Friday, November 6, 2009

Shinagawa Prince to Big Sight အပိုင်း ၁


web

ဒီတစ်ခါ Tokyo ကို Exhibition နှင့် Seminar တက်ရန် ရောက်ခဲ့ ပါတယ်။

Shinagawa Prince Hotel မှာပဲ စီစဉ် ပေးပါတယ်၊ ဒီဟိုတယ်မှာ (၄) ကြိမ် မြောက် တည်းရခြင်း ဖြစ်ပါတယ်၊ Narita Airport, Haneda Airport, Shinjuku, Shibaura စသဖြင့် လွယ်သလို သွားနိုင်ပါတယ်၊ Shinagawa Station ကနေ လမ်းဖြတ်ကူး လိုက်ရုံပါပဲ ၊ အဓိက ကတော့ ပြပွဲကို Limousine bus စီစဉ်ပေးလို့ နှင့် သွားရလာရ လွယ်ကူလို့ ဖြစ်ပါတယ်။

ပြပွဲ နဲ့ seminar က Tokyo Big Sight (東京ビッグサイト Tōkyō Biggu Saito) မှာ ဖြစ်ပါတယ်။

ညက 39th floor restaurant မှာ စားတာ တော်တော် ညံ့ပါတယ်၊ အစောကြီး ဗိုက်ဆာနေတယ်၊
ဒါနဲ့ နံနက် ဂ နာရီ မှာ မနက်စာ စားပြီး၊ အချိန် အားနေတာနဲ့ ဟိုဟိုဒီဒီ လျှောက်ငေးဘို့ ထွက်ခဲ့တယ်။
အဲဒီအချိန် မှာပဲ Japan assistant က ဖုန်းဆက်လာတယ်၊ သူ စောရောက် နေ ပါတယ်တဲ့၊
သူ့ဆီ ပြန်လာခဲ့ပြီး၊ အကြံပေးတာနဲ့ ဟိုတယ်က Epson Aqua Stadium ကိုသွားဖြစ်ခဲ့တယ်။

Epson Shinagawa Aquarium က အသေးစား တခု ဖြစ်ပါတယ်၊ ဂျပန် နာမည်ကြီး Aquarium အခု ၂၀ ထဲမှာတော့ ပါပါတယ်။

ရောက်ဘူးတဲ့ Sunshine International Aquarium ikebukuro ထက်ငယ်ပါတယ်။ ဝင်ကြေး တော့ ပေါတယ်၊ Hotel Key ပြရင် ¥1500 ပဲ ပေးရတယ်။
Bowling alleys, Cinema, Indoor entertainment complex (Theme park) ပြီးရင် အပေါ်တက်လိုက်ရင် ရောက်ပါတယ်။


Cinema ဘက်က အဝင်












ဟိုဟိုဒီဒီ


Shows တွေတော့ တခုမှ မကြည့် ခဲ့ရပါဘူး၊



တွေ့ ရှိရာဒေသ မှာ မြန်မာပါတယ်၊


အမှတ်တရ


မြန်လိုက်တာ


တယောက်ယောက် နဲ့ တူသတဲ့၊


အနီးကပ်

အပေါ်မှာ၊


အလှ


ငါး တော့ မတွေ့ရဘူး, ဟော်လ်လိုဝင်


  





ဓါတ်ပုံ

ကိုယ်တိုင်























3 comments:

Anonymous said...

Interesting...wanna to go there.

Sein said...

Nice photos.
waiting for part II

shwezinu said...

thanks for knowledge