Saturday, May 8, 2010

နှစ်နာရီ ဆယ်မိနစ်

ပေါက်ပေါက်တစ်ယောက် နာရီကိုကြည့်လိုက် အိမ်ရှေ့ကိုကြည့်လိုက်နှင့် ပါးစပ်ကလည်း မြည်တွန်တောက်တီးနေသည်၊ လေးနာရီ လာမယ်ပြောထားပြီး ခုထိမရောက်လာသေးဘူး၊ တစ်ယောက်ထဲပြောလိုက်မိသည်၊

ကြားသွားသော အမလုပ်သူက၊ ‘ဟဲ့ နင်ဘယ်သူကိုစောင့်နေတာတုန်း၊ နိုင်ဝင်းဇော်ကိုလား၊ လာပါလိမ့်မယ်၊’
‘ဒါနဲ့နေပါဦး၊ နိုင်ဝင်းဇော်နှင့် နင်ကတွဲလာချည်လား၊ ရည်းစားဆိုလဲ ရည်းစားပေါ့၊ ကိုယ်လည်းသူ့ကိုကြိုက်နေတာပဲ၊ နင်လဲ အသက် ၂၀ ကျော်နေပြီ’
‘မမ ကလည်း အဖြေပေးမလို့၊ အခြေအနေ မပေးသေးလို့ ဇော် က ပေါက်ကို နားလည်ပြီးသား၊’ ပေါက်ပေါက် ပြန်ဖြေလိုက်သည်။
အမလုပ်သူက ‘အေးလေ’ ‘နင်တို့က ကိုးတန်းဆယ်တန်း ထဲကတွဲလာတာ ခု နောက်ဆုံးနှစ်တောင် စားမေးပွဲဖြေပြီးနေပြီ၊ နောက်မှ ဘာဖြစ်တယ် ညာဖြစ်တယ်တွေ ကြားနေရဦးမယ်၊ နိုင်ဝင်းဇော်ထက် နင်ကိုကြိုက်တဲ့သူကို စောင့်နေတာလား၊’
ပေါက်ပေါက်ကရယ်ပြီး ‘မမ ကလည်း အချစ်ဆိုတာ တစ်ခါတစ်လေ ပြောပြစရာ မလိုဘူး၊ နှစ်ယောက်စလုံး နှလုံးသားထဲက သိနေရင်ပြီးတာပဲ၊ မမကသာ ဟို အဝေးကြီးက လူကိုရည်းစားထားတော့ အမြဲလွမ်းနေရတာ၊’
ပေါက်ပေါက်က စကားပြောရင်း နာရီကိုကြည့်လိုက် အိမ်ရှေ့ကိုကြည့်လိုက် လုပ်နေသည်။
‘ဘာလုပ်မလို့၊ ဒီလောက်တောင်လောနေတာ’ အမလုပ်သူက မေးလိုက်သည်၊
‘ဆိုင်ကယ်လိုက်စီးမယ်၊ ပြီးရင်း ကန်တော်ကြီး တက်သေးအင်းမှာ တစ်ခုခုစားမယ်၊’ ပေါက်ပေါက်က ဖြေရင်း မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ပြလိုက်သည်။
‘ဒါဆိုလည်း Helmet ဆောင်းဘို့မမေ့နဲ့၊ ညည်း အမြဲတမ်းမဆောင်းချင်ဘူး၊’ အမကဆိုသည်။

ဝူး ကရူး၊ ယာမဟာ ဆိုင်ကယ် စက်သံကိုကြားလိုက်ရသည်၊

‘လေးနာရီ နှင့် ဆယ်မိနစ်ရှိပြီ၊ ဆယ်မိနစ် နောက်ကျတယ်၊ မမရေသွားပြီ၊’ ပြောပြီး ပေါက်ပေါက် အိမ်ရှေ့ပြေးထွက်သွားသည်၊
‘ဟဲ့ ဟဲ့ ဒီကောင်မလေး ဦးထုပ်ယူသွားဦး၊’ အမတစ်ယောက် Helmet ဦးထုပ်ကိုင်က အိမ်ရှေ့ထွက်လိုက်လာသည်၊
အိမ်ရှေ့တွင် ပေါက်ပေါက်နှင့် နိုင်ဝင်းဇော်တို့ မရှိကြတော့၊ ဟင်း ဟုသော သက်ပြင်းလေးသာ ကျန်ရစ်ခဲ့သည်။

တကယ်တော့ ပေါက်ပေါက်တို့ အိမ်က မင်္ဂလာလမ်းတွင်ရှိပြီး၊ နိုင်ဝင်းဇော်က မျက်ပါးရပ်တွင် နေသည်၊ မိဘချင်းရင်းနှီး၍ ကလေးတွေ အနေနီးစပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ဝင်းဇော် တစ်ယောက် မင်္ဂလာလမ်းရှိ အင်တာနက်နှင့် ဂိမ်းဆိုင်တွေလာရင်း ပေါက်ပေါက်နဲ့ တွဲဖြစ်ကြသည်။
နိုင်ဝင်းဇော်က တစ်ကယ် ဆိုင်ကယ်သရဲပင်၊ အစီးလည်းကျွမ်းသည်၊ စက်အကြောင်းလည်းနားလည်သည်၊ ဆယ်ကျောက်သက်အရွယ်ထဲက ဆိုင်ကယ်နှင့် ယဉ်ပါးနေသူဖြစ်သည်၊ တတိယနှစ်အောင်တော့ အဖေလုပ်သူက အလိုလိုက်ကာ ဆိုင်ကယ်ကို နယ်စပ်ကမှာကာ ဝယ်ပေးခဲ့သည်။

နိုင်ဝင်းဇော်တို့နှစ်ယောက် မင်္ဂလာလမ်းမှ အေလမ်းဘက်ထွက်လာပြီး၊ မေမြို့သွားတဲ့လမ်းဆီ မောင်းလာကြသည်၊
‘ပေါက်ကလေး ဒီနေ့ ၂၁ မိုင်ထိသွားဦးမလား၊’ နိုင်ဝင်းဇော်မေးလိုက်သည်၊
‘ဟင့်အင်း ဟင့်အင်း၊ ဒီနေ့ စစ်ကိုင်းဘက်သွားမှာ၊ ပြီးရင် ကန်တော်ကြီးမှာ တစ်ခုခုစားမယ်၊ ပြောထားတာကို၊’ ပေါက်ပေါက်ကစိတ်ဆိုးသည့် ပုံစံလေးနှင့်ပြောလိုက်သည်၊
‘အေး ဒါဆို ငါတို့ ဒီဘက်ကပတ်ပြီး သိပ္ပံလမ်းဘက်ကပြန်ဝင်မယ်၊ ပြီးရင် စစ်ကိုင်းလမ်းဘက်ဆက်ကြမယ်၊ နင့်စိတ်ကြိုက်ပေါ့၊’ နိုင်ဝင်းဇော်က ချော့သလို ပြောလိုက်သည်၊
‘ဟေး ဇော် သိပ်လိမ္မာတယ်၊’ ပေါက်ပေါက်ဝမ်းသာအားရအော်လိုက်သည်။

တောင်မြို့ကျော်လာတော့၊ တစ်လမ်းမောင်းဖြစ်သွားသည်၊ ဆိုင်ကယ်သည် စစ်ကိုင်းဘက်ဆီသို့ ဦးတည်ပြေးနေသည်၊ ပေါက်ပေါက် ဆံပင်တို့ လေထဲမှာ လွင့်နေသည်၊ ဒါကို ပေါက်ပေါက်အရမ်းကြိုက်သည်၊ ဒါကြောင့်မို့ ဦးထုပ်မဆောင်းချင် နေကာမျက်မှန်ကြီးကြီးလေးပဲတတ်ချင်သည်၊ ဒက်ဒီ၊မာမီ၊ အမနှင့် ဇော်တို့အတင်းပြောမှသာ ဆောင်းသည်၊
စစ်ကိုင်း ရတနာပုံ တံတားကြီးကိုဖြတ်၊ သံလမ်းကုန်းအောက်မှာ ပြန်ကွေ့ကာ မန္တလေးဘက်သို့ ပြန်လာသည်။

တံတားပေါ်ကအဆင်း သိပ်မကြာမှီ၊ အသံတစ်ခုကြားရပြီး၊ နိုင်ဝင်းဇော်တွန့်သွားသဖြင့် ပေါက်ပေါက်က ဘာဖြစ်တာလဲဟုမေးလိုက်သည်၊ နိုင်ဝင်းဇော်က ဘာမှမဟုတ်ပါဘူး၊ ‘ငါလက်ကစားလိုက်တာ၊’
‘နင်ကလ’ဲ ဟု ပေါက်ပေါက်ကဆိုသည်၊
အပြန်လမ်း၊ ဖရဲသီးရောင်းတဲ့ ဆိုင်တန်းတွေကျော်လာသည်၊
၁၁၀mph ၊ ‘ဇော် နင်ကမြန်နေတာပ’ဲ ပေါက်ပေါက်ကဆိုသည်၊
‘နင်ပဲ ဒီလိုမြန်မြန်လေးမှဆို၊’ နိုင်ဝင်းဇော် ပြန်ပြောသည်၊
‘နည်းနည်းလျှော့ပါဦး၊ သိပ်မြန်ရင် ငါလဲကြောက်တယ်၊’ ပေါက်ပေါက် ပြန်ပြောသည်၊
‘အေးအေး၊ ဒါနဲ့ ပေါက်ကလေး နင်ငါ့ကိုချစ်လား၊’ နိုင်ဝင်းဇော် မေးလိုက်သည်၊
‘ဘာဆိုင်လို့တုန်း၊’ ‘အရှိန်နဲ့ဆိုင်တယ်၊’ ပေါက်ပေါက်မေး၍ နိုင်ဝင်းဇော် ပြန်ဖြေသည်၊
‘လူဆိုး၊ ကဲချစ်တယ်၊ အရှိန်လျှော့၊’ ပေါက်ပေါက် ပြန်ဖြေသည်၊
‘ဟေး’ နိုင်ဝင်းဇော် အော်လိုက်သည်၊
‘ကဲဒါဆို ငါ့ Helmet ကိုဖြုတ်ပြီး နင်ယူဆောင်းလိုက်၊’ နိုင်ဝင်းဇော် ပြောလိုက်သည်၊
‘နင်ကလ’ဲ ဆိုပြီး၊ ပေါက်ပေါက်ယူဆောင်းလိုက်သည်၊
‘သေချာဆောင်း၊’ နိုင်ဝင်းဇော် ပြောသည်၊
‘အေးပါ ဇော် အရှိန်လျှော့၊’ ပေါက်ပေါက် ပြန်ပြောသည်၊
အကွေ့ တစ်နေရာတွင် နိုင်ဝင်းဇော် လမ်းဘေးကဖြတ်မောင်းသည်၊
ဂလုပ် ဒုတ်ဒုတ်၊ ဆိုင်ကယ်က မညီသည်နေရာတွင်၊ နိမ့်ချီမြင့်ချီ၊
‘ဇော် အရှိန်လျှော့၊ ဖြေးဖြေး မောင်းပါဟ၊’ ပေါက်ပေါက်အော်လိုက်သည်၊
၉၀mph ၊ အရှိန်လျှော့ကျသွားသည် မြန်နေတုန်း။

ရှေ့နားမှာ ကန်တော်ကြီးဘက် ဝင်တဲ့လမ်း၊ ကားတွေ ဆိုင်ကယ်တွေရှုပ်တတ်သည်၊ သစ်တင်ကားတွေလဲရှိတတ်သည်၊ နိုင်ဝင်းဇော်တွေးမိသည်၊
‘ပေါက်ကလေး နင်ငါကိုတအား သိုင်းဖက်ထားစမ်းပါ၊’ နိုင်ဝင်းဇော် ပြောလိုက်သည်၊
‘ဇော် နင်ဘာလုပ်ဦးမှာလဲ၊’ ဟုပေါက်ပေါက်မေးလိုက်သည်၊ ပြီးတော့ နိုင်ဝင်းဇော်ကို နောက်ကဖက်ထားလိုက်သည်၊
‘ခုငါပြောသလိုလုပ်၊ နောက်ဆို ပေါက်ကလေးစကား ဇော် တစ်သက်လုံး နားထောင်မှာ၊’ ‘မျက်စိမှိတ်ပြီး၊
နိုင်ဝင်းဇော်ကို ငါချစ်တယ်၊ ဆယ်ခါဆို၊ အဲဒါပြီးရင် အရှိန်လျှော့ပြီ၊’ နိုင်ဝင်းဇော် ပြောလိုက်သည်၊
‘ဆိုချင်ပါဘူး’ ဟုဆိုပြီး ပေါက်ပေါက်တစ်ယောက် နိုင်ဝင်းဇော်ကို ငါချစ်တယ်၊ စရွတ်တော့သည်။

ဘရှုး၊ ဝုန်း၊ ဂလပ်ဂလပ်၊
ဆိုင်ကယ်သည် လမ်းဘေးတွင် လမ်းပြင်ရန်ပုံထားသော သဲပုံကိုဝင်တိုက်သည်၊
ပေါက်ပေါက်က သဲပုံထဲတွင်ကျန်ရစ်ခဲ့သည်၊ ဆိုင်ကယ်နှင့် နိုင်ဝင်းဇော်က သဲပုံအပြင်ဘက်၊ ဆိုင်ကယ်တစ်ခြား လူတစ်ခြား။


×××××××××××××××××××××××××××××××

နောက်တစ်နေ့ သတင်းစာထဲတွင်ပါ၍၎င်း၊ ဘေးပတ်ဝန်းကျင်မှာ လူတွေ ပြောကြသည်မှာ၊ ဖြစ်ပွားတဲ့အချိန်က ညနေ ခြောက်နာရီ နှင့် နှစ်ဆယ်မိနစ်၊ ကောင်လေးက ဖြစ်ဖြစ်ချင်းသတိရှိသေးတယ်တဲ့၊ ကောင်မလေးကတော့ မေ့နေတယ်၊ ကောင်လေးက သူ့ကို လာကူတဲ့သူတွေကို၊ ကျနော် ဆိုင်ကယ် ဘရိတ်ပေါက်ပြီး ဂီယာလည်း မကောင်းတော့ဘူး၊ အရှိန်လျှော့လို့မရဘူး၊ ကျနော့် ကောင်မလေး မသိအောင်၊ သူ့ ကြောက်စိတ် စိုးရိမ်စိတ်တွေမဝင်အောင်၊ သူ ဘာမှ မဖြစ်အောင် ကျနော်ကြိုးစားခဲ့ပါတယ်၊ ရှေ့မှာ လမ်းကရှုပ်တော့မှာမို့ပါ၊ တကယ်လို့ ကျနော် မနေရတော့ဘူးဆိုရင်၊ ကျနော် သူ့ကို တအားချစ်တယ်ဆိုတာပြောပေးပါ၊ အဖေနှင့်အမေကိုလည်း ကျနော်သွားပြီလို့ ပြောပေးပါ၊ ကောင်လေးကို မန္တလေးဆေးရုံကြီးဆီ သယ်လာစဉ် လမ်းမှာ ဆုံးပါးသွားခဲ့ပါတယ်၊ ခေါင်းဒဏ်ရာကလွဲလို့ ဘာဒဏ်ရာမှ မရှိ၊
ကောင်မလေးက ခြေထောက်ကျိုးပြီး နှစ်ရက်လောက်မေ့နေတယ်။
သူတို့ ဝင်တိုက်တဲ့ သဲပုံရဲ့ ဘေးမှာ ကျောက်ပုံသေးသေးလေးတစ်ပုံရှိတယ်တဲ့။

နိုင်ဝင်းဇော်ရဲ့ အသုဘ ကို ရတနာပုံ တက္ကသိုလ်က သူငယ်ချင်းတွေရော၊ ဆိုင်ကယ်စီးဘက် သူငယ်ချင်းတွေရော၊ မိဘ ဆွေမျိုးမိတ်ဆွေတွေ လိုက်ပို့ကြတာ စည်ပါတယ်၊ ပေါက်ပေါက်ကိုတော့ နှစ်ဖက်မိဘတွေက ဆေးရုံမှာပဲနေစေပါတယ်။

ပေါက်ပေါက်ရဲ့ အမ ပိုင်ပိုင်ကတော့၊ ပန်းတွေနဲ့လုပ်ထားတဲ့ Helmet ဦးထုပ်ပုံ လေးကို နောက်ဆုံးလက်ဆောင်အဖြစ်ထည့်ပေးလိုက်ပါတယ်။

×××××××××××××××××××××××××××××××

ပိုင်ပိုင် ရဲ့ စိတ်ထဲမှာတော့၊ နိုင်ဝင်းဇော်ရဲ့ အချစ်ကို တန်ဘိုးထားမိပါတယ်။

ဆိုင်ကယ် ကျွမ်းတဲ့ နိုင်ဝင်းဇော်ဟာ Helmet အရေးပါပုံကိုသိပါတယ်၊ အမြဲတမ်း Helmetနှင့် ဆိုင်ကယ်စီးသူပါ၊ ချစ်သူကို ဘာမှ မဖြစ်စေချင်တဲ့အတွက် သူရဲ့ Helmet ကို ချစ်သူ ပေါက်ကလေးကို ပေးဆောင်းခဲ့ပါတယ်၊ တကယ်လို့ ပေးမဆောင်းခဲ့ရင်၊ ဒါမှမဟုတ် ပေါက်ပေါက်တစ်ယောက် အိမ်က Helmet ဆောင်းသွားခဲ့ရင်၊ အဖြေဟာ တစ်မျိုးဖြစ်သွားမှာပါ၊ Helmet ဆောင်းခိုင်းတိုင်း ရုပ်ရှင်ထဲမှာ ဘယ်သူမှာမဆောင်းဘူး၊ ခဏလေးပါ၊ ဘာမှမဖြစ်ပါဘူးအမရာ စသဖြင့် ဆင်ခြေတွေ အမျိုးမျိုးပေးတတ်တဲ့၊ သူညီမ တစ်ယောက်တော့ တစ်သက်လုံး ရင်ထဲမှာဒဏ်ရာတစ်ခုရရှိသွားပါပြီ၊

တကယ်တော့ အချိန်တွက်ကြည့် လိုက်ရင် နှစ်နာရီ ဆယ်မိနစ် အတွင်းမှာဖြစ်ပျက်သွားတာပါ။

×××××××××××××××××××××××××××××××

ဒါကြောင့်မို့လို့လည်း Helmet ဆောင်းခိုင်းတဲ့ ဥပဒေ ရှိခဲ့တာဖြစ်သည်၊


နောက်သတင်းတစ်ခုကတော့ နိုင်ဝင်းဇော်စီးတဲ့ ဆိုင်ကယ်ဟာ နိုင်ငံခြားမှာ ဘရိတ် ချို့ယွင်းချက်ရှိလို့ စက်ရုံက ပြန်ခေါ်ယူနေတဲ့ ယာမဟာ အမျိုးအစားပါ၊ ဆိုင်ကယ် ကျွမ်းတဲ့ နိုင်ဝင်းဇော် မသိခဲ့သလို၊ မြန်မာပြည်က ဆိုင်ကယ်စီးတဲ့ သူအများစုကသိကြမှာ မဟုတ်ပါဘူး။


Summary Notice
ON CERTAIN MOTORCYCLES, THE REAR BRAKE SHOE MATERIAL COULD SEPARATE DUE TO IMPROPER ADHESIVE CURING.
Consequence
IF SUCH SEPARATION OCCURS DURING OPERATION, BRAKING ABILITY WITH THE REAR WHEEL WILL BE REDUCED OR LOST, WHICH COULD CAUSE A CRASH.
Remedy
DEALERS WILL REPLACE THE REAR BRAKE SHOES. THE RECALL BEGAN ON OCTOBER 8, 2004. OWNERS SHOULD CONTACT YAMAHA.....







34 comments:

ရွှေရတုမှတ်တမ်း said...

ဗမာပြည်ကလူတွေကို ဒီpost မိတ္တူကူးပြီး ဝေသင့်ကြောင်း.....

khin oo may said...

ကြောက်မက်ဘွယ်ဘဲ.ကိုယ့်တူကို လမ်းလျောက်ရတာသနားလို့ဆိုင်ကယ်ပေးဝယ်မလားခဏခဏစဥင်္းစားတယ။် ဆိုင်ကယ်ကိုပိုကြောက်လို့မဝယ်ခိုင်းတော့ဘူး။

what is good things said...

ဆိုင်ကယ်ကိုတော့ကြောက်တယ်။ အန္တရာယ်အများဆုံးပဲ။ ဆိုင်ကယ်နဲ့သေကြတဲ့သူတွေမနည်းဘူး။ ဒါကြောင့် ကိုယ်နဲ့ ခင်မင်တဲ့သူတွေဆို ဆိုင်ကယ်မစီးဖို့ပြောမိတယ်။
တကယ့်အဖြစ်လားမသိဘူး။ စိတ်မကောင်းဖြစ်လို့ပါ..။

မြစ်ကျိုးအင်း said...

ဆိုင်ကယ်တိုက်နိင်တယ် တွေးမိပေမယ့် ဒီလို လှည့်လိုက်မယ်လို့ မတွေးမိဘူး။
ကျနော်တို့လည်း ဆိုင်ကယ်စီးရင် ဦးထုပ် မဆောင်ချင်ဘူး။ ဒီပို့စ်လေးတော့ မှတ်မှတ် ရရ ဖြစ်နေမှာပဲ။

လသာည said...

ခဏတဖြုတ်ပါ ဆိုပြီး ကျွန်မလည်း ဦးထုတ်ဆောင်းဖို့ မေ့မေ့သွားတယ်။ စက်ပစ္စည်းဆိုတော့လည်း ဘယ်အချိန်ချို့ယွင်းသွားမလဲဆိုတာ မသိတော့ ဆိုင်ကယ်စီးတိုင်း ဦးထုတ်ဆောင်းဖြစ်ဖို့ သတိထားရမယ်။

အင်ကြင်းသန့် said...

ကိုဆိုဆီရေ...တကယ်ကို သတိထားသင့်တဲ့ အကြောင်းအရာလေးပဲ...ကျနော်တို့ ပြည်မှာဆိုရင်လည်း လူတိုင်းက ဆိုင်ကယ်ကိုပဲ အားထားစီးနေကြတာဆိုတော့ ကြုံရင် ကြုံသလိုတော့ လှမ်းသတိပေးရဦးမယ်...

အတွေးကမ္ဘာ..မှတ်တမ်း said...

ကောင်းလိုက်တာ ကိုစိုစီ ရေ...ကလောင်ပိုင်တာမို့ ပညာပေး ဟာ ပိုပြီးထိရောက်ရပါတယ်..

Unknown said...

ကောင်းတယ်အစ်ကို ကြားဖူးပေမယ့် အစ်ကိုက ၀တ္ထုပုံစံလေးနဲ့ ခပ်သွက်သွက်လေးရေးသွားတော့ ပိုပြီးရင်ထဲထိတယ်..

ညလင်းအိမ် said...

ကောင်းတယ်ဗျာ ရေးထားတာလေးက ...

ချစ်ကြည်အေး said...

အင်း ပညာပေးလေး ရေးတာတောင်မှ ကိုတည်ငြိမ်တို့က သွက်သွက်ကလေး ပုံစံ တမျိုးနဲ့ ရေးထားတော့ ဖတ်ကောင်းပြန်တာပဲ...:)

မောင်မိုး said...

ကျနော်လည်း ဆိုင်ကယ်အက်ဆီးဒင့် ခဏခဏဖြစ်ဘူးတယ်။ ဆိုင်ကယ်စီးတဲ့သူတွေကို ဖြစ်စေချင်တာက ဟဲလမက်ဆောင်း၊ ဆိုင်ကယ်စီးဝတ်စုံဝတ်။ ဖြစ်နိုင်ရင်ပေါ့လေ။ မကွေးမြို့မှာ မြင်ဘူးတာလေးတစ်ခုက မြို့လယ်လမ်းဆုံတိုင်းမှာ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေကို သွေးရဲရဲသံရဲရဲသေနေတဲ့ပုံတွေကို ပုံကြီးချဲ့ပြီးကပ်ထားတယ်။

ရေးထားတာလေးကောင်းတယ်ဗျာ။ ဆိုင်ကယ်စီးသူတိုင်း သတိတရားလေးရှိကြပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

Nge Naing said...

ဖတ်ပြီးစိတ်မကောင်းဖြစ်သွားတယ်။ အဲဒါ ဥပဒေ အတိအကျ ရှိသင့်တယ်။

အဖြူရောင်နတ်သမီး said...

ဆိုင်ကယ် ကိုတော့ကြောက်တယ်..
ဖြစ်လိုက်ရင် ကိုယ်ပဲ နာမှာ...မတော်ရင် အသက်တောင်ဆိုးရိမ်ရတယ်..
ကိုယ်ကသွားတိုက်မှမဟုတ်ဘူး..သူများကလာတိုက်ရင်လည်း..ကိုယ်ပဲနာမှာလေ...
ဆိုင်ကယ်ဝယ်ဖို့လုံးဝမစဉ်းစားပါ...။
အဲ..ကားဝယ်ဖို့ကျပြန်တော့လည်း ပိုက်ချံချိသေးဝူး..း))

Anonymous said...

ဒီဇာတ်လမ်းမှာ သိခဲ့လိုရှိရင် သူဆိုင်ကယ်ကို စစ်မှာသေချာတယ်။ မြန်မာပြည်မှာ ကတော့ ပြန်ခေါ်တယ်Recall ဆိုတာ မသိတာများပါတယ်၊ ဒီလိုပဲ၊ ဆေးတွေ၊ အစားအသောက်တွေ စားရင်း သောက်ရင်း သေကြတာပဲ၊ ဘာနှင့် သေသလဲ ဘယ်သူမှာလည်း အရေးလုပ်မှာ မလုပ်ဘူး၊ အရေးယူမှာလည်းမဟုတ်ဘူး၊ Min Min

nyan gyi said...

ဖတ်သွားပါတယ်မှတ်သားစရာတွေ၊ မသေသင့်ပဲသေကျရတာ၊ ဇာတ်လမ်းလေးဆိုတော့ပိုကောင်းတာပေါ့

Anonymous said...

မိန်းမကို ပြောရဦးမယ်၊ ပေးဖတ်ရမယ်၊ နောက်ကလိုက်စီးရင် ဟဲမက် မဆောင်းချင်ဘူး၊ ဆံပင်အလှပျက်မှာစိုးလို့၊ ကိုခိုင်

မြတ်မွန် said...

ခုချိန်ထိ ဆိုင်ကယ်ကို အရှိန်ပြင်းပြင်း မောင်းနေဆဲပါပဲ။
နားမှာ နားကျပ်တက်ပြီးမောင်းတက်တဲ့ အကျင့်ကိုတော့ ဖျောက်ရအုံးမည်။

သဒ္ဓါလှိုင်း said...

အော်..
ဆိုက်ကယ်ကြောက်တတ်တဲ့သဒ္ဓါတော့ပိုကြောက်သွားပြီ။
မမောင်းရဲဘူး။။သူများနောက်ကတော့လိုက်တယ်။ဟီးဟီးး

ခင်တဲ့
သဒ္ဓါ

ဂျစ်တူး ( မုံရွာ ) said...

သတင်းမီဒီယာတွေကနေ မြန်မာပြည်မှဆိုင်ကယ်စီးသူများ
ကိုအသိပေးသင့်တယ်လို့ ထင်တယ်-သတင်းပါတဲ့ စာမျက်နှာကလေးကိုဓါတ်ပုံရိုက်ပြီးပြရင်ပို့ ကောင်းမယ်-
၂၀၀၄ သတင်းကို ကျနော်တို့ မြန်မာတွေအခုမှသိရတယ်
ဒါတောင်အကုန်လုံးမသိနိုင်သေးဘူး-မန်းတလေးဘက်က
ဘလောက်ဂါတွေဖြန်ဝေခြင်းဖြင့်ကူညီကြပါ-ကျနော်လည်း
မေးတွေထဲကနေဖြန့် ဝေပေးပါ့မယ်ဗျာ-
လေးစားလျှက်ပါ တည်ငြိမ်အေး ----

Flower said...

အိုး
သတိထားစရာဘဲ
ကိုယ်တိုင်လည်း ဆိုင်ကယ်စီးတိုင်း ဘယ်တော့မှ ဦးထုပ်ကို မဆောင်းချင်ခဲ့ဘူး
အလုပ်ရှုပ်တယ် ထင်တာရယ်.. ပျင်းတာရယ်ကြောင့်ပါ..
ဒီဇာတ်လမ်းထဲက ကောင်လေးရဲ့ အချစ်ကတော့ ရင်ထဲမှာ ထိခိုက်ခံစားရစေပါတယ်..
တစ်ခုခုကျန်ခဲ့တယ်..

sosegado said...

ဂျစ်တူးရေ အမျိုးအစားက Yamaha YZF R1 တော်ကြာ Yamaha စီးသူတွေ တစ်မျိုးဖြစ်ကုန်မယ်၊
2004 Yamaha Yzf-R1 SERVICE BRAKES, HYDRAULIC Recall
လာ လည်တဲ့ သူငယ်ချင်းမိတ်ဆွေ အားလုံးကျေးဇူးပါ။

ချိုကျ said...

အင်း....ဆိုင်ကယ် ဆိုင်ကယ် မှောက်တော့မှောက်ဖူးတယ်ဗျ ဟဲဟဲ တော်သေးတယ် အဲလိုဇတ်လမ်းထဲကလို မဟုတ်လို့ :)

Anonymous said...

ဦးတည်ငြိမ်ရေ ကျေးဇူးပါ မန်းသူမန်းသားများ တယ်ပေါ့ကြသကိုး
လူငယ်တွေက ဒီလိုကြီးပါဗျာ ဖြစ်ပြီးမှ နောင်တရ တတ်ကြတာ မဖြစ်ခင် ဘယ်သူမှ ကြိုတင်ကာကွယ်ဖို့ သတိမရတတ်ကြဘူး (၀င်ရောက်ဆရာလုပ်ခြင်း အဟက်)

ခင်တဲ့
seesein

မဗေဒါ said...

ူအင်း .. စည်းကမ်း တို့ ဥပဒေ တို့ဆိုတာကလည်း တခါတလေ ..လိုက်နာရမှန်းကောင်းတောင် သတိမထားတက်ကြတဲ့ အခြေအနေမျိုး ဖြစ်သွားတက်တာ ရင်လေးစရာပေတည်း ဟု တွေးရင်းတောရင်း ..

မဗေဒါ

flowerpoem said...

မှန်ပါ့ ဆိုင်ကယ်ဘယ်လောက်ကျွမ်း၂ အန္တရာယ်က မြင်ရတာ ဟုတ်ဘူး ဦးထုပ် အမြဲဆောင်းသင့်ပါတယ်...

ဂျေဂျူဝိုင် said...

အင်တာနက်ဆိုင်ကို လာရင်း လမ်းမှာ ဦးထုတ်မပါသူတွေကို ဖမ်းနေတာတွေ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်....... မန္တလေးမှာတော့ ဒီကိစ္စ တော်တော်လေး ပြောရဦးမယ်။

SHWE ZIN U said...

ကိုဆိုဆီ ရေ

သနားစရာလေးဘဲ ဆိုင်ကယ် စီး ကျွမ်းကျင်တာတောင် ဖြစ်သွားတယ်နော်..

တကယ်ဆို ဆိုင်ကယ် ကလည်း ကားလိုပါဘဲ အချိန်ရတယ် ဆိုရင် ဘရိတ်ပေါက် သွားရင် လီဗာ အတတ်နိုင်ဆုံး လျှော့ပြိး ဂီယာ တချက်ခြင်းချိန်းသွားရင် အရှိန် လျှော့လို့ ရနိုင်ပါတယ်.. ဒါပေမဲ့ တကယ်တန်း ဖြစ်လာရင် သတိ မေ့တတ်တာများပါတယ် ..

ပညာပေးလေး က ကောင်းပါတယ်.. အသက်နဲ့ ရင်း၍ ပေါ့..

ခင်တဲ့
ရွှေစင်

Anonymous said...

http://apayatay.ning.com/forum/topics/2602277:Topic:1087

sosegado said...

ဒီ ဇာတ်လမ်းရဲ့ နောက်ခံက Yamaha story ပါ၊ လွန်ခဲ့တဲ့ 2006 လောက်ကဖတ်ဘူးတာကို ဇာတ်လမ်းဆင် ရေးလိုက်တာပါ၊ web site နှစ်ခုမှာ ဖေါ်ပြထားပါတယ်၊ တိုက်ရိုက်ပြန်ထားတာကို ခုမှာတွေ့ဘူးပါတယ်၊ ကျေးဇူးပါပဲ၊ ပြန်ရှာပြီးထဲ့ပေးလိုက်ပါတယ်၊ ကော်ပီရိုက်လုပ်ထားလို့ တိုက်ရိုက်မပြန်ပဲ ဇာတ်လမ်းရေးလိုက်ပါတယ်၊ မူရင်းက 2004 ထဲကပါ။ romantiူlove stories
http://holliesquotes.com/lovesad/lovemeans.htm

Unknown said...

ဖတ်ပြီးစိတ်မကောင်းဘူး
ဆိုင်ကယ်မစီးရဲပါဘူး

~ဏီလင်းညို~ said...

ကိုဆိုဆီရေ......
ဒီကောင်က စက်ဘီးတောင်ဖြောင့်အောင်မစီးတတ်.....
ဆိုင်ကယ်ဝယ်ဖို့လည်း.....လူက ငမွဲဆိုတော့.......
း)))

ခင်မင်တဲ့
ဏီလင်းညို

သော်ဇင်စိုး said...

ဝမ်းနည်းစရာကောင်းလိုက်တာဗျာ..........

rose of sharon said...

ပညာပေးအနေနဲ့ရော ရသ အနေနဲ့ပါခံစားလိုက်ရတယ်

Anonymous said...

အင်းအဲလိုကြီးဖြစ်မှာကြောက်လိုက်တာ