Sunday, December 23, 2012

ဘုရားသခင် မွေးနေ့ပွဲ မှာပေါ့



ဘုရားသခင်လည်း အတင်းပြောရင် ပြောမှာပဲဆိုပြီး
အဆင်းမလှမပတာတွေ အမြဲ ရွေးပြောနေသလား အမောင်
သတင်း အဖြစ် ပြောချင်တယ်ဆိုလည်း ပြောနေတာက အပင်းတွေဆိုတော့
အတင်း ထက်ဆိုးတယ်၊

အအူတွေကြား ဟီးရိုးတော့ ဖြစ်လာလိမ့်မယ် အမောင်
မပူပါနဲ့ တစ်ချို့ကတော့ မင်းကို ထရိုက်ချင်ကြ
နောက်တော့ အမှိုက်တစ်စလိုပဲ မြင်လိုက် ကြမှာပါ
ဘယ်လိုပဲဖြစ်ဖြစ်
ခွေးအ အချင်းချင်းတော့ချစ် သယ်ချင်း ဖြစ်သွားကြပြီမောင်၊

လက်ညှိးတစ်သိန်းကြားမှာ လက်ခုပ်သံ တစ်ချက်နဲ့
မင်းကိုယ်မင်း ပွဲလယ်တင့်တယ် ထင်လည်း
မင်းကိုယ်မင်း မှန်မကြည့်နဲ့ ရေအိုင်လေးကို ငုံ့ကြည့်
ဘုရားသခင်ပြောတဲ့ ပုံရိပ်ယောင်ဆိုတာ မင်း အဲဒီမှာ တွေ့လိမ့်မယ်၊

ဘုရားသခင်ကို ကျေးဇူးတော်တွေ အထူးတင်လို့ ကောင်းချီးပေးနိုင်သေးရင်
မင်းအရင်လို တေးရင့်တော်တွေ ကျူးပြီး မကောင်းမြင်တာတွေ နည်းနည်းရပ်ပါလားမောင်
နည်းနည်း နည်းနည်းလေးပါ အမောင်
ဘုရားသခင် မွေးနေ့ပွဲ မှာပေါ့။

 
ငါတို့ဘက်က တစ်ယောက်မှ မကျဘူး သူတို့ဘက်က အားလုံးသေ
အရူးတွေပဲ ယုံကြမယ်အမောင်
ငါလုပ်တာ အမှန် သူတို့ ဘာလုပ်လုပ် အမှား
ငါရေးတာ အမှန် သူတို့ ဘာရေးရေး အမှား
ငါပြောတာ အမှန် သူတို့ ဘာပြောပြော အမှား ဆိုရင်
ဘုရားသခင်လည်း မင်းဘေးနား ရှိနေမှာ မဟုတ်ဘူး
မင်းတော့ လူတွေကို ခဲနဲ့ပေါက်ရလိမ့်မယ်
သတိထားပါမောင် မင်းခဲနဲ့ပေါက်ရမဲ့ သူတွေက လူတွေအားလုံးနည်းပါးနော်၊

မပြောင်းသေးဘူး၊ လုံးဝမပြောင်းသေးဘူး ရေးပြောဆဲဆို ရုပ်ပြအကဲပိုငို
မင်းကိုယ်မင်း ပြန်ကြည့်လိုက်ပါဦး မင်းရော ဘာပြောင်းခဲ့သလဲလို့
ခွင် အသစ်တော့ မင်းပြောင်းရင် ပြောင်းမှာပါ အရှင်သခင်အသစ် ရှာမလို့၊

ဘုရားသခင်ကို ကျေးဇူးတော်တွေ အထူးတင်လို့ ကောင်းချီးပေးနိုင်သေးရင်
မင်းအရင်လို တေးရင့်တော်တွေ ကျူးပြီး မကောင်းမြင်တာတွေ နည်းနည်းရပ်ပါလားမောင်
နည်းနည်း နည်းနည်းလေးပါ အမောင်
ဘုရားသခင် မွေးနေ့ပွဲ မှာပေါ့။

ဘုရားသခင် မွေးနေ့ပွဲ မှာပေါ့
အကောင်းတွေ နည်းနည်းမြင်ကြပါလို့၊
တစ်ရက်လောက်တော့
ကျနော်တို့ တစ်တွေ ကောင်းမွန်စွာအိပ်စက် ကြရအောင်
တစ်ရက်လေး တစ်ရက်လေးပါ အမောင်။

 sosegado

 



5 comments:

ကိုအောင်(ပျူ) said...

ဘုရားသခင်က တစ်ရက်ပဲ မွေးတယ်၊ မာရ်နတ်ကတော့ နေ့တိုင်း မွေးတယ် ...း)))

An Asian Tour Operator said...

တစ်ရက်လောက်တော့
ကျနော်တို့ တစ်တွေ ကောင်းမွန်စွာအိပ်စက် ကြရအောင်.. လို့တောင် စည်းရုံးနေရတဲ့ အဖြစ်..

လသာည said...

ဘလော့ဘက် မေ၇ာက်တာကြာလို့ ဒီကိုလည်း မရောက်ဖြစ်ဘူး။ သတိရတာနဲ့ လာသွားတယ်။ မနက်ဖြန်.. အတွက် ကြိုပြောသွားတယ်။ မေရီခရစ္စမတ်ပါ လို့

Tun Oo said...

ကဲ အကောင်းတွေပဲ မြင်ကြရအောင်

ချော(အစိမ်းရောင်လွင်ပြင်) said...

ခက်တာက ဘုရားသခင်မွေးနေ့လေးတစ်ရက်တောင် ကောင်းကောင်းမနေနိုင်ကြတာ ခက်တယ်။
“ငါတို့ဘက်က တစ်ယောက်မှ မကျဘူး သူတို့ဘက်က အားလုံးသေ
အရူးတွေပဲ ယုံကြမယ်အမောင်” ဆိုတဲ့စာသားလေး သဘောကျတယ်.. လက်ရှိ ဖြစ်ပျက်မြင်တွေ့နေရတာတွေနဲ့ တစ်ထပ်တည်း ကျနေသလားလို့လေး)