“ရွာသူရွာသားတို့သည် ချီးမွမ်းကဲ့ရဲ့ကြကုန်၏၊
ယောနသန်လည်း ရောက်ရှိလာသည်၊
ဒေးဗစ်သည်ကား တောင်ပေါ်မှကြည့်၍နေသည်၊
သူတို့ကို ငါကား သူရဲကောင်းဟုမသတ်မှတ်၊
ဥာဏ်နီဥာဏ်နက်များသူ၊ အခွင့်အရေးသမားတွေဖြစ်လတ္တံ။
မြက်ခင်းတို့သည် ဝါညှိရောင်သန်း၍ ခြောက်ကပ်ကုန်၏၊
သစ်ပင်တို့ကား အရွက်လုံးဝမရှိ၊ အမွှေးမရှိသောသိုးတစ်ကောင်သည် ပြေး၍နေသည်၊
ဧလာတောင်ထိပ်မှ အော်ဟစ်သံများကား ဆူညံကုန်၏၊
ငါသည် အရာရာကို အကောင်းတိုင်းဖြစ်စေသည်။”
အသက် ၃၀ ကျော် အမြည်းမပေါက်တာကိုပဲ ပြောစရာတစ်ခုဖြစ်နေသလား၊ စကားဝိုင်းဖွဲ့ပြောကြရင် နောက်ဆုံးတော့ ဒီဘူတာပဲဆိုက်သည်၊
ဟေ့ကိုမောင် ဘယ်တော့စားရမှာလဲ၊ ရှာလို့တွေ့ပြီလား၊ နေနိုင်လှချီလား၊ ဒီလိုပဲအရိုးထုတ်တော့မှာလား၊
ဒီလိုအမေးတွေက ကျနော့်အတွက်ရိုးနေပါပြီ၊ ဒါတောင် ၃၀ ကျော်ပဲရှိသေးတာ၊ ၄၀ ကျော်ဆို ဘယ်လောက်ပြောခံရမယ်မသိ၊တစ်ခါတစ်လေတော့တွေးမိပါတယ် လူပျို လူလွတ် တစ်ယောက်ရဲ့ လွတ်လပ်ခြင်း အရသာကို ကျနော်ပျော်မွေ့နေတာလား၊ အချစ်ကို မတွေ့ရှိသေးလို့လား၊ နဖူးစာက ဘယ်ကိုရွာလည်ဦးမှာလည်း စသဖြင့်ပေါ့၊ သူတို့ပြောသလို ငါကြိုက်မဲ့သူ မမွေးသေးဘူး ဆိုတာလဲ ဖြစ်နိုင်ပါတယ်၊ တကယ်တော့ ကျနော်မှာ အလုပ်နှင့်အိမ် အိမ်နှင့်အလုပ် အချိန်ရှားပါးမှု့ ကြောင့် အများဆုံးဖြစ်နိုင်ပါသည်။
ဒီနေ့ ညနေရောင်းရင်းတွေနဲ့ ချိန်းထားသည်၊ Holland V မှာ ကျနော်ကပဲပြုစုရမည်၊ ကျနော်အပါအဝင် စုစုပေါင်း ၆ယောက်၊ ကျွေးရတဲ့ အကြောင်းရင်းက၊ ကျနော်အလုပ်အသစ်ကို မန်နေဂျာရာထူးနဲ့ ပြောင်းရွှေ့ခြင်းအထိမ်းအမှတ်ပါပဲ၊ ဒီသူငယ်ချင်း ၅ ယောက်က NUS မှာခင်ခဲ့တဲ့ ၂ ယောက်၊ မြန်မာပြည် မှာခင်ခဲ့တဲ ၂ ယောက် နှင့် ငယ်ပေါင်း တစ်ယောက် စင်္ကာပူမှာ အဖွဲ့တောင့်တယ်လို့ပြောနိုင်ပါတယ်၊ ပြောမနာဆိုမနာ ရင်းနီးကြသည်၊ ဒီထဲမှာ လူပျို လူလွတ် ၂ ယောက်ပါသည်၊ ကျနော်နှင့် မင်းသန့်စင်၊ သန့်စင်က ၃၀ မပြည့်သေး ငယ်သူလို့သတ်မှတ်ကာ ကျနော်ကို လူပျိုကြီးရာထူးပေးထားသည်၊ ကိုဝင်းနိုင်က ကလေးမရှိ တစ်ဝက်လွတ်လပ်သည်၊ ကျန် ကိုစိုးအောင်၊ ကိုစိုင်းလုံ နှင့် ဘိုးတော် ခေါ်မြဝင်း တို့ကတော့ တိုးလို့တွဲလောင်းတွေနဲ့၊ မစခင်ထဲက ငါတို့က ၁၀ နာရီခွဲ ပြန်ရမှာ မိသားစုတာဝန် ဘာညာတွေနဲ့ စကားစထားသည်၊ ကျနော်တို့ကလည်း ဘယ်ရမလဲ အရင်ပြန်တဲ့သူ တစ်ဝက်ရှင်း ဆိုထားလိုက်သည်၊ ကျနော်တို့ဆိုတာ ကျနော်ရယ် သန့်စင်နှင့် ကိုဝင်းနိုင်တို့ဖြစ်သည်၊ ဒီလိုနဲ့ စားကြသောက်ကြသည်။
ကျနော်ဆိုထားတဲ့အတိုင်း နောက်ဆုံးတော့ ဒီဘူတာပဲဆိုက်သည်၊ ကိုဝင်းနိုင်က သူ့ခယ်မနှင့် ပေးစားသည်၊ သူပိုင်တာကြနေတာပဲ၊ ဘိုးတော်က သူ့မိန်းမ သူငယ်ချင်း အကြောင်းသိတွေနှင့်စပ်သည်၊ မိန်းမ မယူချင်တဲ့ထဲမှာ ဘိုးတော် မိန်းမကိုကြည့်ပြီးတော့လို့ဆိုတော့၊ အားလုံးဝိုင်းရယ်ကြသည်၊ ကျနော်နှင့် ဘိုးတော်က ငယ်ပေါင်းတွေ၊ ကိုစိုးအောင်က မောင်မောင်,မင်းကငယ်တာပဲကြိုက်တယ်ဆိုရင် ငါ့သမီး အကြီးစောင့်ကွာ၊ သူငယ်ချင်း ယောက္ခမ ဆိုပြီး ရယ်ဖြစ်ကြပြန်သည်၊ အလုပ်အသစ်အကြောင်း နည်းနည်းပြောပြဖြစ်သည်၊ အလုပ်ထဲမှာ မဒီ လေးတွေများတယ်၊ စလုံးများတယ် ဘိုမတွေတောင်ပါတယ်လို့ ပြောတော့၊ ဒီကောင် ဖြူချင်နေတာကိုး၊ ဘိုနဲ့စပ်ပြီးမွေးလာတဲ့ မင်းကလေးတွေကြည့်ချင်သေးတယ်…. သောက်ရင်းပြောရင်းနဲ့ ၁၁ နာရီထိုးမှာပြန်ဖြစ်ကြသည်။
----------------------------------------------------------------------------
ဒီအလုပ်ကိုလက်ခံလိုက်ကတည်းက challenge တွေနှင့် အသစ်အဆန်းတွေ ကြုံရမယ်ဆိုတာ တွက်ချက်ပြီးဖြစ်သည်၊ အရင်တုန်းက အင်ဂျင်နီယာ ဆိုတော့ အခက်အခဲတွေ့လာရင် ဖြေရှင်းပေးဘို့ ကိုယ်ရှေ့မှာ မန်နေဂျာရှိသည်၊ ခုကိုယ်က မန်နေဂျာ ဆိုတော့ တာဝန်ယူရတဲ့ အပိုင်းကို ပိုနားလည်လာသည်၊ အရင်အလုပ်က ကိုယ်ရဲ့မန်နေဂျာ ကိုလည်း ခုမှ ကိုယ်ချင်းစာမိသည်၊ ဘတ်ဂျက် မပေးသော သူ့ကို အမြဲအပစ်မြင်မိသည်၊ ကျနော်က သူ့ထက်ပိုဆိုးမည်၊ ကျနော့်အောက်မှာ အင်ဂျင်နီယာ မရှိ၊ အင်ဂျင်နီယာယင်းလက်ထောက် နှင့် ကိုအော်ဒီနေတာ coordinator တစ်ယောက် ဒါပဲရှိသည်၊ Regulatory ဒါရိုက်တာ နှင့် GM ကို သတင်းပို့ရမည်ဆို၏၊ အကြမ်းဖျင်းပြောလိုက်ရင် အလုပ်ကလွယ်လွယ်လေးလို့ထင်ကြမည်၊ စက်ရုံက ဆေးရုံသုံး instruments တွေကိုထုတ်သည် အားလုံးနီးပါး ကွန်ပြူတာကွန်ထရို ဖြစ်၍ ဆော့ဝဲလ်ခေါ် စစ္စတန် system များပါသည်၊ ကျနော် အလုပ်က ဒီ system တွေကို user requirements နှင့် regulation ကိုက်ညီမှု့ရှိမရှိ စစ်ဆေးရန် နှင့် ဗယ်လေဒိရှင်း validation လုပ်ရန်ဖြစ်သည်၊ တခြား system မန်နေဂျာများနဲ့တော့ကွာပါသည်။
တစ်လပြည့်လို့ ပြန်ပြီးစီစစ်ကြည့်တဲ့အခါ၊ ကျနော် ဘယ်နေရာမှာလိုအပ်နေတယ်၊ ဘာအခက်အခဲတွေ ရှိသလဲ မှတ်ချက်တွေရေးမှတ်ပြီး GM ဆီတင်လိုက်သည်၊ ဒီ instruments တွေ ဘယ်မှာသုံးလည်း ဘယ်လိုဘယ်သူတွေသုံးသလဲ ဒီ ‘ဘ’ တွေကိုတော့ ထပ်လေ့လာရမည်၊ ဒါကလဲလုပ်လို့ရသည် product training တက်၊ လိုအပ်ရင်ဆေးရုံတွေထိသွားရမည်၊ ဆော့ဝဲလ် နှင့် ပရိုဂရမ်တွေ ဒါကတော့ 3rd party အခြားကုမ္မဏီကို ကန်ထရိုက်ပေးထား၍ သူတို့ကိစ္စသူတို့နိုင်သည်၊ ကျနော်ပိုင်သည့် အပိုင်းလည်းဖြစ်သည်၊ ကိုအော်ဒီနေတာကလည်း လုပ်နိုင်သည်၊ user requirements နှင့် regulation အဲဒီမှာ ပြသာနာရှိလာသည်၊ စာရွက်စာတမ်းတွေ documents လုပ်ရခြင်းဖြစ်သည်၊ regulation တွေကအမြဲချိန်းတတ်သည်၊ user requirements ကလည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူ၊ တစ်ချို့နိုင်ငံတွေမှာ ဆရာဝန်တွေမှ ကိုင်ရသည်၊ တစ်ချို့နိုင်ငံတွေကတော့ နပ်စ် မဟုတ်ရင် တတ်ကျွမ်းသူ တွေကိုင်တွယ်သည်၊ ဒါကြောင့် user requirements, Standard Operating Procedure (SOP) တွေအမြဲ update လုပ်နေရသည်၊ regulation တွေ ကလည်း တစ်နိုင်ငံတစ်မျိုး သြစတေးလျ ကနေ တရုတ်ပြည်ထိ TGA, HSA, FDA, SFDA စုံလို့၊ တစ်နိုင်ငံ document တစ်စုံ၊ တစ်ခုခုပြောင်းတိုင်း ဗယ်လေဒိရှင်းလုပ်ရသည်၊ မလုပ်လျှင် QA ကလာမည်၊ ဗယ်လေဒိရှင်းလုပ်တိုင်း စာရွက်စာတမ်းတွေ ချိန်းရသည်၊ စာရွက်စာတမ်းတွေ ကိစ္စက ကျနော်အတွက် headache တစ်ခုပါပဲ၊ အင်ဂျင်နီယာယင်းလက်ထောက် နှစ်ယောက်က သူတို့အကန့်နှင့်သူတို့ ပိုခိုင်း၍မရ၊ ကိုအော်ဒီနေတာ ကောင်မလေးကတော့ ဆရာ လူတစ်ယောက် ထပ်ခေါ်ပါလားလို့ဆိုသည်။
ကိုအော်ဒီနေတာ ကောင်မလေးက အယ်နီ တန်၊ ပေါ်လီကကျောင်းပြီးထားသည်၊ သူရဲ့ ပထမဦးဆုံးအလုပ်ဟုဆိုသည်၊ လောလောဆယ် ရည်းစားနဲ့ကွဲကာ အချစ်နာကျနေသည်တဲ့၊ သူ့ကောင်လေး စစ်မူထမ်းNS မှပြန်လာပြီး တစ်လအကြာကွဲကြသည်၊ သူကလည်း သူ့ကောင်လေး စစ်မူထမ်းနေတုန်း တခြားတစ်ယောက်နှင့် တွဲသွားတွဲလာ ရှိသည်ဆို၏၊ ဒါကလည်း သန့်ရှင်းရေးလုပ်တဲ့ အဖိုးကြီးဆီက မမေးပဲသိရသည်၊ ဒီမှာက ရုံးကလူတွေအကြောင်း သိချင်ရင် သန့်ရှင်းရေးလုပ်တဲ့ အဖွားကြီး အဖိုးကြီး တွေက သတင်းအစုံဆုံးပါပဲ။
GM က ဒီနေ့ခေါ်တွေ့သည်၊ ကျနော်၏ လစဉ်တင်ပြချက် monthly report ကိုဆွေးနွေးကြခြင်းဖြစ်သည်၊ ‘မစ္စတာ မောင် ဒီလိုရှင်းရှင်းလင်းလင်းရေထားတာကောင်းတယ် အရင်လူက ဘာမှမပြောပဲ မလုပ်နိုင်တော့ဘူးဆိုပြီး ထပြန်သွားတယ်၊’
အရင်လူက အမျိုးသမီးဖြစ်ပြီး အမေရိကန်လူမျိုးဖြစ်သည်၊ အလုပ်ထဲမှာ မန်နေဂျာ တွေက အဖြူတွေများသည်၊ ကျနော်ရယ်၊ GM ရယ်၊ HR မန်နေဂျာ နှင့် Finance မန်နေဂျာတို့သည် local ဌါနေများဖြစ်သည်၊
GM က ‘မင်းမှာလူတစ်ယောက်လိုတယ်ဆိုရင် ငါတို့ Admin ဘက်မှာ ထွက်ခိုင်းထားတဲ့ Admin assistant တစ်ယောက်တော့ ရှိတယ်၊ အဓိကကတော့သူ့မန်နေဂျာပဲ၊ မကြိုက်တာက ခဏခဏ ခွင့်ယူ ဆေးခွင့်ယူ အလုပ်ပျက်လို့ပဲ၊ သူမကတော့ ဒီအလုပ် ဒီကုမ္မဏီကို သူကြိုက်ပါတယ်၊ နောက်ဆုံးအခွင့်အရေးပေးပါပေါ့၊ သူ့မန်နေဂျာကလည်း ရွေးစရာလမ်းမရှိတော့ဘူးလေ၊ တခြားဝန်ထမ်းတွေ လိုက်လုပ်ရင် ပိုဆိုးမယ်ဆိုပြီး၊ ထွက်ခိုင်းလိုက်ရတာပေါ့၊ မင်းလိုချင်ရင်တော့ မင်းအင်တာဗျုးကြည့်ပေါ့၊ ဒီအလုပ်ထဲကပဲဆိုတော့ မင်းသုံးလို့ရမလားလို့၊’
ကျနော်ကလည်း ရတုန်းယူထားမှာ လူပိုတစ်ယောက် တောင်းဆိုရတာမလွယ်ဘူး၊ ‘ဟုတ်ကဲ့ ကျနော်အင်တာဗျုးချင်ပါတယ်၊’ ‘ဒါဆိုငါ HRကိုပြောလိုက်မယ်’ ။
“ဒေါက်ဒေါက်”
အခန်းတံခါးခေါက်သံကြားရသည်၊ ‘ဝင်ခဲ့ပါ’
အမျိုးသမီးတစ်ယောက်ဝင်လာသည်၊ ကောင်မလေးတစ်ယောက်ဆိုရင်ပိုမှန်ပါလိမ့်မည်၊
‘မစ္စတာ မောင်မောင်ဇော်၊ ကျမနာမည် အန်ဂျီလာ ၊ အန်ဂျီလာ ချွာ (Angela Chau) ပါ၊ HRကလွှတ်လိုက်တာပါ၊’
‘ကောင်းပြီ၊ ထိုင်ပါဦး၊ ငါကို အချိန်မိနစ် အနည်းငယ်ပေးပါ၊’
ကောင်မလေးက ‘ကျေးဇူး’ ဆိုပြီး ကျနော်စားပွဲရှေ့ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်၊
ကျနော်လည်း ခုမှ HR ကပေးထားသော ကိုယ်ရေးရာဇဝင်ကို စဖတ်မိသည်၊
Chau Lay Hong, အန်ဂျီလာ အသက် ၂၄ နှစ်မပြည့်သေး၊ ပညာအရည်အချင်း GCE O level ၊ Admin ဆိုင်ရာ ITE ကလက်မှတ်တစ်ခု၊ BC က English Skill လက်မှတ်တစ်ခု၊ လက်ရှိလစာ ၁၄၀၀၊ မှတ်ချက် ဒီကုမ္မဏီ ထောက်ပံ့ငွေဖြင့် MIDS တွင် Business Administration ဒီပလိုမာတက်နေသည်၊
CV ကိုဖတ်လိုက် သူမကိုကြည့်လိုက်နဲ့ လူပုံစံကို အကဲခတ်နေမိသည်၊
ရိုးရိုး စလုံး တရုတ်မလေး တစ်ယောက်ပါပဲ၊ မျက်မှန်မတတ်၊ နှာခေါင်းမပြား၊ မျက်နှာသွယ် ဆွဲဆောင်မှု့တော့ရှိသည်၊ တစ်ခါတစ်လေ ကျနော်ကိုပြန်ကြည့်သည်၊ မျက်လုံးများက အသနားခံနေသယောင်၊
ကျနော်ကပဲစပြီး ‘ကဲ အန်ဂျီလာ ဒီကိုဘာလို့ရောက်လာသလဲ သိပြီးပြီပေါ့၊
မင်းကပဲ စပြီး မင်းအကြောင်း၊ မင်းရှေ့ဆက်ဘာလုပ်ချင်သလဲ ပြောပြပါလား၊’
မဲ့ပြုံးလေးပြုံးပြီး၊
‘မစ္စတာ ..ဇော်..မောင်…’
‘မစ္စတာ မောင် လို့ခေါ်ပါ၊ မင်းပြောချင်သလိုပြော၊’
‘ကျမ ဝေ့လည်ကြောင်ပတ် ပေါက်ကရတွေပြောရမလား၊ တိုတိုပဲပြောရမလား’
‘ကျမရဲ့ CV ကိုဖတ်ပြီးသွားလို့ ကျမ အရည်အချင်းကိုလည်းသိလောက်ပြီထင်ပါတယ်၊
ကျမ ဒီကုမ္မဏီမှာ လုပ်ခဲ့တာ သုံးနှစ်ရှိပါပြီ၊ ပြီးခဲ့တဲ့ ၆ လလောက်က ကျမ ကိုယ်ရေးကိုယ်တာ ကိစ္စတွေများခဲ့တယ်၊ ခွင့်တွေ ဆေးခွင့်တွေယူခဲ့တယ်၊ ခွင့်မဲ့တောင်ပါလိုက်သေးတယ်၊ ကျမကို မစ္စစ် အမ်းက သတိပေးခဲ့ပေမဲ့၊ ကျမ မတတ်နိုင်ခဲ့ဘူး၊ ပြဿနာတွေက အနယ်ထိုင်လောက်တဲ့ အချိန်မှာ မစ္စစ် အမ်း ကျမကို တစ်လ အချိန်ပေးပြီးအလုပ်ထုတ်ပါတယ်၊ သူ့ဒီလိုမလုပ်ရင် အခြားသူတွေအတွက် စံပြဖြစ်သွားလိမ့်မယ်တဲ့၊ မစ္စစ်အမ်းကို ကျမစိတ်မဆိုးပါဘူး၊ သူဟာ ကျမရဲ့ကျေးဇူးရှင်ပါ၊ သူ့ကျမကို အလုပ်ခန့်ခဲ့တယ်၊ သင်တန်းတွေပေးတက်ပြီး မြေတောင်မြှောက်ပေးခဲ့တယ်၊’
ကျနော်ကလည်း၊ ‘သိပ်ကောင်းတာပဲ အဲလိုပွင့်လင်းတာ၊’
‘ဒါနဲ့ မင်း ပြဿနာတွေက အနယ်ထိုင်လောက်ပြီပေါ့၊’
‘ဟွန်…ကျမထင်ပါတယ်၊’
‘အေး မင်းလုပ်ရမဲ့ အလုပ်က စာရွက်စာတမ်းတွေ documentation ပဲ၊ record, checklist နှင့် Procedure တွေပဲ၊ အသေးစိပ်က လုပ်ရင်းနဲ့ပဲပြောနိုင်မယ်၊’
‘နောက်ပြီးတော့ ငါ မင်းဆီက ၁၀၀% မကလိုချင်တယ်၊’
‘ကျမ အစွမ်းကုန်ကြိုးစားပါမယ်၊’
‘ပွင့်ပွင့်လင်းလင်းထပ်ပြောရရင်၊ ကျမ ဝမ်းနည်းနေရတယ်၊ ဘာဆက်လုပ်ရမှန်း မသိဘူးဖြစ်နေတဲ့ အချိန်၊ ဒီအလုပ်က လုံးဝမထွက်ချင်ဘူး၊ ဆရာက အင်တာဗျုးချင်တယ်ဆိုတော့၊ တစ်စုံတစ်ရာက ကျမကို ကယ်တင်လိုက်ပုံပါပဲ၊’
‘မနက်ဖြန်ဒီကိုအလုပ်လာဆင်းပေါ့၊’
ကောင်မလေးက ‘ကျေးဇူး’ ဆိုပြီးထွက်သွားသည်။
အန်ဂျီလာ ထွက်သွားပြီးတာနဲ့၊ အယ်နီ ဝင်လာသည်၊
ဆရာ ခုနထွက်သွားတာ အန်ဂျီလာ မဟုတ်လား၊ အယ်နီမေးလိုက်သည်၊
ဟုတ်တယ်၊ သူ ငါတို့ဌါနကို မနက်ဖြန် ပြောင်းလာလိမ့်မယ်၊ ကျနော်လဲပြန်ဖြေလိုက်သည်၊
အယ်နီကတဖန် ဆရာ သူ့အကြောင်းသိလို့လား၊
သူ့ စီဗွီ ကြည့်ပြီး ငါတို့အတွက် လိုအပ်တာ လုပ်နိုင်မယ်ထင်တယ်၊ ဘာဖြစ်လို့လဲ၊ ကျနော်လဲပြန်မေးလိုက်သည်၊
'အန်ဂျီလာက အလျှန်း ("Ah Lian") လေ၊ အလျှန်းဆိုတာ ဂိုဏ်းတွေဘာတွေနဲ့ ပတ်သက်ဘူးတယ်၊' အယ်နီကဆိုသည်၊
'အန်ဂျီလာက ဒီမှာ သုံးနှစ်တောင်လုပ်ခဲ့ပြီးပြီ၊ သူလုပ်နိုင်မှာပါ၊' ကျနော်ပြန်ဖြေလိုက်သည်၊
အယ်နီ တစ်ယောက် ကျနော်ကို ပုခုန်းလှုပ်ပြပြီး၊ ဆရာ ကျမတို့ ထမင်းသွားစားရအောင်
အိုကေ သွားကြရအောင်။
နောက်နေ့ ကျနော်ရုံးရောက်သွားတော့၊ လူစုံနေပြီ အန်ဂျီလာတစ်ယောက် မစ္စတာဝူရဲ့ စားပွဲရှေ့ ထိုင်ခုံလွတ်တွင်ထိုင်နေသည်၊ ဝတ်လာသည်ကလည်းကြည့်ဦး တိုလိုက်တဲ့ စကပ်၊ အန်ဂျီလာကို ဘယ်မှာထိုင်ရမလဲ နေရာမချရသေး၊ HRကို အယ်နီရဲ့ဘေးတွင် စားပွဲစီစဉ်ထားခိုင်းပြီးဖြစ်သည်၊
ကျနော်ကပဲ အားလုံးကို၊ ‘ဒီနေ့ အန်ဂျီလာ ကျနော်တို့ဆီကို ပြောင်းလာတယ်၊ အန်ဂျီလာ ဒါက ဝူ၊ မစ္စတာဝူ၊
ဟိုဘက်က အဲရစ်တန်၊ ဒါကတော့ အယ်နီတန်၊ ဒီမှာ တန် နှစ် တန်ရှိတယ်၊’
အားလုံးပြုံးစိစိဖြစ်ကုန်ကြသည်၊ အန်ဂျီလာကိုနေရာပြပေးပြီး၊ နေရာချပြီးရင် အယ်နီနှင့် ရုံးခန်းထဲလာဘို့မှာလိုက်သည်။
ခဏနေ အန်ဂျီလာနှင့်အယ်နီတို့ဝင်လာသည်၊ အယ်နီကို မနေ့ထဲက စာရွက်စာတမ်းတွေနှင့် ဖိုင်တွေကို ထုတ်ထားခိုင်းပြီးဖြစ်သည်၊ အယ်နီကို ဖိုင်တွေအကြောင်း ရှင်းပြခိုင်းလိုက်သည်၊ အယ်နီထွက်သွားပြီး၊ ကျနော်အလှည့်ရောက်သည်၊ လုပ်ပုံလုပ်နည်းတွေ ရှင်းပြပြီး၊ ဒီနေ့စလုပ်ရမည့် အလုပ်ကို စပေးလိုက်သည်၊ ခုမှသေချာကြည့်မိသည်၊ ကောင်မလေးက သူဟာနဲ့သူတော့လှသည်၊ စကပ်ကို အဲဒီလောက်တိုတို မဝတ်သင့်၊ ဘယ်လိုပြောရမလဲ စဉ်းစားနေမိသည်၊ ခြေသလုံးမှာလည်း ဂျပန်ပန်းခက်ပုံ ဆေးမှင်ကြောင်ထိုးထားသည်၊ ကင်းခြေများပုံလည်းပါသည်၊ နားကပ်တွေကလည်း ဒီဘက်မှာ နှစ်ခု၊ ဟိုဘက်မှာသုံးခု၊ ဖြည်းညင်းစွာခေါင်းခါမိသည်၊ ‘ကဲ ဘာမေးစရာရှိသေးလဲ၊ မရှင်းရင်လာပြန်မေးလို့ရတယ်၊’
‘ဟုတ်ကဲ့ ဆရာ၊’
‘ကောင်းပြီ မင်းသွားလုပ်တော့၊’
‘ဆရာ’ အန်ဂျီလာက ကျနော်ကိုခေါ်လိုက်သည်၊ ‘ဘာမေးစရာရှိလို့လဲ၊’
‘မဟုတ်ပါဘူးဆရာ၊ ကျမ ရုံးဝတ်စရာ ဘောင်းဘီ ငါးစုံပဲရှိပါတယ်၊ မနေ့ကမှာ washing လုပ်ထားတာ၊’
‘နောက်ဆို ဆင်ခြင်ပါမယ်၊ ဆရာလဲ ကျမကို သွန်သင်လမ်းပြပေးပါ၊’
‘အိုကေ၊ ကောင်းပြီ၊’
ကျနော်သူကို ဘယ်လောက်ထိကြည့်လိုက်မိလည်းမသိ၊ ဘာပဲဖြစ်ဖြစ် ကျနော်ရင်ပေါ့ သွားသည်၊ နောက်မို့ဆို အဲဒီ့အလုပ်တွေ၊ ကျနော်နှင့် အယ်နီလုပ်ရမည်၊ ကျနော်ပဲအများဆုံးလုပ်ရမည်၊ အခြားအရေးကြီးသော အလုပ်တွေပြီးမှာမဟုတ်တော့၊ ဒီကောင်မလေး အဆင်ပြေအောင်လုပ်နိုင်ပါစေ။
သန့်ရှင်းရေးလုပ်တဲ့ အဖိုးကြီး ကျနော်ကို ထူးဆန်းအံ့သြသည့်ပုံနှင့် ကြည့်နေသည်၊ 'ဆရာ အန်ဂျီလာကို ဆရာ့ဆီခေါ်လိုက်တယ်ဆို၊'
'ဟုတ်တယ်လေ၊ အားလုံးအဆင်ပြေသွားအောင်ပေါ့၊ သူကအေးအေးလေးပါ စကားလည်းနည်းတယ်၊'
'သူစကားပြောတာ ဆရာတွေ့ဘူးလို့လား၊ သူက ဂိုဏ်းစတား၊ ဆရာထိန်းနိုင်မလား၊'
'သူနဲ့နေ့တိုင်း အလုပ်လုပ်နေတာပဲ၊ အဲဒါတွေက အရင်တုန်းကလေ၊ လောလောဆယ် ခွင့်ပြဿနာပဲရှိတယ်၊ ဒါလဲအဆင်ပြေမယ်လို့ထင်ပါတယ်၊'
'ဆရာမသိဘူးနော်၊ မစ္စစ် အမ်းကြောင့် သူဒီမှာမြဲနေတာ၊ ဘာပဲဖြစ်ဖြစ် ဆရာအဆင်ပြေပါစေ၊'
ကျေးဇူးပါဆိုပြီး ကျနော်ထွက်လာသည်၊
အဖိုးကြီးပြောပုံအရ အန်ဂျီလာက ဒီလောက်ထိဆိုးသလား၊ ကျနော်တွေးမိသည်၊ အန်ဂျီလာ အကြောင်းကိုလည်း စိတ်ဝင်စားလာသည်၊ ကိုယ်ဘက်ကလည်း မကြိုက်ရင် ထုတ်ပစ်လို့ရသည်။
ဒီနေ့ ရုံးကို စောစောရောက်သွားသည်၊ ဘယ်သူမှ မရောက်သေး၊ အခန်းထဲဝင်ပြီး အီမေးလ်တွေ စစ်နေဖြစ်သည်၊ ခဏနေကြာ အပြင်ဘက်က ဒုန်း ဘုတ် စာအုပ်တွေကို ခပ်ကြမ်းကြမ်းပစ်ချလိုက်သည့် အသံကြားရသည်၊ ဒီနောက် တစ်ယောက်ထဲ စကားပြောသံထွက်လာသည်၊ အန်ဂျီလာဖြစ်သည်၊ fucking ပဲ ဘယ်bus driver မှအချိုးမပြေဘူး၊ ဆိုဆွေ (so suay ကံမကောင်းဘူး)၊ ပိုက်ဆေ (Paisehအနှောက်အရှက်တွေ အဆင်မပြေဘူး)
လမ်းမှာဘာဖြစ်လာတယ်မသိ၊ ဆင်းဂလိနှင့် ဟုတ်ကင့် တရုတ်စကားနှင့် ပြောနေခြင်းဖြစ်သည်၊ ဟုတ်ကင့် တရုတ်စကားသည် စင်္ကာပူတွင် အများဆုံးသုံးသော အရပ်ပြောစကားဖြစ်သည်၊ အချို့မလေးတွေတောင်နားလည်သည်၊
ခဏနေ ကျနော်အခန်းပြင်သို့ ထွက်လိုက်သည်၊ အန်ဂျီလာ အလန့်တကြားနဲ့ ကျနော်ကိုကြည့်ပြီး၊
'မောနင်းဆရာ၊ ဆရာရောက်နေမှန်း ကျမ မသိလိုက်ဘူး၊ ဆောရီးဆရာ၊'
ဘာကို ဆောရီးလုပ်မှန်းမသိ၊ 'ကော်ဖီသွားသောက်လိုက်ဦးမယ'် ဆိုပြီး ရုံးကင်တင်းသို့ ထွက်လာသည်။
SGH စင်္ကာပူအထွေထွေဆေးရုံကြီးတွင် နည်းပညာ ရှင်းပြပွဲလုပ်ရန်အတွက် အစည်းအဝေး အပြီးတွင်၊ မစ္စစ်အမ်း နောက်မှ လိုက်လာပြီး၊ စကားနည်းနည်းပြောချင်တယ်ဆို၏၊
'ပထမဦးဆုံး မစ္စတာမောင် ကို အန်ဂျီလာအတွက် ကျေးဇူးတင်ပါရစေ၊'
'ကျမက ဒီမှာ ဗော်လန်တီယာ ကောင်ဆယ်လင်းလုပ်တယ်၊ ဝါသနာပေါ့၊
အန်ဂျီလာက နှစ်လသုံးလလောက် ကျမနှင့် အတူနေဖြစ်တယ်၊ ခုတော့ သူ့အဖွားနှင့်နေတယ်၊
ဒီအလုပ်ကို ကျမခေါ်လာတာ HR ရဲ့ခွင့်ပြုချက်၊ ကျမတာဝန်ယူခဲ့တယ်၊ ဒါကြောင့်မို့လည်း ကျမသူကို ထွက်ခိုင်းရတာပါ၊ ခုတော့ အန်ဂျီလာ မစ္စတာမောင်ဆီ ရောက်နေပြီ၊'
'အလုပ်ကို အလုပ်နဲ့တူအောင်လုပ်တယ်၊ သင်ပေးရင်တတ်လွယ်တယ်၊ ဒီလိုဖြစ်အောင် ကျမတော်တော်ကြိုးစားခဲ့ရတယ်၊ ကြုံရင် မစ္စတာမောင် ကို လာပြောပြပါဦးမယ် သိထားသင့်တယ်ထင်လို့၊'
မစ္စစ်အမ်း ဒီလောက်လေးပဲပြောပြီး MD ရုံးခန်းထဲဝင်သွားသည်၊
ကျနော် ကျနော့်ရုံးခန်းဘက်သို့ လျှောက်လာရင်းတွေးမိသည်မှာ၊ အန်ဂျီလာကဘာလဲ၊ လူတွေကငါ့ကို ဘာလို့လာပြောနေကြတာလဲ၊ မေးခွန်းတွေနဲ့၊ ကျနော် ကိုယ်တိုင် အန်ဂျီလာအကြောင်းပိုသိချင်လာသည်။
အပိုင်း (၁)နားပြီ၊
မှတ်ချက်၊
သူငယ်ချင်းတစ်ယောက်အကြောင်း နောက်ခံ၍ ဇာတ်လမ်းဆင်ထားပါသည်၊
ဒေသသုံး စကားများကို ဆီလျှော်အောင်ရေးထားပါသည်၊
ဥပမာ boss ကို ဆရာ၊ မရေးတတ်သည်များကို ဒေသသုံးအတိုင်းရေးပါမည်။
25 comments:
ဇတ်ကောင်နဲနဲများတယ်။
တယ်လီဖုံးဘုတ်အုတ်ဖြစ်သွားဦးမယ။်
ဆက်ပါ။ စောင့်ဖတ်ပါ့မယ်။ :)
လူပျိုကြီး သင်တန်းတက်ဖို့ လိုရင် လွှတ်လိုက်ပါ။ :D
ဘာဘဲဖြစ်ဖြစ် ဖတ်ကောင်းတယ်..
ကိုယ်တွေ့အောက်မေ့နေတာ
အောက်ရောက်မှ သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်အပျက်ဆိုတော့...
ဆက်ရန်ကို စောင့်မျှော်နေပါမယ်..
ဇတ်အိမ်ကတော့ ခိုင်သည်။ ဘာတွေထပ်ဖြစ်အုံးမလဲဆိုတာသိချင်ပါသည်။
တည်ငြိမ်အေး - - - ဆိုတဲ့အတိုင်းတည်တည်ငြိမ်ငြိမ်
ကလေးနဲ့ စာကောင်းပေကောင်းတွေဖတ်ရတော့မှာမို့ 
ဆက်ရန်ကို စောင့်မျှော်နေကြောင်းပါခင်ဗျာ-
ကြိုက်တာကတော့ ရေးကွက်ပဲ. . .
သွက်သွက်လက်လက်နဲ့ ဇာတ်အိမ်ကို ဖော်နိုင်တယ်။
ဒီလို ဇာတ်လမ်းမျိုးကို ကြိုက်တယ်။ အရင်က ဘာဖြစ်ခဲ့ဖြစ်ခဲ့ ဆိုတာမျိုးပေါ့. . .
ဆက်စောင့်ဖတ်နေမယ်ဗျာ။
ကောင်းတယ်ဗျာ...အတွေ့အကြုံလေးကိုမျှဝေခံစားရင်း ဒုတိယ ပိုင်းကိုစောင့်နေပါတယ်..
ရောက်ရောက်ချင်းစာတွေ လာဖတ်ပါတယ်နော်။ အပိုင်းဆက်ကို မျှော်နေတယ်...
စိတိဝင်စားပါသည်။
ကိုဆိုဆီ ရေ
စိတ်ဝင်စားစရာ လေး တွေလာဖတ်သွားပါတယ်
ဆက်စောင့်ရအုန်းမှာပေါ့နော် မြန်မြန်လေး
ခင်မင်စွာဖြင့်
ရွှေစင်ဦး
မစ္စတာမောင်နဲ့ အန်ဂျီလာနဲ့ ဘာတွေဆက်ဖြစ်လာမလဲ....စိတ်ဝင်စားစရာပါပဲ....အဆက်ကို မျှော်နေပါ့မယ်။
အန်ဂျီလာ မှာ ဘာ ပြဿနာတွေ ရှိခဲ့လို့ အကောင်းအတိုင်း ဖြစ်စေမလဲ ဆိုတာ စိတ်ဝင်စားသွားပါတယ်...
ဖတ်လို.ကောင်းသား.........။ မိမိလည်း အဲလို Assistant တစ်ယောက်ရရပါလို၏......ဟိ...ဟိ..။
သူတို့ဂိုဏ်းမှာ..အသင်းဝင်မလားလို့ စဉ်းစားနေသည်။
အပိုင်း (၁) ဖတ်ပြီး....
အပိုင်း (၂) မျှော်.............
အစပျိုးထားပြီဆိုတော့၊ နောက်အပိုင်းတွေ စောင့်ဖတ်ရမယ်၊ အင်ဂျီလာ နှင့် အယ်နီ စိတ်ဝင်စားပါတယ်၊
အင်ဂျီလာ ဆိုတဲ့ ကောင်မလေး အကြောင်းဆက်ဖတ်ချင်တယ်၊ ခင်တဲ့ မီးမီး
စိတ်ဝင်စားစရာဘဲ... ဒီလိုမျိုးစရိုက်ဆိုးပေမဲ့ စိတ်ရင်းကောင်းတဲ့သူတွေ ရှိပါတယ်... (အထူးသဖြင့်ဗီယက်နမ်တွေပေါ့)
စိတ်ဝင်စားစရာတအားကောင်းနေပြီ။ အန်ဂျီလာ.. အကောင်းအတိုင်း ဘာတွေဖြစ်မလဲ ကျန်အပိုင်းတွေ စောင့်ဖတ်နေပါ့မယ်။
စောင့်ဖတ်နေပါ့မယ် အကို..
စောင့်ဖတ်နေပါ့မယ် အကို..
အချစ်နဲ့ အရာရာကို အကောင်းတိုင်း ဖြစ်စေမည်....
စိတ်ဝင်စားဖို့ကောင်းပါတယ်.. အပိုင်း၂ ကို မျှော်နေပါမယ်...
မန်နေဂျာနဲ့ အန်ဂျီလာ ဘာတွေဖြစ်မလဲဆိုတာ စိတ်ဝင်စားသွားတယ်...
စလုံးဆန်အောင်ရေးထားတာလား၊ ဒေသသုံး စကားများဆိုတာ စလုံးကိုပြောတယ်လိုထင်လိုက်တယ်၊ စလုံး ပုံစံဖတ်ရတာပေါ့၊ အားပေးနေတဲ့ မင်းမင်း၊
တကယ့်အဖြစ်အပျက်လေးလို့ထင်နေတာ..။
ဆက်ရန်ကိုမျှော်နေမယ်နော်..။
ခင်တဲ့
သဒ္ဓါ
အစကတော့ ရိုးရိုးပဲ ထင်နေမိတာ ဇာတ်လည်းအရှိန်တက်ရော အခန်းဆက် ဖြစ်မှန်း သိလိုက်ရတော့တယ်။
မျှော်ရပြီပေါ့လေ။
ကိုဆိုဆီနော်.......
အားကြီးပဲ...... ကိုဒီးယားကားရိုက်သည်........း))
ခင်မင်တဲ့
ဏီလင်းညို
Post a Comment