Thursday, December 31, 2009

2010 နှစ်သစ်







အင်း..ဒီလိုပါပဲ
နှစ်ဟာ သူ့အလိုလို ကူးပြောင်းသွားမှာပါ
ကြိုဆိုဖို့မလို ပွဲလုပ်ဖို့မလို
ဒီလိုနဲ့ အသက်တွေကြီး။

အင်း..ဒီလိုပါပဲ
နှစ်သစ်မှာ ဘာလုပ်မလဲ စိတ်မကူးနဲ့
ဘာမှလုပ်မရ ဘာလုပ်စရာမှမရှိ
ဒီလိုနဲ့ အသက်တွေကြီး။

အင်း..ဒီလိုပါပဲ
ဒီနှစ်မှာ ဘာတွေလုပ်ခဲ့သလဲ စာရင်းချုပ်စရာ မလို
ဘာမှလုပ်မရ ဘာမှမလုပ်ခဲ့
ဒီလိုနဲ့ အသက်တွေကြီး။

အင်း..ဒီလိုပါပဲ
နှစ်သစ်မှာ ဘွဲ့တံဆိပ်ရ ဟိုလူနဲ့တွေ့ ဒီလူနဲ့ဆုံ
ဘာလုပ်မယ်ရှာရင်း ဟိုဟိုဒီဒီနဲ့
ဒီလိုနဲ့ အသက်တွေကြီး။

အင်း..ဒီလိုပါပဲ
နှစ်သစ်မှာ ငါးပါးသီလစောင့်
ကူပါကယ်ပါ
ကြီး လါလေလေ ကြောက်တတ် လါလေလေ
ဒီလိုနဲ့ အသက်တွေကြီး။

အင်း..ဒီလိုပါပဲ
နှစ်သစ်မှာ ခြောကြ်က မြောက်ကြ ကြောက်ကြ ဟောက်ကြ ကောက်ကြ
ရောက်ကြ စောင့်ကြ တောင့်တကြ ကြ ကြ ကြ …. နဲ့
ဒီလိုနဲ့ အသက်တွေကြီး။

အင်း..ဒီလိုပါပဲ
နှစ်သစ်မှာ ကြံထားတာတွေ
ကန့်ကွက်လိုက် ထောက်ခံလိုက်
ဘာဖြစ်မယ်မျှော် ဘာရယ်မဟုတ်ပဲပြီး
ဒီလိုနဲ့ အသက်တွေကြီး။

အင်း..ဒီလိုပါပဲ
နှစ်သစ်မှာ အပြင်မှာ လေကြမ်းပြီး အထဲမှာလေငြိမ်
အထဲမှာ လေပုံသေ လေလည်လို့တောင်မရ လေလမ်းပေးသလိုလိုက်
အပြင်မှာတော့ လေနု လေပြေ လေနီ လေရမ်း လေပရမ်းပတာတွေ
လေ နဲ့ တိုက်နေဦးမှပဲ
ဒီလိုနဲ့ အသက်တွေကြီး။

အင်း..ဒီလိုပါပဲ
နှစ်သစ်ဟာ နှစ်ဟောင်း ဖြစ်
ဒီလိုနဲ့ အသက်တွေကြီး။

31/12/2009

Sunday, December 27, 2009

ဂါယာ ဗာရာဏသီီ နာလန္ဒာ နှင့် မြန်မာ တို့၏အလှူ (အပိုင်း ၂ Xuán Zàng 玄奘)


 





နာလန္ဒာ नालंदा
နာလန္ဒာ နှင့် ရာဇဂြိုဟ် သို့ ဦးဇင်း(နာလန္ဒာ တက္ကသိုလ်) ၊ ကိုကျော်၊ ကိုအီဇူမီ တို့နှင့် အတူထွက် ခဲ့ပါတယ်။ လမ်းခရီးတွင် ဦးဇင်း က ဗုဒ္ဓ နှင့် အိန္ဒိယ သမိုင်းဝင် နေရာတွေကိုလိုက်ပြခဲ့သည်။ အိန္ဒိယရာဇဝင်ထဲတွင် ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်ပြုသည့်နေရာ၊ တရုတ် သမိုင်းတွင်တော့ နဂါးတို့ပျော်ရာ သရက်ပင်တောတန်း ရေကန်ရှိသည့်နေရာ။ တူညီတာကတော့ ဗုဒ္ဓခေတ် ဗုဒ္ဓမြတ်စွာဘုရားက နောက်လိုက် ရဟန်းတော်များ ကို တရားဓမ္မများ မိန့်ကြား လမ်းညွှန်သည့်နေရာ။ ဗုဒ္ဓခေတ် နောက်ပိုင်း ဗုဒ္ဓ တရားဓမ္မ များကို သင်ကြားသော၊ ဒဿန၊ သင်္ချာ၊ သိပ္ပံ နှင့် ဆေးပညာ များကို သင်ကြားသော ကမ္ဘာ့ ပထမ ဦးဆုံး တက္ကသိုလ် တစ်ခု ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် တို့၏ သမိုင်းဝင်နေရာ လည်းဖြစ်သည်။

ဤ သမိုင်းဝင်နေရာ ကို ဘယ်လောက် ဖျက်ဆီးသေးသိမ် ပပျောက်အောင် လုပ်ခဲ့ကြသော်လည်း၊ ယနေ့ ဗုဒ္ဓဘာသာဝင်တို့ ပြန်လည်ရောက်ရှိကာ အသက်ပြန်သွင်းနေပြီ ဖြစ်သည်။ မကြာမှီ အကြီးဆုံး ဗုဒ္ဓ အခြေခံ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ် တခု ပေါ်ပေါက်လာတော့မည်ဖြစ်သည်။
နာလန္ဒာ တက္ကသိုလ် ပြန်လည်ပေါ်ထွန်း လာခြင်း၏ နောက်တွင် တရုတ်ဘုန်းကြီး ရွှန်ကျန်း Xuán Zàng ခရီးသွား မှတ်တမ်းများ၏ အထောက်အကူ ကြောင့်ပင်ဖြစ်သည်။ (Journey to the West)
စိတ်ဝင်စားစရာ တွေကတော့ နာလန္ဒာ တက္ကသိုလ် နှင့် ရွှန်ကျန်း အထိမ်းအမှတ် ခန်းမ Xuanzang Memorial Hall တို့ပဲဖြစ်ပါသည်။
တကယ်တော့ တရုတ်ဘုန်းကြီး ရွှန်ကျန်း Xuán Zàng ၏ ခရီးသွားမှတ်တမ်း များသည် အိန္ဒိယတွင် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားခြင်း နှင့် ဗုဒ္ဓ၏ သမိုင်းဝင်နေရာများကို ဖေါ်ထုတ်ရာတွင် များစွာ အထောက်အကူ ပြုခဲ့၏။ ကမ္ဘာ့ ဗုဒ္ဓဘာသာဝင်များ၊ သမိုင်းသုတေသီများ နှင့် အိန္ဒိယနိုင်ငံ သမိုင်း တို့အတွက် ကျေးဇူးတင်စရာပင် ဖြစ်သည်။ Great Tang Records on the Western Regions ဟုထင်ရှားခဲ့သည်။


တရုတ် ဘုန်းကြီး ရွှန်ကျန်း Xuán Zàng(Hsuan-tsang) [602/603 - 664 CE]


Xuanzang is also known as Táng-sānzàng (唐三藏), Xuánzàng Sānzàng (玄奘三藏), Xuánzàng Dàshī (玄奘大師), or simply as Táng Sēng (唐僧), or Tang (Dynasty) Monk in Mandarin; in Cantonese as Tong Sam Jong and in Vietnamese as Đường Tam Tạng. In Korean, he is known as Hyeon Jang. In Japanese, he is known as Genjō, or Genjō-sanzō (Xuanzang-sanzang).
တရုတ်ရာဇဝင် သမိုင်းတွင် ရွှန်ကျန်းသည် တရုတ်၊ ကိုရီးယား၊ ဂျပန်သို့ ဗုဒ္ဓဘာသာ ပျံ့နှံ့ ရာတွင် အရေးပါဆုံး တရုတ်ဘုန်းကြီး တစ်ပါးပင်ဖြစ်သည်။ ရွှန်ကျန်း ကို အေဒီ 602 or 603 တွင် တရုတ်ပြည်် ဟီနန် Henan ဒေသ တွင် မွေးဖွားခဲ့သည်။ ပါရမီရှင် ဉာဏ်ထက်မြက်သူ၊ ဇွဲလုံလခိုင်မာသူ တစ်ဦးဖြစ်သည်။ လျူရန်် Luoyang တွင် ဗုဒ္ဓဘာသာ ဘုန်းကြီး အဖြစ်ခံယူပြီး တရုတ်ပြည်် အနှ့ံ သွားရောက်၍ ဗုဒ္ဓ အခြေခံ စာပေ နှင့် တရားဓမ္မ များကို လေ့လာခဲ့သည်။
ချန်အန် Chang'an သို့ရောက်သောအခါ၊ ဘုန်းကြီး ဖရှန်Faxian အိန္ဒိယသို့သွား၍ ဗုဒ္ဓဘာသာ တရားတော် ယူဆောင်လာသည်ကို နှစ်သက် အားကျနေသည်။ ထိုအချိန်တွင် Emperor Taizong of Tang တန် မင်းဆက်အုပ်စိုးနေချိန် ဖြစ်သည်။ တရုတ်ပြည််သို့ ရောက်ရှိနေသော တပိုင်းတစ ဗုဒ္ဓဘာသာ ကို ပြည့်စုံစေရန် အိန္ဒိယသို့ သွားရန်ကြံစည်လေသည်။ အင်ပါယာ၏ အားပေးအထောက်အကူကို ရခဲ့သည်။
ပြင်းပြတဲ့ ဆန္ဒတွေနဲ့ ရွှန်ကျန်း တစ်ယောက် ရှေးခေတ် အိန္ဒိယဒေသကို ခရီးထွက်ခဲ့သည်။ ရှေးခေတ်အိန္ဒိယ ဒေသဟာ ကာစစ္စတန် ကနေ ဘင်္ဂလားပင်လယ်အော် အထိ အတိုင်းတိုင်း အပြည်ပြည် နဲ့ ဖြစ်ပါသည်။

သူရဲ့ ခုနှစ်နှစ်ကြာ (AD 627-643) ခရီးစဉ်ကို စာရေးဆရာ ဇာတ်ဆရာ များကရေးဖွဲ့ ကြရာ အနောက် သို့ခရီး Journey to the West ဟူ၍ ထင်ရှားကျော််ကြားတဲ့ စာပေဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်၊ တယ်လီဗီရှင်း ဇာတ်လမ်းများဖြင့် အကြောင်းအမျိုးမျိုး ဖွဲ့ကာ တရုတ်၊ ဟောင်ကောင်၊ တိုင်ဝမ်၊ ဂျပန်၊ ကိုရီးယား နှင့် စင်္ကာပူနိုင်ငံ တွေမှာ ကျော််ကြား ခဲ့ပါတယ်။ သူ့ရဲ့ နောက်လိုက်များဖြစ်တဲ့ မျောက်နှင့်တူသောလူ (Sūn Wùkōng, 孫悟空) ၊ ဝက်နှင့်တူသောလူ (Zhū Bājiè 猪八戒) ၊ သဲ လူသား (Shā Wùjìng 沙悟浄) တို့အကြောင်းကိုလည်း အမျိုးမျိုး ဖွဲ့ကာ ကျော််ကြားတဲ့ ဇာတ်လမ်းတွဲ တွေဖြစ်ခဲ့သည်။ အထူးသဖြင့် မျောက်ဘုရင် ဆန်ဝူခုန်း ဇာတ်လမ်းပင် ဖြစ်ပါသည်။ အရှင်ဝိလာသ ပြန်ဆိုသော ဖာဟီယန်၏ ခရီးစဉ် စာအုပ်တွင် စိတ်ဝင်စားဖွယ်ရေးသားထားပါသည်။









ရွှန်ကျန်း ကို Sānzàng (三藏) Tripitaka တိရိပိဋက ဟု တစ်ချို့ မှတ်တမ်းတွေမှာတွေ့ ရပါတယ်။


တိဘက်၊ နီပေါ၊ ပါကစ္စတန်၊ တာကစ္စတန်၊ အာဖဂန်နစ္စတန် တိ့ုကိုဖြတ်၍ အိန္ဒိယဒေသ Kashmir ၊ Punjab ၊ Bengal ထိဆင်း ခဲ့သည်။ လမ်းတလျှောက်တွင်တွေ့ရှိ ခဲ့သည် များကို မှတ်တမ်း ရေးမှတ်ခဲ့သည်။ ပိုးလမ်းမ Silk Road ကိုပိုမို ပီပြင်စေခဲ့သည်။
တကယ်တော့ ရွှန်ကျန်း ခရီးသည် လွယ်လှသည်မဟုတ် ပိုးလမ်းမ Silk Road ကိုအခြေခံ၍ ကန ္တရ၊  တောတောင်၊ ရေခဲပြင်၊ မြစ်ချောင်း အန ္တရာယ် အသွယ်သွယ် ကိုဖြတ်ကျော် ခဲ့ရသည်။
တရုတ်ပြည်မှ အထွက် ဂိုဘီ သဲကန ္တရ၊ အစပ်တွင် ဘုရင့်နယ်ခြားစစ်တပ်မှ ဖမ်ဆီးခဲ့သည်။ ထိုမှာဘက်တွင် တရုတ်လူမျိုးတွေ အတွက် အန ္တရာယ် ကြီးသည်။  ဖြတ်သန်းခွင့်လည်း မပါ၍ တရုတ်ပြည်သို့ ပြန်စေသည်။ ရွှန်ကျန်းက “ရဲမက်တို့ ငါသည် အမှန်တရားအတွက် သွားခြင်း ဖြစ်သည်၊ အကောင်းဆုံးတရား ကိုရယူရန် အတွက် သွားခြင်း ဖြစ်သည်၊ တရုတ်ပြည် တရုတ်လူမျိုး တွေ ကောင်းဘို့ အတွက် သွားခြင်း ဖြစ်သည်၊ သင်တို့ ငါအားဖမ်းဆီး ထိမ်းသိမ်းမည်ဆိုသော် ငါအသက်ကိုယူလော၊ ငါကား တရုတ်ပြည်ဘက်သို့ တဖဝါးမှ ဆုတ်မည်မဟုတ်” ၊ ဤသို့ဖြင့် အောင်နိုင်ခဲ့၏။
ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်တော်မူရာ၊ တောထွက်ရာ၊ ဘုရားဖြစ်ရာ၊ တရားဟောကြားသည့် နေရာများ၊ ပရိနိဗ္ဗာန်ပြုရာနေရာ၊ ဗုဒ္ဓဝင် နဲ့ ဗုဒ္ဓကျမ်းဂန်လာ နေရာများကို သွားရောက် မှတ်တမ်းတင် ရေးမှတ်ခဲ့သည်။
ဗုဒ္ဓခေတ် ကွယ်ပျောက်ပြီးနောက်၊ ယခုခေတ်တွင် ဗုဒ္ဓဝင် နဲ့ ဗုဒ္ဓကျမ်းဂန်လာ နေရာများကို ရွှန်ကျန်း ၏ မှတ်တမ်းများအရ အများဆုံး ဖေါ်ထုတ် နိုင်ခဲ့သည်။
မဟာပရိနိဗ္ဗာနသုတ်ပါဠိတော် တွင်
ချစ်သားအာနန္ဒာ နောင်အခါ၌ သဒါ္ဓ တရား ရှိသော ရဟန်းယောကျ်ားများ၊ ရဟန်းမိန်းမများ၊ ဥပါသိကာ ဒါယိကာများ၊ ဒါယိကာမများသည် ဤလေးဌာနသို့ လာကြကုန်လတ္တံ။
(၁) မြတ်စွာဘုရား ဖွားတော်မူရာ လုမ္ဗိနိဥယျာဉ်၊
(၂) သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဗုဒ္ဓဂါယာ မဟာဗောဓိမဏ္ဍိုုင်၊
(၃) ပဥ္စဝဂ္ဂီ ငါးဦးတို့အား မြတ်စွာဘုရား တရားဦးဓမ္မစက် ဟောမြွက်ရာ မိဂဒါဝန်၊
(၄) မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ မလ္လမင်း တို့၏ ကုသိနာရုံ အင်ကြင်းရဂုံ၊
ချစ်သားအာနန္ဒာ အကြင်လူတို့သည် ဘုရားဖူးခရီး လှည့်လည် မူကို ပြု၍ ကြည်ညိုစိတ်ဖြင့် သေလွန်ကုန်၏။ ထိုလူအားလုံးတို့သည် ဤခန္ဓာကိုယ် ပျက်စီးသေလွန် ပြီးနောက်၌ နတ်ရွာသုဂတိ သို့ရောက်ကြကုန်လတ္တံ။ (မဟာပရိနိဗ္ဗာနသုတ်ပါဠိတော်)
ထိုသို့ ဗုဒ္ဓဘာသာ ဝင်တို့ ကုသိုလ် ဖြစ်စေဘို့၊ နတ်ရွာသုဂတိသို့ ရောက်စေဘို့၊ သာသနာပြန်လည်ထွန်းကားစေဘို့ သည် ရွှန်ကျန်း၏ ကုသိုလ် နှင့် ကျေးဇူးများပင် ဖြစ်သည်။











ရွှန်ကျန်းသည် မဟာယာန ဗုဒ္ဓ တရားစာပေ များကို တိဘက်၊ နီပေါ၊ ပါကစ္စတန်၊ တာကစ္စတန် နှင့် အာဖဂန်နစ္စတန် တိ့ုတွင် လေ့လာခဲ့သည်။ တက္ကသီလာ Takkasilā (ယနေ့ ပါကစ္စတန်) ကိုလည်း ရောက်ခဲ့သည်။ မဟာယာန ဘုန်းကြီးပေါင်း ၅၀၀၀ ကျော် နှင့် ဘုန်းကြီးကျောင်းပေါင်း ၁၀၀ ကျော် တွေ့ရှိကြောင်း မှတ်တမ်းတင်ခဲ့သည်။ တက္ကသီလာ တွင် ၂နှစ် လောက်နေ၍ မဟာယာန ဗုဒ္ဓ တရားစာပေ များကို လေ့လာ ခဲ့သည်။ ဤတွင် စတ္တုထ သင်္ဂါရတနာ တင်ခြင်း(Saṅgāyana) Fourth Buddhist council တွင် မဟာယာန နှင့် ထေရဝါဒ ကွဲပြားမူကို မှတ်တမ်းတင်ခဲ့သည်။

ထိုမှတဖန် လာဟို၊ ပန်ဂျပ် Firozpur သို့ ရောက်ရှိပြီး၊ ဘုရင်သားတော်ဘုန်းကြီး Vinitaprabha နှင့်အတူ ဗုဒ္ဓ တရားစာပေများကိုတစ်နှစ်လောက် လေ့လာခဲ့သည်။
ထိုမှတဆင့် ကုလု တောင်ကြား Kulu valley ကိုဖြတ် ယမုံနာ ဂင်္ဂါမြစ် တိ့ုကိုကူး၍ မာတီပုရ Matipura သို့ ရောက်ရှိပြီး၊ ထိုမှတဖန် သင်္ကဿနဂိုရ်၊ သာဝတ္တိ၊ လုမ္ဗိနီ(နီပေါ) သို့ရောက်ရှိ လေ့လာခဲ့သည်။ အထူးသဖြင့် အသောက မင်းကြီး၏ မှတ်တိုင်များကို အတိအကျ မှတ်တမ်းတင်ခဲ့သည်။
ထိုနောက် ကုသိနာရုံ ၊ ဗာရာဏသီီ ၊ ဝေသာလီ၊ ရာဇဂြိုဟ်၊ ပါသလိပူသရ Pataliputra နှင့် ဗုဒ္ဓဂါယာ သို့ ခရီးဆက်ခဲ့သည်။
အလွန်ကြီးကြယ်ခမ်းနားသော နာလန္ဒာတက္ကသိုလ် ကျောင်းတော်ကြီးသို့ ရောက်ရှိပြီး၊ ၂နှစ်ကျော် ဗုဒ္ဓ တရားစာပေများကို သင်ကြားခဲ့သည်။ ထိုအပြင် ယုတ္တိဗေဒ၊ သက္ကတ စာပေ များကို လေ့လာ သင်ကြားခဲ့သည်။ နာလန္ဒာတက္ကသိုလ် တွင် ရွှန်ကျန်း သည် သူ၏ အကောင်းဆုံး ဆရာ (ဆရာတော် Silabhadra) နှင့် တွေ့ရှိခဲ့သည်။ ရွှန်ကျန်း ၏ အိမ်မက်များ တချို့ ပြည့်စုံ ခဲ့သည်ဟုဆိုကြသည်။
ထိုမှတဖန် ကာမရူပ Kamarupa (အာသံ)၊ အမရဝတီAmaravati ၊ ကန်ချိ Kanchi ၊ Bengal သို့သွား ရောက်ခဲ့သည်။ အမရဝတီ တွင် အဘိဓမ္မာပိဋက 'Abhidhammapitakam' တရားစာပေများကို သင်ကြားခဲ့သည်။

ထိုနောက် Kashgar, Khotan, နှင့် Dunhuang တိ့ုကိုဖြတ်၍ တရုတ်ပြည် သို့ ပြန်ခဲ့သည်။ ရွှန်ကျန်း သည်
ဗုဒ္ဓကျမ်းဂန်၊ စာပေ ပေါင်း ၇၀၀ ကျော်ကို တရုတ်ပြည် သို့သယ်ဆောင် ခဲ့သည်။ ထိုအထဲတွင် ၃စုံသော Mahaprajnaparamita Sutra ကျမ်း လဲပါဝင်သည်၊ ရွှန်ကျန်း စိတ်အထက်သန်ဆုံးမှာ ယောဂါစရိယ Yogācāra (瑜伽行派) ပင်ဖြစ်သည်။
တရုတ်ပြည် သို့ AD 645 တွင် ပြန်ရောက်သောအခါ အင်ပါယာဘုရင် (Emperor Taizong of Tang) ကိုယ်တိုင် ကြိုဆိုလေသည်။ ထိုနောက် ကျောင်းဆောက်ပေး၍ ဘာသာပြန်ခြင်း စတင်တော့သည်။ ဘာသာပြန်ခြင်းကို ဦးစားပေးနေရ၍ သာသနာပြုခြင်း အားနည်းခဲ့သည်။ အရင်ရောက်ရှိထားသော Faxiang ဝါဒ များကား တပြည်လုံး ပျံ့နှံ့ကာ ဂျပန် နှင့် ကိုရီးယား ထိပင် ရောက်ရှိနေသည်။
အင်ပါယာ၏ အထောက်အကူဖြင့် ကြိုးစားခြင်းကြောင့် မြို့ပြ များတွင် ရွှန်ကျန်း ၏ ဝါဒများ နေရာယူကာ ဗီယက်နန်၊ ဂျပန် နှင့် ကိုရီးယား ထိပင် ရောက်ရှိခဲ့သည်။ ရွှန်ကျန်း ပြန်ဆိုသော Essence of Wisdom Sutra (Heart Sutra) (心經 xīnjīng) သည် အထင်အရှားဆုံးဖြစ်သည်။ ထိုသို့ အခက်အခဲ များကြောင့်၎င်း၊ တရုတ်ပြည် သည်် ကြီးမား၍ သွားလာရေး အခက်အခဲ များကြောင့်၎င်း၊ တရုတ်ပြည်၏ ဗုဒ္ဓဘာသာ သည် မဟာယာန ကို အခြေခံကာ ကွဲပြားခဲ့သည်။
ဘာသာပြန်ခြင်းကို နေ့ည ပြုလုပ်နေရင်း AD 664 တွင် ပျံလွန်တော် မူသည်။
ဘုန်းတော်ကြီး ရွှန်ကျန်း ၏ ကျန်ရစ်သော ဓါတ်တော် များကား ဒလိုင်းလားမား က အိန္ဒိယပြည်၊ နာလန္ဒာ သို့ ယူဆောင်လာပြီး ပတ္တနား ပြတိုက် Patna museum တွင်ထားရှိသည်။ အချို့ကား တရုတ်ပြည် စီချွမ်ဒေသ ဝမ်ရှု ကျောင်းတော် Wenshu Monastery တွင်ရှိသည်။ အချို့ကား ဂျပန်ပြည်၊ နာယာ Nara မြို့ ယာကူရှီဂျီ ကျောင်းတော် Yakushi-ji တွင်ရှိသည်။
တရုတ်ပြည်၏ သမိုင်းတွင် ရွှန်ကျန်း၏ အသေးစိပ် မှတ်တမ်း များသည် Great Tang Records on the Western Regions ဟု ထင်ရှားခဲ့သည်။
မည်သို့ပင်ဆိုစေ နာလန္ဒာတက္ကသိုလ် ကျောင်းတော်သား ရွှန်ကျန်း၏ ကျေးဇူး သည် တရုတ်ပြည်၏ သမိုင်း၊ တရုတ်ပြည် ဗုဒ္ဓဘာသာ သမိုင်း၊ အလယ် နှင့် တောင် အာရှ နိုင်ငံ များ၏ သမိုင်း နှင့် ဗုဒ္ဓဘာသာ သမိုင်း ကို များစွာ အထောက်အကူ ပြုခဲ့ပေသည်။

ဤသည်ကား နာလန္ဒာတက္ကသိုလ် မှ ဆရာတော် ဦးဇင်းပြောသည့် တရုတ်ဘုန်းတော်ကြီး ရွှန်ကျန်း အကြောင်းပင် ဖြစ်သည်။


 ရှေးနာလန္ဒာတက္ကသိုလ်

 ရွှန်ကျန်း အထိမ်းအမှတ် ခန်းမ Xuanzang Memorial Hall

 
 
 
ရွှန်ကျန်း နှင့် မျောက်နှင့်တူသောလူ (Sūn Wùkōng)
 
ရွှန်ကျန်း ခရီးစဉ်
 

                        တက္ကသီလာ Takkasilā (ယနေ့ ပါကစ္စတန်)



ဂျပန်ပြည်၊ နာယာ Nara မြို့ ယာကူရှီဂျီ ကျောင်းတော် Yakushi-ji

Monday, December 14, 2009

တူမ



ချစ်စရာကောင်းတဲ့အရွယ်   

သုံးနှစ် အကျော်လေး
တီတာတဲ့အရွယ်
စကားလေး မပီ သေး။

စင်္ကာပူ မှာမွေး
တောင်အာဖရိက မှာနေ
ယိုဒယား ကိုဝင်
စင်္ကာပူ ကိုပြန် ။

သုံးနှစ် ခလေး ရွာလည်နေ
တော်ရာမှာနေတဲ့ အဖေ နဲ့ အမေ
ကလေး ကတော့ သူ့အထာနဲ့သူ ပျော်ကာသာနေ။


နို့ ဆာရင် ချို ချို
မေမေ ကို မီမီ
စားမယ်ဆို ကင်ကင်
မလိုချင်ဘူးဆို ပုရောက်
စိတ်ဆိုးရင် ယူစတူးပစ်
ဆင် လို့ ဆိုရင် နိုး အဲလီဖင့်
တိုက်ဂါး လို့ ပြောရင် ပသွား
တခါတလေ တစ်ရောက်ထဲ ဘာတွေ ပြောနေမှန်း မသိ
သူ့ အဓိပ္ပါယ် နှင့် သူ ။


အေဘီစီ ကကြီး ခခွေး စိတ်မဝင်စားသေးပေမဲ့
ကွန်ပျုတာဂိမ်း ကစားတတ်နေ
ဖွင့်တတ် ပိတ်တတ် ဝင်တတ် ကွန်ပလိန်း လုပ်တတ်
တော်သေးတာပေါ့ ကျမကို တော်တော် လို့ ခေါ်တတ် လို့။ (ဒေါ်ဒေါ်)




By
Sosegado Lwin

တူမလေးရဲ့ ကလေးထိန်း ၁၊ ဟန်ဂေရီယံ ၂၊ တရုတ် ၃၊ ယိုဒယား လက်ရှိ၊ အင်ဒို

Wednesday, December 9, 2009

ဂါယာ ဗာရာဏသီီ နာလန္ဒာ နှင့် မြန်မာ တို့၏ အလှူ (အပိုင်း ၁ မင်းတုန်းမင်း)


ဂါယာ
ဤဗုဒ္ဓဂါယာ မဟာဗောဓိမဏ္ဍိုုင်ကား "မြတ်စွာဘုရားသည် အတုမဲ့သော မဖောက်မပြန် မှန်ကန်သော ကိုယ်ပိုင် (သဗ္ဗညုတ) ဉာဏ်တော်ကို ရတော်မူသော နေရာပါတကား" ဟူ၍ သဒါ္ဓတရား ရှိသောအမျိုးကောင်းသား တဦးအတွက် သွားရောက်ဖူးမြော် သံဝေဂယူသင့်သော ဌာနတခုဖြစ်၏။

ဗုဒ္ဓဘာသာဝင် တယောက် အနေဖြင့် ဗုဒ္ဓ မြတ်စွာဘုရား ပွင့်ရာ မွန်မြတ်သော တရားများကို ဟောကြားရာ နေရာဒေသ ကိုရောက်ရှိခဲ့ပါသည်။
ပထမ ဆုံးရောက်တာကတော့ ဂါယာမြို့ ဖြစ်ပါတယ်၊ ဗုဒ္ဓဂါယာ (Bodh Gaya) ရှိတဲ့နေရာ ဖြစ်ပါတယ်။


ဒီကိုမလာခင် စာတွေဖတ် လေ့လါမူ တွေလုပ်၊ ကိုယ်ကဘာသာရေး နဲ့ နဲနဲဝေးနေလို့။ ဘလောက်လဲ ဖတ်ဖြစ်ပါတယ်၊ မုဒိတာ (http://chitsanoe.blogspot.com/) (http://www.lknt11.com/2009/12/blog-post ) နှင့် (http://www.dhammaratha3.blogspot.com/)

ကိုယ်နှင့် အတူပါလာတာက နုနု (အိန္ဒိယနွယ် မြန်မာပြည်သား)၊ ကိုကျော် (မြန်မာ တရုတ်) နှင့် ကိုအီဇူမီ (ဂျပန်) တို့ ဖြစ်ပါတယ်။ နုနု က ဘာသာရေး အကိုင်းအရှိုင်းဆုံး ဖြစ်ပါတယ်။

ရောက် တဲ့နေ့မှာ မဟာဗောဓိစေတီဖူး ဘုန်ကြီးကျောင်း တွေ လျှောက်သွား၊ ဟိုဟိုဒီဒီ လျှောက်ငေးပါတယ်။




မင်းတုန်းမင်း
ည တရားထိုင် ပုတီးစိတ်ဘို့ ပြင်ဆင်ရန် ဟော်တယ် မပြန်ခင် Om တိဘက် ကဖေးမှာ ဝင်ထိုင် ဖြစ်ပါတယ်။


အမေရိကန် က အာလံ၊ သီရီလင်္ကာ က ရုဓ တို့နဲ့ ဆုံ ဖြစ်ပါတယ်။ အဲဒီမှာ မင်းတုန်းမင်း ဇာတ်လမ်း မြန်မာ တို့၏ အလှူ စပါတော့တယ်။
Om တိဘက် ကဖေး
အမေရိကန် အာလံ က သူသိထား လေ့လာနေတဲ့ မဟာဗောဓိစေတီ သမိုင်း ရှင်းလင်းရာက ရုဓ ကဝင်ငြင်း ကိုကျော် ကဝင်ပြော နုနု ကဝင်မေး ကိုယ်က ဝင်ထောက် နဲ့ စိတ်ဝင်စားစရာ မသိသေးတဲ့အကြောင်းအရာ တွေကိုသိခဲ့ရပါတယ်။

မဟာဗောဓိစေတီ သမိုင်း သည် ကောက်ကျစ်ခြင်း၊ မရိုးသားခြင်း၊ ကြီးနိုင်ငယ်ညုင်းခြင်း၊ လှည့်ဖျားခြင်း၊ ယုတ်မာခြင်း၊ အလိုလောဘ တွေ နဲ့ ပြည့်နေသလို၊ တဘက်မှာလဲ ကုသိုယ်၊ သီလ၊ ဒါန၊ ဇွဲဝိရိယ၊ ဖြောင့်မတ်ခြင်း၊ အမှန်တရားတွေနဲ့ ကြိုးစားနေကျသည်။

တဆက်တည်းမှာဘဲ၊ ဒီမိုကရေစီ ရဲ့ အားနည်းချက်၊ ချို့ယွင်းချက်၊ လူ့အခွင့်အရေးတိုင်းတာချက် နှင့် ဘာသာရေး လွတ်လပ်ခွင့်တိုင်းတာချက် အားနည်းချက် နှင့် အမှားအယွင်း တွေကို မြင်တွေ့ရပါတယ်။

ရောက်နေတာက ဒီမိုကရေစီ နိူင်ငံကြီးလို့ အမည်တပ်ထါးတဲ့ နိုင်ငံ၊ အနုမြူ အာကသ ကွန်ပြူတာ တွေ တိုးတက်တယ် ဆိုတဲ့ နိူင်ငံ၊ ဒီနေရာ မှာတော့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတာ ကူးပြောင်းနေတဲ့ မြန်မာပြည် အတွက် သင်ခန်းစာ ယူစရာပါပဲ။




စိတ်ဝင်စားစရာ တွေကို ဖေါ်ပြရရင်တော့------



မြန်မာ တို့ သည် မဟာဗောဓိ စေတီကြီး ကိုမွမ်းမံရန် အစဉ် အမြဲ ကြိုးစား ကြသည်၊ မြန်မာပြည်သို့ ဗုဒ္ဓ ဘာသာ ရောက်ရှိချိန်မှ စ သည်ဟု ဆိုနိုင်သည်။
မှတ်တမ်းများအရ ကျန်စစ်သား၊ ဓမ္မ စေတီ၊ ပြည်မင်း၊ မင်းတုန်းမင်း၊ သီပေါ မင်းသား နှင့် ရခိုင် မင်းအပေါင်း တို့ ရောက်ရှိ ဖူးမျှော် ပြုပြင် မွမ်းမံ ခဲ့ ကြ သည် ။


အသောက ခောတ် နောက်ပိုင်း အိန္ဒိယ အုပ်စိုးသူအပေါင်း တို့သည် ဗုဒ္ဓ ဘာသာ အဆောက် အအုံ တို့အား ဖျက်ဆီး သေးသိမ်အောင် လုပ် ခဲ့ ကြ သည် ။ ဗုဒ္ဓ ဘာသာ အဆောက် အအုံ ပေါ်တွင် ယင်းတို ့၏ ဘုရားကျောင်း တွေကို တည် ဆောက် ခဲ့၏ ။
အာလံ သည် အငြင်းသန် သည် ၊ ဗုဒ္ဓ ဘာသာ ကူးပြောင်း ပြီး ကတည်းက အိန္ဒိယ လူမျိုး တို ့ကို ဘဝင်မကျ အထူးသဖြင့် ဇတ်ခွဲခြားခြင်း နှင့် မိမိနဲ့မတူ ရန်သူ အဖြစ်အုပ်စုလိုက် ထိုးနှက်ကျခြင်း တို့ကိုဖြစ်သည်။
အဲဒီစိတ်နှင့် ဘယ်လို တရားထိုင် စာတမ်း ပြုစု နေသလဲတော့ မသိပါ။
ဆုံးရှုံး ခဲ့ ရသော၊ ငုတ်လျှိုးနေခဲ့သော၊ ပျောက််ဆုံးသွား နိုင်သော မြန်မာ တို ့၏ အလှူ ကို အားမလို အားမရ ဖြစ်နေသည်။

အာလံ ၏ ထောက်ပြချက်များ မှာ

ကျန်စစ်သား ၏ ဆင်းတုတော် တို့အား အိန္ဒိယ မူဟု မှတ်တမ်းတင်ခြင်း။
မင်းတုန်းမင်း ၏ အလှူ များကို ဖျက်ဆီး သေးသိမ်အောင် လုပ်ခြင်း၊ အိန္ဒိယ မူသွင်းခြင်း။
Guides များက မင်းတုန်းမင်း ၏ အလှူ ၊ မြန်မာ တို ့၏ အလှူ များကို ထိမ်ချန် ထားခြင်း။
မြန်မာ တို ့၏ အလှူ များကို မှတ်တမ်း ပြုစု၊ ထိမ်းသိမ်း မွမ်းမံ မည့်သူ မရှိ ခြင်း၊ အိန္ဒိယ များ လုပ်ချင်ရာလုပ် ၍ ပိုက်ဆံ ကောက် ခြင်း။ မြန်မာ တို ့မစည်းရုံး ခြင်း။


ကျန်စစ်သားမင်း အလှူ




 




အာလံ နှင့် ရုဓ တို ့၏ ငြင်းချက်မှာ

မြန်မာ တို ့သည် စေတီကြီး ကိုမွမ်းမံရန် အစဉ် အမြဲ ကြိုးစား ကြသည် ဆိုသည်ကို၊ ရုဓ က သီရီလင်္ကာ ဘုရင်၊ ဘုန်းကြီး များ နှင့် ဓမ္မပါလ Dharmapala သီရီလင်္ကာ (မဟာဗောဓိ အသင်း ကြီး တည်ထောင်သူ) နှင့် မဟာဗောဓိ အသင်း ကြီး အရေးပါ ပုံ ။
အာလံ က ဗောဓိပင်ကို သီဟိုလ် ကပြန်ယူသည် ဆိုသည်မှာ မှန်၏၊ မင်းတုန်းမင်း နှင့် မြန်မာ တို ့မပါရင် မဟာဗောဓိ အသင်း ကြီးအောင်မြင် မှာမဟုတ်သလို၊ ဓမ္မပါလ၏ အခက်အခဲ များ၊ မင်းတုန်းမင်း နှင့် မဟန့် (Mahant) ဆက်ဆံရေး ၊ မင်းတုန်းမင်း ပေးခဲ့သော ရွှေငွေ များ။
ဓမ္မပါလ ပင် မင်းတုန်းမင်းဇရပ် တွင် နေခဲ့ပုံ၊ မြန်မာတို ့၏ ဓမ္မပါလ ကို ထောက်ပံပုံ၊ ယိုးဒယား ဘုရင် နှင့် ဒလိုင်းလားမား တို့ ဓမ္မပါလ ပေါ် ကတိမတည်ပုံ။
အိန္ဒိယ ဗုဒ္ဓ ဘာသာ ပြန်ပေါ်ပေါက်လာရာတွင် အသောကမင်းကြီး ၊ တရုတ် ဘုန်းကြီး XUAN ZANG ၊ မြန်မာမင်းအပေါင်း (အထူးသဖြင့် မင်းတုန်းမင်း)၊ ဓမ္မပါလ နှင့် မြန်မာ လူကြီး များ အရေးပါခဲ့ အကြောင်းကို ထောက်ပြ၏ ။
ကျန်စစ်သားမင်းသည် မဟာဗောဓိ စေတီပုံတူကို ပုဂံ တွင် တည် ဆောက် ခဲ့၏။ မြန်မာ တို့ ရွှေဂူကြီး ဘုရားကို ဟံသာဝတီ မှာတည်၏။
ခောတ်သစ် မဟာဗောဓိ စေတီ အစသည် မြန်မာတို့မှ ဖြစ်သည်။ မင်းတုန်းမင်း သည် မဟန့် ကို ရွှေငွေကျောက်သံ ပတ္တမြား လက်ဆောင်ပေး၍ စေတီကို ပြုပြင်ခွင့်ရအောင် လုပ်ဆောင်ခဲ့သည်။ အင်္ဂလိပ် များကိုလည်းပေးရ၏။

 

 မပြုပြင်မှီ
                                                        
                                                                         ပြုပြင်ပြီး






လာရောက် ပြုပြင်သောအခါ လက်ဆောင် နဲနဲရသော အင်္ဂလိပ်တချို့ နှင့် အိန္ဒိယ အရာရှိတချို့ က မြန်မာတွေ မြန်မာအတိုင်း လုပ်သည်ကို အပြစ် မြင် ၍ ဝင်စွက် တားဆီးသည်၊ အိန္ဒိယ မူပျက်၍ ဖြစ်သည်ဟုဆိုသည်။ ထိုအထဲ တွင် အိန္ဒိယ မဟာဗောဓိ ဟီရိုး Rajendralala Mitra နှင့် အင်္ဂလိပ် Sir Stuart Brayley တို့ပါသည်၊ မင်းတုန်းမင်း ရွှေငွေ များကိုမျှဝေ ယူကျ၏၊ အရင်က ဒီအတိုင်းပစ်ထားသော အင်္ဂလိပ် အစိုးရ ကလဲ ဝင်ရောက်လုပ်ကိုင် နေရာယူသည်။ အဘိုးတန်သည်များကို British Museum သို့ပို့သည်၊ စစ်ရှုံးသော မြန်မာတွေ ခံရသည်။
ဒါပေမဲ့ မဟန့် လက်ထဲသို့ ပြန်ရောက် သွား၏၊ (I only permitted to Burmese King.)
မင်းတုန်းမင်း သည် စေတီနေရာကို အပြီး ဝယ်ဘို့ ကြိုးစားဘူး၏၊ အင်္ဂလိပ် အစိုးရ ကန့်ကွက်မူကြောင့် မရခဲ့။
မဟန့် ၊ အင်္ဂလိပ် အစိုးရ နှင့် ဗုဒ္ဓ ဘာသာဝင် တို့ အမူအခင်း များစွာဖြစ်ကျ၏။
အင်္ဂလိပ် လက်အောက် မြန်မာတို့ အင်္ဂလိပ် အစိုးရ ထံ မဟာဗောဓိစေတီ ကို ဗုဒ္ဓ ဘာသာ တို့ အုပ်ချုပ်သင့်ကြောင်း ကန့်ကွက်မူ များ ကြိမ်ဖန် များစွာပြုလုပ်ခဲ့ကျသည်။ ထိုအထဲ တွင် ဦးတုတ်ကြည် (Burmese MLA, U Tok Kyi, introduce a bill of Mahabodhi Temple basic of 1949 Bodh Gaya Temple Act) ၊ ဆရာတော် ဦးဥတ္တမ (Burmese Buddhist monk, U Ottama) ၊ ဦးသိန်းမောင် (MLA, Thein Maung) ၊ မောင်အုံးခိုင် (Maung Ohn Ghine) ၊ တို့ပါဝင်သည်။
(မြန်မာတို့၏ ကန့်ကွက်စာ ကိုအောက်တွင် ဖေါ်ပြထါးသည်)
ဓမ္မပါလ ကွယ်လွန်ပြီးနောက် မဟာဗောဓိ အသင်းကြီး သည် မဟာဗောဓိစေတီ ကို ဗုဒ္ဓ ဘာသာ တို့ အုပ်ချုပ်သင့်ကြောင်း ဆက်လက်တိုက်ပွဲ ဝင်နေဆဲဖြစ်သည်။

လောလော ဆယ် တွင် တဝက်တပျက် စီမံ အုပ်ချုပ်နေရသည်၊ ကမ္ဘာ တလွှားမှ ဘုရာဖူး ဗုဒ္ဓ ဘာသာဝင် တို့၏ အလှူ တချို့သည် နိုင်ငံရေးသမား များနှင့် ဗုဒ္ဓ ဘာသာကို သေးသိမ်အောင်လုပ်သူ များလက်သို့ ရောက်ရှိကြကုန်၏။
မဟာဗောဓိစေတီ သည် နိုင်ငံရေးသမား များ၏ အသုံးချခံ ဖြစ်နေဆဲ ဖြစ်သည်။
၁၉၀၂ ခုနှစ် မန ္တလေး တွင် မြန်မာတို့ Viceroy Lord Curzon ထံ ဆန္ဒပြတောင်းဆိုခဲ့ သည့် မင်းတုန်းမင်း မဟန့် တွေကို ပေးအပ်ခဲ့သော ရွှေငွွေ များ ပြန်ရရေးသည်လည်း မဟန့် တွေ နှင့် အင်္ဂလိပ် အရာရှိတချို့ က ခွဲဝေ ယူ၍ နိုင်ငံရေးအသုံးချခံ ဖြစ်ခဲ့ရသည်၊ Viceroy Lord Curzon ပင် မဟန့် တွေ ဆီက တချို့တဝက် မျှဝေ ယူခဲ့၏။
မင်းတုန်းမင်း ၏ အလှူ စေတီ၊ ဇရပ်၊ ကျောင်း၊ ဆင်းတုတော် နှင့် အဆောက် အအုံ တို့ကား အငြိုးဖြင့် ဖျက်ဆီးခံရသလို ပျေက်ဆုံးလုနီးပါး ဖြစ်နေလေပြီ။
မင်းတုန်းမင်း နောက်ပိုင်း မြန်မာ တို ့၏ အလှူ များလဲ ထိုအတိုင်းပဲ ဖြစ်၏။
ညနေစောင်း၍ ဆွေးနွေးပွဲ ကို နောက်နေ့ ဆက်ကျရန် သဘောတူကြ၏၊ ကိုကျော် က နာလန္ဒာ တက္ကသိုလ်တွင် MA တက်ရောက်နေသော ရခိုင် ဦးဇင်းအား နက်ဖြန် ဆွေးနွေးပွဲ အတွက် အကူအညီ လှမ်းတောင်းနေလေသည်။



မင်းတုန်းမင်း ကောင်းမူ မဟန့် ပဲလေ့ ယခုထက်တိုင် King Hall ခေါ်နေဆဲဖြစ်သည်
 
 
 
 
 
 
 
မဟာဗောဓိ ပလ္လင် နေရာ

မဟာဗောဓိ ပင်


မဟာဗောဓိစေတီ



မင်းတုန်းမင်း အဆောက်အဦး ၁



မင်းတုန်းမင်း အဆောက်အဦး ၂



မင်းတုန်းမင်း အဆောက်အဦး ၃



မင်းတုန်းမင်း အဆောက်အဦး ကျွန်းတံခါး



မင်းတုန်းမင်း ကျောက်စာ ၁




မင်းတုန်းမင်း ကျောက်စာ ၂




မင်းတုန်းမင်း အဆောက်အဦး အပျက်အစီး ၁



မင်းတုန်းမင်း အဆောက်အဦး အပျက်အစီး ၂



မင်းတုန်းမင်း၏ ဆင်းတု




မြန်မာ မှတ်တမ်း အိန္ဒိယ အလိုကျ




မြန်မာ ခေါင်းလောင်း

မြန်မာတို့၏ ကန့်ကွက်စာ



ဓါတ်ပုံ

ကိုယ်တိုင် & web

 

မှီငြမ်းကောက်နုတ်ချက်၊
The Buddhist emperor Asoka went there after being in power for 10 years, and again 10 years later. This time, he set up a stone pillar with an elephant capital here, as well as similar pillars at Lumbini, Sarnath and Kusinara. (Birth first teaching and death spots). He also sent a branch of the still living tree to Ceylon, where it was successfully planted. This all happened around 250 BC.

The Mahabodhi Temple at Bodh Gaya represented to the British, in the nineteenth century, a conveniently ruined Indian past which could be protected, recovered and restored as both a duty and a validation of legitimacy. However, for the temple's Hindu proprietors, the shrine—aside from being a valuable estate in purely financial terms—functioned as a symbol of the triumph of ‘orthodox’ Hinduism over ‘heterodox’ Buddhism. Finally, for the Burmese Buddhists who undertook their own ‘restoration’ mission in 1874, the Mahabodhi Temple marked the site where, according to Buddhist tradition, Gautama Buddha first achieved enlightenment and thereby began the career of the religion that bears his name.
The desire to visit Bodh Gaya, but the inability of most Buddhists to do so, especially after the advent of Muslim rule, resulted in replicas of the Mahabodhi Temple being built in several Buddhist countries. A very good copy was built in Pagan in the early 13th century. This temple was in all likelihood based on plans brought from India by the mission sent by King Kyanzittha. Although not a temple as such, a stupa in the form of the Mahabodhi Temple was built in Tibet in 1452 to enshrine the remains of a famous lama. In 1472, King Dhammacetiya of Pegu sent a large contingent of craftsmen under the leadership of a Sri Lankan merchant to Bodh Gaya to worship at the temple and also to make plans of it:



In 1874, Burma's greatest modern king, Mindon Min (1853-1878), despatched an emissary to Calcutta requesting the Government of India to help a delegation to offer gifts on his behalf to the Bodhi Tree. Later, the Burmese Foreign Minister wrote to the government asking permission to renovate the Mahabodhi Temple and to build a monastery nearby to accommodate 20 monks on a permanent basis. When the Mahant was asked for his opinion about this, he replied that the Burmese could do what they liked so long as several Hindu idols near the temple were not interfered with.
In 1811, Buchanan noted that the terrace on the north side of the temple had been repaired and a stairway built up to it so that "the orthodox may pass up without entering the porch, and thus seeing the hateful image of Buddha". During the Burmese restorations begun in 1877, numerous statues were moved from where they had been lying and were cemented into the new wall that was built around the temple. The small shrine sheltering the Buddha's footprints was demolished and the stone itself moved to the Pancha Pandu Temple. The Mahant would never have allowed any of this to be done had the statues or the footprints been objects of worship.
The Burmese began to renew the interest they had in Bodh Gaya before this had been interrupted by Muslim rule. A little before 1795, a delegation from Burma had come to Bodh Gaya to collect water from the tank for the Burmese king to bathe in. Other delegations came in 1811, 1823 and 1833. Buchanan mentioned that just before his visit in 1811, a Burmese pilgrim had succeeded in converting one of the Giris to Buddhism. He also noted that although the new convert "now altogether rejects the doctrine of orthodoxy" he was still "accommodated and supported by the Mahant." Nor were the Burmese the only Buddhists who began returning to Bodh Gaya.”

"There is no doubt that the possession of the Temple should vest in the Buddhists. There may be legal difficulties. They must be overcome".


Mohendas Gandhi,

ကုိးကား
British Archaeologists, Hindu Abbots, and Burmese Buddhists: The Mahabodhi Temple at Bodh Gaya, 1811–1877, Modern Asian Studies (1999), 33:635-656 Cambridge University Press
http://www.buddhanet.net/
SOAS Bulletin of Burma Research, Vol. 1, No. 2, Autumn 2003, ISSN 1479-8484
http://www.stupa.org.nz/stupa/mahabodhi/mahabodhi.htm
Mahabodhi management committee