Sunday, December 27, 2009

ဂါယာ ဗာရာဏသီီ နာလန္ဒာ နှင့် မြန်မာ တို့၏အလှူ (အပိုင်း ၂ Xuán Zàng 玄奘)


 





နာလန္ဒာ नालंदा
နာလန္ဒာ နှင့် ရာဇဂြိုဟ် သို့ ဦးဇင်း(နာလန္ဒာ တက္ကသိုလ်) ၊ ကိုကျော်၊ ကိုအီဇူမီ တို့နှင့် အတူထွက် ခဲ့ပါတယ်။ လမ်းခရီးတွင် ဦးဇင်း က ဗုဒ္ဓ နှင့် အိန္ဒိယ သမိုင်းဝင် နေရာတွေကိုလိုက်ပြခဲ့သည်။ အိန္ဒိယရာဇဝင်ထဲတွင် ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်ပြုသည့်နေရာ၊ တရုတ် သမိုင်းတွင်တော့ နဂါးတို့ပျော်ရာ သရက်ပင်တောတန်း ရေကန်ရှိသည့်နေရာ။ တူညီတာကတော့ ဗုဒ္ဓခေတ် ဗုဒ္ဓမြတ်စွာဘုရားက နောက်လိုက် ရဟန်းတော်များ ကို တရားဓမ္မများ မိန့်ကြား လမ်းညွှန်သည့်နေရာ။ ဗုဒ္ဓခေတ် နောက်ပိုင်း ဗုဒ္ဓ တရားဓမ္မ များကို သင်ကြားသော၊ ဒဿန၊ သင်္ချာ၊ သိပ္ပံ နှင့် ဆေးပညာ များကို သင်ကြားသော ကမ္ဘာ့ ပထမ ဦးဆုံး တက္ကသိုလ် တစ်ခု ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် တို့၏ သမိုင်းဝင်နေရာ လည်းဖြစ်သည်။

ဤ သမိုင်းဝင်နေရာ ကို ဘယ်လောက် ဖျက်ဆီးသေးသိမ် ပပျောက်အောင် လုပ်ခဲ့ကြသော်လည်း၊ ယနေ့ ဗုဒ္ဓဘာသာဝင်တို့ ပြန်လည်ရောက်ရှိကာ အသက်ပြန်သွင်းနေပြီ ဖြစ်သည်။ မကြာမှီ အကြီးဆုံး ဗုဒ္ဓ အခြေခံ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ် တခု ပေါ်ပေါက်လာတော့မည်ဖြစ်သည်။
နာလန္ဒာ တက္ကသိုလ် ပြန်လည်ပေါ်ထွန်း လာခြင်း၏ နောက်တွင် တရုတ်ဘုန်းကြီး ရွှန်ကျန်း Xuán Zàng ခရီးသွား မှတ်တမ်းများ၏ အထောက်အကူ ကြောင့်ပင်ဖြစ်သည်။ (Journey to the West)
စိတ်ဝင်စားစရာ တွေကတော့ နာလန္ဒာ တက္ကသိုလ် နှင့် ရွှန်ကျန်း အထိမ်းအမှတ် ခန်းမ Xuanzang Memorial Hall တို့ပဲဖြစ်ပါသည်။
တကယ်တော့ တရုတ်ဘုန်းကြီး ရွှန်ကျန်း Xuán Zàng ၏ ခရီးသွားမှတ်တမ်း များသည် အိန္ဒိယတွင် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားခြင်း နှင့် ဗုဒ္ဓ၏ သမိုင်းဝင်နေရာများကို ဖေါ်ထုတ်ရာတွင် များစွာ အထောက်အကူ ပြုခဲ့၏။ ကမ္ဘာ့ ဗုဒ္ဓဘာသာဝင်များ၊ သမိုင်းသုတေသီများ နှင့် အိန္ဒိယနိုင်ငံ သမိုင်း တို့အတွက် ကျေးဇူးတင်စရာပင် ဖြစ်သည်။ Great Tang Records on the Western Regions ဟုထင်ရှားခဲ့သည်။


တရုတ် ဘုန်းကြီး ရွှန်ကျန်း Xuán Zàng(Hsuan-tsang) [602/603 - 664 CE]


Xuanzang is also known as Táng-sānzàng (唐三藏), Xuánzàng Sānzàng (玄奘三藏), Xuánzàng Dàshī (玄奘大師), or simply as Táng Sēng (唐僧), or Tang (Dynasty) Monk in Mandarin; in Cantonese as Tong Sam Jong and in Vietnamese as Đường Tam Tạng. In Korean, he is known as Hyeon Jang. In Japanese, he is known as Genjō, or Genjō-sanzō (Xuanzang-sanzang).
တရုတ်ရာဇဝင် သမိုင်းတွင် ရွှန်ကျန်းသည် တရုတ်၊ ကိုရီးယား၊ ဂျပန်သို့ ဗုဒ္ဓဘာသာ ပျံ့နှံ့ ရာတွင် အရေးပါဆုံး တရုတ်ဘုန်းကြီး တစ်ပါးပင်ဖြစ်သည်။ ရွှန်ကျန်း ကို အေဒီ 602 or 603 တွင် တရုတ်ပြည်် ဟီနန် Henan ဒေသ တွင် မွေးဖွားခဲ့သည်။ ပါရမီရှင် ဉာဏ်ထက်မြက်သူ၊ ဇွဲလုံလခိုင်မာသူ တစ်ဦးဖြစ်သည်။ လျူရန်် Luoyang တွင် ဗုဒ္ဓဘာသာ ဘုန်းကြီး အဖြစ်ခံယူပြီး တရုတ်ပြည်် အနှ့ံ သွားရောက်၍ ဗုဒ္ဓ အခြေခံ စာပေ နှင့် တရားဓမ္မ များကို လေ့လာခဲ့သည်။
ချန်အန် Chang'an သို့ရောက်သောအခါ၊ ဘုန်းကြီး ဖရှန်Faxian အိန္ဒိယသို့သွား၍ ဗုဒ္ဓဘာသာ တရားတော် ယူဆောင်လာသည်ကို နှစ်သက် အားကျနေသည်။ ထိုအချိန်တွင် Emperor Taizong of Tang တန် မင်းဆက်အုပ်စိုးနေချိန် ဖြစ်သည်။ တရုတ်ပြည််သို့ ရောက်ရှိနေသော တပိုင်းတစ ဗုဒ္ဓဘာသာ ကို ပြည့်စုံစေရန် အိန္ဒိယသို့ သွားရန်ကြံစည်လေသည်။ အင်ပါယာ၏ အားပေးအထောက်အကူကို ရခဲ့သည်။
ပြင်းပြတဲ့ ဆန္ဒတွေနဲ့ ရွှန်ကျန်း တစ်ယောက် ရှေးခေတ် အိန္ဒိယဒေသကို ခရီးထွက်ခဲ့သည်။ ရှေးခေတ်အိန္ဒိယ ဒေသဟာ ကာစစ္စတန် ကနေ ဘင်္ဂလားပင်လယ်အော် အထိ အတိုင်းတိုင်း အပြည်ပြည် နဲ့ ဖြစ်ပါသည်။

သူရဲ့ ခုနှစ်နှစ်ကြာ (AD 627-643) ခရီးစဉ်ကို စာရေးဆရာ ဇာတ်ဆရာ များကရေးဖွဲ့ ကြရာ အနောက် သို့ခရီး Journey to the West ဟူ၍ ထင်ရှားကျော််ကြားတဲ့ စာပေဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်၊ တယ်လီဗီရှင်း ဇာတ်လမ်းများဖြင့် အကြောင်းအမျိုးမျိုး ဖွဲ့ကာ တရုတ်၊ ဟောင်ကောင်၊ တိုင်ဝမ်၊ ဂျပန်၊ ကိုရီးယား နှင့် စင်္ကာပူနိုင်ငံ တွေမှာ ကျော််ကြား ခဲ့ပါတယ်။ သူ့ရဲ့ နောက်လိုက်များဖြစ်တဲ့ မျောက်နှင့်တူသောလူ (Sūn Wùkōng, 孫悟空) ၊ ဝက်နှင့်တူသောလူ (Zhū Bājiè 猪八戒) ၊ သဲ လူသား (Shā Wùjìng 沙悟浄) တို့အကြောင်းကိုလည်း အမျိုးမျိုး ဖွဲ့ကာ ကျော််ကြားတဲ့ ဇာတ်လမ်းတွဲ တွေဖြစ်ခဲ့သည်။ အထူးသဖြင့် မျောက်ဘုရင် ဆန်ဝူခုန်း ဇာတ်လမ်းပင် ဖြစ်ပါသည်။ အရှင်ဝိလာသ ပြန်ဆိုသော ဖာဟီယန်၏ ခရီးစဉ် စာအုပ်တွင် စိတ်ဝင်စားဖွယ်ရေးသားထားပါသည်။









ရွှန်ကျန်း ကို Sānzàng (三藏) Tripitaka တိရိပိဋက ဟု တစ်ချို့ မှတ်တမ်းတွေမှာတွေ့ ရပါတယ်။


တိဘက်၊ နီပေါ၊ ပါကစ္စတန်၊ တာကစ္စတန်၊ အာဖဂန်နစ္စတန် တိ့ုကိုဖြတ်၍ အိန္ဒိယဒေသ Kashmir ၊ Punjab ၊ Bengal ထိဆင်း ခဲ့သည်။ လမ်းတလျှောက်တွင်တွေ့ရှိ ခဲ့သည် များကို မှတ်တမ်း ရေးမှတ်ခဲ့သည်။ ပိုးလမ်းမ Silk Road ကိုပိုမို ပီပြင်စေခဲ့သည်။
တကယ်တော့ ရွှန်ကျန်း ခရီးသည် လွယ်လှသည်မဟုတ် ပိုးလမ်းမ Silk Road ကိုအခြေခံ၍ ကန ္တရ၊  တောတောင်၊ ရေခဲပြင်၊ မြစ်ချောင်း အန ္တရာယ် အသွယ်သွယ် ကိုဖြတ်ကျော် ခဲ့ရသည်။
တရုတ်ပြည်မှ အထွက် ဂိုဘီ သဲကန ္တရ၊ အစပ်တွင် ဘုရင့်နယ်ခြားစစ်တပ်မှ ဖမ်ဆီးခဲ့သည်။ ထိုမှာဘက်တွင် တရုတ်လူမျိုးတွေ အတွက် အန ္တရာယ် ကြီးသည်။  ဖြတ်သန်းခွင့်လည်း မပါ၍ တရုတ်ပြည်သို့ ပြန်စေသည်။ ရွှန်ကျန်းက “ရဲမက်တို့ ငါသည် အမှန်တရားအတွက် သွားခြင်း ဖြစ်သည်၊ အကောင်းဆုံးတရား ကိုရယူရန် အတွက် သွားခြင်း ဖြစ်သည်၊ တရုတ်ပြည် တရုတ်လူမျိုး တွေ ကောင်းဘို့ အတွက် သွားခြင်း ဖြစ်သည်၊ သင်တို့ ငါအားဖမ်းဆီး ထိမ်းသိမ်းမည်ဆိုသော် ငါအသက်ကိုယူလော၊ ငါကား တရုတ်ပြည်ဘက်သို့ တဖဝါးမှ ဆုတ်မည်မဟုတ်” ၊ ဤသို့ဖြင့် အောင်နိုင်ခဲ့၏။
ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်တော်မူရာ၊ တောထွက်ရာ၊ ဘုရားဖြစ်ရာ၊ တရားဟောကြားသည့် နေရာများ၊ ပရိနိဗ္ဗာန်ပြုရာနေရာ၊ ဗုဒ္ဓဝင် နဲ့ ဗုဒ္ဓကျမ်းဂန်လာ နေရာများကို သွားရောက် မှတ်တမ်းတင် ရေးမှတ်ခဲ့သည်။
ဗုဒ္ဓခေတ် ကွယ်ပျောက်ပြီးနောက်၊ ယခုခေတ်တွင် ဗုဒ္ဓဝင် နဲ့ ဗုဒ္ဓကျမ်းဂန်လာ နေရာများကို ရွှန်ကျန်း ၏ မှတ်တမ်းများအရ အများဆုံး ဖေါ်ထုတ် နိုင်ခဲ့သည်။
မဟာပရိနိဗ္ဗာနသုတ်ပါဠိတော် တွင်
ချစ်သားအာနန္ဒာ နောင်အခါ၌ သဒါ္ဓ တရား ရှိသော ရဟန်းယောကျ်ားများ၊ ရဟန်းမိန်းမများ၊ ဥပါသိကာ ဒါယိကာများ၊ ဒါယိကာမများသည် ဤလေးဌာနသို့ လာကြကုန်လတ္တံ။
(၁) မြတ်စွာဘုရား ဖွားတော်မူရာ လုမ္ဗိနိဥယျာဉ်၊
(၂) သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဗုဒ္ဓဂါယာ မဟာဗောဓိမဏ္ဍိုုင်၊
(၃) ပဥ္စဝဂ္ဂီ ငါးဦးတို့အား မြတ်စွာဘုရား တရားဦးဓမ္မစက် ဟောမြွက်ရာ မိဂဒါဝန်၊
(၄) မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ မလ္လမင်း တို့၏ ကုသိနာရုံ အင်ကြင်းရဂုံ၊
ချစ်သားအာနန္ဒာ အကြင်လူတို့သည် ဘုရားဖူးခရီး လှည့်လည် မူကို ပြု၍ ကြည်ညိုစိတ်ဖြင့် သေလွန်ကုန်၏။ ထိုလူအားလုံးတို့သည် ဤခန္ဓာကိုယ် ပျက်စီးသေလွန် ပြီးနောက်၌ နတ်ရွာသုဂတိ သို့ရောက်ကြကုန်လတ္တံ။ (မဟာပရိနိဗ္ဗာနသုတ်ပါဠိတော်)
ထိုသို့ ဗုဒ္ဓဘာသာ ဝင်တို့ ကုသိုလ် ဖြစ်စေဘို့၊ နတ်ရွာသုဂတိသို့ ရောက်စေဘို့၊ သာသနာပြန်လည်ထွန်းကားစေဘို့ သည် ရွှန်ကျန်း၏ ကုသိုလ် နှင့် ကျေးဇူးများပင် ဖြစ်သည်။











ရွှန်ကျန်းသည် မဟာယာန ဗုဒ္ဓ တရားစာပေ များကို တိဘက်၊ နီပေါ၊ ပါကစ္စတန်၊ တာကစ္စတန် နှင့် အာဖဂန်နစ္စတန် တိ့ုတွင် လေ့လာခဲ့သည်။ တက္ကသီလာ Takkasilā (ယနေ့ ပါကစ္စတန်) ကိုလည်း ရောက်ခဲ့သည်။ မဟာယာန ဘုန်းကြီးပေါင်း ၅၀၀၀ ကျော် နှင့် ဘုန်းကြီးကျောင်းပေါင်း ၁၀၀ ကျော် တွေ့ရှိကြောင်း မှတ်တမ်းတင်ခဲ့သည်။ တက္ကသီလာ တွင် ၂နှစ် လောက်နေ၍ မဟာယာန ဗုဒ္ဓ တရားစာပေ များကို လေ့လာ ခဲ့သည်။ ဤတွင် စတ္တုထ သင်္ဂါရတနာ တင်ခြင်း(Saṅgāyana) Fourth Buddhist council တွင် မဟာယာန နှင့် ထေရဝါဒ ကွဲပြားမူကို မှတ်တမ်းတင်ခဲ့သည်။

ထိုမှတဖန် လာဟို၊ ပန်ဂျပ် Firozpur သို့ ရောက်ရှိပြီး၊ ဘုရင်သားတော်ဘုန်းကြီး Vinitaprabha နှင့်အတူ ဗုဒ္ဓ တရားစာပေများကိုတစ်နှစ်လောက် လေ့လာခဲ့သည်။
ထိုမှတဆင့် ကုလု တောင်ကြား Kulu valley ကိုဖြတ် ယမုံနာ ဂင်္ဂါမြစ် တိ့ုကိုကူး၍ မာတီပုရ Matipura သို့ ရောက်ရှိပြီး၊ ထိုမှတဖန် သင်္ကဿနဂိုရ်၊ သာဝတ္တိ၊ လုမ္ဗိနီ(နီပေါ) သို့ရောက်ရှိ လေ့လာခဲ့သည်။ အထူးသဖြင့် အသောက မင်းကြီး၏ မှတ်တိုင်များကို အတိအကျ မှတ်တမ်းတင်ခဲ့သည်။
ထိုနောက် ကုသိနာရုံ ၊ ဗာရာဏသီီ ၊ ဝေသာလီ၊ ရာဇဂြိုဟ်၊ ပါသလိပူသရ Pataliputra နှင့် ဗုဒ္ဓဂါယာ သို့ ခရီးဆက်ခဲ့သည်။
အလွန်ကြီးကြယ်ခမ်းနားသော နာလန္ဒာတက္ကသိုလ် ကျောင်းတော်ကြီးသို့ ရောက်ရှိပြီး၊ ၂နှစ်ကျော် ဗုဒ္ဓ တရားစာပေများကို သင်ကြားခဲ့သည်။ ထိုအပြင် ယုတ္တိဗေဒ၊ သက္ကတ စာပေ များကို လေ့လာ သင်ကြားခဲ့သည်။ နာလန္ဒာတက္ကသိုလ် တွင် ရွှန်ကျန်း သည် သူ၏ အကောင်းဆုံး ဆရာ (ဆရာတော် Silabhadra) နှင့် တွေ့ရှိခဲ့သည်။ ရွှန်ကျန်း ၏ အိမ်မက်များ တချို့ ပြည့်စုံ ခဲ့သည်ဟုဆိုကြသည်။
ထိုမှတဖန် ကာမရူပ Kamarupa (အာသံ)၊ အမရဝတီAmaravati ၊ ကန်ချိ Kanchi ၊ Bengal သို့သွား ရောက်ခဲ့သည်။ အမရဝတီ တွင် အဘိဓမ္မာပိဋက 'Abhidhammapitakam' တရားစာပေများကို သင်ကြားခဲ့သည်။

ထိုနောက် Kashgar, Khotan, နှင့် Dunhuang တိ့ုကိုဖြတ်၍ တရုတ်ပြည် သို့ ပြန်ခဲ့သည်။ ရွှန်ကျန်း သည်
ဗုဒ္ဓကျမ်းဂန်၊ စာပေ ပေါင်း ၇၀၀ ကျော်ကို တရုတ်ပြည် သို့သယ်ဆောင် ခဲ့သည်။ ထိုအထဲတွင် ၃စုံသော Mahaprajnaparamita Sutra ကျမ်း လဲပါဝင်သည်၊ ရွှန်ကျန်း စိတ်အထက်သန်ဆုံးမှာ ယောဂါစရိယ Yogācāra (瑜伽行派) ပင်ဖြစ်သည်။
တရုတ်ပြည် သို့ AD 645 တွင် ပြန်ရောက်သောအခါ အင်ပါယာဘုရင် (Emperor Taizong of Tang) ကိုယ်တိုင် ကြိုဆိုလေသည်။ ထိုနောက် ကျောင်းဆောက်ပေး၍ ဘာသာပြန်ခြင်း စတင်တော့သည်။ ဘာသာပြန်ခြင်းကို ဦးစားပေးနေရ၍ သာသနာပြုခြင်း အားနည်းခဲ့သည်။ အရင်ရောက်ရှိထားသော Faxiang ဝါဒ များကား တပြည်လုံး ပျံ့နှံ့ကာ ဂျပန် နှင့် ကိုရီးယား ထိပင် ရောက်ရှိနေသည်။
အင်ပါယာ၏ အထောက်အကူဖြင့် ကြိုးစားခြင်းကြောင့် မြို့ပြ များတွင် ရွှန်ကျန်း ၏ ဝါဒများ နေရာယူကာ ဗီယက်နန်၊ ဂျပန် နှင့် ကိုရီးယား ထိပင် ရောက်ရှိခဲ့သည်။ ရွှန်ကျန်း ပြန်ဆိုသော Essence of Wisdom Sutra (Heart Sutra) (心經 xīnjīng) သည် အထင်အရှားဆုံးဖြစ်သည်။ ထိုသို့ အခက်အခဲ များကြောင့်၎င်း၊ တရုတ်ပြည် သည်် ကြီးမား၍ သွားလာရေး အခက်အခဲ များကြောင့်၎င်း၊ တရုတ်ပြည်၏ ဗုဒ္ဓဘာသာ သည် မဟာယာန ကို အခြေခံကာ ကွဲပြားခဲ့သည်။
ဘာသာပြန်ခြင်းကို နေ့ည ပြုလုပ်နေရင်း AD 664 တွင် ပျံလွန်တော် မူသည်။
ဘုန်းတော်ကြီး ရွှန်ကျန်း ၏ ကျန်ရစ်သော ဓါတ်တော် များကား ဒလိုင်းလားမား က အိန္ဒိယပြည်၊ နာလန္ဒာ သို့ ယူဆောင်လာပြီး ပတ္တနား ပြတိုက် Patna museum တွင်ထားရှိသည်။ အချို့ကား တရုတ်ပြည် စီချွမ်ဒေသ ဝမ်ရှု ကျောင်းတော် Wenshu Monastery တွင်ရှိသည်။ အချို့ကား ဂျပန်ပြည်၊ နာယာ Nara မြို့ ယာကူရှီဂျီ ကျောင်းတော် Yakushi-ji တွင်ရှိသည်။
တရုတ်ပြည်၏ သမိုင်းတွင် ရွှန်ကျန်း၏ အသေးစိပ် မှတ်တမ်း များသည် Great Tang Records on the Western Regions ဟု ထင်ရှားခဲ့သည်။
မည်သို့ပင်ဆိုစေ နာလန္ဒာတက္ကသိုလ် ကျောင်းတော်သား ရွှန်ကျန်း၏ ကျေးဇူး သည် တရုတ်ပြည်၏ သမိုင်း၊ တရုတ်ပြည် ဗုဒ္ဓဘာသာ သမိုင်း၊ အလယ် နှင့် တောင် အာရှ နိုင်ငံ များ၏ သမိုင်း နှင့် ဗုဒ္ဓဘာသာ သမိုင်း ကို များစွာ အထောက်အကူ ပြုခဲ့ပေသည်။

ဤသည်ကား နာလန္ဒာတက္ကသိုလ် မှ ဆရာတော် ဦးဇင်းပြောသည့် တရုတ်ဘုန်းတော်ကြီး ရွှန်ကျန်း အကြောင်းပင် ဖြစ်သည်။


 ရှေးနာလန္ဒာတက္ကသိုလ်

 ရွှန်ကျန်း အထိမ်းအမှတ် ခန်းမ Xuanzang Memorial Hall

 
 
 
ရွှန်ကျန်း နှင့် မျောက်နှင့်တူသောလူ (Sūn Wùkōng)
 
ရွှန်ကျန်း ခရီးစဉ်
 

                        တက္ကသီလာ Takkasilā (ယနေ့ ပါကစ္စတန်)



ဂျပန်ပြည်၊ နာယာ Nara မြို့ ယာကူရှီဂျီ ကျောင်းတော် Yakushi-ji

No comments: