Showing posts with label ရေ. Show all posts
Showing posts with label ရေ. Show all posts

Friday, November 6, 2009

ရေ




မြေအိုး ထဲကရေ ၊     
ပလပ်စတစ်ဘူး ထဲကရေ၊
အုန်းမှုတ်ခွက် ထဲကရေ၊
ဖန်ခွက် ထဲကရေ၊
လက်ခုပ် ထဲကရေ၊
ငွေခွက် ထဲကရေ၊
အသက်ရှင်ဘို့ ရေ

မရှိမဖြစ် ရေ။
ရှာနေတဲ့ရေ ရှောင်နေတဲ့ရေ၊
ရေနှင့် လူသား၊ ရေနှင့် ပတ်ဝန်းကျင်၊ ရေနှင့် ကမ္ဘာ၊ ရေနှင့် ဂြိုလ်၊ ရေနှင့်  စကြ ဝဠာ အဆုံး။

တချို့နေရာမှာ

ရေတွေမရှိ၊ ရေတွေပိုလျှံ၊  

ရေတွေခမ်းခြောက်၊ ရေတွေကြီး၊
ရေခဲနှင်းတွေကျ၊ ရေခဲပြင်တွေပျော်၊
ရေငွေ့တွေပြန်၊ ရေမိုးတွေကျ၊
တနေရာမှာ အများကြီးကျ၊ တနေရာဆီ လုံးဝမကျ။