Sunday, October 18, 2009

နေရာ

နေရာ

“ဘယ်နေရာဘဲ ရောက်ရောက်၊ ဘယ်မှာဘဲ နေနေ ကိုယ်နေရာကိုယ်အိမ် လို့မှတ်ပါ၊ ဘာပဲလုပ်လုပ် ဘယ်လောက်ပဲလုပ်လုပ် ကိုယ်အလုပ် လို့မှတ်ပါ၊ ကောင်းသလိုနေ၊ ကောင်းတာလုပ်၊ စိတ်သာ အဓိက ငြိမ်းခြမ်း ချမ်းသာ လိမ့်မယ်။” (ကိုးကား ယောဆရာတော်)


 
 
 
 
 
 
ဒီ ရပ်ကွက်ဝန်းကျင် နေရာလေး မှာ မွေးဖွား ခဲ့တယ်။

ဒီ နေရာလေး မှာဘဲ ကြီးပြင်း ခဲ့တယ်။

ရပ်ကွက်ဝန်းကျင် နေရာလေးဟာ တနှစ်ဘဲ ခွဲခွဲ၊ သုံးနှစ်ဘဲ ခွဲခွဲ ပြန်လာရင် ချစ်ကြည်ရင်းနှီးမူ့ တွေပြည့်လို့။
ကြည်နူးစရာ နေရာလေးပါဘဲ။

ဒီလိုနဲ့ ရပ်ကွက်ဝန်းကျင် နေရာလေးကို မျက်နှာစိမ်းတွေ ဝင်ရောက်လါတယ်၊
တခုခု လိုနေသလို တခုခု မရှိတော့သလို၊ စိမ်းကားအရောင်ပြောင်း သွားခဲ့တယ်၊
ဒိုးသံဗြောသံတွေ ပြောက်လို့၊ နဂါးကသံတွေ ဆူညံစေခဲ့တယ်။

အဖေဟာ ဒီ နေရာလေး မှာဘဲ ဘ၀တပါး ကူးပြောင်း သွားခဲ့တယ်၊

အမေက ဒီနေရာလေး မှာဘဲ သူမိသားစုလေးကို လုံခြုံ ကြီးပြင်း စေခဲ့တယ်၊
နွေးထွေးခြင်း၊ ဧစက်ခြင်း၊ အေးမြမှု၊ ပူလောင်မှု၊ အချစ် အမုန်း တွေ ရှိခဲ့တယ်၊ ရှိနေဆဲဘဲ ဖြစ်တယ်။

ဒါနဲ့ သတိထားမိတာက၊
လာနေကျ ၀င်ထွက်နေကျ ဆွေမျိုးပေါက်ဖေါ်တယောက် ခုတလော အမေဆီ အလာများ နေတယ်၊
အသံတွေထွက်လာကုန်ပြီ။ ကြားနေရပြီ။
အမ အကြီးဆုံး ကတော့ အမေရဲ့ နေရာ အမေ သဘောတဲ့၊
အမလတ် ကတော့ အမေ မမျှ ဘူးတဲ့၊
အစ်ကိုလေး ကတော့ အားလုံး ရစေရမယ်တဲ့၊
အစ်ကိုလတ် က ဒီပွဲမှာ လူကြမ်း၊
အစ်ကိုကြီး က သူဝင်မပါဘူးတဲ့။

သား တွေကို ချစ်တဲ့ အမေ

သားလတ်ကို ခြံ၊အိမ်တွေ၊လုပ်ငန်း တွေ ပေးပြီးပါရက်နဲ့၊ ဒီနေရာဝင်းရဲ့ ဒုတိယအစွန်ဆုံး ကိုရစေတယ်။
သားငယ် ကျတော့ တိုက်ကြီးနောက်ပိုင်း နှင့် ဝင်းအစွန်ဆုံးပိုင်း။
သားကြီးလါး အမေထက်တောင် ပိုသေး၊ အဖေဆုံးတော့ အဖေလုပ်ငန်း၊တိုက်တွေ၊ ခြံတွေ၊အိမ်တွေ ၊ အစိုးရဆီ ကပြန်ရတာတွေ နှင့် အတွင်းပစ္စည်း ဆိုလါး။
ဒါကြောင့် သူဝင်မပါဘူးတဲ့လေ။
ညီအစ်မတွေ တိုက်ကြီးနှင့်အတွဲတိုက် ယူလေတဲ့။
နေရာလေး မှာ အသံတွေညံထွက် သွားတယ်။
အငယ်ဆုံးလေးက ဝင်ပြောတယ် အမေရှိနေပါသေးတယ်တဲ့။

ဆွေမျိုးပေါက်ဖေါ် က တစခန်း ထလာပြန်တယ်၊
စံချိန် ချိုးမယ်၊ ဒီနေရာလေး ကို သိန်းပေါင်း တသိန်း။
တဝင်းလုံးဆိုရင် သိန်းပေါင်း တသိန်း ငါးသောင်း အပြီးတဲ့။
သူလူက နောင်တချိန်မှာ သူတို့ ဌာနေမှာ အမတ်ခေါင်းဆောင် ဖြစ်မှာတဲ့၊ အချိန်အခါတွေ မပြောင်းခင် အမြန် ပြီးစေချင်တယ်တဲ့။

နေရာလေးကို ချစ်တဲ့ အငယ်ဆုံးလေးက အမေကို မြဘုရားပေးဖူးပြီး၊ဘုန်းကြီး ဆွမ်းကပ်၊
ပြီးတော့ အမေ အသက် ၈၅ နှစ်မြေက် မွေးနေ့ ကို ရှန်ဂရီလါ မှာ ကျင်းပနေလေရဲ့၊
ခဏပဲဖြစ်ဖြစ် တစိတ်တပိုင်းပဲဖြစ်ဖြစ် ၊ လောဘ ဒေါသ မောဟ တွေနှင့် ကင်းဝေးရခြင်းဟာ ငြိမ်းခြမ်း အေးမြခြင်း ပါပဲ။

အဲဒီအတွက် ဖြစ်လာရတဲ့ ပီတိဆိုတာ ဘာနဲ့မှ လဲလို့မရပါဘူး၊

ဟိုမှာဖြင့် အမေကို လွမ်း နေကျတော့မှာ၊
အထူးသဖြင့် ဆွေမျိုးပေါက်ဖေါ် နှင့် သူလူ အမတ်လောင်း။

1 comment:

ပေါ့ဆိမ့် said...

အကိုရေ...
အမေအိပ်ကိုတောင် လွမ်းသွားတယ်။ ကိုယ့် နေရာလေးဆီ ပြန်ချင်စိတ်တွေ ခဏခဏ ထိမ်းနေရတယ်