Sunday, January 17, 2010

ဂါယာ ဗာရာဏသီီ နာလန္ဒာ နှင့် မြန်မာ တို့၏အလှူ (အပိုင်း [၃] တိဘက်ဘုန်းကြီး ၊ ဗိုလ်ချုပ်အောင်ဆန်း)


ဒုက္ကရစရိယာကျင့်ရာဂူ


ဒုက္ကရစရိယာကျင့်ရာဂူ ကို ဗုဒ္ဓဂါယာမှ ၆ ကီလိုမီတာ ကျော်ကျော် ခန့်သွားရသည်။ ဖြတ်လမ်းဖြစ်တဲ့ ရွာလမ်းကျဉ်းထဲ နွားတွေ လူတွေကို ရှောင်၍သွားရသည်။ ဂျပန် အထောက်အပ့ံ ပေးထားသော စာသင်ကျောင်းကိုဝင်သည်၊ ကိုအီဇူမီ က ဂျပန်ဆရာဝန် နဲ့ သွားစကားပြောကာ ပစ္စည်းတချို့ပေးသည်၊ ပြီးနောက် တောင်ပေါ်တက်သည်၊ တောင်းရမ်းနေသူကလည်း အများအပြားပါ။ ဤနေရာ ဘာလို့မတိုးတက်သလဲ၊ ဂျပန် အထောက်အပ့ံ၊ ဂျာမန် အထောက်အပ့ံ တွေလဲရသည၊် မေးခွန်းမေးမိသည်၊ ကိုအီဇူမီကနောက်သည် တောင်းရမ်းနေသူတွေ အလုပ်မရှိပဲဖြစ်မည် တောင်းရမ်းနေသူတွေ ဝင်ငွေနည်းသွားမည်၊ အဲဒါကြောင့် ဖြစ်သည်တဲ့။

ကိုကျော်က နုနု ကို တောင်းရမ်းနေသူူတွေကို မပေးဘို့၊ ပေးမိရင် ကုလားလေးတွေ၊ အဖွားကြီးတွေ၊ အဖိုးကြီးတွေက ဝိုင်းအုံလာကာ လုသည်အထိဖြစ်တတ်ကြောင်း သူကြားမိသည်များကို ပြန်ပြောနေသည်၊ တောင်းရမ်းသူတွေ နှောင့်ယှက်သည်ကလွဲလို့ အင်မတန်သာယာပါတယ်။

ဂူ မရောက်မှီ တောင်ပေါ်တွင် တိဘက်ဘုန်းကြီးကျောင်းရှိသည်၊ ဂူအတွင်းတွင် ရုပ်ပွားတော်ရှိသည်၊ ထို ဘုန်းကြီးကျောင်းက ဒုက္ကရစရိယာကျင့်ရာဂူကို စောင့်ရှောက်နေခြင်းဖြစ်သည်။



ဘုန်းကြီးကျောင်းတွင် ကိုအီဇူမီက တိဘက်ဘုန်းကြီးတပါးနှင့် မိတ်ဆက်ပေးသည်၊ ဘုန်းကြီးမှ လ္ဘက်ရည် တိုက်သည်၊ ကျောင်းထဲသို့ဝင်၍ ဟိုဟိုဒီဒီ လျှောက်ကြည့်ကျသည်၊ ကိုအီဇူမီ အလန့်တကြား အော်သည် ဟိုမှာ ဟိုမှာ ဟုလက်ညှိးထိုးပြသည်၊ အောင်ဆန်းစုကြည်ပုံ ပိုစတာဖြစ်သည်၊ Burma Fear from freedom ဟုရေးထားသည်။ ဘုန်းကြီးကပြုံးပြီး အောင်ဆန်းစုကြည် ဟုဆိုသည်၊ ငါတို့လည်း တိဘက် လွတ်မြောက်ရေး လုပ်နေတာ စ၍ တိဘက်သမိုင်းနှင့် လွတ်မြောက်ရေး လူပ်ရှားမူ ရှင်းပြတော့သည်၊
ထိုမှတဆင့် အောင်ဆန်းစုကြည် နှင့် မြန်မာအကြောင်း ကိုကျော်က ရှင်းပြသည်၊ တိုနောက် ဘုန်းကြီး မှ အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းပေးသည်။

ဗာရာဏသီသို့ ခရီး ဆက်ထွက်ခဲ့ကြတယ်။




ဗာရာဏသီီနှင့် ဗိုလ်ချုပ်အောင်ဆန်း

တလွဲမထင်ပါ နဲ့ ဗာရာဏသီ ပတ်ဝန်းကျင် ဖူးမြော်လေ့လာပြီး ညဘက် ဘိုတဲတွင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပြောဖြစ်ကြ ခြင်းဖြစ်သည်။

ဗာရာဏသီတွင် ဖူးမြော်လေ့လာရန် ဌာနများကတော့-

၁။ မိဂဒါဝုန်၊ ဓမ္မေခ စေတီ၊
၂။ မူလ ဂန္နကုဋိ၀ိဟာရ၊
၃။ ချောက်ခဏ္ဍီစေတီ၊
၄။ မြန်မာဘုန်းကြီးကျောင်း တို့ဖြစ်သည်။












ကုလား ကျော်ဟိန်းဆိုင် တွင်လည်း စျေးဝယ်နိုင်သည်။

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း

ညဘက် မြန်မာပြည်၊ အောင်ဆန်းစုကြည် ၊ တိဘက် သမိုင်း နှင့် လွတ်မြောက်ရေး အကြောင်းများ စမြုံ့ပြန်ရင်း၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရောက်သွားသည်၊
ကိုအီဇူမီ က ကွန်ပျုတာ ဖွင့်ကာ ဂျပန်ဘုရင့် တပ်မတော်၊ မီနာမီကီကန်၊ (Minami Kikan) ၊ Burma Independence Army (BIA). ဗမာ့တပ်မတော်၊ ဂျပန်ဘုရင့် စစ်သူရဲကောင်းများဗိမာန် မှတ်တမ်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ နောက်ဆုံးတွင် စစ်ချီသီချင်း ထိရောက်သွားသည်။ ကိုအီဇူမီက မင်းတို့ စစ်ချီသီချင်း တော်တော်များများ ငါတို့နဲ့တူတယ် ဒီမှာကြည့်ဆိုပြီး Youtube ကိုဖွင့်ပြသည်။ စိတ်ထဲမှာတော့ ကော်ပီ သီချင်းများ အကြောင်း တွေးမိသည်။

ဂျပန်ဘုရင့် ရေတပ်မတော် သီချင်းသည် ရေဒီယို၊တီဗီမှာ လာနေကြ စစ်ချီသီချင်းဖြစ်နေသည်။
အေးလေ ငါတို့စစ်တပ်က မင်းတို့ဆီက သင်ခဲ့တာပဲ၊ ဂျပန်ဘုရင့် စစ်သူရဲကောင်း ဗိမာန် စာရင်းတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာပါကြောင်း ဗိုလ်ချုပ်ကလေး အဆင့်ဖြစ်ကြောင်းပြောသည်။

ကိုအီဇူမီက စဉ်းစားစရာ များမှာ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ဘုရင့် တပ်မတော်၏ ဗိုလ်ချုပ်ကလေး ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိန် နှင့် အမေရိကန်ကို စစ်ကြေညာခဲ့သည်၊

ဗိုလ်ချုပ်အောင်ဆန်းသည် Burma Defence Army ကို ဖွဲ့စည်းသောအခါ ဗိုလ်ချုပ် ဖြစ်လာသည်။ ဂျပန်ဘုရင့် တပ်မတော် နဲ့ တွဲဖက်ထားသည်။ နောက် Burma National Army (BNA) နှင့် ဗမာ့တပ်မတော် ဖြစ်လာသည်၊ AFPFL ကိုဖွဲ့ကာ ဂျပန်ကို ပြန်တိုက်သည်။
ဂျပန် ဆုတ်ပြီး အင်္ဂလိပ် ပြန်ဝင်လာသောအခါ အင်္ဂလိပ် ဘုရင်ခံ Dorman-Smith က အောင်ဆန်း သည် သစ္စာဖေါက် စစ်တရားခံ ဖြစ်သည်ဟု စွပ်စွဲကာ ရုံးတင်ဖို့ကြံသည်၊ (The British governor, Sir Reginald Dorman-Smith, however, regarded Aung San as a traitor and war criminal). ဒေါ်မန်စမစ် ပြောင်းသောအခါ နောက်တက်လာသော ဘုရင်ခံ (Sir Hubert Rance)က ဆက်မလုပ်ပေ။

ဤသို့ ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် တစ်ဖက်တွင် လက်နက်မချသော ဂျပန်ဘုရင့် တပ်မတော် ဗိုလ်ချုပ် တယောက်ဖြစ်မည်၊ ဗမာ့တပ်မတော် သည်လည်း လက်နက်မချသော ဂျပန်ဘုရင့် တပ်မတော်၏ တစိတ်တဒေသ ဖြစ်မည်ဟုဆိုသည်၊ သီချင်းတွေခုလက်ထက်ထိ သုံးနေဆဲဖြစ်သည်၊ သမိုင်းတွင် မကျွမ်းကျင်၍ သူမေးတာ မဖြေနိုင်ပါ။ သိတာကတော့ ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် မြန်မာ့ Hero ပင်ဖြစ်သည်။

ထိုကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ဘုရင့် စစ်သူရဲကောင်း ဗိမာန် စာရင်းတွင် ပါနေသည်ကို၊ သေချာမသေချာ ပြန်ရင်သွားကြည့် မည်ဟုဆို၏။ ဗိုလ်ချုပ်အောင်ဆန်း၏ ဂျပန်တို့အပေါ် နောက်ပိုင်းသဘောထားကို သိသွားလျှင် ဘာပြောမယ်မသိ။ ဗိုလ်ချုပ်အောင်ဆန်း၏ The Resistance Movement စာတမ်းတွင် ဖေါ်ပြထားသည်။
ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်ဘုရင်(အင်ပါယာ) နှင့် ဝန်ကြီးချူပ် ဂျင်နရယ် တိုဂျို ကိုယ်တိုင် အထူးဘွဲ့ထူး ဂုဏ်ထူးများ ချီးမြှင့်ခဲ့သည်၊ ထိုအတွက် ဂျပန်ဘုရင့် စစ်သူရဲကောင်း ဗိမာန် စာရင်းတွင် ပါနေသည်မှာ မဆန်းချေ။


 သူပြသော Youtube များကိုအောက်တွင်ဖေါ်ပြထားသည်။

စစ်ချီသီချင်း





ဗိုလ်ချုပ်အောင်ဆန်း နှင့် ဗမာ့တပ်မတော်




 
ဂျပန်ကျောင်းက မြန်မာဆင်းတု


ဂျပန်ကျောင်းထဲက အဏူမြူ ဒဏ်ခံရပုံ


 
ဂျပန် ဆင်းတု (ဂါယာ)

1 comment:

shwezinu said...

သတင်းတွေ မမြင်ဘူးသေးတဲ့ ပုံတွေကြောင့် ကျေးဇူးတင်ပါတယ်နော်

ကျနော့် ဘလော့ လေးကိုစာလာဖတ်တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်

မန္တလေးကိုများ ရောက်ဖြစ်ရင် ဆက်ဆက်ဝင်ခဲ့ပါ ဧည့်ခံချင်ပါတယ် advertisement ထဲက လိပ်စာအတိုင်းပါဘဲ