင် ပြောသလို ကိုယ်ကဘာမို့လဲ၊ အလျှော့အတင်းတော့ လုပ်ရမည်၊ ဒါမှဒါပဲဆိုပြီး တင်းနေလို့က ဘာမျှဖြစ်မလာ မြောသွားနိုင်သည်၊ ရတဲ့အခွင့်အရေးကို အရယူရမည်။


ရာဖယ်ပလေ့ရှိရုံးအဆောက်အဦးသို့ရောက်သည်၊ တက်ရမည်က ၂၂ ထပ် ရင်တွေခုန်လို့နေသည်၊ ကျမဘဝမှာ ပထမဦးဆုံးအကြိမ်ရုံးအထပ်မြင့်သို့ တက်ဘူးခြင်းဖြစ်သည်၊ ဧည့်ကြိုစားပွဲတွင် သတင်းပို့ပြီး ခဏ စောင့်ရသည်၊ ပြီးနောက် ကျမ၏စာရွက်စာတမ်းများကိုတောင်းကာ အင်တာဗျုးမည့် အခန်းထဲကို ဝင်စေသည်၊ အခန်းထဲတွင် အနောက်တိုင်းဝတ်စုံ အပြည့်နဲ့ ဂျပန်တစ်ယောက်ထိုင်နေသည်၊ ကျမကိုထိုင်စေပြီး ဘာမျှမပြောသေးပဲ ကျမ၏ စီဗွီ၊လျှောက်လွှာနှင့် စာရွက်စာတမ်းများကို ကြည့်နေသည်၊ တိတ်ဆိတ်ခြင်းက အတိတ်ဖြစ်ရပ်များကြောင့် ကျမကို ခြောက်လှန့်စေကာ ချွေးများပင်ထွက်လာသည်၊ ကျမလည်း သူကြည့်နေသော စာရွက်စာတမ်းများကို ကြည့်ကာ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်သည်၊ ဆယ်ငါးမိနစ်ခန့်ကြာလျှင်၊ ‘မင်းအဆင်သင့်ဖြစ်ပြီလား ၊’ ‘ဟုတ်ကဲ့’ ဟု မေး၍ပြန်ဖြေလိုက်သည်၊ ဦးစွာ ကျမတက်ခဲ့သော ကျောင်းများနဲ့ သင်ယူခဲ့သော ဘာသာရပ်များကို ရှင်းလင်းပြောပြခိုင်းသည်၊ ပြီးနောက် လျှောက်လွာတွင် ကျမရေးထားသော အကြောင်းအရာများကို ပြန်ရှင်းခိုင်းသည်၊ ဒီ ကုမ္ပဏီ အကြောင်းဘာသိသလဲ မေး၍ သိသလောက်ဖြေလိုက်သည်၊ ကျမကို ဘာလို့သင်တန်းတွေ ခဏခဏ တက်သလဲဟုမေးရာ၊ learning လုပ်ချင်၍ ဟုဖြေလိုက်သည်၊ ကျမ၏ learning လုပ်နိုင်မူ့ ကိုမေးသည်၊ သင်ရင်အတတ်မြန်ကြောင်းဖြေလိုက်သည်၊ ရိုဘော့တစ် အကြောင်းကို ကျမကိုရှင်းပြပြီး ဘယ်လောက်သိသလဲမေးသည်၊ တစ်ချို့သီအိုရီများကိုကြားဘူးပြီး၊ ဘာမှမသိကြောင်းဖြေလိုက်သည်၊ ကျမ၏လက်ရှိ အခြေအနေ နှင့် နိုင်ငံခြားသို့သင်တန်းသွားနိုင်သလားမေးရာ၊ လောလောဆယ်ကိုရှင်းပြပြီး၊ သွားနိုင်သည်ဟုဖြေလိုက်သည်၊ နောက်ဆုံးမှာတော့ သူ့နာမည် မူရာကာမီ ဖြစ်ကြောင်း၊ Technical Manager ဖြစ်ကြောင်း၊ အင်တာဗျုးပြီးသွားပြီ ဖြစ်ကြောင်းနှင့် အက်ဒမင်အရာရှိကို စောင့်ရန်မှာပြီး ထွက်သွားသည်။

ခဏနေကြာ အက်ဒမင်အရာရှိ အမျိုးသမီး ရောက်လာပြီး၊ ‘ကွန်ကရက်ကျုလေးရှင်း မင်းကိုရွေးချယ်လိုက်ပြီ၊’ ဖေါင်တစ်ခုထဲတွင် ရေးထားသည်များကို တစ်ခုပြီးတစ်ခုရှင်းပြကာ၊ လစာကမင်းတောင်းတာထက် ၃ဝဝ ပိုတယ်၊ EP ပြောင်းရမယ်၊ ကျမကိုလက်မှတ်ထိုးခိုင်းသည်၊ ကုမ္ပဏီ ပေါ်လစီများကိုရှင်းပြသည်၊ မနက်ဖြန်တစ်ခေါက်ထပ်လာရန် နှင့် EP ကျရင် အလုပ်စ ဆင်းရမည်ဟုဆိုသည်၊ ထိုနောက် ကျမကို စာအုပ်၂ အုပ်ပေးသည်။ လောလောဆယ်တွင် မန်နေဂျာက မင်းကိုဖတ်ဖို့ဟုဆိုသည်၊ စာအုပ်တွေက Robotic in Industrial Automation နှင့် Basic Robotic Engineering တို့ဖြစ်သည်။

ရုံးအဆောက်အဦးအောက်ရောက်လျှင် ရဲလင်းအောင်ကို ဖုန်းလှမ်းဆက်သည်၊ အလုပ်ရပြီ ဖြစ်ကြောင်း၊ အိမ်ရောက်ရင် အသေးစိပ်ပြောပြမည် ဖြစ်ကြောင်း ပြောလိုက်သည်၊ မမြင့်ကိုလည်း လှမ်းအသိပေးလိုက်သည်၊ ပထမဦးဆုံးအကြိမ် အင်တာဗျုးဝင်ခြင်းဖြစ်ပြီး၊ အလုပ်ခန့်လိုက်သည့်အတွက် ကျမပျော်လိုက်သည်ဖြစ်ခြင်း။
ပထမဦးဆုံးအလုပ်စဆင်းသောနေ့မှာ ထွေထွေထူးထူးသိပ်မရှိခဲ့၊ ကျမ နိမ်းကဒ်လေးကို ကြည့်ကာ ကိုယ့်ကိုကိုယ်ပီတိ တွေဖြစ်နေသည်၊ ရဲလင်းအောင်မှာ နိမ်းကဒ်မရှိ အလုပ်ကဒ်ပဲရှိသည်၊ 
Moe Sandar, Technical Assistant Engineer, Tenso Singapore Company Ltd. 
ကိုယ်ပိုင်စားပွဲ၊ ကွန်ပြူတာနှင့် Robotics Trends Newsletter, Robotics မဂ္ဂဇင်းတွေနဲ့၊ လောလောဆယ် သန့်ရှင်းသပ်ရပ် နေသော အလုပ်စားပွဲကို ကြည့်ကာ ငါစိတ်ကူးယဉ်ခဲ့ဘူးတာ ဟုတွေးနေမိသည်။ 
ကျမ အလုပ်ရသော Tenso Company သည် ရိုဘော့တစ် မရှင်းများ တီထွင်ပြုလုပ်ရာတွင် အစပျိုး ခဲ့သော pioneer Company ဖြစ်သည်၊ စင်္ကာပူူတွင်အခြေထိုင်ကာ ဘေးပတ်ဝန်းကျင် နိုင်ငံများကို ရောင်းချခြင်းဖြစ်သည်၊ ရာဖယ်ပလေ့တွင် ဒေသရုံးချုပ်ရှိပြီး၊ တွားစ်တွင်် ပြုပြင်ထိန်းသိန်းရေး အလုပ်ရုံရှိသည်၊ ကျမက Technical Manager ကို assistant လုပ်ရမည်ဖြစ်သည်၊ ပထမသုံးလတွင် ကျမလုပ်ရမည့်အလုပ်နှင့် ကုမ္ပဏီ၏ product မျိုးဆက်များကို ယေဘူယျ လေ့လာရန်ဖြစ်သည်၊ အသေးစိပ်သိရန်မလိုဟုဆိုသည်၊ presentationပြင် filesတွေတွဲ၊ products လေ့လာရင်း ရာဖယ်ပလေ့နှင့်တွားစ် ပြေးနေရသည်၊ ဒီကြားထဲ ရဲလင်းအောင်ကိုလည်း အလုပ်ဝိုင်းရှာပေးရသည်၊ အင်တာဗျုးတွေဝင်ပြီး အလုပ်မရ၊
ရဲလင်း နင်တစ်ခုခုလိုနေပြီ၊ ဖြည့်ပေးလေ၊ ကျမဘာဖြည့်ရမယ်မသိ၊ 
ကျမတို့ လင်မယားနှစ်ယောက် ကလင်မန်တီဘက်မှာပင် အိမ်ခန်းတစ်ခုလုံးငှါးနေဖြစ်သည်။

ဒီလိုနဲ့ကျမ ဂျပန်သင်တန်းသွားတက်ဘို ့ဖြစ်လာသည်၊ သုံးလကြာမည်၊ အလုပ်ရချင်၍သာ နိုင်ငံခြားသွားနိုင်တယ်လို့ ဆိုခဲ့သည်၊ တကယ််တော့ နိုင်ငံတကာ လူဝင်မူကြီးကြပ်ရေးတွေ ဖြတ်ရမှာ ကျမ ရင်အလေးဆုံးပင်ဖြစ်သည်၊ လင်မယားနှစ်ယောက် အနွေးအကျႌ လိုက်ဝယ်ကြသည်၊ ရဲလင်းအောင်ကို အစဉ်ပြေသလိိုနေရန် အထပ်ထပ်မှာမိသည်၊ ရဲလင်းအောင်က ကိစ္စမရှိပါဘူး ငါပြန်သွားရုံပဲ၊ ဟာမဟုတ်တာ ဟုကျမဆိုမိသည်။
အိုဆာကာ ကိုင်ဆိုင်းလေဆိပ် လူဝင်မူကြီးကြပ်ရေးမှ ကျမကိုဖြတ်ခွင့်မပေး၊ ရုံးခန်းတစ်ခုသို့ခေါ်သွားသည်၊ ဗီဇာတွေ စာရွက်စာတမ်းများကို ရုံးက အကုန်လုပ်ပေးလိုက်တာပဲ ဘယ်လိုဖြစ်တာပါလိမ့်၊ ကျမဘဝမှာ အခန်းတွေထဲကို ရောက်ရမည်ဟုဇာတာများ ပါလေသလား၊ အရာရှိရောက်လာပြီး passport ဓါတ်ပုံ၊ ဗီဇာဓါတ်ပုံ ကို သေသေချာချာကြည့်သည်၊ ကျမ နိမ်းကဒ်ကိုတောင်းသည် ပေးလိုက်သည်၊ အိုဆာကာရုံးက လူတစ်ယောက်ယောက်၏ နိမ်းကဒ်ကိုတောင်းသည်၊ ကျမမှာမရှိ၊ ကုမ္ပဏီ ပရိုဖိုင်နှင့် ရှိသည့် ဂျပန် နိမ်းကဒ်တွေ ပေးလိုက်သည်၊ နိမ်းကဒ်တွေလိုက်ကြည့််ပြီး ခဏထွက်သွားသည်၊ ပြန်လာပြီး ကျမ passport ပြန်ပေးသည်၊ You can go, somebody is waiting for you. Passport ထဲကြည့််လိုက်သောအခါ လိမ္မော်ရောင် စတစ်ကာ ကပ်ထားသည်၊ တုံးထဲတွင် ထရိန်နင် ဟုရေးထားပြီး ၆လ နေထိုင်ခွင့်ရသည်။

ဂျပန် သုံးလထရိန်နင်သည် ကျမအတွက်် မြန်ဆန်လှပေသည်၊ သင်တန်းတက်၊ ရဲလင်းအောင်ဆီဖုန်းဆက်၊ နာမည်ကြီးနေရာတွေ လျှောက်လည်နဲ့ ကုန်ဆုံးခဲ့သည်။ စင်္ကာပူ ပြန်ရောက်သောအခါ ကျမ ရာထူးပြောင်းသွားသည်၊ Technical Engineer ဖြစ်သွားသည်၊ အရောင်းမြှင့်တင်ရေး၊ after sales ကိစ္စများ၊ customer ကိစ္စများ ကျမစကိုင်တွယ်ရသည်၊ မန်နေဂျာက အနီးကပ်စောင့်ကြည့််ပြီး သင်ပေးသလိုဖြစ်သည်၊ Technical ကိစ္စများကို ကျမအသေးစိပ်သိစရာ မလို ဘယ်သူနဲ့သက်ဆိုင်သလဲသိဘို့လိုသည် အချိန်မှီထိုသူဆီမှ အဖြေရက customer ကိုဖြေရှင်းနိုင်ဘို့ပင် ဖြစ်သည်၊ Globalကုမ္ပဏီဖြစ်၍ ဂျပန်လိုတတ်ရန်မလို သို့သော် Technical အကြောင်းများကိုမူ ဂျပန်လိုရေးထားတာများသည်။

ရဲလင်းအောင်၏ အလုပ်အခက်အခဲ များစွာရှိ၍ ကျမတို့နှစ်ယောက် PR တင်ဖြစ်သည်၊ ရဲလင်းအောင်သည် အလုပ်၏ဖိစီးမူ့ဒဏ်ကြောင့်၊ စိတ်မရှည်ခြင်း ဒေါသဖြစ်လွယ်ခြင်းနှင့် ပိုဆိုးသည်က အလုပ်ထဲကလူတွေနဲ့ ့ ပထမတော့ ကော်ဖီဆိုင်ထိုင်ရင်း ဘီယာသောက်သောက်လာသည်၊ ကျမအလုပ်ရလာသောအခါ အိမ်၏လိုအပ်စားရိတ်များကို ကျမကအကုန်ကျခံသည်၊ ရဲလင်းအောင်က ဖုန်းဖိုး၊ ရေမီးဖိုးပဲပေးသည်၊ ရောက်ကာစက ကျမငွေကို တွက်ချက်၍ သုံးသည် ကျမတို ့၏ ငွေဝင်ငွေထွက်ကို သိသည်၊ ခုနောက်ပိုင်း ကျမသူ့ကိုမေးရသည်၊ မကျေနပ်စွာပြန်ဖြေသည်က ‘နင်လစာနှင့် နိုင်းမလို ့လား၊ ပင်ပင်ပန်းပန်းရှာထားတာ တစ်ခါတစ်လေတော့ သုံးမှာပဲ၊’ ကျမလဲ အပြောအဆိုခံကာ ထိန်းရသည်၊ ဒီအချိန်မှာတော့ ကျမလစာသည် သူ့့လစာထက်ပိုရနေပြီ။ 

ကိုယ်မသိသော professional ထဲသို့ဝင်မိသောကြောင့်၊ အလုပ်ထဲတွင်လည်း ထင်သလောက်မလွယ်၊ စနေ တနင်္ဂနွေနေ့များတွင်လည် တစ်ပါတ်စာ တောင်လိုပုံနေသော နှစ်ယောက် အဝတ်များကို လျှော်ရ မီးပူတိုက်ရ၊ တစ်ခါတစ်လေ အိမ်ထမင်း အိမ်ဟင်းကို သူ့့ကိုချက်ကျွေး ဖြစ်သည်၊ စင်္ကာပူူသည် ကျမကို ပြောင်းလဲလိုက်သလို ရဲလင်းအောင်ကိုလည်း ပြောင်းလဲလိုက်သည်။

ကျမတို့နှစ်ယောက် စင်္ကာပူ PR ကျသည်၊ ကုမ္ပဏီမှ ထိုးရမည့်စာရွက်ကို ကျမတို့ကုမ္ပဏီက လိုလိုလားလား ဆောင်ရွက်ပေးသည်၊ ရဲလင်းအောင်တို့ကုမ္ပဏီက ဦးစိုးနိုင််ညစ်ထားသဖြင့် စာရွက်မရပေ၊ ဒေါသဖြစ်ခြင်းမှလွဲ၍ ရဲလင်းအောင် ဘာလုပ်ရမှန်းမသိ၊ ကျမက ‘သူဌေးနဲ့ သွားတွေ ့ကြရအောင် ငါလဲလိုက်မယ်၊’ ရဲလင်းအောင်ကို မနက်ဖြန်ခွင့်ယူခိုင်းလိုက်သည်၊ ကျမလဲခွင့်ယူလိုက်သည်၊ နောက်နေ့ကျမ သူတို့ကုမ္ပဏီကို ဖုန်းလှမ်းဆက်ပြီး သူဌေးရှိမရှိမေးလိုက်သည်၊ ရှိသည်ဟုဖြေသည်၊ ဘယ်သူလဲဟုမေးရာ ကျမတို့ကုမ္ပဏီကပါဟုဖြေလိုက်သည်၊ ဘယ်အချိန်ထိရှိမလဲ မနက်ပိုင်းတစ်ပိုင်းလုံးရှိတယ်ဟုဖြေသည်၊ ကျမတို့နှစ်ယောက် ရဲလင်းအောင်တို့ကုမ္ပဏီရှိရာ ဂျိုရောင်းဘက်ကို တက်ဆီ ဖြင့်ရောက်သွားသည်၊ အဝင်ဝတွင် ရဲလင်းအောင်၏ လုပ်ဖေါ်ကိုင်ဘက် တစ်ချို့ကိုနူတ်ဆက်ပြီး စာရေးမထံ ကျမတန်းဝင်သွားသည်၊ သူဌေးနဲ့တွေဘို့ ခုနဖုန်းဆက်ထားတာ၊ သူဌေးအခန်းထဲမှာရှိတယ် ဝင်သွားဟုဆိုသည်၊ သူဌေးဆီအဝင် ကျမတို့နှစ်ယောက်ကို စားတော့ဝါးတော့မလို ကြည့်နေကျသည့် ဦးစိုးနိုင်နှင့် လူတစ်ချို့ကိုတွေ ့ရသည်၊ သူဌေးသည် စာရွက်တစ်ချို့ကို ဖတ်နေသည်၊ ရဲလင်းအောင်ကိုသူဌေးမသိပေ၊ ကျမကပဲ ကျမတို့နှစ်ယောက်ကို မိတ်ဆက်လိုက်သည်၊ ဂျပန်တွေ သင်ပေးထားသော အပြုံးကိုသုံးကာ၊ 
‘ ငါတို့ မင်းဆီကအကူအညီတစ်ခုလိုအပ်နေတယ်၊ မင်းလဲပေးနိုင်မယ်လို့ယူဆတယ်၊’ 
‘ငါတို့ အင်မင်ဂရေးရှင်းမှာ PR တင်ထားတာ ဒီကုမ္ပဏီကလူကြီးတစ်ယောက်ရဲ့ထောက်ခံချက်လိုအပ်တယ် မင်းဆိုရင် အကောင်းဆုံးလို့ငါထင်တယ််၊’ သူဌေးရှေ့သို့ စာရွက်ထိုးပေးလိုက်သည်၊ စာရွက်ကိုဖတ်ကြည့််ပြီး ဆိုင်းထိုးရမည့်နေရာတွင် ထိုးပေးလိုက်သည်၊ တံဆိပ်တုံးကို စားရေးမကို လုပ်ခိုင်းရန်ပြောသည်၊ ကျမက ‘ကျေးဇူးအများကြီးတင်ပါတယ်၊ မင်းရဲ့ကြင်နာမူ့ကို ဘယ်တော့မှ မမေ့ပါဘူး၊’ ရဲလင်းအောင်ကလည်း ‘ကျေးဇူးအများကြီးတင်ပါတယ်သူဌေး’ ဟုနူတ်ဆက်ပြီး၊ စာရေးမလေးဆီသွား ကုမ္ပဏီတံဆိပ်နှိပ်သည်၊ စာရေးမလေးက ကော်ပီတစ်စုံယူထားကာ စာရွက်ကိုပြန်ပေးသည်၊ ရဲလင်းအောင်ကိုHR နှင့်တွေ့ရန်မှာသည်၊ နောက်နေ့ရဲလင်းအောင်ကို နံနက်စောစော HR ဆီသွား၊ လုပ်စရာရှိတာလုပ်ခဲ့ပြီး၊ ခွင့်တစ်ပတ်ယူခဲ့ရန်မှာလိုက်သည်၊ စိတ်မောလူမောစွာဖြင့် PR ကိစ္စ ပြီးစီးသွားသည်။

ရဲလင်းအောင်ယခုအလုပ်မှာ မနေသင့်တော့၊ ရဲလင်းအောင် အလုပ်ရှာဖွေရေးကို ကျမစနစ်တကျ စီစဉ်ရသည်၊ ရမဲ့ရတော့လည်း အလုပ်၂ခု တပြိုင်ထဲရသည်၊ PR၏တန်ဘိုးကို သိလိုက်ရသည်၊ စက်ရုံ production အလုပ်နှင့် Maintenance အလုပ် ကြိုက်ရာကို ရွေးခိုင်းလိုက်သည်၊ ကျမကတော့ Maintenance အလုပ် ကိုကြိုက်သည် အစိုးရလင့်ကုမ္ပဏီကြီးဖြစ်၍ဖြစ်သည်၊ ခံစားခွင့်တွေလဲများသည်၊ နောက်ဆုံးသူလဲ အဲဒီအလုပ်ကိုရွေးလိုက်သည်၊
ရဲလင်းအောင်ကုမ္ပဏီသစ်သည် ကျောင်းကြီးတစ်ခု၏ Maintenance လုပ်ငန်းများကို ကန်ထရိုက် ယူထားသည်၊ ရဲလင်းအောင် က M&E engineer ဖြစ်သည်၊ အလှည့်ကျဆင်းရ၍ နေ့အားရက် သတ်သတ်မှတ်မှတ်မရှိသည်ကလွဲလို ့အဆင်ပြေသည်၊ ရဲလင်းအောင်အလုပ်သစ်မှာ အဆင်ပြေ၍ ကျမစိတ်သက်သာရခဲ့သည်၊ ကျမကိုတော့ ဂျပန်တွေက မောင်းကောင်းနေဆဲ။

လင်မယားနှစ်ယောက် အလုပ်တွေအဆင်ပြေသော်လည်း တွေ့ချိန်နည်းလာသည်၊ ကျမကအိမ်ကို အလုပ်တွေပါလာ၊ ညညပင်တွေ့ရသော်လည်း တစ်ချို့ညတွေ ရဲလင်းအောင် အလုပ်ဆင်းရသည်၊ ရဲလင်းအောင်ကလည်း အရင်အလုပ်ကလူတွေနဲ ့ ကော်ဖီ၊ ဘီယာ ထွက်သောက်ဆဲ ဖြစ်သည်၊ ကျမရင်ထဲမှာ တစ်ခုခုဟာနေသလို၊ ကျမတို့နှစ်ယောက်ကြားမှာ တစ်ခုခုလိုနေပြီဖြစ်သည်၊ ဒီကြားထဲ ဂျပန်ကိုနောက်ထပ် ၆လ သင်တန်းသွားရဦးမည်၊ စိုင်းထီဆိုင်ရဲ့သီချင်းလေးလို တကယ်နှစ်ကိုယ်ခွဲလို့ရရင် နှစ်ကိုယ်ခွဲပစ်လိုက်ချင်ပါတယ်၊ တစ်ကိုယ်ကအလုပ်ဆီမှာ၊ ကျန်တဲ့တစ်ကိုယ်ကထာဝစဉ်ကြင်နာသူရဲ့အနားမှာပေါ့၊ အလုပ်ကိုလဲလုပ်ချင် ချစ်သူနှင့်လည်းနေချင်။ 

ရဲလင်းအောင်သည် အလုပ်အားသည်နှင့်အမျှ ဟိုလှုပ်ရှားမူ့ ဟိုအထိမ်းအမှတ်များတွင် ပါဝင်လာသည်၊
အထိမ်းအမှတ် ဆွမ်းကျွေးပွဲ တစ်ခုသို့ရဲလင်းအောင်ခေါ်၍ ကျမလိုက်သွားသည်၊ organize လုပ်သူများနှင့် ရဲလင်းအောင် ရင်းနှီးမူ့ကို ကျမ အံ့ဩစွာတွေ့ရသည်၊ ရဲလင်း နင်ဟာကလည်း၊ ညီမတွေပါ၊ ထိုအထဲတွင် ကောင်မလေး တစ်ယောက်ကို ကျမ သတိထားမိသည်၊ အသက်၂၀ ပတ်ဝန်းကျင်လောက်၊ ပိန်သည်၊ ဆံပင်ရင်ပတ်လောက်ထိရှည်သည်၊ နူတ်ခမ်းပါးပါးနဲ ့၊ တက်ကြွသည့်ပုံစံ၊ တစ်ခါတစ်လေ ကျမကို သေချာစိုက်ကြည့်နေသည်၊ ရဲလင်းအောင်ကိုလည်း ကိုရဲ၊ ကိုရဲနှင့် ရဲလွန်းလှသည်၊ တက်ကြွသည့်လူငယ်များ သဘာဝဖြစ်မည်ဆိုပြီး၊ ဒီအတိုင်းထားလိုက်သည်။ 

မမျှော်လင့်ပဲ ကိုဇော်ဦးနှင့် ပြပွဲတစ်ခုတွင်ဆုံဖြစ်သည်၊ ဘာတွေဖြစ်၊ ဘယ်နေရာတွေရောက်၊ ဘာတွေလုပ်ကြောင်း ပြောကြရင်း၊ ကိုဇော်ဦးကပင် စကားတွေ အေးအေးဆေးဆေး ပြောရန် ကျမတို့လင်မယား နှစ်ယောက်ကို ညစာကျွေးဘို့ဖိတ်လိုက်သည်၊ ကိုဇော်ဦးတစ်ယောက် အမေရိကားတွင် အခြေချနေပြီ၊ ဆရာဝန်မနှင့် အိမ်ထောင်ကျကာ သားလေးတစ်ယောက်ပင် ရနေပြီဖြစ်သည်။ ရဲလင်းအောင်က မလိုက်ချင်ဟုငြင်းသည်၊ ကျမကလည်း လိုက်ခဲ့ပါ ငါတို့ရဲ့ကျေးဇူးရှင် သူသာငါကို မကူညီခဲ့ရင် ငါတို့နှစ်ယောက် ဒီကိုရောက်လာမှာ မဟုတ်ဘူး၊ ဒီလိုလဲဖြစ်လာမှာ မဟုတ်ဘူး၊ တကယ်ဆို ငါတို့ကကျွေးရမှာ ဒီလိုနဲ့ ရဲလင်းအောင်ပါခဲ့သည်၊ ကိုဇော်ဦးက ညစာကို အမေရိကန် ကလပ်ဘ်မှာကျွေးသည်၊ ဖြစ်ချင်တော့ အဝင်ဝတွင် လုံခြုံရေးက ကျမကို လက်ကိုင်အိတ်ပဲ ဖွင့်ရှာသော်လည်း၊ ရဲလင်းအောင်ကို ဘိနပ်ပါချွတ်ခိုင်းသည်၊ ညစာစားရင်း ကိုဇော်ဦးက သူ့လက်ရှိအလုပ်၊ သူ့မိသားစု နှင့် Robot တွေအကြောင်းပြောသည်၊ ကျမကလည်း လက်ရှိအလုပ်အခြေအနေ၊ တွေ့ရတဲ့ အခက်အခဲများ၊ ဂျပန်လူမျိုးတွေအကြောင်းပြောဖြစ်သည်၊ ရဲလင်းအောင်က အမေရိကန်တွေ အကြောင်း၊ မြန်မာပြည် အကြောင်း ပဲဝင်ပြောသည်၊ 
ရဲလင်းအောင်ကအပြန်တွင် ကျမကို၊ ‘အမေရိကန်တွေ ကြောက်တတ်တာကလဲကမ်းကုန်၊’ ‘အကုန်လုံး သူ့ရန်သူ ထင်နေတယ်၊’ ‘ရန်သူကလည်းပေါတာကိုး၊’
‘တော်တော်ကြီးကျယ်တယ် ပြောလိုက်ရင် အထက်ကချည်းပဲ၊’
ကျမက သူကိုကြည့်လိုက်သောအခါ၊ ‘အမေရိကန်တွေကို ပြောတာ၊’ ‘အမေရိကန်တွေကို ပြောတာ၊’
အင်းလေ သူအရှာခံရလို့နေမှာ၊ ကျမကလည်း ‘ရဲလင်း နင်သွားစျေးဝယ်နေကြ မူစတာဖါဆိုင် ကိုကြည့်ဦး၊’ ‘လာတဲ့စျေးဝယ်မှန်သမျှ သူခိုးလို့ယူဆပြီး၊ အိတ်တွေပိတ်ခိုင်း၊ အိတ်တွေထားခဲ့ခိုင်းနဲ့၊ ဘာထူးလဲ၊’
‘ကုလားနဲ့ အမေရိကန်တွေနဲ့ တူတူပဲ၊’ ရဲလင်းအောင်ပြန်ဖြေသည်၊
ကျမဘာမျှပြန်မပြောတော့၊ ဘာပဲဖြစ်ဖြစ် ကိုဇော်ဦးနှင့် တွေ့ရတာ ကျမဝမ်းသာသည်။

နောက်နေ့တွင် ကိုဇော်ဦးက အလုပ်ထဲတွင် ကျမ ပရက်ရှာများလျှော့ရန်နဲ့ ကျမစိတ်ဓါတ် ပိုခိုင်မာလာစေရန်၊ ယခင် ကျမလုပ်ခဲ့၊ အချုပ်ကျခဲ့သော နိုင်ငံကို ပြန်သွားလည်ရန် အကြံပေးသည်၊ ရဲလင်းအောင်နှင့် တိုင်ပင်ရာ ‘မသွားသင့်ဘူး မ ၊ မေ့ပစ်ထားပြီမဟုတ်လား၊ တစ်ခါထဲမေ့ပစ်လိုက်၊ ပြန်မဖေါ်နဲ့၊’
‘ငါမေ့လို့ မရဘူး ရဲလင်း၊ ပြန်ပြန်ပေါ်နေတယ်၊ ငါ့အတွက် အရေးကြီးလို့ပါ၊ လိုက်ပို့ပေးပါ ရဲလင်းရယ်၊’
‘ငါတော့ မပို့ပေးနိုင်ဘူး၊ နင်တစ်ယောက်ထဲသွား၊ အဲဒီ့ အမေရိကန်ကောင် ခေါ်သွားလေ၊’ ကျမကို အော်ပစ်လိုက်သည်။
နောက်ဆုံး ကိုဇော်ဦး ကျမကို လိုက်ပို့သည်၊ မနက်စောစော လေယာဉ်ပျံ နှင့်ထွက်သွားပြီး၊ နေ့လည်စာစားကာ ညနေ ပြန်လာသည်၊ ကျမ ရဲလင်းအောင်ကို အသိပေးသွားသည်၊ အဲဒီနေ့ညပဲ ကိုဇော်ဦး အမေရိကားသို့ ပြန်သွားသည်။ 

ငါ့စိတ်တွေ ဘယ်လိုပေါ့ပါးသွားကြောင်း၊ ရှေ့စိတ်ဓါတ်ခိုင်မာလာအောင် လုပ်မည်၊ သူပြောသလို မေ့နိုင်တော့မည်ဟု ပြောပြရန် ရဲလင်းအောင်ကို စောင့်နေမိသည်၊ ည ၁၀ နာရီထိ ရဲလင်းအောင် ပြန်မလာပါ၊ သူ့ဖုန်းကို ခေါ်ကြည့်သော်လည်း မကိုင်ပါ၊ ကျမဆိုဖါပေါ်လှဲရင်းစောင့်နေမိသည်၊ ည ၁၂ နာရီထိုးခါနီး၊ ဝုန်းဝုန်း အိမ်ရှေ့တံခါး ဖွင့်သံကြားရသည်၊ ကြမ်းလှချည်းလား၊ ရဲလင်းအောင်ဖြစ်သည် မူးလာသည်၊ အရင်နေ့တွေလဲ သောက်လာနေကြဖြစ်သည် ဒီလိုမမူး၊ ကျမလည်း အိမ်ရှေ့သွားပြီး၊
‘ရဲလင်း နင်ဘယ်လိုဖြစ်လာသလဲ၊’
‘ဘာ ဘယ်လိုဖြစ်လာရမလဲ၊ နင့်ကို ငါကမေးရမှာ ဘာဖြစ်လာသလဲလို့၊’
ဟာ ဒုက္ခပါပဲ၊ ကျမ တံခါးကိုပိတ်လိုက်သည်၊
ရဲလင်းအောင် ဆိုဖါပေါ်ထိုင်ကာ ကျမကို လက်ညိုးထိုးပြီး၊ 
‘သိပ်ပျော်ခဲ့တာပေါ့၊ ဘာဖြစ်လာသလဲ၊ ဘာဖြစ်လာသလဲ၊ ငါကပြန်မေးရမှာ၊’ သူ့အသံကတော်တော်ကျယ်၍ ကျမက ‘ရဲလင်း ငါဘာမှ ဖြစ်မလာဘူး၊ မနက်မှ ပြောရအောင်၊ ဘေးအခန်းတွေကို သတိထားဦး၊’
‘ဘာခုမှ ကြောက်နေတာလဲ၊ လူသိမှာကို ကြောက်နေတာလား၊’ ဟုထအော်သည်၊
‘ရဲလင်း ရဲတွေဘာတွေရောက်လာရင် ဒုက္ခရောက်ကုန်မယ်၊’
‘ရောက်ရောက်ကွာ၊ ဒီထက်ဖြစ်စရာ အကြောင်းမရှိဘူး၊’ ‘ကိုယ့်ကိုကိုယ် တအားအထင်ကြီးတဲ့ မိန်းမ၊’
‘ဘုန်း’ဆိုပြီး ဆိုဖါကို ထကန်သည်၊ ‘အမေရိကား လိုက်သွားပါလား၊ ပိုအထင်ကြီးသွားကြလိမ့်မယ်၊’
‘ရဲလင်း နင်သတိထားနော်၊ ငါဘာမှ မဖြစ်ဘူး၊’
ရဲလင်းအောင်ထပြီး လက်ညိုးထိုးကာ ‘ဘာ ဘာမှ မဖြစ်ဘူးလဲ၊ ဟင်း နှစ်ယောက်ထဲသွားတယ်၊’ ‘ဖြစ်ရင်ဖြစ်ခဲ့တယ်ပေါ့ ရှင်းရှင်းလေးပဲ၊’
‘အမေရိကား လိုက်သွား၊ ငါအတွက် မလိုအပ်တော့ဘူး၊’ ‘နင်လဲလုပ်ချင်တာလုပ်၊ ငါလဲလုပ်ချင်တာလုပ်မယ်၊’ အော်ပြန်သည်၊
ကျမလည်း သူ့အတွက်ခပ်ထားသော ရေခွက်နဲ့ သူ့မျက်နှာကို ပက်ထည့်လိုက်ပြီး၊ 
‘ရဲလင်းအောင် နင်ငါ့ရဲ့ ကိုယ်ကျင့်တရားကို စော်ကားတာနှစ်ခါရှိပြီး၊’ ‘ငါဘယ်လိုလဲဆိုတာ နင့်အစထဲကသိတယ်၊’ ‘နင်စဉ်စားကြည့်ပြီးမှပြော၊’
‘စဉ်စားစရာမလိုဘူး မှန်နေတာ၊ ဖြစ်ရင်ဖြစ်တယ်ပေါ့၊’
‘တောက်’ ကျမ တောက်ခတ်လိုက်သည်၊ 
‘နင်ကမူးပြီးတော့ ဒီလိုပြောတာပေါ့၊’ တစ်ချိန်ထဲမှာပဲ ကျမ ဧည့်ခန်းတွင်အလှပြထားသော အရက်ပုလင်းကို ဖွင့်လိုက်သည်၊
ရဲလင်းအောင်ကတော့ ‘အသုံးမကျတဲ့ မိန်းမ၊’ ‘အသုံးမကျတဲ့ မိန်းမ၊’ ရွတ်နေသည်၊
ကျမ စားပွဲပေါ်တွင် အရက်တစ်ပုလင်း၊ ခွက်နှစ်ခွက် တင်လိုက်သည်၊ သူ့ကို စိုက်ကြည့်လိုက်သည်၊
‘ဘာဖြစ်ချင်လဲ၊’ ‘ဘာဖြစ်ချင်လဲ၊’ ‘ဟင်းဟင်းဟင်း’ ရဲလင်းအောင်က မူးနေတဲ့ အကြည့်တွေနဲ့ ကျမကိုမေးသည်၊
‘နင်က မိန်းမတစ်ယောက်ကို မူးနေမှာပြောရဲတယ်၊’ ‘လာနင်နဲ့ငါ တူတူမူးမယ်၊’ 
ကျမတစ်ခွက်လုံး သောက်ချလိုက်သည်၊ ဆိုးဝါးတဲ့ အရသာနဲ့ လည်ချေုာင်းတစ်ခုလုံး၊ ရင် တစ်ခုလုံး ပူဆင်းသွားသည်၊ကျမလဲသွေးပူနေပြီဖြစ်သည်၊ 
‘လာမူးပြီး ပြိုင်ပြောရအောင်၊’
ရဲလင်းအောင်နဲနဲတွေဝေသွားပြီး၊ ‘ရတယ်လာပြီ၊’ တစ်ခွက်မော့ချလိုက်သည်၊ မျက်နှာနဲနဲ ရှုံမဲ့သွားသည်၊
ကျမ နောက်ထပ်တစ်ခွက် ထပ်သောက်ကာ၊ ‘လာလေ လာလေ’ သူကိုခေါ်လိုက်ပြန်သည်၊ နောက်ထပ်တစ်ခွက် မော့ချလိုက်သည်၊ ကျမကလည်း ‘ပြောလေ ပြောချင်တာတွေ ပြောလေ၊’ 
ဒီလိုနဲ့ တစ်ခွက်ပြီးတစ်ခွက်၊ မိုးလင်းတော့ ကျမက ကုတင်ပေါ်မှာ၊ ရဲလင်းအောင်က ဆိုဖါပေါ်တွင် အိပ်နေကြသည်၊ ထိုနေ့က ကျမနှင့် ရဲလင်းအောင်တို့ အရေးပေါ်ခွင့် ယူလိုက်ရသည်၊ ရဲလင်းအောင် ကျမကို မတောင်းပန်ခဲ့ပါ၊ ဒါပေမဲ့ ဘယ်တော့မှ အရက်မူးပြီးပြန်မလာတော့ပါ။

နောက် နှစ်ရက်နေတော့ ကျမ ဂျပန်ကို ၆လ သင်တန်းသွားရသည်၊ ဒီသင်တန်းက တကယ်ကိုမလွယ်၊ နည်းပညာသစ်တွေရယ်၊ products အသစ်တွေရယ်၊ စျေးကွက်အသစ်ကြိုတင်ပြင်ဆင်မူ့ တွေဖြစ်သည်၊ ၆ လကျော် အတွင်း ရဲလင်းအောင်ကို ဖုန်းသုံးခါပဲ အဆက်အသွယ်ရသည်၊ ပြန်လာသောနေ့တွင်လည်း အဲဒီနေ့ အလုပ်တွင် အရေးကြီးသည်ဆို၍ လာမကြိုချေ။

ကျမအိမ်တွင် ပစ္စည်းများကို သေသေချာချာ သပ်သပ်ယပ်ယပ် ထား၍ ဘယ်နေရာ၊ ဘာရွေ့သွားသလဲသိသည်၊ ကျမ မရှိတုန်း ရဲလင်းအောင်မဟုတ် တစ်ယောက်ယောက် လာကြောင်းကျမ သိသည်၊ ရဲလင်းအောင်ကိုမေးရာ ‘အေး သူငယ်ချင်းတွေလာတယ်၊’ ‘နင်အိမ်လဲ ဘယ်သူမှ မနေချင်ဘူး၊’ ဒါပဲပြောကာ ထွက်သွားသည်၊ ရဲလင်းအောင် အိမ်မပြန်သောနေ့တွေ များလာသည်၊ ပထမတော့ အလုပ်တွေများနေသလိုနဲ့၊ နောက်တော့ ဘာမှအကြောင်းပြချက်မပေး၊ ကျမကတော့ လိုက်တွေ့၊ လိုက်ခေါ် ဘာတွေဖြစ်သလဲမေး၊ ဘာဖြစ်နေတာလဲမေးနှင့် လင်ပျောက်ရှာနေရသလို၊ သူကတော့ မစိုးရိမ်ပါနဲ့ စင်္ကာပူမြို့ထဲမှာပဲဟုဆိုသည်၊ တစ်ခုခုတော့ မှားနေပြီဆိုတာ ကျမသိလိုက်သည်။

ဒီကြားထဲ ကျမကိုအလုပ်က အစမ်းသင် မန်နေဂျာ အဖြစ်တိုးပေးလိုက်ပြန်သည်၊ တာဝန်နှင့် အလုပ်တွေပိုလာသည်၊ တစ်နေ့ မမြင့်ကတွေ့ချင်တယ်ဆို၍ ကျမသွားတွေ့သည်၊ စင်္ကာပူတွင် ကျမ ရဲလင်းအောင်လောက် အသိမိတ်ဆွေ သိပ်မပေါ၊ မမြင့်ခေါ်ပြောချင်တဲ့ အကြောင်းက မယုံနိုင်စရာ၊ 
‘အကြောင်းသိတွေမို့ ခေါ်လိုက်ရတာ ညီမရေ၊’ 
‘ရဲလင်းကို အေးအေးဆေးဆေး ခေါ်ပြီး သေချာဆွေးနွေးညီမ၊’ ‘ဟိုဘက်ကတော့ အပိုင်တွက်နေပြီ ၊’
‘အဲဒီကောင်မလေးနဲ့ အတူတူနေတဲ့ ခလေးမလေးတောင် အိမ်ပြောင်းတော့မလို့၊’ ‘ရှုပ်ရှုပ်ရှက်ရှက်မဖြစ်ချင်လို့တဲ့၊’
‘ရဲလင်းနှင့်ညီမက လင်မယား ညှိယူကြပေါ့၊ သေချာကိုင်တွယ်ညီမရေ။’
ကျမ ရှက်လိုက်သည်ဖြစ်ခြင်း၊ စင်္ကာပူတွင် ရှားရှားပါးပါးခင်မိသော မမြင့်အားကျေးဇူးတင်မိသည်၊ ကျမဆက်လုပ်စရာများကို ဆက်လုပ််ရမည်ဖြစ်သည်။

ရဲလင်းအောင်ကို ဘယ်လိုမှ ဆက်သွယ်လို့မရ၊ နေ့လည် ထမင်းစားချိန်ဖုန်းဝင်လာသည်၊
‘မမိုးစန္ဒာပါလား၊’ 
‘ဟုတ်ကဲ့၊’ 
‘ကျမနာမည် တာရာသက်ထား၊ တာရာလို့ပဲ ခေါ်ကြပါတယ်၊’
‘ဘာကိစ္စရှိလို့လဲ၊’
‘မမိုးစန္ဒာက ကျမကို မသိပေမဲ့၊ ကျမက ကောင်းကောင်းကြီးသိတယ်၊ ကျမကိုမြင်ဘူးပေမဲ့ မှတ်ထားလိမ့်မယ် မဟုတ်ပါဘူး၊’
‘ပြောစရာရှိပြောပါ မတာရာ၊’ ကျမစိတ်မရှည်တော့၊ ဘာတွေလဲမသိ၊
‘ကျမကလည်း ပြောမှာပါ၊’ ‘ဒီမယ် ကိုယ်ကို့မချစ်၊ မကြိုက်တော့တဲ့ ယောက်ျားတစ်ယောက်နောက် စွတ်လိုက်မနေပါနဲ့၊’
‘ဘာရယ်၊’
‘ကျမ ကိုရဲ ကိုပြောတာ၊’ ‘ရှင့်လို ယောက်ျားတစ်ယောက်ကို ဘယ်လိုချစ်ရမှန်း မသိ၊ ဘယ်လိုပျော်အောင်ထားရမှန်း မသိ၊ ကိုယ့်ကိုကိုယ် တအားအထင်ကြီးတဲ့ မိန်းမ၊ ကိုရဲ အချစ်နှင့် မတန်ဘူး၊’
‘နေပါဦး နင်ကဘယ်သူလဲ၊’
‘ကိုရဲရဲ့ ချစ်သူ၊’ 
‘ငါက ရဲလင်းအောင်ရဲ့ မိန်းမ၊ နင်မို့လို့ အရှက်မရှိ၊’
‘ဒီမယ် ဘာအရှက်မရှိတာလဲ၊ ရှင်ကမှ ကိုယ်ကို့မပေါင်းချင်တော့တဲ့ ယောက်ျားတစ်ယောက်နောက် စွတ်လိုက်နေတယ်၊ ကိုရဲက ကျမကို သိပ်ချစ်တာ၊’
ကျမဖုန်းချပစ်လိုက်သည်၊ 
ကျမ အစော်ကားခံလိုက်ရတာပဲ၊
မိန်းမတစ်ယောက်ကို မိန်းမတစ်ယောက်က ပေါ်တင်စိန်ခေါ်လိုက်တာလား၊
ကျမ ရဲလင်းအောင်နှင့် တွေ့မှကိုဖြစ်တော့မည်၊ သူ့ မန်နေဂျာဆီ ဖုန်းဆက်လိုက်သည်၊ ရဲလင်းအောင်ဘယ်မှာ ရှိလဲစုံစမ်းလိုက်သည်၊ ဒီကြားထဲ ဟိုကောင်မလေးက SMS တွေဆက်တိုက်ပို့နေသည်၊ မကြာမှီ ရဲလင်းအောင်နှင့်ဖုန်းရသည်၊ နင်လာပြီးတော့ကို ရှင်းမှဖြစ်တော့မယ် ရဲလင်းအောင်ဟု ကျမပြောလိုက်သည်၊
လောလောဆယ် သူမလာနိုင်ကြောင်း၊ မနက်ဖြန် ကျမထိုင်နေကြ ဆိုင်ကိုချိန်းလိုက်သည်၊ ရဲလင်းအောင်က အဲဒီနေရာတွေကို မလာချင်ဘူး ဟုဆိုသည်၊ နောက်တော့ လာခဲ့မည်ဟုဆိုသည်။

ကြုံဘူးကြပါသလားလို့ ကျမမေးလိုက်ချင်သည်၊ ကျမကို ကျမ တော်တော်ညံ့တဲ့ မိန်းမတစ်ယောက်ဟု ကိုယ်ကိုကိုယ် မှတ်ချက်ချမိသည်၊ ကျမစိတ်အေးအေးထားပြီး ရေရှည်အတွက် စဉ်းစားရမည်ဖြစ်သည်။
ဘာဖြစ်ချင်သလဲ ရဲလင်းအောင်။ 


စတုတ္ထပိုင်း ဒီမှာနားပါမည်။