Sunday, May 23, 2010

ကြိုးတန်း ဗိုက်ဗိုက်ဗိုက် နှင့် လန်းတယ်


အလုပ်ကလည်း ခုတလောတော်တော်များသည်၊ ဘလော့ဂ်လည်းမရေးဖြစ်၊ ကြားထဲ မလေးရှားနှင့် ဘရူနိုင်း သွားလိုက်ရသေးသည်၊ သူများရေးတာတွေပဲ လိုက်ဖတ်ဖြစ်နေပါသည်။

လောလောဆယ်တော့ ရုပ်ရှင်ကြည့်ခြင်းပါပဲ၊ ရုပ်ရှင်ဆို ရုံမှာပဲကြည့်ရတာကြိုက်တယ်၊ မြန်မာကားဆို မကြည့်ရတာနှစ်နဲ့ချီပြီ၊ အရည်အသွေး မကောင်းဘူး ဘာဘူး ညာဘူး စသဖြင့် သူများတွေ ပြောတာနဲ့ အွန်လိုင်းကလည်း မကြည့်ဖြစ် ခွေလည်းမငှါးကြည့် ဖြစ်ခဲ့ပါ။

အသိ အကိုကြီးတစ်ယောက်ကောင်းမှု့နဲ့ ဒီနှစ်ပတ်အတွင်းမှာ ရုပ်ရှင်တွေ ကြည့်ဖြစ်ပါတယ်၊ မြန်မာကား၊ တရုတ်ကား၊ အင်္ဂလိပ်ကား စုံပါသည်၊ ကြည့်ဖြစ်တဲ့ အကြောင်းအရင်းက ဒီလိုပါ။

အဲဒီ အကိုကြီးက ကျွန်တော်တို့ နားမှာနေတာ၊ တစ်နေ့ ဖုန်းဆက်ပြီး ရုပ်ရှင်တွေကြည့်မလားလို့ လှမ်းမေးပါတယ်၊ မြန်မာကား၊ တရုတ်ကား၊ အင်္ဂလိပ်ကားတွေပါတယ် စုံအောင်ပါတယ်၊ ကားနာမည်တွေလည်း ရွတ်ပြတော့ စိတ်ဝင်စားသွားမိသည်၊ အကိုကြီးကို ကောင်းရဲ့လား၊ စီဒီခွေတွေ ဝယ်လှချီလားလို့ မေးလိုက်တော့၊ ခုကြည့်သလောက်တော့တော်တော်ကောင်းတယ်၊ ခွေမဟုတ်ဘူးကွဆို၍ ပိုစိတ်ဝင်စားသွားမိသည်။

ဒီလိုနဲ့ အကိုကြီးအိမ်ကိုပေါက်ချလာသည်၊ ကျွန်တော်လည်း အကိုကြီး ဘယ်မှာလဲ cover တွေကြည့်ရအောင်၊ 14 Blade, Robin Hood, မြန်မာကားတွေလဲပါတယ်ဆို cover အရင်ကြည့်ရအောင်၊
အကိုကြီးက cover မရှိဘူး၊ မင်းမသိဘူးလား၊ ကျွန်တော်ကလည်း ဘာလဲအကိုကြီး ကျွန်တော်မသိဘူး၊
အကိုကြီးက အိတ်ထဲကနေ ၅ လက်မ ပတ်လည် box လေးတစ်ခုထုတ်လိုက်သည်၊ အကိုကြီးက အဲဒီထဲမှာပဲ၊
Movie Box လို့ခေါ်တယ်၊ Hard disc ရှိပြီး၊ ရုပ်ရှင်ဇာတ်လမ်းတွေကိုသွင်းထားတာ၊ HD quality ကွ၊ HDMI ဆက်လို့ရသည်၊ ကျွန်တော်ကလည်း အကိုကြီး ဘယ်လိုရလာသလဲ၊ ငါ ပင်နီဇူလာသုံးထပ်ကငှါးလာတာ၊ တရားဝင်ထင်တာပဲ၊ MDA လိုင်စင်နဲ့ copy right အတွက်တောင် လက်မှတ်ထိုးခဲ့ရသေးတယ်၊ တစ်ကား တစ်ရက် တစ်ကျပ်ပေးရတယ်၊ ၇ ကားယူရင် ၇ ရက်ထားလို့ရတယ်၊ ၁၄ ကားဆိုတော့ ၁၄ ရက်ပြည့်မှ ပြန်အပ်ပေါ့၊ စပေါ်မပေးရဘူး၊ IC copy ပဲယူထားတယ်၊ တစ်ချို့တွေ ကား ၃၀ တစ်လငှါးသွားကြတယ်။

ဒီလိုနဲ့ အဲဒီ ကားတွေထဲမှာ ကျွန်တော်ကြည့်ဖြစ်ခဲ့တဲ့ မြန်မာကား ၅ ကားကတော့၊
ကြိုးတန်း၊ ဗိုက်ဗိုက်ဗိုက်၊ မောင်၊ သူငယ်ချင်းယောက္ခမ နှင့် အချစ်ကလန်းတယ် တို့ဖြစ်ပါသည်၊ ထူးထူးခြားခြားဆိုလို့ ကြိုးတန်း နှင့် ဗိုက်ဗိုက်ဗိုက် တို့ဖြစ်သည်။ ဗိုက်ဗိုက်ဗိုက်က ရယ်ရ၍ဖြစ်သည်၊ ကြိုးတန်းက စိတ်ဝင်စားဘို့ကောင်းသည်၊ အင်္ဂလိပ် စာတမ်းထိုးသည်၊ (ဘာသာပြန်သူ အမည်ရှာမတွေ့ပါ) ခင်ခင်ထူး၏ဇာတ်လမ်းကို နေဝင်းမြင့်က ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ မီးပွားရိုက်ကူးသည်၊ ဓါတ်ပုံ အကယ်ဒမီဆုရထားသော ကားဖြစ်သည်၊ မရှိတဲ့ သူတွေရဲ့ ဇာတ်လမ်းဖြစ်သည်၊ ကျော်ဟိန်းက ကိုကျောက်နီ (တစ်ခါတစ်လေ ကိုကြီးကျောက်လို့ခေါ်ကြသည်) မြင်းလှည်း မောင်းရာက တံငါဖြစ်လာသူ၊ စိုးမြတ်သူဇာက သူ့မိန်းမ၊ ကျော်ရဲအောင်က ကိုလှဆောင် လှေသမား တံငါဖြစ်လာသူ၊ ထွန်းအိန္ဒြာဗိုလ်က သူ့မိန်းမ၊ သောင်ကျွန်းလေးမှာနေကြရင်း လောဘကြောင့် ဒေါသဖြစ် အမှန်မမြင်မိတာကို ရိုက်ထားခြင်းဖြစ်သည်၊ ကျော်ဟိန်းနှင့် ကျော်ရဲအောင်တို့ ကွာခြားပုံလေးတွေ့နိုင်သည်၊ HD ဖြစ်၍၎င်း သဘာဝကျအောင်ရိုက်ထား၍၎င်း ကျော်ဟိန်း၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာနှင့် ထွန်းအိန္ဒြာဗိုလ် တို့ရဲ့ မျက်နှာတွေကို အဖု အပိန့် အချိုင့်တွေကအစ မြင်ရသည်၊ ဇရာတွေပဲလား၊ တခြားကားတွေထဲက မိုးဟေကိုနှင့် မယ်လိုဒီ မျက်နှာလေးတွေကတော့ ချောမွတ်နေသည် (ဟဲဟဲ)၊ ကြိုးတန်း ဓါတ်ပုံနှင့် ရိုက်ချက်တွေက တော်တော်ကောင်းသည်၊ တိမ်အရောင်၊ အဖြူအမဲ၊ နေဝင်နေထွက်၊ မြစ်ကြောင်းမြစ်ပြင် ရိုက်ထားသည်များတော့ ဂျစ်တူးတို့မှ ပိုသိမည်။

နောက်တစ်ခါယူခဲ့ရင် ကျော်ရဲအောင် နှင့် စိုးမြတ်သူဇာ လွတ်အောင်ယူခဲ့လို့ မှာလိုက်မိသည်၊ သူတို့ကိုတော်တော်အီသွား၍ဖြစ်သည်၊ နောက်တစ်ခါမှပြန်ကြည့်မည်၊ မကြိုက်သော ဒီနှစ် အကယ်ဒမီဆုရထားသော မင်းသားဆိုရင် မယူခဲ့ဘို့အပြီးမှာလိုက်သည်၊ တရုတ်ကားရော အင်္ဂလိပ်ကားတွေရော Home Theater ဖြင့် ဖွင့်လျှင် အသံပိုကောင်းသည်၊ ကွန်ဖြူးရှပ်၊ ကရာတေးကဒ်စ် အသစ်ရရင်ယူလာဘို့မှာလိုက်သည်။

ကြိုးတန်း ဇာတ်လမ်းကို နေဝင်းမြင့်နှင့် မီးပွားက ဒီလိုသိမ်းလိုက်တယ်….

တဏှာလောဘကြောင့် လူတို့သည် ချမ်းသာကင်းသော သံသရာကို မလွန်မြောက်နိုင်ကြချေ။





မှတ်ချက်၊



မြန်မာကားတွေကို မြန်မာကားဆိုပြီးတော့ပဲကြည့်ဖြစ်ပါသည်။

ကြိုးတန်း ရုပ်ရှင်ကား အကြောင်း ဆက်ဖတ်ချင်ရင်
http://www.perfectmagazineonline.com/journal/ent_news/?choice=27&newsID=16


ဓါတ်ပုံကို www.perfectmagazineonline.com/journal/ent_new... ယူသည်၊

21 comments:

ရွှေရတုမှတ်တမ်း said...

ကြိုးတန်း ဝတ္တုတိုလေးတော့ကြိုက်တယ်ဗျာ..
ဓါတ်ရှင်တော့ ခုထိမကြည့်ရသေးဘူး...

SHWE ZIN U said...

ဝတ္ထု ကို တော့ ကြိုက်တယ် ရုပ်ရှင် တော့ မကြည့်ဖြစ်ဘူး ကိုဆိုဆီ ရေ

ခင်တဲ့
ရွှေစင်

ဂျစ်တူး ( မုံရွာ ) said...

ဟားဟားဟား----
တယ် မြှောက်ပါလား တည်ငြိမ်အေး ရေ--
သိပ့်မမြှောက်ပါနဲ့ ဗျာ- သိပ့်မသိလို့ ပါ -
မျက်နှာပေါ်ကအဖုအပိန့် တွေကိုမမြင်ချင်ရင်တော့-
softdiffuse lighting နဲ့ ရိုက်ရမယ်ပေါ့ဗျာ-
ကင်မရာနဲ့ ရိုက်ချင်ရင်တော့ ဆော့ဖီတာ ( softfilter)နဲ့ ရိုက်ရမယ်လေ-အဲဒါမှမဟုတ်ရင်တော့-
အဆီတမျိုးမျိုးကို မှန်ဘီလူးမျက်နှာပြင်မှာသေခြာညီညာစွာနဲနဲ-
ကလေးသုပ်လိမ်းပြီးရိုက်ကူးကြည့်ရင်လည်း
သိပ့်စိတ်ဝင်စားစရာကောင်းတဲ့
( အဖူးအပိန့် မထွက်တဲ့ )ဓါတ်ပုံများ
ကိုရရှိအောင်ရိုက်နိုင်သည်ကိုအံ့ုသဖွယ်ရာတွေ့ မြင်
ရမည်ဖြစ်ပါသည်ခင်ဗျား( တက္ကသိုလ်ကျောင်းထဲမှာ
လက်တွေ့ ရိုက်ကူးခဲ့ပါသည် )
အဆီတမျိုးမျိုးကိုအလွယ်တကူမရနိုင်ပါက မိမိနှာခေါင်း
တွင်မျက်နှာအဆီပျံနေသောအဆီဖြင့်ရိုက်ယူလျှင်လည်း
အတူတူပင်ဖြစ်ပါသည်။

khin oo may said...

ဘလော့မရေးနိုင်ဖြစ်သွားတော့မှာဘဲ။

လေပြေ said...

http://shwevideos.com/ မှာ ကြည့်လေး နောက်ထွက် တဲ့ဆိုဒ် အသစ် အဲ့ထဲမှာ ပါတယ်

လသာည said...

movie box က မဆိုးဘူးပဲ..။
အိမ်မှာ သူငယ်ချင်းတွေ အများကြီးစုပြီး တပျော်တပါး ကြည့်လိုက်ဝေဖန်လိုက် ရယ်လိုက် လုပ်ရရင် ပျော်စရာကြီး နေား))

သိင်္ဂါကျော် said...

မြန်မာရုပ်ရှင်တွေတော့ သိပ်မကြည့်ဖြစ်ဘူး.. စိတ်ညစ်စရာ အိုဗာအိုက်တင် တွေ ကြည့်ရတာ စိတ်ကုန်လို့..

အင်ကြင်းသန့် said...

ကြိုးတန်းကို ဝတ္တုတိုဖတ်ဖူးတယ်...တော်တော်တောင်ကြာနေပြီ...ရုပ်ရှင်တော့ မကြည့်ဖူးဘူး...
ဒါနဲ့စကားမစပ် ကိုဆိုဆီတို့မျက်လုံးများတယ်ကောင်းပါလား...
စိုးမြတ်သူဇာနဲ့ထွန်းအိန္ဒြာဗိုလ် တို့ရဲ့ မျက်နှာတွေကိုကျတော့ အဖု အပိန့် အချိုင့်တွေကအစ အကုန်မြင်ရတယ်တဲ့...
မိုးဟေကိုနဲ့မယ်လိုဒီတို့ မျက်နှာလေးတွေကျတော့ ချောမွတ်နေတာပဲတဲ့...(အံ့ဖွယ်ပါလား) :)))

what is good things said...

ဟုတ်တယ် http://shwevideos.com/ မှာ ကြည့်လို့ရ တယ်။ ရုပ်ရှင်တွေပဲထိုင်ကြည့်ဖြစ်မှာစိုးလို့ ...
ကွန်နက်မကောင်းတာကိုပဲ တစ်ခါတစ်လေ ကျေးဇူးတင်ရ မယ်။း)))

Flower said...

ဒီကား မကြည့်ရသေးဘူး
ကိုဆိုစီရေးတာနဲ့ စိတ်တောင် ၀င်စားသွားတယ်
ဒါပေမဲ့ မင်းသမီး မျက်နှာ အဖူးအပိန့်တွေပါမြင်ရတယ်ဆိုလို့
နည်းနည်း ညစ်သွားတယ်
ဒီကလဲ မယ်လိုဒီမိုးဟေကိုတို့လို ချောချောမွတ်မွတ် တွေဘဲ မြင်ချင်တာပေါ့

ချစ်ကြည်အေး said...

ကိုတည်ငြိမ်...အဲဒီကားကို မဂ္ဂဇင်းမှာ ပါထဲက ကြည့်ချင်တာ...ဗိုက် ကိုရော မရေးတော့ဘူးလားဗျ...ဆက်တငံ့ငံ့ကြီး ဖတ်လိုက်ရသလိုပဲ...

nyan gyi said...

ရုပ်ရှင်တွေပဲ ကြည့်နေတာ၊ ဇာတ်လမ်းလေးဘာလေးရေးပါဦး

Anonymous said...

Box ဘယ်မှာငှါးရသလဲဗျာ၊ အပေါ်ကပြောသလို ဇာတ်လမ်းလေးဘာလေးရေးပါဦး။
Min Min

Maung Myo said...

ကျနော့် အဲ့ဒီကားကို အရမ်းကြည့်ချင်တာ ။ ဆရာမခင်ခင်ထူးရဲ့ ၀တ္ထု အကယ်ဒမီပေးပွဲတုန်းက ခဏလေးတော့ကြည့်လိုက်ရတယ် ။

sosegado said...

Movie Box ကို ပင်နီဇူလာသုံးထပ်က technosky မှာရပါတယ်
Web site က http://technosky.asia/ ပါ။
မချောရေ မိုးဟေကိုနှင့် မယ်လိုဒီ မျက်နှာလေးတွေက တကယ်ကိုချောပါတယ်၊
မချစ်ကြည် ရေ ဗိုက်ကရယ်နေရလို့ မရေးတော့ပါဘူး၊ အားလုံးကျေးဇူးပါပဲ။

ကိုဇော် said...

အဟဲ. . ကျနော့် မျက်နှာလို ချောချောလေးကို ပြောတာလား :P
ရုပ်ရှင် အနေနဲ့ ဇာတ်လမ်းကို မေ့ထားပြီး ပြန်ကြည့်ဦးမယ်ဗျာ။

Anonymous said...

lay pyay yay, Thanks much for the link.. Otherwise me will be wanting to watch and wouldn't know where to get it.

thaingarra said...

ညီတစ်ယောက်ကတော့ ...

သိပ်မစွံပါဘူး အစ်ကိုရာ ... တဲ့ ...

သောင်ပြင်မှာ လင်မယား နှစ်စုံတွဲ

ရန်ဖြစ်နေကြတာပဲ ရှိတာပါ တဲ့ ... :D

အကြမ်းထည် said...

ဇာတ်လမ်း ဇာတ်ကွက် တချို့ ကို အမြည်း သဘော ရုပ်ရှင် ဖိုင်လ် နဲ့
ပေး မ ပြ တော့.... :(

ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေဗျား။
with reps;

မြစ်ကျိုးအင်း said...

မကြည့်ဖူးသေးဘူးဗျ
ဒီရက်ပိုင်း အချိန်ရရင်တော့ ကြည့်လိုက်အုံးမယ်။

မောင်မိုး said...

ကြိုးတန်းဇာတ်ကားကို ကင်မရာပိုင်းအယူအဆ၊ ရှုခင်းရှုကွက်၊ သရုပ်ဆောင်ပိုင်းအကုန်ကြိုက်တယ်ဗျာ။ ဒါပေမယ့် ဇာတ်သိမ်းပိုင်းမှာ တစ်ခုခုလိုနေသလားလို့။ တိခနဲ ဇာတ်ကို ဖြတ်ချလိုက်တယ်ထင်တာပဲ။