Sunday, February 28, 2010

ပုံပြင်မဟုတ်တဲ့ ငါ့ရဲ့မှတ်စု (ဒုတိယပိုင်း)

ျမန်မာပြည်ကို ပြန်ရောက်ရှိခဲ့ပါသည်၊

လာကြိုသူများက အဆင်ပြေအောင် လုပ်ပေးထားတဲ့အတွက်၊ အားလုံးအဆင်ပြေခဲ့သည်၊
လေယာဉ်ကွင်း အပြင်ခဏထွက်ပြီး ကိုယ်နိုင်ငံရဲ့လေကို တစ်ဝကြီးရှုသွင်းလိုက်မိသည်၊ တစ်ခြားသူတွေနဲ့တော့ ကွာပါလိမ့်မယ်၊ ကျမအတွက် ဒီလေတွေဟာ လျှော့ပေါ့မူ နှင့် လွတ်လပ်မူတစ်ချို့ ကိုပေးစေခဲ့ပါတယ်။
ဝမ်းသာပျော်ရွှင်နေတဲ့ ချစ်သူ၊ မိဘ၊ ဆွေမျိုးတွေရဲ့ အပြုံးအောက်မှာ ကျမရဲ့နာကျဉ်ခြင်း နှင့် ဝေဒနာတစ်မျိုး ခံစားနေရတဲ့စိတ်တွေ ယာယီပျေက်ကွယ်သွားတယ်၊
‘ဟိုနိုင်ငံလူဝင်မူကြီးကြပ်ရေးမှာ ပြသာနာ တက်တယ်ဆို၊’ 
‘ဟုတ်တယ်၊ ဒါပေမဲ့ အဆင်ပြေသွားပါတယ’် ဆိုပြီး စကားဖြတ်ပစ်ခဲ့ပါတယ်၊
ဒီလိုနဲ့ ကျမသန်လျင်အိမ်ကိုပြန်ရောက်ခဲ့သည်။

ချစ်သူကို မိဘနှင့် တစ်ရက်နှစ်ရက်လောက်နေချင်သေးတယ်၊ ဖုန်းပဲဆက်ပေါ့၊ ရပါတယ်ဆိုပြီးပြန်သွားပါတယ်၊ သူ့ ့အတွက်ဝယ်လာတဲ့ လက်ဆောင်တွေပေးလိုက်တယ်၊ 
ပစ္စည်းတွေနေရာချပြီးတာနဲ့ ကျမ ပထမဦးဆုံးလုပ်မိတာက ဖေဖေ နှင့် မေမေကို ထိုင်ကန်တော့ခြင်းဖြစ်သည်၊ ကျမမျက်ရည်တွေကျလာပါသည်၊ ဖေဖေ နှင့် မေမေလည်း မျက်ရည်တွေဝဲ၊ မျက်ရည်တွေကျလာပါသည်၊ ကျမဘာကြောင့် မျက်ရည်တွေကျသလဲ၊ ဖေဖေ နှင့် မေမေတို ့ ဘာလိုမျက်ရည်ကျရသလဲ၊ အဓိပ္ပါယ်တော့ကွာပါလိမ့်မည်၊ 
ဒါပေမဲ ့ချစ်ခြင်း၊မေတ္တာကြောင့်ဆိုတာ ငြင်းလို့ရမယ်မထင်ပါ။
ဖေဖေ နှင့် မေမေ ပေးသောဆု၊ မေမေရဲ့ ‘ဝမ်းသာဝမ်းနည်းဖြစ်မနေပါနဲ ့သမီးရယ် ဆက်လုပ်စရာတွေ အများကြီးရှိသေးတယ’် ဆိုတဲ့နှစ်သိမ့်မူတွေနှင့် ကျမအားတွေမွေးယူခဲ့သည်၊
ဟုတ်တယ်လေ ဘဝကိုဒီလိုနဲ ့ ရပ်ထားလို ့ဘယ်ဖြစ်ပါမလဲ။
သုံးရက်ဆိုသော အချိန်ဘယ်လိုကုန်သွားမှန်းမသိ၊ လေးရက်မြောက်မှာချစ်သူရောက်လာပါသည်၊

အေးအေးဆေးဆေး စကားပြောရအောင် ကျိိုက်ခေါက်ဘုရားပေါ်တက်ခဲ့ပါသည်၊ 
ဟိုတုန်းကဆိုရင် ချစ်သူနှင့် သန်လျင်ဘက်တွင် ဘယ်တော့မှမတွေ့၊ ရန်ကုန်ဘက်တွင်သာ တွေ့နေကျဖြစ်သည်။
သန်လျင်ကကျဉ်းသည်၊ စကားတွေမရှုပ်ချင်၍ဖြစ်သည်၊ မှတ်မှတ်ရရ ချစ်သူနှင့် နတ်စင်တစ်ရာ သွားဘူးသည်၊ ချစ်သူကိုရှင်းပြချင်လို ့ဖြစ်သည်၊ သူငယ်ချင်းတွေက ဘာလို့သွားတာလဲ စုံတွဲတွေမသွားရဘူး၊ 
တခြားစုံတွဲတွေလဲဲတွေ့ခဲ့တယ် ရိုးရိုးသားသား သွားဆုတောင်းတာပါ လို ့ပြန်ဖြေခဲ့သည်၊
နိုင်ငံခြားမထွက်ခင် တစ်ရက်က ကျမတို ့ ရေနံဝင်းစပ်က လွမ်းစေတီကိုသွားဖူးကြသည်၊ ကြီးမားတဲ့ညောင်ပင်အိုကြီးရဲ ့အောက်မှာ ငဇင်ကာအုတ်ဂူဆိုတာကို ကြည့်ရင်း အလွမ်းတွေသဲကြသည်၊
အဲဒီလိုပဲ ဘာလို ့ လွမ်းစေတီဘက်သွားတာလဲ ဆိုကြပြန်သည်၊ တညင်က ရာဇဝင်နဲ ့လေ ၊ ချစ်သူတွေ နတ်စင်တစ်ရာ မသွားသင့်၊ ရှင်မွေးလွန်းလွမ်းစေတီ မသွားသင့်၊ ဒုက္ခ ရောက်မယ်၊ ကွဲကြမယ်စသဖြင့်ပေါ့။

………………………. …………………………. ……………………




သြော်ချစ်သူ အကြောင်းပြောကြရအောင်၊


ချစ်သူ နာမည်က ရဲလင်းအောင် ရန်ကုန် အလုံ မှာနေသည်၊ စက်မူတက္ကသိုလ်က B.E. Electrical ဘွဲ့ရထားပြီး၊ သူ့သူငယ်ချင်း Company တွင် Project အင်ဂျင်နီယာ လုပ်နေသည်၊ မိဘတွေက လခစား အရာရှိတွေဖြစ်ပြီး အေးဆေးသည်။
ကျမတို ့တွေ့ပုံကတော့ ရိုးရိုးလေးပါပဲ၊ ကျမက အင်းစိန် ဂျီတီအိုင်မှာ ကျောင်းတက်တယ်၊ ရန်ကုန် စက်မူတက္ကသိုလ်ထဲ သူငယ်ချင်း တစ်ယောက်ဆီ Drawing set သွားဝယ်ရင်း၊ မိတ်ဆက်ပေးရာကနေ သိကျွမ်းခဲ့ရသည်၊ ကျမထက် အသက်သုံးနှစ်ကြီးသည်၊
ဒီနောက်မှာတော့ ကျမတက်နေတဲ့ ဂျီတီအိုင်ကို သူရောက်ရောက်လာသည်၊ အပြန် ဗိုလ်တစ်ထောင် ဆိပ်ထိပို့ပေးသည်၊ ထိုစဉ်က သန်လျင်တံတား မပြီးသေး ဆောက်နေဆဲဖြစ်သည်၊ သူငယ်ချင်းတွေက နင်ကိုခိုက်နေပြီ လိုက်နေပြီဆို၏၊
ရွေစင်ညိုဘာလို ့ဝဲသလဲဆိုတာသိပေမဲ့၊ ရင်ခုန်သာယာနေမိသည်၊
ကျမသွားချင်သော နေရာတွေကိုလိုက်ပို ့ပေးသည်၊ နှစ်ယောက်ထဲဆိုင်ထိုင်ဖြစ်သည်၊ စကားတွေဖေါင်ဖွဲ့ပြောဖြစ််ကြသည်၊ သူ့အကြောင်း ကိုယ့်အကြောင်း ဘေးလူတွေအကြောင်း၊ ရုပ်ရှင်ဂီတစာပေ ရောက်တတ်ရာရာ ပြောကြသည်၊ ကျမဘဝမှာ ကြည်နူးဖွယ်ရာ အကောင်းဆုံး အချိန်လေးတွေပါပဲ။ 

ကျမသည် ဆယ်တန်းအထိ ကလေးလိုနေခဲ့သည်၊ ဂျီတီအိုင် ဒုတိယနှစ်ရောက်မှ ရင်ခုန်ဖြစ်ခဲ့သည်၊
ရဲလင်းအောင် မတိုင်ခင် ကျမကို ကြိုက်တဲ့သူတွေရှိပါသည်၊ အများအားဖြင့် ရေနံချက်စက်ရုံမှ အင်ဂျင်နီယာများ နှင့် ဓါတုဗေဒ အရာရှိငယ်များ ဖြစ်သည်၊ ကျမထက် အသက် ခြောက်နှစ် မှ ဆယ်နှစ်ထိကြီးကြသူများဖြစ်သည်၊
သူတို ့ဆီက ရီးစားစာ အစောင် ၃၀ ကျော်ရဘူးပါသည်၊ 
ကျမတို့အိမ်သည် သန်လျင်မြိို့လယ်မှာ ရှိသည်ဟုဆိုနိုင်သည်၊ ဆီချက်ဆိုင်၊ လက်ဖက်ရည်ဆိုင််် ပြီးရင် ကျမတို့အိမ်ပါပဲ ကုန်စုံဆိုင်ဖွင့်ထားသည်၊ လက်ဖက်ရည်ဆိုင်််၊ ဆီချက်ဆိုင် ပိုင်ရှင််များ၏ သမီးများသည် ကျမ၏ သူငယ်ချင်း များဖြစ်ကြသည်၊ လက်ဖက်ရည်ဆိုင်သည် ရေနံချက်စက်ရုံမှ သူများနဲ့စည်ကားလေ့ရှိသည်၊ သန်လျင်က ကောင်မလေးများကို ဘယ်သူက ဘယ်သူ့ကိုကြိုက်လို ့ မသိချင်မှအဆုံး၊ ကျမတို ့ သူငယ်ချင်းတွေလဲ ရလိုက်တဲ့ရီးစားစာတွေ၊ ထိုစာများထဲတွင် အသက်ကြီးကြီး ဓါတုဗေဒ အရာရှိငယ် တစ်ဦး၏ ရီးစားစာက ကျမကို အမှတ်တရဖြစ်စေခဲ့ပါသည်၊ ကျမတို့သူငယ်ချင်းတွေ ဖတ်ပြီး အမှတ်အများဆုံးပေးခဲ့ပါသည်၊ စစ်ကိုင်းဘက်ကဖြစ်ပြီး ယခု ကျောက်တန်းတွင် အိမ်ထောင်ကျ နေပြီဖြစ်သည်။ 
‘အစ်ကိုကြီး ချစ်ရပါသော ညီမ မိုးစန္ဒာ၊ ရိုသေလေးစားစွာဖြင့်လဲ သူများတွေ ခေါ်သလို စန္ဒာလို ့ မခေါ်ပဲ၊ မိုးလို့ပဲခေါ်ပါရစေ’ ဟု ပထမစာတွင် အစချီလာသည်၊ “ဟို အစ်ကိုကြီးရဲ ့မိုးစန္ဒာ၊” ဇာတ်လမ်းဖြစ်ခဲ့ပါသည်၊
ကျမ မှာ ရီးစား ရှိနေပါပြီဟု အသိပေးသောလည်း ကိုကြီးရဲ ့ အချစ်ဟာ ထာဝရပါ၊ အိမ်ထောင်မကျမချင်း မျှော်လင့်ချက်နှင့် ဆက်ပြီးချစ်ခွင့်ပြုပါ မိုးစန္ဒာ ညီမရယ်ဆိုပြီး နေပြန််တယ်၊ နောက်တော့လည်း အဲဒီ အစ်ကိုကြီး အိမ်ထောင် အရင်ပြုသွားပါတယ်၊သြော် ထာဝရ အချစ်တွေပေါ့။

သူငယ်ချင်းတွေအဖြစ် တွဲသွားတွဲလာ လုပ်နေကြရင်း ဆယ်လကျော်ကျော်မှာ ရဲလင်းအောင် ကျမကို ချစ်ရေးဆိုလာပါတယ်၊ ဗိုလ်တစ်ထောင်ဘုရား ရင်ပြင်တော်မှာပါ၊ ကျမ ကျောင်းပြန် နောက်ကျရင် ဗိုလ်တစ်ထောင်က ဦးလေးအိမ်ဝင်အိပ်ပါတယ်၊ ဦးလေးအိမ်မဝင်ခင် ဘုရားဝင်ဖူးလေ့ရှိပါတယ်၊ နောက်ပိုင်း ရဲလင်းအောင် လိုက်လိုက်လာပါတယ်။
ကျမ ကလည်း နင်ချစ်ရေးဆိုတာကို ငါအသိအမှတ််ပြုပါတယ်၊ လောလောဆယ်တော့ ငါတို ့ ဒီလိုပဲဆက်နေရအောင် ဆိုတော့၊ ရပါတယ် နင်အနားငါအမြဲရှိနေရရင် ကျေနပ်ပါတယ်တဲ့၊ 

ဆယ်ကျော်သက် ကျမဘဝကို ရင်ခုန်မူ တွေပေးသလို၊ ပျော်ရွင်ကြည်နူးမူတွေပေးလေတော့ အချစ်ဆိုတာ ဒါလားဟေ့ ဆိုပြီး ကျမ ရဲလင်းအောင်ကို ချစ်သူ အဖြစ် အဖြေပေးခဲ့ပါသည်။ အဲဒီနေ ့ဟာကျမ နောက်ဆုံးနှစ် စာမေးပွဲပြီးတဲ့နေ ့ပါပဲ၊ ဒါပေမဲ့ သူ့ချစ်ရေးဆိုတာကို တစ်မျိုးတစ်ဖုံ ရင်ခုန်ခြင်း၊ တထွေတထူး ဘာမျှ မခံစားခဲ့ရပါ။
ချစ်သူတွေဖြစ်ပြီးမှ ရန်ကုန်နှင့် သန်လျင် နီးပေမဲ့၊ ကျမတို့ တွေ့ချိန်နည်းလာသည်၊ 
သူကလည်း နောက်ဆုံးနှစ်၊ ကြို့ကုန်းအဆောင်တွင်သွားနေတာများသည်၊ ကျမကလဲ အိမ်ကိုကူ၊ တဘက်မှာ စာပေးစာယူ တက်ဖြစ်တော့ ကျမရန်ကုန်လာတဲ့အချိန်၊ သူ့ကျောင်းအားချိန် တွေမှာပဲတွေ့ဖြစ်သည်၊ ဖုန်းထဲမှာပဲတွေ့ကြပြီး ဖုန်းချစ်သူတွေဖြစ်ခဲ့သည်၊ တွေ့ကျပြန်တော့လည်း ရုပ်ရှင်ကြည့် လျှောက်လည်နှင့် အချိန်တွေကုန်ခဲ့သည်။

- ချစ်သူသိလေ…
သတိရလျှင်၊ ဒေသအကွာ
နေရတာကွဲ၊ ဘယ်လိုခွဲခွာ
ဘယ်လောက်ကွာမလဲ..
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်
ထာဝရထင်သော၊ ရင်ထဲအရိပ်
စွဲလမ်းစိတ်ဖြင့် ..
အိမ်မက်တိုင်းမှာ ရှိနေသူ…..



ဒီကဗျာလေးကို ရွတ်ပြသောအခါ၊ သူ ပီတိတွေဖြာခဲ့သည်၊ ကျမ ကဗျာ ကြိုက်တာကိုသိ၍ သူတို့ကျောင်းနှင့် မိန်းထဲကထုတ်သော လက်ရေး ကဗျာ စာအုပ်တွေ ဝယ်ဝယ်ပေးတတ်သည်၊ မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာစာအုပ်ဝယ်ပေးသောနေ့က မှတ်မှတ်ရရ သူ့ကိုအထူးကျေးဇူးတင်မိသည်၊ ‘ငါနင့်ကိုကျေးဇူး တင်လိုက်တာ’ ဟုအကြိမ်ကြိမ်ပြောမိသည်။

ကျမတို့နှစ်ယောက်က မင်းနဲ့ငါနဲ့နင်နဲ့ ပဲပြောသည်။ ‘မောင’်လို့ ခေါ်ရမလားဆိုရင် သူပြုံးသည်၊ ‘ကို’လို့ ခေါ်ရမလားဆိုရင် သူရယ်သည်၊ ကျမကလည်း ခေါ်ဘို့မကြိုးစားခဲ့၊ သူကလည်း မတိုက်တွန်း ချစ်သူနှစ်ဦးရဲ့ နားလည်မူပေါ့။
ကျမ ရုပ်ရှင်ကြိုက်သည်၊ ကျမတို့နှစ်ယောက် ရုပ်ရှင်တော်တော်ကြည့်ဖြစ်သည်၊ သမ္မတ ရုပ်ရှင်ရုံတွင် အများဆုံး ကြည့်ဖြစ်သည်၊ အဲဒီလိုနဲ့ ရုပ်ရှင်ကြည့်ရင်း ကျမသူ့ကို ပထမဦးဆုံးအကြိမ်နမ်းခွင့်ပေးခဲ့သည်၊ နဝဒေး ရုပ်ရှင်ရုံတွင် မင်းသား ကျော်သူ ကား ကြည့်သည့်နေ့ကဖြစ်သည်၊ ရုပ်ရှင်ဇာတ်လမ်းကို ကျမ မမှတ်မိခဲ့ပါ။
ကျမကို သူ့ကျောင်းသို့ ခေါ်သွားတတ်သည်၊ ကျမလဲလိုက်သည်၊ နွေအေးဆိုင်တွင်ထိုင်ကြသည်၊ ဒီကျောင်းမှာ ကျောင်းသူရှားလို့ ငါ့ကိုကြိုက်တာလားဆိုရင် မဟုတ်ပါဘူး ကျောင်းသူတွေပေါပါတယ် မိန်းမရှားလို့၊ ဟိုမှာကြည့် အဲဒါဂျီဟောသူဆိုတာ၊ သူပြသော ဂျီဟောသူတွေကို ကြည့်ပြီး ကျမတို့နှစ်ယောက်ရယ်ဖြစ်သည်။
သူ့ သူငယ်ချင်းတွေက မေဂျာစုံကဖြစ်သည်၊ နွေအေးဆိုင်ရောက်လာရင် အိပ်မှုံစုံဖွားတွေနဲ့ မိုးလင်းထိ စာကျက်ကြသည်ထင်သည်၊ (နောက်မှသိရသည်မှာ ဖဲဝိုင်းကထလာကြခြင်းဖြစ်သည်)၊ 
သူ့ သူငယ်ချင်းအရင်းတွေကတော့ ကိုတိုး၊ နိုင်သာထက်ကျော် နှင့် ကိုညီတို့ဖြစ်သည်၊ ကိုညီသည် မိုးကုတ်ကဖြစ်ပြီး ကိုညီ့အခန်းတွင် သူ့အိပ်လေ့ရှိသည်၊ သာထက်ကျော်က နယ်မှဖြစ်သည် စကားကြီးစကားကျယ် သိပ်ပြောသည်၊ ကိုတိုးက ရန်ကုန်က အစိုးရအရာရှိကြီးကြီး၏ သားဖြစ်သည်၊ မာဇဒါဂျစ်နှင့် ကျောင်းတက်သည်၊ သူ့ ကောင်မလေးက Chemical ကယ်မီကယ် ကဖြစ်ပြီးစာတော်သည်တဲ့၊
ကိုတိုးက ဒီကောင်ကို ဖဲရိုက်လျှော့ခိုင်းဆို၍ ကျမတို့နှစ်ယောက် စကားများရသည်၊ ကိုတိုးကတော့ ဟဲဟဲ ….ဟဲဟဲနဲ့။

သန်လျင်တံတားပြီးသွားသောအခါ၊ သန်လျင်၊ ကျောက်တန်း ဖွံဖြိုးရေးစီမံကိန်းများဝင်လာသည်၊ ရေနံချက်စက်ရုံကြီးကလည်း မလည်သည်ကများသည်၊ သန်လျင်မြို့၏ စီးပွားရေးပုံစံပြောင်းလဲသွားသည်၊ မိုးကျရွှေကိုယ် စီးပွားရေးသမားတွေ ဘယ်ကရောက်လာမှန်းမသိ၊ ထိုအချက်များသည်၊ ကျမတို့ အိမ်ရဲ့ စီးပွားရေးကို ထိခိုက်စေခဲ့သည်။ 
အိမ်၏ လုပ်ငန်းကို သမီးကြီးတစ်ယောက် အနေဖြင့် အဖေကို ကူညီကာ ဝိုင်းဝန်းကြိုးပမ်းခဲ့သည်၊ ကုန်စုံဆိုင်မက ကုန်မာ ကိုပါ ခေတ်နှင့်အညီ ပြောင်းလဲခဲ့သည်၊ ရဲလင်းအောင်ကတော့ ကျောင်းပြီး၍ သင်္ဘောလိုက်ရန် ရေတပ်ထဲတွင် ဒေါ့ခ် ဆင်းနေသည်၊ မနက်ပိုင်း ဒေါ့ခ်ဆင်း၊ ညနေ ကျမကိုလာတွေ့၊ ကျမနှင့် စျေးဝယ်လိုက် ပုံမှန်တာဝန်လို ထမ်းဆောင်နေသည်၊
ကျမ အိမ်အခြေအနေကို သူ့ကိုရှင်းပြသည်၊ ‘အားကိုးရမှာလားဟင်’ ဟုမေးသောအခါ၊ ‘ရပါတယ်၊ ဖြစ်သွားမှာပါ’ ဟုဆိုသည်၊ သင်္ဘောပေါ်တက် သင်္ဘောလိုက်ရုံနဲ့ အိမ်ထောင်တခု ထူထောင်လို့ရပြီလား၊ အိမ်ထောင်တခု အတွက်အဆင်ပြေသွားမှာလား၊ စလုံးရေးစရမည်ပေါ့၊ စိတ်ထဲမှာတော့ အားကိုးပါရစေချစ်သူရယ်…။
စျေးကွက်စီးပွားရေးစနစ်ကြောင့်လား၊ ခေတ်က အပြောင်းမြန်လို့လား၊ ကျမတို့ အိမ်ရဲ့ သမရိုးကြ စီးပွားရေးလုပ်ငန်း ခက်ခဲလာသည်၊ ရဲလင်းအောင်က သူ့ ဒေါ့ခ်မဆင်းတော့၊ ပင်လယ်ထဲတွင် ကိုးလ၊ တစ်နှစ် မနေနိုင်ဟုဆိုသည်၊ ကွန်ပြူတာ နှင့် အင်္ဂလိပ်စာ သင်တန်းတစ်ချို့တက်နေသည်၊ ကျမလဲ သူ့ကိုအားပေးသည်၊ ကိုယ်ဖြစ်ချင်တာကိုပဲ ဖြစ်အောင်လုပ်ပါလို့ ။ 
ကျမတို့ ချစ်သူနှစ်ဦး နောင်ရေးဆွေးနွေးချက်များ၊ ဘာမှမရေရာပဲဖြစ်နေသည်၊ တစ်ချို့က မင်းတို့ပညာတတ်တွေပဲ၊ တစ်ခုခုလုပ်ကြလေ ဆိုရင် ဟုတ်ကဲ့ ဟုဖြေပြီး ဘာလုပ်ရမည်မသိ၊ အတူတူနေကြရအောင်လို ့ နှစ်ဦးစလုံး မပြောဖြစ်ကျ။
ကျမနဲ့ အဖေကြားမှာ မတူတဲ့ စီးပွားရေးအမြင်တွေရှိလာသည်၊ ကျမတားနေသည့်ကြားက အဖေကားရောင်းလိုက်သည်၊ အဖေရောင်းပြီး သုံးလအကြာ ကားစျေးတွေ အဆမတန်တက်သွားသည်၊
ကျမနဲ့အမေတို့ အဖေကိုဝိုင်းပြောကြသည်၊ အဖေဘာမှ ပြန်မပြောပါ၊ နောက်တော့ အဖေမှာဒီထွက်ပေါက်ပဲ ရှိတော့တာ ဆိုတာကျမနားလည်လိုက်သည်၊ အဖေလဲခံစားရမှာပါ၊ ကျမ အားလုံးကို နားလည်နေပါပြီ၊
အဆင်မပြေသော အိမ် စီးပွားရေး အခြေအနေနှင့် ဘာလုပ်ရမှန်းမသိသော သမီးကြီး တစ်ယောက်၏ ခံစားချက်ကို နားလည်စေချင်သည်။ 

ရဲလင်းအောင်ရဲ့ သူငယ်ချင်းတစ်ချို့ သင်္ဘောလိုက်သွားကြသည်၊ တစ်ချို့တပ်ထဲဝင်သွားသည်၊ တော်တော်များများ အစိုးရအလုပ်လုပ်ဘို့စိတ်မကူးကြ၊ ကျမ၏တိုက်တွန်းချက်အရ ကိုတိုး အဖေ အစုအစပ်ပါသော စက်ရုံတွင် ရဲလင်းအောင် အင်ဂျင်နီယာ ဝင်လုပ်သည်၊ သူ့သူငယ်ချင်း ကိုညီ ဂျပန်သို့ထွက်သွားသည်၊ ဗိုလ်တစ်ထောင်မှ အစ်မဝမ်းကွဲ မရီခိုင် AIT တက်ရန် ဘန်ကောက်သို့ ထွက်သွားသည်၊ တစ်ခုခုလုပ်ပါလားလို့ပြောပြီး ဘာလုပ်စရာမှ မရှိသော ထိုအချိန်က လူငယ်များ၏ ထွက်ပေါက်ကို လူငယ်များကရှာကြသည်။
မရီခိုင် AIT တက်ခွင် ့ရသော်လည်း full scholarship မရ၍၊ ဘေးနိုင်ငံသို ့အလုပ်လုပ်ရန်ထွက်သွားသည်၊ မရီခိုင် အလုပ်ရှာရာတွင် ကံကောင်း၍ အလုပ်ကောင်းတစ်ခုရသည်၊ တစ်နေ ့၁၂နာရီ လုပ်ရသည်၊ တစ်လမှာ ၂ရက်တာ နားရသည်၊ ဝင်ငွေကောင်းသည်။
မရီခိုင် အဆင်ပြေခြင်း၊ ကျမအိမ်၏ စီးပွားရေးအခြေအနေအရ ကျမနိုင်ငံခြားထွက်ဖို့စိတ်ကူးမိခဲ့သည်၊ အိမ်၏ အခြေအနေကို သိသော မရီခိုင်က ညီမ လာခဲ့ပါဟုလှမ်းခေါ်သည်၊ ထိုကိစ္စကို ရဲလင်းအောင်နှင့် တိုင်ပင်ဖြစ်သည်။
နိုင်ငံခြားထွက်ကြသည် ဆိုရာ၌၊ ပိုက်ဆံရှာရန်၊ ရေကြည်ရာမြက်နုရာရှာ အခြေချရန်၊ ဘာမှလုပ်စရာ ကိုယ်လုပ်ချင်စရာ ဒီမှာ မရှိ၍ ရေစီးကြောင်း အတိုင်းလိုက်ထွက်ခြင်း၊ နိုင်ငံရေးအခြေအနေရ 
နေလို ့မဖြစ်၍ထွက်ရခြင်း၊ စသဖြင့် လူငယ်အများစု နိုင်ငံခြားသို ့ထွက်ကြသည်။ အရင်တုန်းက သင်္ဘောသား အလုပ်ဖြင့်သာ နိုင်ငံခြားငွေရ၍ နိုင်ငံခြားသို ့ထွက်ကြသည်။

ကျမကတော့ ပိုက်ဆံရှာရန် နိုင်ငံခြားသို ့ထွက်မည်၊ အခြေအနေကပေးသည်၊ လူရင်း အစ်မဝမ်းကွဲ ရှိသည်၊ ရဲလင်းအောင် နှင့် အကြေအလည် ဆွေးနွေးပြီး၊ နောက်ဆုံးတော့ သူ သဘောတူခဲ့သည်၊ ချစ်သူနဲ့ရော အဖေအမေနဲ့ရော အဝေးကို ဘာလို ့ခွဲချင်မှာလဲ၊ အခြေအနေအရ ကျမ နိုင်ငံခြားသို ့ထွက်ခဲ့သည်။
နိုင်ငံခြားမထွက်ခင်ည လွမ်းစေတီ ညောင်ပင်အိုကြီးရဲ ့အောက်မှာ ကျမတို ့တွေ ့ဖြစ််ကြသည်၊ တစ်ဦးနှင့်တစ်ဦး အမှာစကားတွေ ချွေကြသည်၊ နောက်ဆုံးမခွဲခင်ကလေးကျမကို တင်းကျပ်စွာဖက်ထားရင်း ကိုယ်သင်းန့ံလေး တစ်ဝကြီး ရှုပါရစေ ဆိုပြီး၊ အနမ်းတွေဝေခဲ့သည်၊ ကျမလည်း ချစ်သူ့ကို ပထမဦးဆုံးအကြိမ် နမ်းခဲ့သည် ရင်ခုန်ခြင်းများဖြင့် ကျမတို့ အိမ်ပြန်ခဲ့သည်။

ချစ်သူရယ် 
အပင်တိုင်းဟာ ပန်းပွင့်မယ်ဆိုရင် 
ဘဝဆိုတာ ပန်းခင်းကြီးပေါ့၊
ပန်းပွင့်တိုင်းဟာ မွှေးမယ်ဆိုရင်
လောကမှာ သာယာကြည်နူးဆုံးပေါ့၊
ဒါထက်ပြည့်စုံတာကတော့
ချစ်သူနှင့် အတူနေရခြင်းပါပဲ။


ချစ်သူရယ်
ချစ်တဲ့သူတိုင်း အတူနေရမယ်ဆိုရင်
လွမ်းတယ်ဆိုတာ ဘယ်ရှိတော့မလဲ၊
ချစ်တဲ့သူတိုင်း မခွဲကြဘူးဆိုရင်
ဆွေးတယ်ဆိုတာ ဘယ်ရှိတော့မလဲ၊
ရင်နာပေမဲ့လဲ စဉ်ကာအခြေမပေးလေတော့
ချစ်သူရယ်
ကြင်နာစွာဖြင့်လဲ ခဏ ခွဲကြတာပေါ့။
……………………. ………………………. ………………………


ကျမတို့နှစ်ယောက် သူ့အိမ်ကိုသွား၍ သူ့မိဘတွေကို ကန်တော့ပြီး လက်ဆောင်တစ်ချို့ပေးသည်၊
အပြန်တွင် အင်းလျားလမ်းက ဒင်နိူဝင်ပြီး အအေးသောက်ကာ ရှေ့ရေးဆွေးနွေးဖြစ်သည်၊ 
‘တစ်လနှစ်လ အတွင်းမှာ ငါတို့ မင်္ဂလာဆောင်ရအောင်၊’ ရဲလင်းအောင်ကမေးသည်၊
‘တစ်လတော့ ငါနားပါရစေဦး၊ နောက် တစ်လနှစ်လ အတွင်းမှာလုပ်ပေါ့၊’ ပြန်ဖြေမိသည်၊
‘ရတယ်၊ နင်ဖြစ်ချင်တဲ့ အစီအစဉ်ကိုပြောဦးလေ၊’
‘ရပါတယ် နင်လေ့လာထားပြီပဲ၊ ငါ့အမေနှင့် တိုင်ပင်ပြီးလုပ်လိုက်ပါ၊’
‘ဖုန်းထဲမှာ မင်္ဂလာဆောင်အတွက် နင်ဖြစ်ချင်တာ၊ နင်လုပ်ချင်တာတွေ အများကြီးပဲ၊’
‘ဟုတ်တယ်၊ ခုမဟုတ်တော့ဘူး၊’
‘နင်ဘယ်လိုဖြစ်နေသလဲ၊ တခုခုဖြစ်နေသလား၊ ငါကိုပြောပါ၊’ ရဲလင်းအောင်က ကျမမျက်နာကို သေသေချာချာကြည့်၍ မေးသည်၊
‘ဘာမှ မဖြစ်ပါဘူး၊ ငါ နင်နှင့် အတူတူနေဘို့၊ မင်္ဂလာဆောင်ရအောင် ပြန်လာခဲ့တာပဲ၊’
‘ဒါပေမဲ့ ငါတစ်ခုပြောမယ်၊ ငါတို့ ရန်ကုန်မှာပဲဆောင်မယ်၊ သန်လျင်မှာ မဆောင်တော့ဘူး၊
ငါ့အမေနဲ့ တိုင်ပင်ပြီးလုပ်ပါ။’ ကျမလဲ ရဲလင်းအောင် မျက်နာကို သေသေချာချာကြည့်၍ ပြန်ဖြေလိုက်သည်။
မင်္ဂလာဆောင်စိတ်၊ မင်္ဂလာဆောင်အတွေးများ လောလောဆယ် ကျမ စိတ်ထဲတွင် ဘာမှမရှိပါ၊ မင်္ဂလာဆောင်ကို ရင်ဆိုင်ရမည်ကို ရင်လေးနေမိသည်၊ ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါ ဆိုတာတွေ၊ နောက်ပြီး အရောင်ဆိုးထားသော လူတွေကို ဟန်ဆောင်ပြုံးပြရဦးမည်၊ မင်္ဂလာဆောင်ပြီးနောက်ဆိုတာကိုလည်း ထည့်မစဉ်းစား၊ တကယ်လုပ်ချင်တာက လူတွေမရှိသည့်နေရာကိုသွားနေချင်သည်၊ မင်္ဂလာဆောင်ဖို့ ပြန်လာတာ မင်္ဂလာဆောင်ရမှာပေါ့လေ ဆိုပြီး စိတ်ကိုလျော့ ပေးလိုက်သည်။

ကျမ ရွှေကျင်ရိပ်သာမှာ တရားစခန်း တစ်ပတ်ဝင်နေသည့်အချိန်၊ အမေနဲ့ရဲလင်းအောင်တို့ မင်္ဂလာဆောင်နေ့ နှင့် နေရာကိုရွေးချယ်သတ်မှတ်လိုက်ကြသည်။ ဒီလိုနဲ့ ကျမ ချစ်သူနှင့် မင်္ဂလာဆောင်ဖြစ်ပြီး၊ အိမ်ထောင်ကျခဲ့သည်၊ ကျမတို့ ချစ်သူနှစ်ဦးရဲ့ဆုတောင်းပြည့်ခဲ့သည်ပေါ့၊

နှစ်ဘက် မိဘများက ဟန်နီးမွန်းထွက်ခိုင်းသည်၊ ကျမကို ဘယ်နေရာသွားချင်လဲရွေးပါဆိုသည်၊ ကျမ စိတ်ကြိုက်တွေ့သွားသည်၊ သီပေါ ဘော်ကြို ကိုရွေးသည်၊ ဒါမှမဟုတ်ရင် အင်းလေး မိုင်းသောက်၊
ဟန်နီးမွန်းထွက်တဲ့ နေရာတွေမဟုတ်ဘူး၊ ဘယ်မှာနေမလဲ၊ တည်းမလဲ ဟုဆိုကြသည်၊ ကျမကလဲ ဟန်နီးမွန်းထွက်တဲ့နေရာဆိုတာ ဘယ်သူသတ်မှတ်ထားတာလဲ၊ ဟန်နီးမွန်းဆိုတာ နှစ်ယောက်ထဲ သီးသန့် အေးဆေးစွာနေချင်တာဟု စောဒကတက်လိုက်သည်၊ နောက်ဆုံး သီပေါ ဘော်ကြို ကိုရွေးလိုက်သည်၊ 
ဝိုင်းဝန်းစီစဉ်ပေးကြသဖြင့်၊ ကျမတို့လင်မယား နှစ်ယောက် သီပေါ ကိုရောက်ခဲ့သည်၊ တည်းခိုတဲ့ နေရာကတော့ သီပေါ နှင့် ဘော်ကြိုကြား၊ လားရှိုးလမ်းမပေါ်ကခြံကြီးတွင်ဖြစ်သည်၊ ရဲလင်းအောင် အဖေကစီစဉ်ပေးခြင်းဖြစ်သည်၊ ဦးစိုင်းလှအေး၊ဒေါ်ထွေးတို့ ခြံဖြစ်သည်၊ ခြံထဲတွင် နှစ်ထပ်တိုက်ခံအိမ် အကြီးကြီးတစ်ခုရှိသည်၊ ဦးစိုင်းလှအေးသည် SSA မှ ငြိမ်းချမ်းရေးယူထားသူဖြစ်သည်၊ အသက် ၇၀ ကျော်ပြီ၊ လောလောဆယ် ရပ်ရွာလူကြီးဖြစ်သည်၊သားသုံးယောက်၊ သမီးတစ်ယောက်ရှိသည်၊ သားသုံးယောက်မှာ ဒီမှာမနေ၊ သမီး နန်းလှထွေးသာ အတူတူနေသည်၊ ကျမတို့လင်မယားကို အောက်ထပ်က ဧည့်သည်အခန်းတွင်ထားသည်။

ရောက်စ နှစ်ရက်တွင် ကျမအိမ်ကြီးနှင့် ခြံထဲကိုလေ့လာရင်း အချိန်ကုန်ခဲ့သည်၊ ကျမ နန်းလှထွေးနှင့် ရင်းနီးလာသည်၊ ကျမထက် ၆နှစ်လောက်ငယ်သည်၊ နောက်နေ့များတွင် ကျမ နန်းလှထွေးနှင့် ဘော်ကြို သီပေါ တစ်ဝှိုက် လှည့်ပတ်ကြည့်ကြသည်၊ အထူးသဖြင့် ဒေသရှိ ပန်းများကို လေ့လာမိခြင်းဖြစ်သည်၊ နန်းလှထွေး၏ ထူးခြားချက်မှာ သေနတ်ပစ်တတ်သည်၊ ပစ္စတို၊ခြောက်လုံးပြူး ကျွမ်းကျင်စွာပစ်တတ်သည်၊ ယူသွားလေ့လဲရှိသည်။
ကျမ နန်းလှထွေးနှင့် လှည့်ပတ်နေချိန်တွင် ရဲလင်းအောင်တစ်ယောက် ရွာက ထော်လာဂျီ၊ ရေစုပ်စက်၊ မီးစက်တွေ ပြင်နေရသည်၊ အင်ဂျင်နီယာ ရောက်နေသည် သတင်းကြောင့် အနီးနားမှ ထော်လာဂျီများ၊ စက်များ ဦးစိုင်းလှအေးခြံတွင် ပုံနေတော့သည်၊ ရဲလင်းအောင်တော့ ဘယ်လိုနေသည်မသိ၊ ဦးစိုင်းလှအေးတော့ သဘောကျနေသည်။
သီပေါ တွင်နေရခြင်းကို ကျမသိပ်ပျော်သည်၊ ပန်းနှင့်လိပ်ပြာတို့ရဲ့ အလှတွေ၊ တောတောင်ရှုခင်းတွေကို ကြည့်ပြီးသာယာနေတတ်သည်၊ တစ်ခါတစ်လေ ဘယ်လောက်ကြာသွားလဲမသိ၊ ရဲလင်းအောင် လာလက်တို့မှသိသည်၊ ‘မ နင်ရပ်ကြည့်နေတာ ၂နာရီလောက်ရှိပြီ၊’ ‘ဟုတ်လား ငါမသိလိုက်ဘူး ရဲလင်း၊’ လင်မယားဖြစ်လာသောအခါ ကျမကသူ့ကို ရဲလင်းဟုခေါ်ပြီ၊ သူက ကျမကို မ ဟုခေါ်သည်၊ ကျမက စန္ဒာ ခေါ်တာလဲမကြိုက်၊ မိုးဟု ခေါ်တာလဲမကြိုက်၍ ဖြစ်သည်၊
‘မ နင်တစ်ခုခုဖြစ်နေတယ်ထင်တယ်၊’ 
ကျမ သက်ပြင်းကိုဖြေးညှင်းစွာချလိုက်ပြီး၊ ‘ငါ့စိတ်တွေကိုငါလိုက်ဖမ်းနေတာ၊’ 
‘ငါ့စိတ်တွေ ငါ့ဆီပြန်ရောက်အောင်ပေါ့၊’
ကျမ သူ့ကို ဟိုနိုင်ငံတွင် ဖြစ်ခဲ့သည့် ကိစ္စ ပြောပြလိုက်သည်။
သူ့ကြောင့်ဖြစ်သွားရတာပါ၊ သူ့အနူးအညွတ်တောင်းပန်းသည်၊ ယောက်ျား တစ်ယောက်ရဲ့ အဆုံးစွန်ဆုံးတောင်းပန်မူကို ထင်ဟပ်စေတဲ့ ဘယ်လိုမှ ဖေါ်ပြလို့မရတဲ့ မျက်နှာကို ကျမ ရဲလင်းအောင် ဆီမှာ တွေ့လိုက်ရသည်။ 

‘ငါ နင့်ကို သိပ်ချစ်လို့ပါ၊’ ‘ငါ နင့်ကိုဘယ်နည်းနဲ့မှ မခွဲနိုင်လို့ပါ၊’ ဟုပြောရင်း
ရဲလင်းအောင် ကျမကိုတင်းကျပ်စွာဖက်ထားသည်၊
‘ကိုတိုးကြီးနှင့် သူ့ဆရာမတို့ ကွဲသွားကြတယ်၊’ ‘ငါ နဲ့ နင့်ကို အဲဒီလိုအဖြစ်မခံနိုင်ဘူး၊’ 
‘ငါတို့ အတူတူနေနေရပြီပဲ၊’ ‘ငါ့စိတ်တွေကို ငါပြန်ဖမ်းနေတယ်လေ၊’
ကျမ ပြောရင်းသူဆီက ခွာလိုက်သည်၊ ကျမသိလိုက်ရသည်မှာ သူရင်ခွင်သည် ကျမအတွက်နွေးထွေးမူကို မခံစားရတော့ပါ။

ကိုတိုး ကောင်မလေး ကျောင်းပြီးသောအခါ Chemical တွင် ဆရာမ ဝင်လုပ်သည်၊ ကိုတိုးက စီးပွားရေးလုပ်သည် အောင်မြင်သည်၊ ဆရာမက နိုင်ငံရေးလှုပ်ရှားမူတွင်ပါပြီး၊ ထိုအထဲမှ နိုင်ငံကျော် စာရေးဆရာကြီးရဲ့မြေးနှင့် တွေ့ကာ မင်္ဂလာဆောင်သွားသည်၊ ရဲလင်းအောင်က ကိုတိုးဆုံးရှုံးသွားသည်၊ အသဲကွဲသွားပြီဟုဆိုသည်၊ ကိုတိုးကတော့ သူဘာမှ မဆုံးရှုံးသွားပါ အမြဲတမ်း ဆရာမကို ချစ်နေမည်ဟုဆိုသည်၊ အကြောင်းကြောင်းကြောင့် အတူမနေရပေမဲ့ ဆရာမ သူကိုချစ်နေပါမှာတဲ့၊ ကိုတိုး ယနေ့ထိလူပျိုကြီးပါ။ ရဲလင်းအောင်က မင်္ဂလာဆောင်လိုက်ရင် သူပိုင်ဆိုင်ရပြီထင်နေတာကိုး။

ကျမ ညည အိပ်မပျော်ပါ၊ ကြယ်တွေထကြည့်၊ ကောင်းကင်ထကြည့်၊ နောက်ဆုံးတော့ ကျမ စာတွေဖတ်ဖြစ်သည်၊ ကျမ ရန်ကုန်က စာအုပ်တွေ ယူလာသည်၊ မြသန်းတင့်ရဲ့ ရွှေပြည်တော် မျှော်တိုင်းဝေးလဲပါသည်၊ နံနက်လေးနာရီ၊ ငါးနာရီ လောက်အိပ်ဖြစ်ကာ ဆယ်တစ်နာရီလောက် ထသည်၊ 
စားသောက်ပြီးနောက် နန်းလှထွေးနှင့် လှည့်ပတ်သည် နန်းမျှော်ချောင်းထိတောင်ရောက်သည်၊
ကျမ က နန်းလှထွေးကို မမညီမလေး ဖြစ်ရင်သိပ်ကောင်းမှာပဲ ဆိုရင်၊ 
အမ မောင်နဲ့ပေးစား ရန်ကုန်လိုက်လာမယ်၊ ကျမကလည်းလာခဲ့ စီစဉ်ပေးမယ် ဟုဆိုကာ နှစ်ဦးသားရယ်မိကြသည်၊
‘အမ နိုင်ငံခြားမှာ အလုပ်လုပ်ဖူးတယ်ဆို၊’ ‘ရှယ်ပဲ၊’
‘မရှယ်ပါဘူး၊ နန်းထွေးရယ် အမစက်ရုပ်ဖြစ်ခဲ့တာ၊’
‘ပြောပြလေအမ၊’
တကယ်တော့ ကျမလုပ်ခဲ့ရသည့် အလုပ်က ရှယ်လို့ပြောမှာလား၊
ဝတ်စုံသစ်တွေကို၊ နေ့တိုင်းဝတ်ပြီး၊ မီးထိန်ထိန်လင်းနေသော အအေးခန်းထဲတွင်လုပ်ခဲ့သည်၊
ကွန်ပြူတာ ဟာဒ်ဒခ် အစိတ်အပိုင်း တစ်ခုကို ထုတ်လုပ်သော စက်ရုံဖြစ်သည်၊ 
စက်ထဲကကျလာသော အစိတ်အပိုင်းလေးကို ကောင်းမကောင်းစစ်၊ ကောင်းရင် ပက်ကင်းထဲထည့်၊ မကောင်းရင် Reject ပုံးထဲထည့်၊ Start ပြန်နှိတ်၊ ဒီလိုနဲ့လည်နေသည်၊

………….. တိုက်ပွဲဝင်ခဲ့

တစ်နေ့လာလဲ ဒီနေရာနဲ့
တခါလာလဲ ဒီအလုပ်ပဲ
ဝမ်းရေးအတွက် အလုပ်ခွင်မှာ
စက်ရုပ်လေးတော့ …………….. 

အလုပ်ကလွယ်သည်ဟု ပြောလို့ရပေမဲ့၊ ‘ချပ် စလူးစွတ် ဂျက်’၊ ‘ချပ် စလူးစွတ် ဂျက်’ နှင့် တစ်နေ့ ၁၂နာရီ တစ်လတွင်တစ်ရက်ပဲနားသည်၊ ပိုက်ဆံပိုလိုချင်၍ စက်ငါးလုံးကိုင်သည်၊ ဆူပါဗိုင်ဆာလုပ်သည်၊ တစ်ခါတစ်လေ ဆယ်လုံးလောက်ကိုင်လိုက်သည်၊ ယနေ့ထိ ‘ချပ် စလူးစွတ် ဂျက်’ များ ကြားနေမြင်နေသည်၊

နန်းထွေးကိုနားလည်အောင်ပြောလိုက်သည်၊ ‘ချပ် စလူးစွတ် ဂျက်’ နှင့် နေည မသိ စက်ရုပ်ပါ။

ကျမလဲ နန်းလှထွေးနှင့် သီပေါ ဘော်ကြို နေရာစုံခဲ့ပြီ၊ ရဲလင်းအောင်လဲ ပြင်စရာ စက်မရှိတော့၊
ကျမတို့ ဟန်နီးမွန်းလည်း ၁၅ ရက်ပြည့်ခဲ့ပြီ၊ နက်ဖြန်ဆို မန ္တလေး ဆင်း၊ အဲဒီက ရန်ကုန် ပြန်ရတော့မည်။




ဒုတိယပိုင်းပြီးပါပြီ။ 


မောင်စိန်ဝင်း(ပုတီးကုန်း) နှင့် မြတ်မွန် တို့၏ ကဗျာ အပိုင်းအစ များကို ယူထားသည်၊

Saturday, February 6, 2010

ပုံပြင်မဟုတ်တဲ့ ငါ့ရဲ့မှတ်စု

အပိုင်း(၁)


ကျမလက်မှ pp စာအုပ်ကို ထိုးပေးလိုက်သည်။
စစ်တဲ့သူ လူဝင်မူကြီးကြပ်ရေး အရာရှိက စာမျက်နှာတွေကိုလှန် အခါခါ ကြည့်သည်၊ လူကိုကြည့်လိုက် စာအုပ်ကိုပြန်ကြည့်လိုက်၊ နောက်ဆုံး ရုံးခန်းကိုသွားရမယ် လိုက်ခဲ့ဆိုပြီး အခန်းတခုထဲ ပို့လိုက်သည်၊
တာဝန်ကြပ်ကို ဒီမှာစောင့်ပါ၊ ဒါပဲပြောပြီး အပြင်ကနေ သော့ခတ်သွားသည်။
သိလိုက်ပါပြီ၊ ဒါကိုယ့်ရဲ့မိုက်မဲရူးသွပ်မူနှင့် အဲဒါရဲ့အကျိိုးဆက်ပဲ၊ မိုက်မဲရူးသွပ်ရအောင်လည်း ဖိအားတွေရှိခဲ့တယ် အပေးခံခဲ့ရသည်။
ဆယ်မိနစ်လောက်ကြာတော့ တာဝန်ကြပ်ဆိုတာရောက်လာတယ်၊ ဒီလိုမျက်နှာမျိုးတွေကို လုံးဝမကြည့်ချင်ဆုံးပဲ၊ ဒါပေမဲ့ ဒီနိုင်ငံမှာ ဒီလိုမျက်နှာမျိုးတွေ အများဆုံးပဲ၊ လက်ထဲမှာ ကိုယ်စာအုပ်နှင့် စာရွက်တစ်ချို့ ၊ သေချာထိုင် နားထောင်ဆိုပြီး၊ စာရွက်တွေနှင့် စာအုပ်ကို စားပွဲပေါ်ပစ်ချလိုက်တယ်၊ အသံမြည်တာပေါ့ မြည်အောင်လုပ်တာပဲ။
‘မင်းပြန်လို့မရဘူး၊’
ဘာကြောင့်လဲဟု မေးလိုက်တယ်၊
‘မင်းအလုပ်လုပ်ခဲ့တယ်၊’
‘ပြန်ခွင့်မရှိပဲ ပြန်ရန်ကြိုးစားတယ်၊ မင်းအလုပ်ရှင်က မင်းခိုးပြန်တယ်လို့ ပြောတယ်၊ ဒါကြီးမားတဲ့ အပြစ်ပဲ။’
‘မင်းဟာအပြစ်ရှိတဲ့ တရားခံတစ်ယောက်ဖြစ်နေပြီ၊ သက်ဆိုင်ရာလက်ထဲ ငါတို့လွဲပေးလိုက်မယ်၊’
‘ငါ့ကို ပြန်ခွင့်ပြုပါ၊ ငါ မင်းတို့နိုင်ငံကိုဘယ်တော့မှ ပြန်မလာဘူး၊’ 
‘မရဘူး၊ မင်းဟာအပြစ်ကျုးလွန်ထားပြီးပြီ ဥပဒေအရ ရုံးပို့ရလိမ့်မယ်၊ မင်းရဲ့ အထုပ်အပိုးတွေကို လေကြောင်းလိုင်းကို ချခိုင်းလိုက်ပြီးပြီ။’
လူတိုင်းပြန်နေကြတာပဲ၊ ဒါပေမဲ့ သူ့့နည်းသူ့ဟန်နှင့် ပြန်ရတာ၊ ပုံမှန်အားဖြင့် အလုပ်ရှင်က အကုန်လုပ်ပေးနေကျ၊ 
ငိုပြလို့မရ၊ 
ပြန်ရင်လွယ်လွယ်ကူကူပဲရမယ်လို့ ထင်ခဲ့တယ်၊ မွန်ထူနေခဲ့လို့ မိုက်မဲရူးသွပ်စွာ လုပ်ခဲ့တဲ့အမှား၊
ဒီနိုင်ငံရဲ့ဥပဒေတွေဟာ အဆက်အစပ် မရှိဘူးလို့ ဆိုကြတာ ကိုယ်ကဂရုမစိုက်ခဲ့၊ မှားသွားခဲ့ပြီ၊ ဘာလုပ်ရမလဲ တကယ်ကို ဘာမှမသိ၊ လောလောဆယ်ဗလာဖြစ်နေတယ်။

မိနစ်သုံးဆယ်လောက်ကြာတော့ တံခါးကို အခြားဘက်က ဖွင့်သံကြားရသည်။ ယူနီဖေါင်းဝတ် ခေါင်းခြံုံ မိန်းမနှစ်ယောက်ဝင်လာသည်၊ အကြည့်တွေက ဘာဆိုလိုမှန်းသိလိုက်ပြီ၊ တစ်ယောက်က ‘မရာမ မရာမ’ ဆိုပြီးရွတ်နေသည်၊ 
သြော် မြန်မာ ဖြစ်ရတဲ့ ဒုက္ခ၊ 
လေးနှစ်ကျော်နေခဲ့ပြီးပြီမို့ ဘယ်လိုအကြည့်က ဘာအချိုးလဲ ဆိုတာကိုသိနေသည်။ 

‘ဆန်ဒါ မင်းဆန်ဒါ ဟုတ်တယ်ဟုတ’်

ကျမလဲ ‘ဟုတ်’ ဟုဖြေလိုက်သည်၊ 
‘မတ်တတ်ရပ်’
ကျမမတ်တတ်ရပ်လိုက်သည်၊
‘ထိုင်’ 
ကျမထိုင်လိုက်သည်၊
ကျမကို နောက်ပြန် လက်ထိပ်ခတ်ပြီး၊ ‘ထ’ ဆိုကာ ကျောကုန်းကို အတင်းတွန်းထိုးကာ ခပ်ကြမး်ကြမ်းဆွဲခေါ်သွားသည်။

အချုပ်ကားပေါ်တင်သည၊် ခေါင်းခြံုံတစ်ယောက် ဘေးနားဝင်ထိုင်သည်၊ ကားထဲတွင် ကုလားနှစ်ယောက်ကိုတွေ့ရပြီး တစ်ယောက်ကမျက်ရည်ဝဲနေသည် ကိုယ်လိုပဲ ပြန်ချင်တာဖြစ်မည်၊ ကိုယ်ကမိန်းခလေးမို့ အံ့အားသင့်နေကြသည်ထင်သည်၊
ကိုယ်ဘာလုပ်ခဲ့သလဲ၊ ဘာဆက်လုပ်ရမလဲ အတွေးတွေကိုပြန်ခေါ်ယူနေမိသည်၊ အလုပ်ရှင်ကို အသိမပေးတာကလွဲလို့ ဘာမှမလုပ်ခဲ့၊ အိုဗာတိုင်လစာတောင် ထုတ်မယူလာခဲ့၊ ၃လ တစ်ခါ အလုပ်ရှင်က လက်မှတ်ထိုး ဗီဇာတိုးပေးသည်၊ ဒါကလဲ ဒီနိုင်ငံမှာ အားလုံးနီပါးလုပ်နေကျ၊ တွေးရင်း တွေးရင်း……
………………………. ……………………………….. 

ဒီနိုင်ငံကို ကိုယ်ရောက်လာတော့ အသက် ၂၃ နှစ်ပဲရှိသေးသည်၊ ကိုယ်ကဂျီတီအိုင် ဒီပလိုမာ ရထားသည် အစ်မဝမ်းကွဲ အကူအညီနှင့်  ရောက်လာခဲ့သည်၊ အစ်မဝမ်းကွဲ နှင့်မတူသော အခြားစက်ရုံတခုမှာ အလုပ်ရသည်၊ မိန်းခလေးဆိုပြီးမကြောက်ခဲ့ တက်ကြွစွာအလုပ်လုပ်ခဲ့သည်၊ လစာထဲက တစ်လ ၁၂ဝ ဖြတ်သည် အလုပ်သွင်းပေးခဆိုသည်၊ အဲဒီကတည်းက အလုပ်နှင့် နေတဲ့နေရာ အိုဗာတိုင် ဒါနဲ့ပဲ ပတ်ချာလည်ခဲ့သည်၊ ငွေလွှဲတဲ့နေ့တွေပဲ မြိို့ထဲရောက်ဖြစ်သည်၊ ဒီနိုင်ငံသည်် ဓလေ့ထုံးတမ်းဥပဒေ၊ ဘာသာရေးဥပဒေ တွေအရ အုပ်ချုပ်သော နိုင်ငံဖြစ်သည်၊ အရှုပ်အရှက် မဖြစ်ချင်၍ အပြင်ထွက်နည်းသည်၊
သန်လျင်သူ ကျမအတွက် ရန်ကုန်မှာတိုက်ခန်းဝယ်နိုင်ခဲ့သည်၊ မိသားစုလုပ်ငန်းတိုးချဲ့ အဆင်ပြေသဖြင့် ကျမလုပ်ရကျိိုးနပ်သည်ဟုခံယူထားသည်။

ကျမမှာရည်းစား တစ်ယောက်ရှိသည်၊ ငယ်ချစ်လို့ခေါ်မလား အချစ်ဦးပေါ့၊ ဆယ်တန်းလောက်ထဲက ဟိုလိုလိုဒီလိုလိုနှင့် ရည်းစားသက်တမ်း ရှစ်နှစ်ရှိပြီ၊ ကျမအလုပ်လာလုပ်တဲ့ လေးနှစ်နုတ်လိုက်ရင် လေးနှစ်လောက် အတူတူပေါ့။

ကျမကိုယ်ကျမ လှလိုက်တာလို့ မဆိုပေမဲ့၊ ဆွဲဆောင်မူ ရှိတယ်လို့ခံယူတယ်၊ အထူးသဖြင့် မျက်လုံးပေါ့၊ ချစ်သူကလညး် ဒီမျက်လုံးရိုင်းကြီးတွေနဲ့ ဆိုပြီး စိုးလွင်လွင်ရဲ့သီချင်းကို ဆိုဆိုပြတယ်၊ နောက်ပြီး ကျမက အရပ်မြင့်တယ် တရုတ်စပ်တယ် သန်လျင်သူထဲမှာရှာမှရှားပါပဲ။
ချစ်သူကရန်ကုန်က၊ စကားပြောကောင်းတယ် ချစ်တတ်လေရယ်လို့ ကျမဆို်ချင်တယ်၊ ကျမတို့ဖြူစင်စွာ ချစ်ခဲ့ကြတယ်။
ကျမဒီမှာ အလုပ်ထွက်လုပ်ချိန်မှာ ချစ်သူဟာ ဘာမှမပြောင်းလဲဘူး၊ ဂျပန်ပဲသွားမလိုလို တစ်ခုခုလုပ်မလို ကျမကိုစောင့်နေသလိုလို စက်မူတက္ကသိုလ် ကျောင်းဆင်း တစ်ယောက် တစ်ခုခု လုပ်သင့်တယ်လို့ဆိုရင် ခေတ်ကိုအပြစ်ပုံချပြီး ဖြစ်သွားမှာပါတဲ့၊ တစ်ခုခုလုပ်နေပြီလို့ဆိုပြန်တယ်။

ကျမဒီမှာ သုံးနှစ်အပြည့် သူကပြန်လာပါ အတူနေရအောင် လက်ထပ်ကြရအောင်လို့ ဆိုလာတယ်၊
စဉ်းစားကြည့်လေ ကျမကဒီမှာ ရှာလို့ကောင်းတုန်း၊ သူကအဆင်သင့်ဖြစ်ပြီလား ဆိုတော့မဟုတ်၊
ဒီလိုနဲ့ စကားတွေများ ဖုန်းခတွေကုန်လို့၊ နောက်ဆုံး ကျမရဲ့ကိုယ်ကျင့်တရားကိုပါ ထိခိုက်လာသည်၊
‘ငါဒီမှာ အလုပ်လုပ်နေတာ လင်လာရှာတာမဟုတ်ဘူး၊’
‘ငါကိုယုံပါ ’ 
‘ယုံစေချင်ရင်ပြန်လာခဲ့၊ မင်းအသက် ၂ရ နှစ်ရှိပြီနော်၊’
ဒီလိုနှင့်စကားတွေ ရင့်လာသလားလို့၊ ကျမတို့နှစ်ယောက်က မင်းနဲ့ငါနဲ့ ပဲပြောသည်။ ကျမလည်း အိမ်ထောင်တခုကို ထူထောင်ချင်တာပေါ့ စိတ်ကူးတွေလဲ ယဉ်ခဲ့ဖူးပါသည်၊ အိမ်ထောင်တခု မှာအရာရာလိုအပ်တာပဲ ကိုယ့်မိသားစုကိုယ်တွေ့မို့၊ ဒီမှာ အလုပ်လုပ်နေတာပျော်နေတယ်လို့များ ထင်နေသလား။
နောက်ဆုံးမှာတော့ သူကပွဲကြမ်းလာပါတယ်၊ သူဒီကိုမလိုက်နိုင်ဘူး၊ တနိုင်ငံကိုနှစ်ယောက်အတူ သွားကြမယ်၊ အလုပ်လုပ်ကြမယ်၊ အခြေချမယ်ပေါ့၊ ပြန်မလာရင်တော့ နောက်ဆုံးလို့တာမှတ်တော့၊ နောက်ထပ်ခွဲရမဲ့အတူတူ ခွဲကြစို့၊ ကွဲကြမယ်စကားတွေနှင့်၊ နောက်ထပ်ဆက်မစောင့်နိုင်လို့ပါ တအားလွမ်းနေလို့ပါ ဆိုပြီး စကားတတ်တဲ့သူဆိုတော့၊ ကျမလည်း ငယ်ချစ်ဦးနှင့် မခွဲနိုင်ပဲ ချက်ချင်းပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီစက်ရုံမှာက အလုပ်ထွက်ရင် နှစ်လ ကြိုပြောရတယ်၊ ကျမက အလုပ်ကြပ်ဖြစ်နေပြီဆိုတော့ ပိုဆိုးတာပေါ့၊ အလုပ်ကြပ်ဆိုတာက နည်းနည်းပိုပေးပြီးတော့ လေးယောက်ငါးယောက်စာ အလုပ်ကိုလုပ်ခိုင်းတာပဲ၊ ဒါနဲ့ လကုန်ပြီး ၂ ရက်မှာ အလုပ်ထဲက အမကြီးတစ်ယောက်ကို ပြောပြီး လေယာဉ်ကွင်းကိုပြေးခဲ့တာပါ၊ ပြန်ရင်လွယ်လွယ်ကူကူပဲ ရမယ်လို့ ထင်ခဲ့တာကိုး၊ တကယ်တော့ pp စာအုပ်မှာ သုံးလတုန်း ဆိုတာ အကြံအဖန်၊ နားလည်မူ့ ယူထားတဲ့ဟာ အလုပ်ရှင်က အခွန်လွတ်အောင်လုပ်ထားတာ၊ လူဝင်မူကလည်း အလုပ်ရှင်ကို ရကွက်ပဲဆိုပြီး ကိုယ့်ကိုကိုင်ထားပြီ။ 

ဒီနိုင်ငံက အပေးအယူ နှင့် စားတယ် ဆိုတာ မြန်မာပြည်က ပေးတာကမ်းတာ စားကျတာ လောက်တော့ ရီတာပေါ့၊
ငါရဲ့မိုက်မဲရူးသွပ်စွာ ဆုံးဖြတ်ချက်ကြောင့်ပဲလို့ ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်ပါသည်။
………………………. ……………………………….. 

ကျွှီ ကနဲ့ ကားရပ်သွားသည်၊ ဆက်သွားသည် ဂိတ်တခုကိုဖြတ်သည်၊ နောက်ဆုံးရပ်သွားသည်၊
‘ဆင်း၊ ရပ်နေ၊’ 
ကျမတို့နေပူထဲတွင်ရပ်နေရသည်၊ ပတ်ဝန်းကျင်တွင် နီညိုရောင် ဆင်တူ အဆောက်အဦး ၂ လုံးရှိသည် သုံးထပ်အဆောက်အအုံဖြစ်သည်။ ယူနီဖေါင်းဝတ် မိန်းမနှင့် ယောက်ျား ၂ ယောက်ထွက်လာသည်၊ မိန်းမဆိုရင် ဟိုဘက်လိုက်သွားဆိုပြီး ကျမကိုညာဘက် အဆောက်အဦး သို့ ခေါ်သွားသည်။
ဒုတိယထပ်သို့ တက်ပြီး ဖေါင်ဖြည့်ရသည်။ လက်ဗွေနှိတ်သည် ကိုယ်တကယ် တရားခံ ဖြစ်သွားပါရောလား။
ဖေါင်ဖြည့်နေတုန်း ယူနီဖေါင်းဝတ် ခေါင်းခြံုံတွေ တစ်ယောက်ပြီး တစ်ယောက် လာကြည့်ကြသည်၊ 
‘မရာမ မရာမ’ နဲ့ မိန်းမ ဆူမို တစ်ယောက် ကိုယ်ကိုသေချာ စိုက်ကြည့်နေသည်၊
‘ဝင်ဘို့အသင့်ပြင်’ အမိန့်သံနှင့်အတူ အခန်းတခုသို့ခေါ်သွားသည်၊ အခန်းထဲမှာ ဘာမှမရှိ  နံရံတွင် အညိုရောင် လက်စက အောက်အရှည် ဝတ်စုံတထည်ချိတ်ထားသည်၊
တံခါးပိတ်သံနှင့်အတူ ‘အကုန်ချွတ်’ ဟုအမိန့်သံ ထွက်လာသည်၊ အခန်းကို တပတ်ကြည့်လိုက်သည် မိန်းမချည်းပဲ၊
‘ဘာနှေးနေတာလဲ ချွတ်၊’
အိင်္ကျီ နှင့် ဘောင်းဘီ ကို ချွတ် လိုက်သည်၊ ‘ဘရန်းဒက်ပဲ မဆိုးဘူးဟေ’့ ဆိုကာ လှောင်ရယ်ကြသည်၊ ကိုယ်ရဲ့အောက်ခံဘောင်းဘီ နှင့် ဘရာဆီယာကို ပြောခြင်းဖြစ်မည်၊ နံရံံဆီသွားပြီး ဝတ်စုံယူဘို့ လှမ်းလိုက်သည်၊
‘ဖေါင်း ဖြန်း’ အကန်ခံလိုက်ရသည် နားရင်းတီးခံလိုက်ရသည်၊ ရုတ်တရက်မို့ ပစ်လဲသွားသည်။
 ‘မတ်တတ်ရပ်စမ်း’ ‘အကုန်ချွတ် ဆိုတာနားမလည်ဘူးလား’ 
မတ်တတ်ရပ်လိုက်သည်၊ 
‘ဖြန်း’ နောက်ကျောကို အရိုက်ခံရပြန်သည်၊ ကိုယ်ကအပျို ရေးချိုးရင်တောင် ထမိန်နဲ့ ချိုးခဲ့တာ၊ လူတစ်ကိုယ်လုံးတုန်၍ ထုံနေသည်၊ 
‘ဘုန်း’ တင်ပါးကိုအကန်ခံရပြန်သည်၊ 
‘ဝုန်းဒိုင်း’ ကိုယ် နရံသို့ လွင့်သွားသည်၊ ဆူမို၏လက်ချက်ဖြစ်သည်၊ 
‘ထ’ လို့ဆိုပြီး တစ်ယောက်ကဆွဲထူကာ ‘နားမလည်ဦး’ ‘နားမလည်ဦး’ ဆိုကာ နံဘေးကို လက်သီးနှင့်ထိုးသည်၊ ဘယ်နှစ်ချက်မှန်းမသိ၊ ပါး၊ ရင်ဘတ် သုံးလေးချက် ဆက်တိုက် အရိုက်ခံရသည်၊ ‘သွေးမထွက်စေနဲ့၊’ ဘယ်ပြန်ညာပြန် ကိုယ့်ဘရာဆီယာ တဖက်ကျွတ်နေပြီ၊ 
ဘာလုပ်ရမှန်းမသိ လက်နှစ်ဘက် အပေါ်သို့မြောက်ထားလိုက်မိသည်၊ 
ဟေးဆိုပြီ ပြိုင်တူအော်သံတွေ ထွက်လာသည်၊ 
‘ချွတ်’ ‘အကုန်ချွတ် ၂ မိနစ် အချိန်ပေးမယ်၊’
နာကျင်ခြင်း ရှက်ကြောက်ခြင်း တွေနှင့်အတူ အမြင်တွေမှုန်ဝါးနေသည်၊ ‘ဟိတ်’ ဆိုတဲ့ အော်သံနှင့်အတူ ဘိနပ်နဲ့ ကြမ်းကိုခပ်ကြမ်းကြမ်းနင်းလိုက်သည်၊ ဆူမို ဖြစ်သည်၊ ကိုယ်တုန်သွားသည် ကျန်ဘရာဆီယာ တဖက် ချွတ်မိသားဖြစ်သွားသည်၊ ‘နိတ်ဝမ်း’ အမိန့်သံ ထွက်လာသည်၊ အကုန်ချွတ်လိုက်ရသည်။
တကယ်ပါ ကျမတစ်သက်မှာ ဘယ်သူမှ ကျမကိုမရိုက်ဖူးဘူး၊ ဖေဖေ မေမေ ဆရာသမား ဘယ်သူမှ ကျမကို မရိုက်ခဲ့၊ ဘဝမှာ ပထမဦးဆုံးအကြိမ် အရိုက်ခံရခြင်းပဲ တစ်ချက်ထဲမဟုတ် အချက်ပေါင်းများစွာ။
အဲဒီလိုပဲ ကျမ ဘဝမှာ ပထမဦးဆုံးအကြိမ် လူတွေကြားမှာ ချွတ်ပြရခြင်းပါ။

‘ချက်’ ဆိုတဲ့ အမိန့်သံ ထွက်လာသည်၊ အရှေ့ တစ်ယောက် နောက်ကျော တစ်ယောက်၊ နှစ်ယောက် ညပ််ကာစစ်သည်၊ ‘ထိုင် ထ’ ‘ထိုင် ထ’ ‘ဟိုဘက်စောင်း ဒီဘက်စောင်း’ ကိုးကြိမ်လောက်လုပ်ခိုင်းသည်၊ တင်ပါး တဘက် ကိုညစ်ပြီး ဖြန်းကနဲ့ ရိုက်လိုက်သည်၊ ‘ရပ်တော့’ အမိန့်သံ ထွက်လာသည်၊ 
‘ကလီးယား’ လို့စစ်တဲ့ နှစ်ယောက်အော်လိုက်သည်၊ သေချာကြည့်လိုက်တော့ နောက်ကျောကတစ်ယောက်က ယောက်ျားမပုံစံ၊ ဆူမိုက အညိုရောင်ဝတ်စုံ ယူပေးသည် ဝတ်ဟုဆိုသည်၊ အမြန်ဝတ်လိုက်သည်၊ ပြီးနောက် ဆူမို နောက်လိုက်ရသည်၊ သုံးထပ်ကိုတက်ပြီး အသင့်ဖွင့်ထားသော အခန်းထဲ ဝင်ဟုဆိုသည်။

ကိုယ်နေရမဲ့ အခန်းဆိုတာသိလိုက်သည်၊ ဖျာတစ်ချပ် စောင်တစ်ထည် ချထားသည်၊ ‘မင်းနာမည်မရှိဘူး နံပါတ်မရှိဘူး’ ကိုယ်ဘာမှနားမလည်၊ ဘာမှလဲပြန်မမေးတော့၊ ‘ဂျိန်း’ သော့ပိတ်သွားသည်၊ အခန်းထဲတွင် သုံးယောက်ရှိနေသည်၊ တရုတ်မတစ်ယောက် နင့် သူတို့လူမျိုး နှစ်ယောက်။ 
တရုတ်မက ဝင်ဝင်လာချင်း ‘ကျုံးကော့ယန်’ (ပြည်ကြီးတရုတ်) လားလုပ်နေသည်၊ မဟုတ်ဘူးလို့ ဖြေလိုက်သည်၊ တစ်ကိုယ်လုံးနာနေသည်၊ လှဲလို့မရ ခြေဆင်းဒူးပေါ်ခေါင်းတင်ကာ နာတာကို ကြိတ်ခံရသည်။
တရုတ်မ နာမည်က နာညီးတဲ့ စကားတိုးတိုး လာပြောသည်၊ ရက်ကျော်နေမိလို့ဆိုသည်၊ ဘာနဲ့လည်းလို့မေးသည် ‘အလုပ်ရှင်မသိပဲခိုးပြန်လို့၊’ ‘ဟာ’ ‘နှစ်မှု ငြိတာပဲ နင့်မှာငွေရှိလား’ လို့မေးသည်၊ 
‘၁၀၀၀ လောက်ရှိတယ် သူတို့သိမ်းထားတယ်၊’
‘ဘယ်ရမလဲ၊ သူဌေးက တရားစွဲမှာ’ 
‘ကြိမ်ရိုက်ခဲ့ရင်ကော’
သူနှင့်စကားပြောမှ ပိုနာလာသည်၊
‘အပြင်ဘက်မှာ ဘယ်သူရှိလဲ '
ဘယ်သူမှ မရှိဘူးလို့ဖြေလိုက်သည်၊ ဘယ်သူ့ကိုမှ ဒုက္ခ မပေးချင်တော့၊
‘အသင်းအဖွဲ့တွေနဲ့ကော အဆက်အသွယ်ရှိလား၊ ဘာသာရေး လူမူရေးတွေလေ၊’
မရှိဘူးလိုဖြေလိုက်ပြန်သည်၊ မျောက်ပြဆန်တောင်းတဲ့ အဖွဲ့တွေ ၁၀၀ ဘိုးရရင် ၁၀ ဘိုးလောက် ဒုက္ခရောက်သူကိုပေးသည်၊အသုံးမဝင်၊
နာညီးစိတ်ပျက်သွားသည့်ပုံပဲ၊ သူ့မှာ အစ်ကို ဝမ်းကွဲ ရှိသည်တရားဝင်နေထိုင်တာဟုဆိုသည်။
ဟိုဘက်က နှစ်ယောက်က ဆေးမှု့ သံသယ တွေ၊


နာလွန်းလို့ ခဏ အိပ်ပါရစေလို့ သူကိုပြောလိုက်သည်၊
‘ငါတုန်းက တစ်ချက်ပဲခံရတယ် ငါချက်ချင်း အကုန်ချွတ်လိုက်တယ်၊’ ကိုယ်လဲထင်ပြီးသားပါ၊
ကြိမ်ရိုက်ခဲ့ရင်ခံနိုင်ပါမလား၊ လျှော်ကြေးအတွက် ငွေမရှိ မြန်မာပြည်ကို အကုန်လွဲထားသည် ၁၀၀၀ ပဲ ဘန်ကောက်ဝင်မှာမို့ အိတ်ဆောင်ထားထားသည်၊ လူတစ်ယောက်ကပြောဘူးသည်၊ ဒီနိုင်ငံမှာ လူ့အခွင့်အရေးလို့ ပြောတဲ့ သူဟာ ရူးကြောင်ကြောင် နိုင်သူသာဖြစ်မည်တဲ့၊ မိန်းခလေးတွေကိုတောင် ကြိမ်ဒဏ်ပေးတဲ့နိုင်ငံ၊ မိန်းမ အခွင့်အရေး ဆိုတာ ရီစရာကောင်းလိုက်တာ။

ထမင်း၊ ငါးပြုတ်၊ အရွက်ပြုတ်၊ ဆန်ပြုတ်နှင့် လေးရက်ရှိသွားပြီ၊
အမူ့မဖွင့်သေး၊ အလုပ်ရှင်နှင့် ညှိနေတာဖြစ်နိုင်သည်၊
မြန်မာပြည်က ခုလောက်ဆိုသိလောက်ပြီထင်သည်၊ ဝဋ် ပါခဲ့လို့ ဆပ်ရတာဟု ကိုယ့်ကိုကိုယ်ဖြေရသည်၊
ထူးခြားသည်က မြန်မာပြည်ကို မေ့ထားလို့ရနေသည်၊ ဘုရားတရား အာရုံပြု ၊ မောရသုတ် မကြာခဏ ရွတ်နေမိတော့သည်၊ မောရသုတ် သင်ပေးခဲ့သော အမေကို သတိတရ ကျေးဇူးတင်မိသည်၊
တရုတ်မ ဒီနေ့ထွက်သွားသည် ပြန်မလာတော့။ 

ညက စကားပြောဖေါ်မရှိ၊ စောစော အိပ်လိုက်သည် အိပ်ပျော်ကာစ ကိုယ့်ဆံပင်ကို တစ်ယောက်ယောက်က ဆွဲလိုက်သည်၊ ဆံပင်ကိုဆွဲ ပါးကိုလှန်ကာရိုက်သည်၊ အိပ်နေတာမို့ခံလိုက်ရသည်၊ ကိုယ်ကမှောက်ခုံ အိပ်တော့ ကျောပေါ်တက်ထိုင်ကာ လုပ်ခြင်းဖြစ်သည်၊ တစ်ဘက်ကိုလှိမ့်ထွက်ပြီး သူရင်ဝကို ကန်ထုတ်ပစ်လိုက်သည်၊ မတ်တပ်ရပ်လိုက်သည်၊ သူကလညး်ထဖို့ ကြိုးစားသည် ကျန်တစ်ယောက်က သူ့လူကို ဘာမှမလုပ်နဲ့တော့ အေးအေးဆေးဆေးနေစမ်းပါ ဟုထဟောက်သည်၊ ဟိုတစ်ယောက်ငြိမ်သွားသည်၊ ကျမကိုလဲ မင်းအိပ်တော့ ဟုဆိုသည်၊ နာနေပါတယ်ဆိုမှ ထပ်နာရသည်၊ ကျမလဲ ဒီဆေးသမားတွေနဲ့ ဆက်မဖြစ်ချင်တော့၊ နောက်တော့သူတို့အိပ်သွားကြသည် ညည်းနေလိုက်ကြတာ၊ ဒီနိုင်ငံမှာ မိန်းခလေး ဆေးစွဲ နေတာ အများသား ဒီအထဲထိ ဆေးရနေတာပဲကြည့်တော့၊ ကောင်းကောင်း အိပ်မရခဲ့။

မနက် ရေချိုးချိန် မတိုင်မှီ ယောက်ျားမ လာခေါ်သည်၊ အဝတ်လဲဟုဆိုသည်၊ အပြာနုရောင်နဲ့ လဲရသည်၊
ရော့ မင်းဟာတွေပြန်ဝတ် ကိုယ်အတွင်းခံတွေပြန်ပေးသည်၊ နံနေမည်မှာသေချာသည်၊ ကိုယ်လဲတာကို သေချာထိုင်ကြည့်နေသည် သူ့တာဝန်လို့ မှတ်လိုက်သည်၊ ခေါင်းခြံုံတခုပေး၍ ခေါင်းကိုစွတ်လိုက်သည်၊ လိမ္မော်ရောင် အိတ်တစ်အိတ်ပေးသည် စည်းစီးထားသည် ကိုယ့်ပစ္စည်း တွေပဲဖြစ်မည်၊ ကိုယ်ကိုရုံးထုတ်တော့မည် ထင်သည်။
ရုံးခန်း ရောက်တော့ လေဆိပ်က စစ်ချက်မယူရသေး၍ လေဆိပ်သွားပြီး အစစ်ခံရမည်ဆို၏၊ တရုတ်မက ပြောသွားသည် အမူမဖွင့်ပဲ ဒီစခန်းမှာ ငါးရက်ထက်ပိုချုပ်၍မရ ဘယ်ပို့ ဦးမယ်မသိ၊ ဒီလိုနဲ့ ကားပေါ်ပါခဲ့သည်။ 
………………………. ……………………………….. 

လေဆိပ်ရောက်တော့ ရဲတစ်ယောက် လာခေါ်သည်၊ အခန်းတွေအများကြီး ဖြတ်ပြီး လုံခြုံရေး ဌာန သို့ရောက်သွားသည်၊ မှန်လုံအခန်းငယ်လေးတွင် ကိုယ့်ကို ထည့်လိုက်ပြီး သော့ပိ်တ်သွားသည်၊
အခန်းကအေးစက်နေသည်၊ ကိုယ်ကိုတိုင်ကပဲ အေးစက်နေလို့လား၊ ဖြစ်လာသမျှ ဖြစ်လာသမျှပေါ့၊ ဘာတတ်နိုင်ဦးမှာလဲ၊ ကြိမ်ရိုက်ခံရရင် ခံနိုင်အောင် အဆုံးစွန်ထိတောင့်ထားဘို့ပဲ။ 
အချစ်ကြောင့် ဖြစ်သွားတာပဲ
အပြစ် လို့ပြောမလား
ဒေါသမဖြစ်၊ ဒေါသဖြစ်ဘို့ စွမ်းအားမရှိတာသေချာတယ်၊
တိတ်ဆိတ်မူဟာ စိတ်ဓါတ်ကို ပိုကျဆင်း၊ ခန္ဓာကိုယ်က နာနေဆဲဖြစ်သည်၊
ငိုကြွေးလိုက်တယ်၊
ဘယ်လောက်ကြာသွားလဲမသိ၊ ကိုယ်ကိုပစ်ထားသည် ကိုယ်ကဘာမှာ မဟုတ်တာကိုး၊
စိတ်ကိုပြန်စုစည်းလိုက်တယ်၊ ပတ်ဝန်းကျင်လေ့လာမူလုပ်သည်၊ 
ဟိုဘက်မှာ VIP နေရာပဲ ၊ VIP ချယ်နယ်ဖြစ်သည်၊ လူတစ်ချို့ ကိုယ်ကို ကြည့်နေကျတယ်၊
ဘုရားတရား အာရုံပြု၊ မေတ္တာပို့၊ မောရသုတ်ရွတ်နေလိုက်တယ်၊
ဒီနိုင်ငံမှာ ဘုရင်ရှိတယ်၊ ရွေးကောက်ပွဲတွေလုပ်ပြီး ဝန်ကြီးချုပ်က အုပ်ချုပ်ပေမဲ့ ဘုရင့်ရဲ့ အရာသက်ရောက်မူက အရေးပါသည်၊ ဘုရင်က လွတ်ငြိမ်းခွင့် ပေးနိုင်သည်၊ ဘုရင်ကိုလည်း မေတ္တာပို့ လိုက်သည်။

အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့ လူတစ်စု အခန်းထဲကို လှမ်းကြည့်နေကြသည်၊ ကရုဏာနှင့် ကြည့်တာလား၊ နှိမ်ချတဲ့အကြည့်နှင့် ကြည့်တာလား၊ အိုင်အိုင်အမ် (Illegal Immigrant) တစ်ယောက်အနေနဲ့ကြည့်တာလား၊ တွေးမနေတော့၊ စစ်ချက်ယူမဲ့သူပေါ်မလာသေး၊
အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် နှင့် ရဲတစ်ယောက် ရောက်လာသည်၊ အခန်းသော့ ဖွင့်ပြီး အမျိုးသမီးဝင်လာသည်၊ ‘တစ်စုံတစ်ယောက် ကတွေ့ချင်လို့၊’ ထူးခြားနေသည် ကျမလို တရားခံ တစ်ယောက်ကိုတွေ့ဖို့ရှေ့ပြေးလာနေစရာမလို၊ စစ်ချက်ယူမဲ့သူလားဟု မေးလိုက်သည်၊ မဟုတ်ဘူးဟုပြန်ဖြေသည်၊ ခေါင်းငြိမ့်လိုက်မိ၏။
ရဲထွက်သွားသည်၊ ရင်ဘတ်ကနာလာသဖြင့် မဲ့ကာညည်းလိုက်မိသည်၊ အမျိုးသမီးကကျမကို စိုက်ကြည့်နေသည်၊ သူဆီက ရေမွေးနံ့ံ သင်းသင်းရသည်၊ ကိုယ်ကတော့ နံစော်နေမည်၊ ရေမချိုး၊ သွားမတိုက်ပဲ ပါးလုတ်ပဲကျင်းထားရသည်မှာ ငါးရက်ရှိပြီ၊ လုပ်ချင်တာလုပ်ကြပါတော့ စိတ်ဓါတ်က အကြီးအကျယ်ကျနေပြီ၊ ဘယ်အချုပ်ကို ပြန်ရောက်မလဲ တွေးနေမိသည်။

အမျိုးသား နှစ်ယောက်ဝင်လာသည်၊ တစ်ယောက်က လူငယ် လူရည်သန့် သန့်တာမှတော်တော် သန့်သည်၊ အနောက်တိုင်းဝတ်စုံ ဝတ်ထားသည်၊ နောက်တစ်ယောက်က ထိပ်နဲနဲပြောင်ပြီး အနောက်တိုင်းဝတ်စုံ ကုတ်မပါ၊ အင်္ဂလိပ် လိုပြောကြသည်၊ ထိပ်ပြောင်က “ မြန်မာမလေးပေါ့၊ ခင်ဗျား စိတ်ဝင်စားတယ်ဆိုတာ၊ Immigration အချက်တစ်ချို့နှင့် ငြိနေလို့ စစ်ဆေးနေတာ၊ ငါးရက်ရှိပြီ၊ မေးကြည့်လေ၊” 
စိတ်ထဲမှာတော့ ခြောက်ရက်ရှိပြီ ဘာမှ မစစ်သေးဘူးလို့ ပြောဖြစ်နေသည်၊ အမျိုးသမီး နှင့် လူရည်သန့်အမျိုးသားတို အချင်းချင်း ကျမနားမလည်သော ဘာသာစကား တခုနှင့်ပြောနေကြသည်၊ အဲဒီနောက် အမျိုးသမီး နှင့် ထိပ်ပြောင် တိ့ု ထွက်သွားသည်။
ကုတ်ကိုချွတ်ပြီး ကျမရှေ့ကခုံမှာ ထိုအမျိုးသားဝင်ထိုင်လိုက်သည်၊ ကျမခေါင်းငု့ံထားသည် ဘယ်အဖွဲ့အစည်းက လာတွေ့ တာပါလိမ့်၊ ခေါင်းထောင်ပြီးအားယူကာ ကြည့်လိုက်မိသည်၊ ကျမမျက်ရည်တွေ ဝဲပြီး အလိုလိုကျနေသည်၊ ‘ဟယ်လို’ ကျမကိုနူတ်ဆက်လိုက်သည်၊ ယောက်ျား တစ်ယောက်ကို မျက်ရည်တွေကြားက သေသေချာချာ ကြည့်လိုက်မိသည်၊ ယောက်ျား တစ်ယောက်ရဲ့ မျက်လုံးကို ကျမဘဝမှာ ပထမဦးဆုံးအကြိမ် စူးစူးစိုက်စိုက် ကြည့်မိသည်၊ သူကလည်း ကိုယ်မျက်နှာကို သေချာကြည့်နေသည်။

‘ကိုယ်ကမြန်မာပါ ဘာကူညီလိုသလဲလို့ ဝင်ကြည့်တာ၊’ 
ဘာပြန်ပြောရမှန်းမသိ မျက်ရည်တွေပိုကျလာသည်၊ ကျမရှေ့ကို ယိုင်သွားသည်၊ သူလဲရှေ့သို့တိုးလာသည်၊ ကျမသူ့ရင်ခွင်ထဲ ရောက်သွားသည်ထင်သည်၊ ရှိုက်ကြီးတငင် ငိုကြွေးမိသည်၊ ဘာမှမသိတော့ ‘ကောင်းသွားမှာပါ’ ‘will be all right’ လို့ တတွက်တွက်ပြောရင်း ကိုယ်ဆံပင်တွေကို ပွတ်သတ်ရင်း နှစ်သိမ့်ပေးနေသည်၊
ဘယ်လောက်ထိကြာသွားလဲမသိ၊ သူ့ အိင်္ကျီ မှာ ကိုယ်ရဲ့ မျက်ရည်တွေ နှာရည်တွေ သရေတွေ စွဲစိုနေပြီ၊
‘ထိုင်ငါ့ညီမ ရေသောက်လိုက်ဦး’ ရေပုလင်း ထိုးပေးသည်၊
ရေယူသောက်လိုက်သည် ၊ ‘အစ်ကို’ လို့ခေါ်မိသည်၊ ငိုမိပြန်သည် ‘ကူပါ အစ်ကိုရယ်၊’
‘ကျနော့်နာမည် ဇော်ဦးပါ၊ ဒီနိုင်ငံရဲ့ရိုရွယ် သိပ္ပံအင်စတီကျု မှာလုပ်ပါတယ်၊’
‘မြန်မာမလေး တစ်ယောက် ဆွဲထားတယ်ဆိုလို့ အခန်းထဲမှာ မြင်တာနဲ့ အကူအညီပေးရအောင် ဝင်မေးတာပါ၊’
‘နာနေသလား ညီမ’
‘ဟုတ်ကဲ့၊’ ‘ကျမ နာမည် စန္ဒာပါ၊’
‘ပြောပြပါဦး ညီမ ဘာတွေဖြစ်တာလဲ၊’
‘အိမ်ပြန်မလို့’
ကျမ ငိုလဲငို ပြောလဲပြောနဲ့ အစအဆုံး ပြောပြလိုက်သည်၊
သူသေချာ နားထောင်နေသည်။

အမျိုးသမီး ပြန်ရောက်လာသည် လက်ထဲတွင် ကော်ဖီ တစ်ခွက် ကွက်ကီး သုံးခု သယ်လာသည်၊
‘ကျနော့်ရဲ့ အတွင်းရေးမှုးပါ’
‘ကော်ဖီသောက် ကွက်ကီး စားလိုက်ပါဦး၊’
အမျိုးသမီးက ကျမနားမကပ်၊ စုတ်ပြတ်သတ်နေလို့၊ နံနေလို့ ဒါမှမဟုတ် သူ ့ဆရာကြောင့်လားမသိ၊
ကျမ တစ်ကိုယ်လုံးကို စိုက်ကြည့်နေသည်၊
‘ကျနော် ဘယ်လိုကူညီရမယ်ဆိုတာ သွားမေးကြည့်လိုက်ပါဦးမယ် စောင့်နေလိုက်ပါ၊’
‘ဟုတ်ကဲ့ ’
အမျိုးသမီးရော ကိုဇော်ဦး ရော ထွက်သွားကြသည်၊
ကျမဘဝမှာ အကောင်းဆုံး ကော်ဖီ တစ်ခွက် သောက်ရခြင်းပါပဲ၊ ညာသွားတာတော့ မဟုတ်ပါစေနဲ ့
စောင့်နေမိသည်။
………………………….. ………………………….. 

ဒီနိုင်ငံမှာ VIP အဆင့်ရသည်ဆိုတော့ သူဘာလုပ်သလဲ၊
အတွင်းရေးမှုး နှင့် ဘာနှင့် သူ ့ကိုဆက်ဆံတာကလဲ တလေးတစားနဲ ့
သြော် နိုင်ငံခြားမှာ အဆင့်မြင့်မြင့် မြန်မာတွေလဲ ရှိသားပဲ၊
မျှော်လင့်ချက် စိတ်ဓါတ်တွေ ပြန်ရောက်လာသည်၊ မကူညီနိုင်ရင်တောင်မှ ရလာတဲ့ စိတ်ဓါတ်အတွက် ကျေးဇူးပါ၊
သူ ့မျက်နှာ၊ သူ ့မျက်လုံး၊ သူ ့ကိုယ်သင်းနံံ့ ပြန်စဉ်စားလိုက်သည်။
နာရီဝက် လောက်အကြာ၊
ထိပ်ပြောင်၊ ခေါင်းခြံုံ အမျိုးသမီး တစ်ယောက်နှင့် ယူနီဖေါင်းဝတ် နှစ်ယောက် အခန်းထဲဝင်လာသည်၊ ခေါင်းခြံုံ အမျိုးသမီးလက်ထဲမှာ ကိုယ့်ရဲ့စာအုပ်၊ ထိပ်ပြောင်က ‘မိန်းခလေး သူတို့နှင့် လိုက်သွားပါ၊’ 
ခေါင်းခြံုံ အမျိုးသမီးက လိုက်ခဲ့ ဟုဆိုက ရှေ့ကထွက်သွားသည်၊ ကိုယ်လဲ ထလိုက်ခဲ့သည်၊ စိတ်ထဲက ဘုရား၊ တရား၊ သံဃာ၊ မိဘကို တိုင်တည်ကာ အကောင်းဆုံးဖြစ်ပါစေ ဒီနေရာက လွတ်မြောက်နိုင်ပါစေ ဆုတောင်းနေမိသည်။

ကျမကို VIP Lounge Room ထဲခေါ်လာခြင်းဖြစ်သည်၊ တစ်နေရာတွင် အတွင်းရေးမှုးမ ကိုတွေ့ရသည်၊ ခေါင်းခြံုံ အမျိုးသမီးက “ကံကောင်းပါစေ” လို့ပြောပြီး ကျမစာအုပ်ကို အတွင်းရေးမှုးမကို ပေးလိုက်သည်၊ 
အတွင်းရေးမှုးမက ‘မင်း အိမ်ပြန်လို့ရပြီ၊’ 
‘တကယ်၊’ ‘ဟုတ်တယ်၊’ 
ဘယ်လိုမှ မယုံကြည်နိုင်၊ ဘုရားမ တာ၊ နတ်မ တာ၊ 
လူ တစ်ယောက်က ကူညီလိုက်တာ၊ မြန်မာ တစ်ယောက်က ကူညီလိုက်တာ၊
ကျေးဇူးကြီးပါပေတယ်၊ အစ်ကိုဟာ ကျမရဲ့ မေခလာ၊
တစ်ခါမှ မခံစားဘူးတဲ့ အရမ်းပျော်ရွှင်မှုမျိုး ကျမဘဝမှာ ပထမဦးဆုံး ခံစားဘူးခြင်းဖြစ်သည်၊
အတွင်းရေးမှုးမက ‘လာရေသွားချိုး ရအောင်၊’ ဘယ်လောက်စုတ်ပြတ်သတ်နေလဲမသိ၊
VIP Lounge Room ရေချိုးခန်းကိုခေါ်သွားပြီး အထုပ်တစ်ထုပ်ပေးသည် အထဲမှာ အဝတ်အစားတွေနှင့် အသုံးအဆောင်ပစ္စည်း တွေပါသည်ပြောသည်၊ ‘မင်း အေးအေးဆေးဆေး ချိုးပါ၊ ငါဒီမှာရှိနေမယ်၊’
ကျမရေချိုးခန်းထဲဝင်လိုက်သည် ရေချိုးနေရာ အလှပြင်နေရာ အိမ်သာ တွဲထားသည်၊အဆင့်မြင့် သန့်စင်ခန်းပါပဲ၊
ကျမရေချိုးလိုက်သည် ကျမ ပထမဦးဆုံးအကြိမ် ဘာအဝတ်မှ မပါပဲရေချိုးခြင်းဖြစ်သည်၊ ကျမ ဘဝမှာ အကောင်းဆုံး ရေချိုးရခြင်းလဲဖြစ်သည်။

ရေချိုးပြီးလို့ အဝတ်အစားတွေ ထုတ်ကြည့်တော့ အတွင်းခံတွေက တကယ့်အကောင်းစား၊ အိင်္ကျီက ဘလောက့် အရှည် ပန်းနုရောင်၊ ပန်းရောင်က ကျမအကြိုက်ဆုံး၊ ပြီးတော့ နူတ်ခမ်းနီ၊ မိတ်ကပ်၊ ဖေါင်ဒေးရှင်း၊ အိုင်ရှဲဒိုးနှင့် ဒေါက်မနိမ့်မမြင့် ဘိနပ်တစ်ရံ၊ နောက်ထပ်ရှိသေးသည် လက်ကိုင်အိပ်၊ အနီရောင်ကြိုးနှင့်နာရီ၊ ပန်းရောင် လက်ပတ်ကြိုးနှင့် ဆွဲကြိုး၊ ကံကောင်းခြင်း လက်ဆောင််တွေပဲ လို့မှတ်ယူကာ ဝတ်ဆင်လိုက်တော့သည်။ ကျမဘဝမှာ ပထမဦးဆုံး ကိုယ်မသိတဲ့ လူဆီက လက်ဆောင််ရယူခြင်းပဲဖြစ်သည်။
ကျမထွက်လာတော့ အတွင်းရေးမှုးမက ‘You are so beautiful’ ဟုဆို၏၊ ‘မင်း နဲ ့တော်ပါမလားလို့ စိုးရိမ်နေတာ၊’ ‘ငါနာမည် ဂျိုလင်း စင်ကာပူက၊ ငါက ဆိုဒ်ရွေးတာ၊ ဆရာဇော်က အဆင်တွေရွေးတာ၊’ ‘ကြိုက်တယ်မဟုတ်လား၊’ 
‘ကျေးဇူးတင်ပါတယ်၊ အဆင်ပြေပါတယ်၊’
သြော် အဝတ်အစားနှင့်အသုံးအဆောင််ပစ္စည်း တို ့သည် လူ၏အရောင်ကို ပြောင်းစေပါလား၊
‘ဒါမင်း အိတ်တွေမဟုတ်လား၊’ ‘ဟုတ် ’
ကျမရဲ့ အိတ်တွွေ ဒီမှာရောက်နေသည်၊ ‘ဒီ အိတ်ကိုဖွင့်ပြီး ဒီဟာတွေနှင့် အဝတ်တွေထည့်လိုက်ပါလား၊’ ‘ဟုတ်’
အဝတ်တွေထည့်ပြီး ပုတီးကိုထုတ်ယူထားလိုက်သည်၊
‘လာ ဆရာဇော်ဆီ သွားရအောင် ငါလက်မှတ်စီစဉ်ရဦးမယ်၊’ ‘ဟုတ်’
Private လို့ ရေးထားတဲ့ အခန်းထဲ တံခါးခေါက်ပြီးဝင်ခဲ့ကြသည်၊
အခန်းထဲဆိုဖါပေါ်တွင် ကိုဇော်ဦးထိုင်ကာ TV ကြည့်နေသည်၊ 
‘အဆင်ပြေကြတယ် မဟုတ်လား ‘ဟုမေးသည်၊
‘Everything is all right’ ဟု ဂျိုလင်းကပြန်ဖြေသည်၊ ဂျိုလင်း ထွက်သွားသည်။
ကိုဇော်ဦးက ‘ထိုင်ပါ’ ဟုဆိုကာ ဆိုဖါကို လက်ညိုးထိုးပြသည်၊
‘မစန္ဒာရေ ခင်ဗျား လက်မှတ်က သုံးမရတော့ဘူးဗျာ၊ အဲဒါနဲ ့ ဂျိုလင်းကို အသစ်စီစဉ် ခိုင်းလိုက်တယ်၊’
‘စန္ဒာ လို့ပဲခေါ်ပါ အစ်ကို၊ နာမည် အပြည့်အစုံက မိုးစန္ဒာ ပါ၊’
‘ဟုတ်ကဲ့ ’ ‘ကျနော်လဲ ဘန်ကောက်သွားမှာနဲ ့ လေယာဉ်တစ်စီးထဲပဲ ကြုံသွားတာပေါ့ဗျာ၊’
‘စန္ဒာက ဘန်ကောက်မှာ နှစ်နာရီလောက်နားပြီး ရန်ကုန်ကို ပြန်စီးရမှာ
ကျနော်ကတော့ ဘန်ကောက်ဝင်ရဦးမယ်၊’
‘စိတ်မပူပါနဲ ့ လေယာဉ်ပေါ်ထိတင်ပေးလိုက်မယ်၊’
‘ကျေးဇူးကြီးပါပေတယ် အစ်ကိုရယ်၊’ ကျမအောက်ဆင်းပြီး ထိုင်ကန်တော့ လိုက်သည်၊
‘ဟာ ညီမကလဲ၊’
‘ကန်တော့ပါရစေ အစ်ကိုရယ်၊ကန်တော့ထိုက်လို့ပါ၊’
ကျမလက်ထဲက ပုတီးကိုကြည့်ပြီး ဘုရား တရား နှင့် နေတာ အကောင်းဆုံးပေါ့တဲ့၊
ကျနော်ကတော့ စိတ်ထဲမှာပဲ အမြဲထားနိုင်တယ်၊
အစ်ကိုက သူတော်ကောင်းပါ ၊ ဒီနေ ့ အစ်ကိုကူညီိလိုက်တာ၊ ကျမ တစ်ယောက်ထဲ မဟုတ်ဘူး၊ မိဘတွေရော ချစ်သူတွေပါ စိတ်ဆင်းရဲ လူဆင်းရဲ ခြင်းကလွတ်၊ စိတ်ချမ်းသာ လူချမ်းသာ ပါတယ်အစ်ကို၊
အဲဒီလိုလဲ မဟုတ်ပါဘူး စန္ဒာရယ်၊ ငယ်ငယ် ကတည်းက သင်ယူခဲ့ရတဲ့ “ကောင်းမူ့တစ်ခု နေ့စဉ်ပြု ၊”
“လဲနေသူ ထူပေးပါ၊ ရေထဲကလူ ဆယ်ယူပါ၊” အဲဒါလေးတွေ လိုက်နာကျင့်သုံးနေတာပါ၊
ဂျိုလင်း ရောက်လာပြီး လေယာဉ်ပေါ်တက်ရအောင်လို့ ဆိုသည်၊
ကျမတို့ ဂျိုလင်းနောက်လိုက်ပြီး လေယာဉ်ပေါ်တက်ခဲ့ကြသည်။
ကျမ Immigration မဖြတ်ခဲ့ရပါ။

ကျမတို့ ရိုရွယ် Royal Class ကစီးရသည်၊ ထိုင်ခုံစုစုပေါင်း ၁၀ ခုံပဲရှိသည်၊ ကျမဘဝမှာ လေယာဉ်ပျံကို တစ်ကြိမ်တည်းသော အဆင့်မြင့်မြင့် ဈေးအကြီးဆုံး စီးဖူးခြင်းဖြစ်သည်။
ကျမနှင့် ကိုဇော်ဦးက နှစ်ခုံတွဲ ဘေးချင်းကပ်ထိုင်သည် ဂျိုလင်းက ရှေ့မှာ တစ်ယောက်ထဲ ထိုင်သည်၊ Royal Class တစ်ခုလုံး ကျမတို ့ သုံးယောက်သာရှိသည်၊
လေယာဉ်ပေါ်မှာ ကိုဇော်ဦးက သူ ့အကြောင်းပြောပြသည်၊ မန ္တလေး ဇာတိ ကျမထက် လေးနှစ်ပဲကြီးသည်၊ ရန်ကုန်တက္ကသိုလ် ဘွဲ ့ရပြီး၊ ဥရောပ တက္ကသိုလ်တစ်ခုက ဘွဲ ့လွန်ရထားသည်၊
ဘုရင် စိတ်ဝင်စားပြီး ဘုရင်ကိုယ်တိုင် ကြီးကြပ်တဲ့ မျိုးပွားခြင်း ပုံတူပွားခြင်း စီမံကိန်းတွင် ဦးဆောင်သူ တစ်ယောက်ဖြစ်သည၊်
ကျမကလဲ ကျမအကြောင်း နောက်ဆုံး မင်္ဂလာ ဆောင်ရန်ပြန်သည့် အထိရောက်သွားသည်၊
ကျမကို ကွန်ဂရက်ကျုလေးရှင်းလုပ်သည်၊
နောက်ပိုင်း ကိုဇော်ဦးက နားထောင်သူဖြစ်ခဲ့သည်။

ထိပ်ပြောင်သည် ဘုရင့် အိမ်တော် အရာရှိချုပ် ဟုသိရသောအခါ အံ့သြမိသည်၊
သူ ့ကိုကျေးဇူးတင်ရမယ်ဟု ကိုဇော်ဦးကပြောသည်၊
ကိုဇော်ဦးကို ကျမက အချုပ်အနှောင်ခံရတဲ့ ဝဋ်ကြွေးတွေ ဒီမှာကုန်ပါစေ၊ ဆုတောင်းမိတယ်လို့၊
နောင်ဆို အိမ်မှာ ရွှေငါးလေးတွေ၊ ငှက်ကလေးတွေ မမွေးတော့ဘူး မလှောင်တော့ဘူး၊ 
ကိုဇော်ဦးက ညီမကို သူတို့က သူတို့ အကျိုးအတွက်ချုပ်နှောင် ခဲ့ကြတာ၊ ဘာပဲဖြစ်ဖြစ် ခွင့်လွတ်လိုက်ပါ၊
စိတ်ရဲ့ငြိမ်းချမ်းမူကို ညီမရလိမ့်မယ်၊
ကမ္ဘာပေါ်မှာ ကျမလို မတရား ချုပ်နှောင် ခံရသူတွေ အနှောင်အဖွဲ့က ကင်းလွတ်ပါစေ၊ 
ချုပ်နှောင် ကြတဲ့ လူတွေလဲ ဝဋ်လည်ခြင်းမှ ကင်းပါစေ၊
ချုပ်ခြင်း နှောင်ခြင်းတွေ၊ လူလူချင်း နှိပ်စက်ခြင်းတွေ ဝေးပါစေ။ မရှိကြပါစေနဲ ့။
ကျမဆုတောင်းလိုက်တယ်၊ အမြဲဆုတောင်းနေမှာပါ၊
သြော် ညီမရယ် အရှေ့ကိုပဲ ကြည့်ပေါ့ နောက်ကြောင်းဆိုတာက ဆိုးတာတွေရော ကောင်းတာတွေရော၊ ငြိမ်းချမ်းစွာနေတတ်ရင် အငြိမ်းချမ်းဆုံး ဖြစ်ပါလိမ့်မယ်။ 
ငြိမ်းချမ်းစွာမနေတတ်တဲ့ သူတွေအတွက်တော့ ငြိမ်းချမ်းရေး ဆိုတာရှိမှာ မဟုတ်ဘူး၊
လေယာဉ် ဘန်ကောက် ဒွန်မောင်းလေဆိပ်ကို ရောက်ပြီဖြစ်ကြောင်း ကြေညာနေသည်၊
‘စိတ်မပူပါနဲ ့ ညီမရေ ဂိတ်ဝထိ်ပို ့ပေးမယ်၊’

အပိုင်း(၁)ပြီးပါပြီ။